
ဒီနေ့ လူတိုင်းစိတ်မှာပျော်ရွှင်မှုခံစားရအောင်နေ့စဥ်လေ့ကျင့်နိုင်တဲ့နည်းလမ်းများကို Food for Thought 760 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
နေ့တိုင်းပျော်ရွှင်မှုရအောင်ဘာတွေလုပ်လို့ရမလဲ။
ကျွန်ုပ်တို့ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာမှာ
စိတ်ခံစားမှုတွေအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြရပါတယ်။ ပျော်ရွှင် မှုဆိုတာ
လူတိုင်းကလိုချင်ကြပြီး အမြဲရှာဖွေကြတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။
နေ့စဥ်ဘဝမှာ ရိုးရှင်း တဲ့ပုံစံလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်
ပျော်ရွှင်မှုရရှိအောင် အောက်ပါနည်းလမ်းလေးတွေကို စမ်းကြည့်နိုင် ပါတယ်။
ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်း
၁။ကျေးဇူးတင်စိတ်ကိုအမြဲလေ့ကျင့်ပါ။
များသောအားဖြင့်
လူတစ်ယောက်ကပျော်ရွှင်နေရင် ကျေးဇူးတင်မှုကိုပါ
အလိုလိုခံစားရနိုင်ပေမယ့် ပြောင်းပြန် ဆိုရင်လည်း အလုပ်ဖြစ်တာကို တွေ့ရတယ်။
ကျေးဇူးတင်မှုကို အလေ့အကျင့်ပြုလုပ် ထား တာက ကျွန်ုပ်တို့အတွက်
ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေ ဖြစ်လာရုံသာမက ကျွန်ုပ်မတို့ဘဝမှာ တစ်
ယောက်နဲ့တစ်ယောက် အချိတ် အဆက်ပြုလုပ်ရာမှာလည်း စိတ်ခွန်အားတွေ
ပိုတိုးလာစေနိုင်တယ်လို့ ပညာရှင်များကပြောကြပါတယ်။
ကိုယ်ကျေးဇူးတင်ချင်တဲ့ကိစ္စက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ
ကျေးဇူးတင်ကြောင်းကို ချရေးတာမျိုး ဒါမှမဟုတ်၊
နှုတ်နဲ့ပြောတာမျိုးတို့နဲ့စတင်ဖို့ အကြံပေးထားပါတယ်။
ကျေးဇူးတင်ထိုက်တာကိုကျေးဇူးတင်တဲ့စိတ်အလေးထားမွေးတာနဲ့အမျှ
အခြားလူတွေအပေါ်မနာလို ဝန်တို တဲ့စိတ်မျိုးတွေ၊
မိမိကောင်းစားသလိုအခြားလူတွေကောင်းစားတာကိုမဖြစ်စေလိုတဲ့သဝန်တိုစိတ်တွေ
ကင်းလာမှာဖြစ်ပါတယ်။ မနာလိုဝန်တိုးတဲ့စိတ်နဲ့
သဝန်တိုတဲ့စိတ်တို့ဟာစိတ်ကိုမပျော်အောင်ဖန်တီးတဲ့
စိတ်နေစိတ်ထားများဖြစ်ကြပါတယ်။
၂။မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဥ်လေးဖန်တီးပါ။
မနက်ခင်းမှာ
ကိုယ်နဲ့အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါး အကြောဆန့်လေ့ကျင့်ခန်းမျိုး၊
စိတ်ခွန်အားဖြစ်စေတဲ့ စာတိုလေးတွေ၊ တရားစာတိုလေးတွေဖတ်တာမျိုးဖြင့်
တစ်နေ့တာကို ဘာတွေလုပ်မယ်လို့ ရည်ရွယ်ချက် ထား တာမျိုးတွေ
လုပ်ဆောင်ပေးခြင်းက တစ်နေ့တာလုံးအောင်မြင်ဖို့နဲ့ အကောင်းဘက်ကို ပိုတွေးတဲ့
စိတ်ထားမျိုးဖြစ်လာစေနိုင်တယ်။
၃။ပျော်ရွှင်မှုဇယားလေးပြုလုပ်ပါ။
