
ဒီနေ့မိဘများအနေဖြင့် "သား/သမီးတွေကိုချစ်မြတ်နိုးကြောင်းဘယ်လိုသက်သေပြရမလဲ" ဆိုတာကို Food for Thought 759 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
"သား/သမီးတွေကိုချစ်မြတ်နိုးကြောင်းဘယ်လိုသက်သေပြရမလဲ"
မိဘတိုင်းက
သားသမီးတွေကို အဆုံးအစမဲ့ချစ်ခြင်းမေတ္တာနဲ့
ချစ်မြတ်နိုးကြပါတယ်။ကိုယ့်အသွေးအသားမို့ ဘယ်လောက်ထိချစ်တယ်ဆိုတာနှိုင်းစရာ
စကားလုံးမရှိပါဘူး။သူတို့ကို အော်မိ၊ရိုက်မိ၊ဆူမိရင်တောင် ဒါတွေ ဟာ
သူတို့ကို ပိုပြီး လိမ္မာစေချင်၊ကောင်းစေချင်တဲ့ မေတ္တာစိတ်ကြောင့်
ကြမ်းတမ်းစွာဆက်ဆံမိကြရတာပါ။ ဒါပေမဲ့ ဒီလို
ဆူတာ၊အော်တာကြိမ်ဖန်များစွာဖြစ်လာတဲ့ အခါ သားသမီးတွေရဲ့စိတ်ထဲမှာ မိဘတွေက
သူတို့ ကို မချစ်လို့လား၊ဘာကြောင့်လဲဆိုတဲ့ အလိုမကျတဲ့၊ အားငယ်တဲ့ အတွေးတွေ
တွေးလာတဲ့အခါ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ အက်ကြောင်းတွေ
ဖြစ်ပေါ်လာပါတော့တယ်။ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို
ချစ်မြတ်နိုးကြောင်း အကောင်းဆုံးဘယ်လို သက်သေပြရမလဲဆိုတာ
နားလည်သိရှိထားဖို့လိုအပ်ပါတယ်။
မိဘတွေရဲ့ချစ်ခင်မြတ်နိုးခြင်းဟာ
သားသမီးတွေရဲ့ ဘဝမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။မိဘ တွေရဲ့
ချစ်ခင်မှုကို အပြည့်အဝရတဲ့သားသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့/
သန်မာတဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာစေပါတယ်။ဒါကြောငိ့ မိဘတွေအနေနဲ့
သားသမီးတွေအပေါ်မေတ္တာအပြည့်နဲ့ ချစ် မြတ်နိုး
ကြောင်းသက်သေပြနိုင်ဖို့အောက်ပါတို့ကိုဖန်တီးစီစဥ်ပေးဖို့လိုပါတယ်။
(၁) သားသမီးတွေကို မနက်ခင်းတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့အိပ်ယာနိုးစေပါ။
ကလေးတွေဟာ သူတို့ဘဝရဲ့ကိုးမိ နစ်တာ ကလေးဘဝရဲ့ ခံစားမှုကသူတို့ကိုလွှမ်းမိုးနေပါတယ်။ အဲဒါတွေ ကတော့
(၁)မနက်အိပ်ယာနိုးနိုးချင်းသုံးမိနစ်တာ
(၂)ညနေကျောင်းကပြန်လာချိန်သုံးမိနစ်တာ
(၃)
ညအိပ်ယာမဝင်ခင် သုံးမိနစ်တာ တွေပဲဖြစ်ပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့
ဒီသုံးချိန်ကို လှပတဲ့အမှတ်တရဖြစ်နေအောင်ပြုလုပ်ပေး သင့် ပါတယ်။
(၂) သားသမီးတစ်ယောက်ချင်းစီနဲ့ တစ်ရက်အနည်းဆုံးဆယ်မိနစ် အချိန်ယူပြီး စကားပြောပေးပါ။
(၃) သားသမီးတွေရဲတစ်နေ့တာကိုမေးမြန်းပါ။သူတို့ပြောသမျှစိတ်ဝင်တစားနားထောင်ပေးပါ။
(၄) ချစ်မြတ်နိုးကြောင်းပွေ့ဖက်၊နမ်းခြင်းဖြင့်ပြသပါ။
(၅) သားသမီးကအမှားလုပ်မိရင်အပြစ်မတင်ဘဲလက်ခံပေးပါ။
(၆) သားသမီးတွေကိုကျေးဇူးတင်ကြောင်းပြောပေးပါ။
(၇) သားသမီးတွေရဲ့သဘောထားအမြင်တွေကိုထုတ်ဖော်ပြောပြခွင့်ပေးပါ။
(၈) သားသမီးရဲ့ ဝါသနာကို ပံ့ပိုးပေးပါ။အားပေးပါ။
(၉) သားသမီးတွေ စိတ်လှုပ်ရှားအံ့အားသင့်စေမဲ့ အပြုအမူမျိုး/အဖြစ်အပျက်မျိုး ဖန်တီးပေးပါ။
(၁၀) သားသမီးတွေအပေါ် ကတိပေးထားရင် ကတိတည်ပေးပါ။
(၁၁)သားသမီးတွေ သတ်မှတ်ထားတဲ့အချစ်မျိုးကိုလေ့လာသင်ယူပါ။(Child's love language )
The
Five love language of Children စာအုပ်ရဲ့စာရေးဆရာဖြစ်တဲ့ Dr.Gary Chapman
and Dr Ross Campbell က သားသမီးတွေ သတ်မှတ်ထားတဲ့မိဘတွေရဲ့အချစ်ကို
မိဘတွေရဲ့ အပြုအမူငါးခုကို ကြည့်ပြီးကောက်ချက်ချတယ် လို့ ဆိုထားပါတယ်။အဲဒီ
မိဘတွေရဲ့ ချစ်ခြင်းငါးမျိုးတွေကတော့အောက်ပါတို့ဖြစ်ပါတယ်။
(၁) မိဘတွေရဲ့ အထိအတွေ့(ပွေ့ဖက်၊နမ်းတာ)
(၂) ကတိတည်တာ
(၃) အဖိုးတန်အချိန်တွေဖန်တီးပေးတာ
(၄) လက်ဆောင်ပေးတာ
(၅) သူတို့ရဲ့ ဝေယျာဝစ္စာတွေကို အလေးထားလုပ်ဆောင်ပေးတာ(ဥပမာ ကျောင်းသွားခါနီး ထမင်းဘူးပြင်
ဆင်ပေးတာ၊ဖိနပ်ကြိုးချည်ပေးတာ၊ကျောင်းကားပေါ်အထိ ကြို၊ပို့ပေးတာ)
(၁၂)ချစ်တယ် ဆိုတဲ့စကားကို နေ့တိုင်းပြောပေးပါ။
အထက်မှာ
ရေးထားတဲ့အချက်တွေဟာ ကလေးတွေအနေနဲ့ သူတို့ရဲ့ ငယ်ဘဝ ဒါမှမဟုတ် လက်ရှိဘဝမှာ
မိဘတွေက သူတို့ကို ဘယ်လောက် တန်ဖိုး ထား ချစ်ခင် မြတ်နိုးကြောင်း
ခံစားစေတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီအ ရာတွေကို ပြည့်ဝစွာခံစားရတဲ့
ကလေးတွေဟာကိုယ်ရောစိတ်ပါ ကျန်းမာပြီး ဦးနှောက်မှတ်ဉာဏ်ကိုလည်း ကောင်းမွန်
စွာ ဖွံ့ဖြိုးစေပါတယ်။ဒါ့အပြင် မိဘနဲ့သားသမီးကြားက မေတ္တာကြိုးဟာလည်းခိုင်
ခန့် မြဲမြံနေစေ မှာဖြစ်ပါ တယ်။
မိတ်ဆွေများ သားသမီးများကိုချစ်ခင်ကြောင်း အကောင်းဆုံး ပြသနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
"သား/သမီးတွေကိုချစ်မြတ်နိုးကြောင်းဘယ်လိုသက်သေပြရမလဲ Food for Thought 759 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment