Monday, February 24, 2025

လူ့တန်ဖိုး" (၉) ချက် Food for Thought 756 ဒေါက်တာသိန်းလွင်

 May be a graphic of text

ဒီနေ့ တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက် လိုအပ်ချက်များကို "လူ့တန်ဖိုး" (၉) ချက် ဆိုပြီး လူတိုင်းလူပီသအောင်ကျင့် ကြံနေထိုင်နိုင်စေရန် Food for Thought 756 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


"လူ့တန်ဖိုး" (၉) ချက်

ပုခုံးနှစ်ဖက်ကြားက ခေါင်းတစ်လုံးထွက်လို့ လူလို့ခေါ်တာမဟုတ်ဘူး။ လူဆိုတာ အဆိုးအကောင်း၊ ကုသိုလ်၊ အကူသိုလ်ကို ခွဲခြားသိမှ လူလို့ခေါ်တာ။ ကောင်ကျိုးရှိတာကိုစဥ်းစားရွေးချယ် လုပ်ဆောင်နိုင်မှ လူပီသတာ။

 ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

 ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

 အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

 ရုပ်ရည် ဘယ်လောက်ချောချောလူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

 အသိပညာ ဘယ်လောက်ရှိရှိတစ်ခြားသူပြောတဲ့စကားကိုတန်ဖိုးမထားတတ်ရင် အလကားပါပဲ။

 အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

 ဘယ်လောက်ပဲ တော်နေပါစေကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

 ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

 အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ မကြိုက်ရင် အလကားပါပဲ။

တကယ်တော့လူ့တန်ဖိုးဆိုတာ

အကောင်းအဆိုးကိုကောင်းစွာခွဲခြားစဥ်း စားနိုင်တဲ့ခေါင်း--

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...

ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...

ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...

အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...

အပြောချိုပြီး မုသားကင်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ လူတော်တွေ ဘယ်လောက်များများလူကောင်းဆိုတာ မရှိခဲ့ရင်အမှန်တရားတွေ ပျောက်ကွယ်လာပြီးလူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

မိတ်ဆွေများ လူပီပအောင်မိမိတို့ကိုမိမိတို့ လေ့ကျင့်တန်ဖိုးမြှင်နိုင်ကြပါစေ။
မေတ္တာဖြင့်


ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...