ကိုယ့်ကိုပျော်စေတဲ့အရာလေးတွေကို
စာရင်းလေးလုပ်ထားပြီး တစ်နေ့တာမှာ အဲ့ဒီပျော်ရွှင်စေတဲ့အရာ လေးတွေ ဥပမာ
အကြိုက်ဆုံးကော်ဖီဆိုင်သွားတာမျိုး၊ ခဏလောက်သီချင်းနားထောင်တာမျိုးလေးတွေ
ထည့်လုပ်ပေးပါ။ ဘာလို့လဲဆိုရင် ဒီနေ့ကစိတ်ပင်ပန်းရတဲ့နေ့ဆိုရင်
ကိုယ့်စိတ်ကိုကောင်းမွန်တဲ့ဆီ ပြန်
ရောက်အောင်အဲဒီအရာလေးတွေကဆွဲထူပေးနိုင်လို့ပါ။
၄။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမကြာခဏပြုလုပ်ပေးပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက
ခန္ဓာကိုယ်အတွက်ကောင်းစေရုံသာမက စိတ်အတွက်လည်းကောင်းမွန်စေတဲ့
အရာဖြစ်တယ်လို့ ပညာရှင်များက ထောက်ခံထားကြတယ်။ လမ်းလျှောက်ခြင်း၊
ယောဂကျင့်ခြင်း စတာ တွေက စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းတွေထွက်စေလို့
တစ်နေ့တာကို စိတ်ပျော်ရွှင်စေပါတယ်။
၅။ရေဓာတ်ဖြည့်ပေးပါ။
ရေဓာတ်ခမ်းခြောက်ခြင်းက
စိတ်ခံစားမှုနဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းကို
ဆိုးကျိုးတွေသက်ရောက်နိုင်တယ် လို့ သုတေသနများက ဆိုကြတယ်။
ပျော်ရွှင်ချင်ရင် ရေကိုလုံလုံလောက်လောက် သောက်ပေးဖို့လိုပါတယ်။ ရေအပြင်
တခြား သံပုရာရည် စတဲ့ အချဥ်ဓာတ်ပါတဲ့အရည် ဒါမှမဟုတ် ကာဗွန်ပါတဲ့အရည်စတာတွေ
လည်း သောက်သုံးပေးနိုင်ပါတယ်။
ကိုယ့်ရဲ့တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကိုအာရုံစိုက်ခြင်း
၁။ပန်းတိုင်ချမှတ်ပါမယ်။
ပန်းတိုင်လေးတွေချမှတ်ပြီး ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်တာကလည်း ပျော်ရွှင်မှုကို အထောက် အပံ့ပေးပြီးတိုးပွားစေနိုင်ပါတယ်။
၂။ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ။
ကိုယ်စိတ်ဝင်စားပြီး
နှစ်သက်တဲ့အရာမျိုးလည်းဖြစ်ပြီး ကိုယ်လုပ်နိုင်စွမ်းရှိတဲ့
စိန်ခေါ်မှုမျိုးဖြစ်တဲ့ လုပငန်း ဆောင်ရွက်ချက်မျိုး ဥပမာ
ခက်ခဲတဲ့ယောဂပုံစံ၊ သိုးမွေးထိုးသင်ယူခြင်း၊ ပုံတူပန်းချီဆွဲလေ့ကျင့်ခြင်း
စတာ တွေကလည်းပျော်ရွှင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။
၃။တစ်နေ့တာလုပ်ငန်းအစီအစဥ်ထားရှိပါ။
တစ်နေ့တာလုပ်ငန်းအစီအစဥ်လေးတွေထားရှိခြင်းက
ကိုယ်ဘာတွေလုပ်နေလဲနှင့် ဘာကြောင့်လုပ်နေလဲ ဆိုတာကိုသိစေပြီး
တစ်နေ့တာပန်းတိုင်လေးတွေရယူတဲ့အခါမှာလည်း
စိတ်ခွန်အားပိုတိုးစေလို့ဖြစ်ပါတယ်။
စိတ်ဖိစီးမှုကိုထိန်းသိမ်းခြင်း
၁။ကိုယ့်ကိုယ်ကိုယ်ကြင်နာသနားပါ။
ကိုယ်ရည်ရွယ်ထားသလို
ဖြစ်မလာတဲ့အခါမှာ ကျွန်ုပ်တို့က သူများကို အပြစ်တင်တာမျိုးရှိသလို
ကိုယ့်ကိုယ် ကိုယ်လည်း အပြစ်တင်တတ်ကြပါတယ်။
