ဒီနေ့
မိဘတွေအနေနဲ့သားသမီးတွေအတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်အဖြစ်
“အကြိမ်ကြိမ်အခါခါ ကိုယ့်အားကိုယ်ကိုးပျံနိုင်အောင်သင်ပေးပါ။” ဆိုတာကို
Food for Thought 758 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
မိဘတွေအနေနဲ့သားသမီးတွေအတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်
အကြိမ်ကြိမ်အခါခါကိုယ့်အားကိုယ်ကိုးပျံနိုင်အောင်သင်ပေးပါ။
တစ်ခါတုန်းကလင်းယုန်ငှက်မတစ်ကောင်ရှိပါတယ်။
သူမဟာ ဥ ဥဖို့အတွက်တောင်ပေါ်မှာ ပေါက်တဲ့ သစ်ပင်
ရှာတယ်။အဲ့ဒီသစ်ပင်ထဲမှာတောင် အမြင်ဆုံးသစ်ပင်ပေါ်မှာ အသိုက်ကို ဆောက်တယ် ။
လေ့လာချက်သုတေသနများအရ
ဘယ်ငှက်မှ လင်းယုန်ငှက်လောက်သားသမီးတွေအပေါ်မှာကြင်နာပြီး ဂရုစိုက်
တဲ့ငှက်မရှိဘူးလို့တွေ့ရှိထားပါတယ်။ အဲဒီတွေ့ရှိချက်မှန်မမှန်ဆိုတာ
အောက်ပါလုပ်ဆောင်ချက်များကိုလေ့လာ ကြည့်ပါ။
လင်းယုန်မကြီးကသူအသိုက်လုပ်မဲ့တောင်ထိပ်မှာဆူးတွေကိုစုဆောင်းပြီးအသိုက်အပြင်ဘက်အကာအကွယ်အဖြစ်ချထားပါတယ်။
ပြီးတော့ သစ်ခက်ချောင်းတွေကို ဆူးတွေအပေါ်ဘက်မှာနောက်တစ်ထပ်ခင်းပါတယ်။
ပြီး တော့ ရန်သူတွေမထိုးဖောက်နိုင်အောင်ဆူးတစ်ထပ်ထပ်ခင်းပါတယ်။
အဲဒီဆူအခင်းအပေါ်ဘက်မှာ ပျော့ပြောင်း တဲ့ မြက်တစ်ထပ်ခင်းပါတယ်။
အဲဒီမြက်အခင်းရဲ့အပေါ်ဘက်မှာတော့ ပေါက်လာတဲ့ငှက်ကလေးတွေအတွက် မနာအောင်
သူ့အမွေးနုတွေကိုနှုတ်သီးဖြင့်ဆွဲနှုတ်ပြီး
နောက်ဆုံးတစ်ထပ်ခင်းပေးထားပါတယ်။ အဲဒါကတော့ လင်းယုန်ငှက်အသိုက်ရဲ့
အတွင်းဘက်အကျဆုံအပိုင်းဖြစ်ပါတယ်။ နောက်တော့ အဲ့ဒီအပေါ်မှာဥကို ဥလိုက်ပါ
တယ် ။ ဥက များများ မဥပါဘူး။ တစ်လုံး နှစ်လုံးပါပဲ။
အဲဒီဥပေါ်မှာလင်းယုန်ငှက်မကြီးဝပ်တယ် ။
အချိန်တန်တော့လည်း
ဥထဲကလင်းယုန်ငှက်ကလေးတွေ ပေါက်လာတယ်။ လင်းယုန်ငှက်မကြီးက ငယ်သေးတဲ့
လင်းယုန်ငှက်ကလေးတွေအတွက် အစားရှားကျွေးပါတယ်။လင်းယုန်ငှက်ကလေးတွေ
အမွှေးနူတွေထွက်လာပြီ ဆိုရင် လင်းယုန်ငှက် မကြီးက အသိုက်ထဲမှာရှိတဲ့
သူ့အမွေးနုတွေကို ဖယ်ရှားပစ်တယ်။ငှက်ကလေးတွေကိုယ်မှာ
ပေါက်လာတဲ့အမွေးတွေနဲ့အသိုက်ထဲမှာနေနိုင်စေရန်ဖြစ်ပါတယ်။
နောက်မကြာခင်မှာပဲ
လင်းယုန်ငှက်ကလေးတွေရဲ့ အမွေးတွေရှည်လာရင် လင်းယုန်ငှက်မကြီးက မျက်သစ်ရွက်
ခြောက်တွေ ဖယ်ရှားလိုက်တယ်။ သဘောကတော့ ကြမ်းတမ်းတဲ့သစ်ကိုင်းသစ်ခက်တွေရဲ့
အထိအတွေ့နဲ့
ကြီးပြင်းစေချင်လို့ပါ။အနီးကပ်ပတ်ဝန်းကျင်နှင့်ထိတွေ့နေနိုင်စေချင်လို့ဖြစ်ပါတယ်။လောကဓာန်ကိုခံနိုင်စေဖို့ဖြစ်ပါတယ်။
နောက်မကြာခင်မှာပဲ
လင်းယုန်ငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက်ရှည်လာတယ်။ ပျံသန်းလို့
ရနိုင်တဲ့အချိန်ကို ရောက်ပြီလို့ လင်းယုန်ငှက်မကြီးကယူဆတဲ့အချိန်မှာ
လင်းယုန်ငှက်ကလေးတစ်ကောင်ကို
မိခင်လင်းယုန်ငှက်မကြီးကသူ့ကျော်ပေါ်တင်ပြီးအတောင်တွေဖြန့်ကာအပေါ်ဘက်သိုပျံတက်သွားပါတယ်။
အဲဒီ လိုပျံတက်ရင်းရုတ်တရက် အောက်ဘက်သို့ ထိုးဆက်းလိုက်ပါတယ်။
အဲဒီတော့ကျောပေါ်တင်လာတဲ့ လင်းယုန် ငှက်လေးကျော်ပေါ်မှလိမ့်ကျသွားပါတယ်။
အကောင်ငယ်လေးဟာ မိခင်ကျောပေါ်မှလိမ့်ကျရင်း သူ့အတောင် တွေကို ခပ်ပါတယ်။
အတောင်တွေဆိုတာ ဘာအတွက် ဆိုတာ လက် တွေ့လှုပ်ရှား ရင်းသင်ယူ ပါတယ်။
မပျံနိုင်လို့ အောက်ဘက်သို့
ထိုးကျနေရင်မိခင်လင်းယုန်ငှက်မကြီးကလိုက်ဖမ်းပါတယ်။ အဲဒီလို လေ့
ကျင့်မှုကို ထပ်ခါထပ်ခါပြုလုပ်ပါတယ်။ တကယ်လို လင်းယုန်ငှက်လေးမှာ
ပျံဖို့နှေး နေသေးတယ် သို့မဟုတ် ကြောက်
နေသေးတယ်ဆိုရင်အသိုက်သို့ပြန်ခေါ်သွားပါတယ်။ အဲဒီအခါမျိုးမှာ အသိုက်မှာ သက်
တောင့် သက်သာ နေနိုင်မှု မရှိအောင်၊ လင်းယုန်ငှက်ကလေးအနေဖြင့်အသိုက်ကို
တွယ်တာနေတာမျိုး ဘာမှမရှိ အောင်ဖန် တီးပါတယ်။
အသိုက်ထဲမှဇိမ်ကျနေတာမျိုးမရှိအောင်စီစဥ်ပါတယ်။
အခုလိုလင်းယုန်ငှက်လေးတွေပျံတတ်အောင်အခါခါသင်ပေးပါတယ်။
လင်းယုန်ငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီဆိုတာနဲ့ အစစ
အရာရာကိုယ့်တာဝန် ကိုယ်ယူပေတော့။လင်းယုန်ငှက်မကြီးရဲ့ တာဝန်ပြီးပြီ။
တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်
သိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို လမ်းလျှောက်တတ်ကာစမှာပဲ
အမှိုက် ပုံးမှာကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင်သင်ပေးတယ် ။အရွယ်နဲ့အမျှ
တတ်နိုင်တဲ့ဝန်ကိုထမ်းဆောင်ဖို့လေ့ကျင့်ပေးတယ်။
အသက်(၁၈)နှစ်ပြည့်ရင်တော့လင်းယုန်ငှက်မကကျော်ပေါ်တင်ရင်အပျံသင်သလိုမျိုးသင်ပေးပါတယ်။
ကိုယ့်စ ရိတ်ကိုယ်ရှာပြီး ကောလိပ်တက္ကသိုလ်တက်ပေတော့
ဘွဲ့မရခင်မှာဘဲလုပ်ငန်းအတွေ့အကြုံက အမျိုးမျိုး ရနေပြီ။
ယောက်ျားရော
မိန်းမပါ အရွယ်ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်နေပြီ။
ရေကူးခြင်း
အတတ်ပညာကိုလည်းကောင်းကောင်းကျွမ်းကျင်နေပြီ။နိုင်ငံပေါင်းမြောက်များစွာကိုလည်းရောက်ဖူးနေပြီ။
သားသမီးတွေကို မိဘများအနေနဲ့ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာတစ်သက်လုံးသုံးလို့မကုန်တဲ့ငွေမ ဟုတ်ပါဘူး
ရင်ခွင်ထဲမှာအမြဲတမ်းထည့်ထားဖို့လည်းမဟုတ်ပါဘူး။ဘွဲ့လက်မှတ်လည်းမဟုတ်ပါဘူး
အိမ်ထောင်ဖက်ကောင်းကောင်းကိုရွေးပေးတာလည်းမဟုတ်ပါဘူး
မိဘများအနေနဲ့သားသမီးတွေကိုပေးသင့်တဲ့အကောင်းဆုံးလက်ဆောင်ကတော့ ……
ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးတဲ့စိတ်ဓာတ်ပါ။
ကိုယ့်ကိုယ်ကို
ယုံကြည်အားကိုးစိတ်ကိုရနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့သူတို့စိတ်ထဲမှာမဝံ့မရဲ
ကြောက်နေတဲ့ အလုပ်ကိုသူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်။မိဘများအနေ
နဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါ တယ်။သူတို့ကို
အကြိမ်ကြိမ်အခါခါတွန်းချဖို့ လိုပါတယ်ရှင်။ မိမိကိုယ်မိမိယုံကြည်
မှုရှိပြီးပျံသန်းတတ် အောင် လေ့ကျင့်ပေးရန်၊ အခွင့်အလမ်းတွေပေးရန်
လိုအပ်ပါတယ်။
မိတ်ဆွေများ သားသမီးများမှာမိမိကိုယ်မိမိယုံကြည်အားကိုးတဲ့စိတ်ဖြစ်လာအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment