
ဒီနေ့ သူငယ်ချင်းကောင်းပီသမှုအကြောင်းကို Food for Thought 761 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
သူငယ်ချင်းကောင်းပီသမှု
ရွာတစ်ရွာအနီးမှာစိမ်းလန်းတဲ့သစ်တောအုပ်ကြီးတစ်ခုရှိပါတယ်။
အဲဒီတောအုပ်ကြီးထဲမှာတောစောင့်နတ်သမီး တစ်ပါး နေထိုင်ပြီး
တောထဲရောက်လာသူတွေကို အဲဒီနတ်သမီးက ဥာဏ်စမ်းမေးခွန်းကိုမေးတတ်ကြောင်း၊ မေး
တာကိုမဖြေနိုင်ရင် မဖြေနိုင်သူတွေကို လိပ်ပြာအဖြစ်အသွင်ပြောင်းပြီး
သူ့နောက်လိုက်လိပ်ပြာအဖြစ်ဖန်တီး ပြီးဖမ်းထားတတ်ကြောင်း
လူတွေကကြားထားကြပါတယ်။ ဖြေနိုင်ရင်တော့ ပြန်လွှတ်ပေးတတ်ကြောင်းကို
ရွာကလူတွေသိ ထားကြပါတယ်။
တစ်နေ့မှာ
ကောင်လေးတစ်ယောက်နှင့် သူ့သူငယ်ချင်းကောင်းမလေးတစ်ယောက်တို့ဟာရွာစပ်မှာ
အတူတူ ကစား နေစဥ်တောအုပ်ကြီးကို မြင်ကြပြီး
တောအုပ်ထဲမှာငှက်ကလေးတွေအသံအမျိုးမျိုးပြုလုပ် နေ တာကို လည်းကြားကြပါတယ်။
ကောင်လေးက တော်အုပ်ကြီးထဲကိုသွားရောက်ကြည့်ချင် ပါတယ်။ ဒါကြောင့် သူငယ်
ချင်းကောင်းမလေးကို “တောထဲသွားကြည့်ရအောင်”လို့ ပြောပါတယ်။ ကောင်မ လေးက
သစ်တော်ထဲ မှာရှိတဲ့တောစောင့်နတ်သမီးနဲ့တွေ့မှာကြောက်တဲ့အတွက်
“မလိုက်လိုကြောင်း”ပြန်ဖြေပါတယ်။ ဒီတော့ ကောင် လေးက
“တောစောင့်နတ်သမီးကိုတွေ့ရင် ကြောက်စရာမလိုကြောင်း
သူတို့သူငယ်ချင်းနှစ်ယောက် တစ်ယောက် ကိုတစ်ယောက်ကူညီကြမယ်။
သွားလေ့လာကြည့်ရအောင်လို့”တိုက်တွန်းတဲ့အတွက် ကောင်းလေးနဲ့ကောင်မ လေး
တို့ဟာ တော်အုပ်ထဲသို့စတင်ဝင် လိုက်ကြပါတယ်။
တောအုပ်ကြီးထဲဝင်လိုက်တယ်ဆိုရင်တောအုပ်ရဲ့အေးမြမြတဲ့အရသာကိုစတင်ထိတွေ့ခံစားရပါတယ်။
ကောင် လေး နဲ့ကောင်မလေးတို့ဟာ တော်အုပ်ကြီးရဲ့အေးမြတဲ့အရသာခံစားရင်း
တော်အုပ်ထဲသို့ ဆက်လက်လျောက် ကြည့် ပါတယ်။
အဲဒီလိုလျောက်ကြည့်နေတဲ့အချိန်မှာ သူတို့ရှေ့ဘက်မှနေပြီး
တောင်စောင့်နတ်သမီးက လေထဲမှာ ပျံသန်း လာတာကိုတွေ့လိုက်ရပါတယ်။
နတ်သမီးနောက်ဘက်မှာလည်း လိပ်ပြာလေးတွေပါလာတာကို တွေ့မြင် ရပါတယ်။
လိပ်ပြာလေးတွေဝိုင်းရံထားတဲ့နတ်သမီးကိုတွေ့တော့ကောင်လေးနဲ့ကောင်မလေးက
ငေးကြည့်နေမိပါ တယ်။ အဲဒီအချိန်မှာပင် တောစောင့်နတ်သမီးက
“ဟေးကောင်လေးနဲ့ကောင်မလေး မင်းတို့ ဒီတော်အုပ်ထဲကို ဘာလာလုပ်တာလဲ”လို့
မေးလိုက်ပါတယ်။
ဒီတော့ကောင်လေးက
သူတို့ တော်အုပ်ကြီးထဲမရောက်ဘူးတဲ့အတွက် လာကြည့်တာဖြစ်ကြောင်းပြန်ဖြေ လိုက်
ပါတယ်။ ဒီတော့တောစောင်နတ်သမီးက ဒီတောအုပ်ထဲကို ခွင့်မရှိဘဲမဝင်ရဘူး။
ခွင့်မရှိဘဲဝင်လာတဲ့လူတွေဆိုရင် သူခိုင်းတာကို
လုပ်နိုင်မှသာတောအုပ်မှပြန်ရကြောင်း။ မလေုပ်နိုင်ရင်တော့
အခုမြင်နေရတဲ့လိပ်ပြာလေးတွေကို
အသွင်ပြောင်းပြီးသူ့နောက်မှလိုက်နေရမှာဖြစ်ကြောင်းပြောပါတယ်။ ပြီးတော့
ကောင်လေးနဲ့ကောင် မလေးတို့ကို
တောအုပ်ထဲမှာသဘာဝအရအပေါ့ဆုံးအရာကိုရှာရန်ပြောပါတယ်။
အပေါ့ဆုံးအရာကိုရှာတဲ့အခါ အတူတူ မသွားရဘဲ
တစ်ယောက်တစ်နေရာမှာသွားရှားမယ်လို့လည်းသတ်မှတ်ပေးလိုက်ပါတယ်။ ရှာတွေ့ရင်
သူတို့ နတ်သမီးကို တွေ့တဲ့နေရာသို့ပြန်လာရန်လည်း မှာလိုက်ပါတယ်။
ဒါကြောင့်
ကောင်လေးနဲ့ကောင်မလေးတို့ဟာ တစ်ယောက်တစ်နေရာစီ
တောအုပ်ထဲမှာအပေါ့်ဆုံးအရာကို လိုက်ရှာကြပါတယ်။
အချင်းချင်းမတိုင်ပင်နိုင်တဲ့အတွက် ကိုယ်စိတ်ကူးနဲ့ကိုယ်အပေါ့်ဆုံးအရာကို
တောအုပ်ထဲမှာ လိုက်ရှာကြပါတယ်။
လိုက်ရှာရင်းကောင်မလေးကလမ်းမှာငှက်မွေးနုလေးတစ်ချောင်းကိုတွေ့တဲ့အခါ
ငှက်မွေးလေးက သိပ်ပေါ့တဲ့အ တွက်
အပေ့ါဆုံးရပြီးဆိုပြီကောင်းမလေးကဝမ်းသာအားရ နတ်သမီးတွေ့ခဲ့တဲ့ဘက်သို့
ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပင် ကောင်လေးကလည်း
နတ်သမီးနဲ့တွေ့တဲ့ဘက်သို့ပြန်လျောက်လာတာကိုတွေ့ရပါတယ်။ နတ်
သမီးရှေ့ရောက်တဲ့အခါ နတ်သမီးက
ကောင်မလေးကိုစပြီး”အပေါ့ဆုံးဘာတွေ့ခဲ့သလဲ”လို့မေးပါတယ်။ ဒီတော့ ကောင် မလေးက
သူ့လက်ထဲမှုဆုပ်ကိုင်ထားတဲ့ငှက်မွေးလေးကိုထုတ်ပြလိုက်ပါတယ်။
ဒီတော့နတ်သမီးကငှက်မွေးကပေါ့တာတော့မှန်ပါတယ်။
ဒါပေမဲ့အပေါ့်ဆုံးတော့မဟုတ်သေးဘူး။ ပြီးတော့ ငှက်မွေးဆိုတာ ငှက်မှ
ကျွတ်လာတဲ့အမွေးဖြစ်တယ်။ သက်ရှိတွေမှထွက်လာတာတွေကို ရှာခိုင်းတာ မဟုတ်
ဘူးလို့ပြန်ပြောလိုက်ပါတယ်။ ဒီတော့ ကောင်မလေးမှာ ဘာမှဆက်မပြောနိုင်တော့ပါ။
တောစောင့်နတ်သမီးကကောင်လေးကိုလည်းအပေါ့ဆုံးဘာတွေ့ခဲ့သလဲလို့မေးတဲ့အခါ
ကောင်လေးက သူ့လက် သီးဆုပ်ကိုဖွင့်ပြလိုက်ပါတယ်။ ဘာမှမတွေ့ရတဲ့အတွက်
နတ်သမီးက “မင်းရှာလာတဲ့အပေါ့ဆုံးကဘာလဲ” လို့ထပ်မေးပါတယ်။ ဒီတော့ ကောင်လေးက
ကျွန်တော်ရှာလာတာက လေဖြစ်ပါတယ်။ အဲဒီလေကို လက်သီး
ဆုပ်ထဲမှထုတ်ပြလိုက်တာပါလို့ ပြန်ဖြေလိုက်ပါတယ်။ ဒီတော့
ကောင်လေးဖြေတာကိုနတ်သမီးကသဘောကျပြီး “အေးမင်းရှာခဲ့တာက အပေါ့ဆုံးမှန်တယ်။
ဒါကြောင့် ငါရှာခိုင်းတာကိုရအောင်ရှာနိုင်တဲ့ကောင်လေးကတော့ ဒီတောအုပ်ထဲမှ
ပြန်နိုင်ပြီ။ ကောင်းမလေးကတော့ အပေါ့ဆုံးကိုမရှာနိုင်တဲ့အတွက်
င့ါနောက်ကလိပ်ပြာလေး အဖြစ်နဲ့လိုက်ရန် တောအုပ်ထဲမှနေခဲ့ရမယ်”လို့
ပြောလိုက်ပါတယ်။
အဲဒီလိုပြောလိုက်တဲ့အခါ
ကောင်မလေးကအလွန် ကြောက်သွားပါတယ်။ အစကတည်းကတော်အုပ်ထဲကို သူကမလိုက်လိုပါ။
ကောင်လေးက ခေါ်လွန်းတဲ့အတွက်သာလိုက်လာခြင်းဖြစ်ပါတယ်။ လိုက်မိတာမှာပြီလို့
စိတ်မှာအလွန်ပူနေမိပါတယ်။
အဲဒီအချိန်မှာ
ကောင်လေးကတောစောင့်နတ်သမီးကို “အရှင်နတ်သမီးခင်ဗျာ။ ဒီကောင်မလေးက
ကျွန်တော်က လိုက်ဖို့ခေါ်လာတဲ့အတွက် ဒီတောထဲကို လိုက်လာတာဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုတော့ တောထဲမှာ ခေါ်မထားပါနဲ့။ ကျွန်တော်က
ခေါ်လာတာဖြစ်တဲ့အတွက် သူ့ကိုတော့ ပြန်လွှတ်ပေးပြီးသူ့အစားကျွန်တော့ကို
တောထဲမှာဖမ်းထားပါ”လို့ မေတ္တာရပ်ခံလိုက်ပါတယ်။ အဲဒီလိုကောင်လေးက
ပြောလိုက်တဲ့စကားကိုကြားရတဲ့ တောစောင့်နတ်သမီးကအလွန်အံ့အားသင့်သွားပြီး
မင်းက သူငယ်ချင်းကောင်းသိပ်ပီသတာပဲ။ အဲဒီလိုသူငယ်ချင်း
ကောင်းပီသပြီးစိတ်စေတနာကောင်းဖြင့်မိမိတာဝန်ကိုမိမိယူတတ်တဲ့အတွက်
မင်းရောမင်းသူငယ်ချင်း ကောင် မလေးကိုပါ ပြန်လွှတ်ပေးလိုက်ပါတယ်”လို့ တော
စောင့်နတ်သမီးက နှစ်ယောက်လုံးကို တောထဲမှပြန် လွှတ်ပေးလိုက်ပါတယ်။
ဒါကြောင့် ကောင်လေးနဲ့ကောင်မလေးတို့ဟာ နတ်သမီးကိုကျေးဇူးတင်ကြောင်းပြောပြီးတောကြီထဲမှ အိမ်သို့ပြန် သွားကြပါတော့တယ်။
မိတ်ဆွေသူငယ်ချင်းကောင်းပီသတဲ့တန်ဖိုးကကြီးမဦးလှပါတယ်။ မိတ်ဆွေများ
မိတ်ဆွေကောင်း။ သူငယ်ချင်း ကောင်းပီသတဲ့စိတ်နေစိတ်ထားမွေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment