
ဒီနေ့
သင်ဟာအခြားလူတွေအတွက်ဘာများလုပ်နေပါသလဲဆိုတာကို
မိမိကိုယ်မိမိပြန်မေးဖြေကြည့်ရန် အရေး ကြီးကြောင်းကို Food for Thought 757
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
သင်ဟာအခြားလူတွေအတွက်ဘာများလုပ်နေပါသလဲ
လူသားတွေဆိုတာ
အချင်းချင်းအပြန်အလှန်အကျိုးပြုကူညီရင်း
ပူးပေါင်းနေထိုင်ရှင်သန်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်
လူတစ်ယောက်ချင်းအနေဖြင့် မိမိအကျိုးသူတစ်ပါးအကျိုးတို့ကို
ဘယ်လောက်လုပ်နေသလဲဆိုတဲ့ မေးခွန်းက
မိမိကိုမိမိပြန်မေးရန်အရေးကြီးတဲ့မေးခွန်းဖြစ်ပါတယ်။
မိမိအသက်ရှင်သန်နေထိုင်မှုက အခြားလူတွေ အကျိုးဖြစ်အောင်
ဘာတွေဖြစ်စေသလဲဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ မိမိအသက်ရှင်အဆင်ပြေဖို့
အတွက် သူတစ်ပါးတွေကိုအမျိုးမျိုးဘေးဒုက္ခပေးနေတာမျိုးမဖြစ်ဖို့၊
သူများတွေမျက်ရည်ပေါက်ကြီးငယ်ကျနေရ တာမျိုးတွေမဖြစ်ဖို့ အရေးကြီပါတယ်။
သင်ရဲ့အတွေးစိတ်ကူးများ၊ ပြောဆိုမှုများနှင့် လုပ်ရပ်များက အခြားလူ
တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်နေသလဲဆိုတာကိုစဥ်းစားကြည့်သင့်ပါတယ်။
ဒီနေရာမှာ အခြားလူ တွေဆိုတာ မိမိအနီးဆုံးမိသားစုဝင်များ၊မိတ်ဆွေများ၊
အိမ်နီးချင်များ၊ တစ်လမ်းတည်းနေထိုင်ကြသူများ၊
တစ်ရပ်ကွက်ထဲအတူတူနေထိုင်သူများ၊ တစ်ရွာထဲနေထိုင်ကြသူများ၊
တစ်မြို့တည်းနေထိုင်ကြသူများ၊ တစ်နယ် တည်းနေထိုင်ကြသူများ၊
တစ်နိုင်ငံလုံးနေထိုင်ကြသူများ၊ တစ်ကမ္ဘာ လုံးနေထိုင်ကြသူများ
ဆိုပြီးမိမိနှင့်နီရာမှ ဝေးရာအထိ စဥ်းစားကြည့်ရန် လိုအပ်ပါတယ်။
အောက်ပါအတိုင်းမိမိကိုယ်မိမိ ပြန်လည်စစ်ဆေးကြည့်ရန် လိုအပ်ပါတယ်။
• လူတွေစိတ်ချမ်းသာပျော်ရွှင်အောင် သင်ဘာတွေများပြုလုပ်နေပါသလဲ။ ဒါမှမဟုတ် လူတွေစိတ်ဆင်းရဲ ပင်ပန်း အောင်သင်ဘာတွေများပြုလုပ်နေပါသလဲ။
•
လူတွေသူတို့မိသားစုအသိုင်းအဝိုင်နဲ့ချစ်ချစ်ခင်ခင်နေနိုင်အောင်သင်ဘာတွေပြုလုပ်နေပါသလဲ။
ဒါမှမ ဟုတ် လူတွေမိသားနှင့်နှင့်
အတူပျော်ရွှင်စွာမနေနိုင်အောင်သင်ဘာတွေများပြုလုပ်နေပါသလဲ။
•
လူတွေအသိအမြင်တိုးပွားပြီးအကျိုးများစေရန် သင်ဘာတွေလုပ်ဆောင်နေပါသလဲ။
ဒါမှမဟုတ် လူတွေ အကျိုးမဲ့စေတာတွေမဟုတ်မမှန်တာတွေမျှဝေနေတာဘာတွေရှိပါသလဲ။
•
လူတွေနေ့စဥ်ဘဝမှာ သွားလာနေထိုင်မှုအဆင်ပြေအောင်
သင်ဘာတွေလုပ်ဆောင်ပေးနေပါသလဲ။ သို့မဟုတ် လူတွေနေ့စဥ်ဘဝမှာ အဆင်မပြေ
ခက်ခဲအောင် သင်ဘာတွေပြုလုပ်နေပါသလဲ။
• လူတွေစားဝတ်နေရေးအဆင်ပြေအောင်သင်ဘာတွေလုပ်နေပါသလဲ။ ဒါမှမဟုတ် လူတွေစားဝတ်နေ ရေးပို ခက်ခဲအောင်။ အဆင်မပြေ အောင်သင်ဘာတွေလုပ်နေပါသလဲ။
•
လူတွေအဆင်ပြေပြေနေထိုင်နိုင်အောင် သင့်အနေဖြင့်
နေစရာတွေဘယ်လောက်ဖန်တီးပေးနေပါသလဲ။ ဒါမှမဟုတ် လူတွေနေရေးထိုင်ရေးခက်အောင်
လူတွေနေထိုင်တဲ့အိမ်တွေကို ဖျက်စီးတာမျိုးတွေဘယ် လောက်လုပ်နေပါသလဲ။
•
လူတွေကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုအလွယ်တကူ သက်သက်သာသာဖြင့်
လက်လှမ်း မှီအောင် သင်ဘယ်လောက် လုပ်ဆောင်ပေးနေပါသလဲ။ ဒါမမဟုတ်
လူတွေကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေလက်လှမ်မမှီအောင်
ဘာတွေလုပ်ဆောင်နေပါသလဲ။
•
လူတွေအချိန်နှင့်တပြေးညီသတင်းအချက်အလက်မျာသိနေအောင်
သင်ဘာတွေများပြုလုပ်ပေးနေပါ သလဲ။ ဒါမှမဟုတ် လူတွေဘာမှမသိအောင် သတင်းတွေကို
လက်လှမ်မမှီအောင် ဘာတွေများပြု လုပ်နေပါသလဲ။
သို့မဟုတ်မမှန်တဲ့သတင်းတွေဖြန့်တာဘယ်လောက်လုပ်ဆောင်နေပါသလဲ။
•
လူတွေတစ်နေရာမှတစ်နေရာခရီးသွားလာရေးမှာအဆင်ပြောအောင် သင်ဘာတွေပြုလုပ်ပေးနေ
နေပါ သလဲ။ ဒါမှမဟုတ် လူတွေခရီးသွားရာမှာအခက်အခဲတွေပိုဖြစ်အောင် သင်ဘာတွေ
များပြုလုပ် နေပါ သလဲ။
•
လူတွေအစားအစာ၊ ရေနှင့်
နေ့စဥ်သုံးအခြေခံပစ္စည်းတွေအဆင်ပြေပြေရအောင်သင်ဘာတွေများ ပြု
လုပ်ပေးနေပါသလဲ။ ဒါမှမဟုတ် လူတွေအစားအစာ၊ ရေနှင့်
နေ့စဥ်သုံးအခြေခံပစ္စည်းတွေ လက်လှမ်း
မှိဖို့ခက်ခဲအောင်သင်ဘာတွေများပြုလုပ်နေပါသလဲ။
•
လူတွေရန်သူမျိုး (၅)ပါးမှကင်းဝေးအောင်သင့်အနေဖြင့် ဘာတွေလုပ်နေပါသလဲ။
သို့မဟုတ် လူတွေ ရန်သူမျိုး(၅)ပါးကြုံတွေ့နေအောင် သင့်အနေဖြင့်
ဘာတွေလုပ်နေပါသလဲ။
သင်ကကောင်းတာတွေလုပ်နေတယ်ဆိုရင်
ဆက်လက်ပြီးပိုကြောင်းအောင်လုပ်ရန် လိုအပ်ပါတယ်။ အခြား ကောင်း
တဲ့လုပ်သူတွေနှင့် ပေါင်းပြီး
ကောင်းတာလုပ်ဆောင်မှုအားကောင်းအောင်လုပ်ဖို့လိုအပ်ပါတယ်။ တ ကယ်လို
မကောင်းတာတွေလုပ်မိနေရင် ချက်ခြင်းရပ်တံ့ဖို့ လိုအပ်ပါတယ်။
မကောင်းတဲ့လုပ်ရပ်တွေအစား ကောင်းတာတွေကိုစတင်အစားထိုးပြုလုပ်ရန်
လိုအပ်ပါတယ်။
မိတ်ဆွေများ ကောင်းစိတ်မွေးပြီးလူသားတို့အကျိုးအတွက် ကောင်းတာတွေပြုလုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment