Monday, February 24, 2025

ပန်းပွင့်လေးတစ်ပွင့်ကပေးနေတဲ့ဘဝသင်ခန်းစာ (၁၀)ခု Food for Thought 754 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့ ” ပန်းပွင့်လေးတစ်ပွင့်ကပေးနေတဲ့ဘဝသင်ခန်းစာ (၁၀)ခု” အကြောင်းကို Food for Thought 754 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်



ပန်းပွင့်လေးတစ်ပွင့်ကပေးနေတဲ့ဘဝသင်ခန်းစာ (၁၀)ခု

ပန်းပွင့်လေးတွေဟာနွေဦးကာလမှာလှပတဲ့အရာရာတိုင်းကိုကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဘယ်ရာ သီမှာမဆိုပြည့်ဝစွာနေထိုင်နိုင်ရေးအတွက်လည်း ကောင်းစွာလမ်းပြပေးနေတဲ့ဆရာနဲ့လည်းတူပါတယ်။ နှင်းဆီပန်း၊ ကျူးလစ်ပန်း၊ အဝါရောင်ဒက်ဖဒီးပန်း စသဖြင့် ဘယ်ပန်းမဆို စာဖတ်သူနှစ်သင်ရာပန်းကို ရွေးချယ်လိုက်ပါ။စာဖတ်သူစိတ်ကြိုက်ရွေးချယ်လိုက်တဲ့ပန်းအလှတိုင်းမှာအောက်ပါစိတ်အားတက်စရာကောင်းတဲ့အချက် (၁၀)ချက်ရှိနေပါတယ်။

၁။ ပန်းတိုင်းဟာနေရောင်နောက်ကိုလိုက်ပါတယ်။ နေရောင်နောက်ကို လိုက်တဲ့အတွက် စိတ်မှာလည်း ကြည်လင်ပျော်သလို နွေးထွေးမှုကိုလည်းခံစားရပါတယ်။

၂။ ပန်းတိုင်းဟာမိမိအချိန်အခါနဲ့အညီအလုပ်လုပ်ကြပါတယ်။ ပန်းတိုင်းဟာသူတို့အသင့်ဖြစ်တဲ့အချိန်မှာ အလှပဆုံး ပွင့်လာကြပါတယ်၊ ပန်းပွင့်လာဖို့အတွက် ရေးကြီးသုတ်ပြာအဆောတလျင်လုပ်နေစရာ မလိုအပ်ပါဘူး။

၃။ ပန်းတိုင်းဟာကိုယ်ပိုင်လက္ခဏာအပြည့်ရှိပါတယ်။ ပန်းပွင့်တိုင်းဟာဘယ်နေရာမှပင်ရှိနေနေ ူတို့နှင့်အတူ နွေဦးအလှကို ယူဆောင်လာပါတယ်။

၄။ ပန်းတိုင်းဟာမိမိဝန်းကျင်မှာရှိသူတိုင်းနှင့် မိတ်ဆွေဖြစ်ပါတယ်။ ပန်းပွင့်တိုင်းဟာ မိမိကိုကောင်းစွာ ချစ်ခင်ရင်းနှီးပြီး ထောက်ပံ့စောင့်ရှောက် သူတွေဖြင့်မိမိကိုယ်မိမိဝန်းရံထားပါတယ်။

၅။ ပန်းတိုင်းဟာလှပလင်းလက်စွာပြုံးပါတယ်။ ပန်းပွင့်တိုင်းဟာ သူတို့ရဲ့လှပတဲ့အရောင်လေးတွေကို တစ်လောကလုံး အတွက် အလှပဆုံးဖြန့်ပြနေပါတယ်။

၆။ ပန်းတိုင်းဟာတင့်တင့်တယ်တယ်လှပစွာရပ်တည်ပါတယ်။ ပန်းပွင့် တွေအားလုံးဟာ သူတို့ လုပ် ဆောင်ချက်များနှင့် သူတို့စွမ်းဆောင်မှုများအတွက် ဂုဏ်ယူမဆုံးဖြစ်ကြပါတယ်။

၇။ ပန်းပွင့်တိုင်ဟာမြေမှာခိုင်မြဲစွာအမြစ်တွယ်ကြပါတယ်။ ပန်းပွင့်တိုင်းဟာ သူတို့ရပ်တည်ရာ မူလအောက်ခြေနှင့် ကောင်းစွာဆက်စပ်အမြစ်တွယ်နေကြပါတယ်။ အမြစ်တွယ်အားကောင်းပြီး ရှင်သန်ဖို့အတွက် အမြစ်ကို ရေမှန်မှန်လောင်းပေးရန် တော့ လိုအပ်ပါတယ်။

၈။ ပန်းတိုင်းဟာယုံကြည်မှုလည်းရှိပါတယ်။ နေမင်းရဲ့အလင်းတွေဟာတိမ်တွေကိုဖောက်ပြီ ကမ္ဘာမြေပေါ်ကျ ရောက်မယ်လို့လည်းအစဥ်ယုံကြည်ပါတယ်။

၉။ ပန်းတွေဟာပန်းဝတ်ရည်များကို လာရောက်စုတ်ယူကြတဲ့ပျားပိတုန်းလိပ်ပြာစတဲ့အကောင်လေး တွေကိုလည်းနှမျောတွန့်တိုမှုကင်းပြီးမိတ်ဆွေကောင်းအဖြစ်ပန်းဝတ်ရည်ချိုကိုပေးကမ်းပါတယ်။ ပန်း ကလေးတွေက သူတို့လုပ်ရမဲ့အလုပ်ကို သာအလေးထားလုပ်ဆောင်ကြပါတယ်။ ပျားပိတုန်းလိပ် ပြာ တို့ကိုလည်းသူတို့ လုပ်မဲ့အလုပ်ကိုလုပ်ခွင့်ပေးပါတယ်။

၁၀။ မိုးနှင်းလေးတွေကျတဲ့အခါပန်းလေးတွေကကျလာတဲ့မိုးနှင်းတွေကိုကြိုဆိုပြီး ပျော်ပျော်ရွှင်ရွှင် မိုးရေချိုးပြီးမိုးရေကိုသောက်သုံးကြပါတယ်။

အထက်ပါပန်းကလေးတွေကပေးတဲ့သင်ခန်းစား (၁၀) ခုကို မှတ်လို့လွယ်အောင် လင်္ကာလေးရေးထားပါတယ်။
၁။ ပျော်ရွှင်ရပ်တည်နေရောင်မှာ။
၂။ အလှပဆုံးပွင့်လို့လာ။
၃။ ကိုယ်ပိုင်လက္ခဏာထိန်းလို့ရယ်၊
၄။ မိတ်ကောင်းများနဲ့ဝန်းရံတယ်။
၅။ အလှဆုံးအပြုံးတွေဖြန့်လို့ရယ်။
၆။ ကိုယ့်အလှကိုဂုဏ်ယူတယ်။
၇။ ကိုယ့်ရပ်တည်ရာခိုင်မာစွာ။
၈။ နေရောင်ရဖို့ယုံကြည်တာ။
၉။ ပျားပိတုန်းတို့ကို ဝတ်ရည်ပေး။
၁၀။ မိုးရေဆန်းလို့လန်းတယ်လေး။

မိတ်ဆွေများပန်းကလေးတွေလိုရှင်သန်ရပ်တည်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်



No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...