အကောင်းဘက်ကိုပြန်လည်ရောက်ရှိနိုင်စေမယ့် စာများ၊ တရား
တော်များ၊တရားထိုင်ခြင်းစတာတွေပြုလုပ်ပေးနိုင်ပါတယ်။
၂။အသက်ဝဝရှူပါ။
အသက်ဝဝရှူခြင်းက
စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး ကိုယ့်လုပ်ဆောင်မှုတွေမှာလည်း
ပြန်လည်အာရုံစိုက် နိုင်စေပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာ
ဝင်လေထွက်လေမှတ်ပြီး အသက်ဝဝရှူခြင်းက ပျော်ရွှင်ချင်တဲ့
သူအတွက်လိုအပ်တဲ့အရာဖြစ်တယ်။
၃။သဘာဝကိုရှုမြင်ခံစားပါ။
ပျော်ရွှင်မှုကြီးကြီးမားမားခံစားရစေနိုင်တဲ့ထဲမှာ
ပြင်ပလောကကို ရှုမြင်ခံစားတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
သဘာဝတရားထဲရောက်ရှိသွားရင် စိတ်ဖိစီးမှုတွေလျော့သွားသလို
ကိုယ်တွေ့ကြုံနေရတဲ့ ပြဿနာကို မတူညီတဲ့ရှုထောင့်ကနေ မြင်လာအောင်
ပြုလုပ်ပေးနိုင်လို့ ပန်းခြံထဲလမ်းလျှောက်တာမျိုး၊
သူငယ်ချင်း၊မိသားစုတွေနဲ့အပြင်ထွက်စားတာမျိုးတို့ပြုလုပ်ပေးနိုင်ပါတယ်။
လမ်းလျှောက်ရင် တိုက်လာတဲ့
လေကောင်းလေသန့်ကိုဝဝရှုရှိုက်လိုက်ခြင်းကလည်းစိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။
လူမှုဆက်ဆံရေးပြုလုပ်ခြင်း
၁။အခြားသူများနဲ့ချိတ်ဆက်ပါ။
သူငယ်ချင်းတွေနဲ့
ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့သူတွေနဲ့ ချိတ်ဆက်မှုရှိတာက
ပျော်ရွှင်မှုကိုရော စိတ် ခံစားချက် တွေကိုပါ ကျန်းမာစေဖို့အတွက် အ
ထောက်အကူဖြစ်စေပါတယ်။ မိသားစုနဲ့ စကားစမြည်ပြော ခြင်း၊သူငယ်ချင်း
ဟောင်းနဲ့ကော်ဖီတူတူသောက်ခြင်းအစရှိတာတွေလုပ်ပေးနိုင်ပါတယ်။
၂။တစ်ယောက်တည်းရှိချိန်တွေကလည်းအရေးကြီးပါတယ်။
တခြားသူများနဲ့ချိတ်ဆက်တာက
အရေးကြီးသလို ကျွန်ုပ်တို့တွေ ကိုယ့်ကိုယ်ကိုယ်ချိတ်ဆက်ဖို့လည်း အထူး
လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လူမှုဆက်ဆံရေးဘက်ထရီကို အားပြန်ဖြည့်ပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်
လည်ချိတ်ဆက်ဖို့ကလည်းပျော်ရွှင်ဖို့အတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။
၃။ဝါသနာအသစ်ကိုရှာဖွေပါ။
ဝါသနာအသစ်ကိုရှာဖွေခြင်းက
ကိုယ့်ကိုယ်ကိုယ် ချိတ်ဆက်ဖို့နဲ့ မိတ်ဆွေသစ်တွေနဲ့တွေ့နိုင်လို့ နည်းလမ်း
ကောင်း တစ်ခုဖြစ်တယ်။ ဝါသနာပါတာကို လုပ်ဆောင်နေရခြင်းက စိတ်အပန်းပြေစေပြီး
ပျော်ရွှင်မှုကို လှုံဆော်ပေးနိုင်တယ်။
မိတ်ဆွေများကိုစိတ်နှစ်ဖြာချမ်းသာပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
နေ့တိုင်းပျော်ရွှင်မှုရအောင်ဘာတွေလုပ်လို့ရမလဲ။ Food for Thought 760 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment