Monday, February 24, 2025

က‌လေးတွေအပေါ်ချစ်ခင်လေးစားစွာဆက်ဆံရေးမွန်တက်‌ဆော်ရီမူ Food for Thought 763 ဒေါက်တာသိန်းလွင်

 No photo description available.ဒီနေ့ “က‌လေးတွေအပေါ်ချစ်ခင်လေးစားစွာဆက်ဆံရေးမွန်တက်‌ဆော်ရီမူ” ကို Food for Thought 763 အဖြစ်မျှဝေလိုက်ပါတယ်။ ကလေးများကို ချစ်မြတ်နိုးစွာဆက်ဆံတဲ့အပြင် လေးစားတန်ဖိုးထားစွာဆက်ဆံရန် လိုအပ်ကြောင်း အလေးထားတင်ပြချင်တဲ့အတွက် မျှဝေခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


က‌လေးတွေအပေါ်ချစ်ခင်လေးစားစွာဆက်ဆံရေးမွန်တက်‌ဆော်ရီမူ

ကလေးတွေကိုလူကြီးတွေကငယ်တဲ့လူတွေအဖြစ်မလေးစားကြကြောင်းဒေါက်တာမွန်တက်ဆော်ရီကရေးသာခဲ့ပါတယ်။ အဲဒီလိုသဘောထားဆက်ဆံမှုကိုပြောင်းလာအောင်ဒေါက်တာမွန်တက်ဆော်ရီကနှစ် ပေါင်းများစွာကြိုးစား အားထုတ်ခဲ့ပါတယ်။ မိဘများနှင့်ဆရာများအနေဖြင့် ကလေးတွေကို လူသား တွေဖြစ်တဲ့အတွက် ချစ်ခင်လေးစားစွာဆက်ဆံသင့်ကြောင်း သူ့အမြင်ကိုတင်ပြသခဲ့ပါတယ်။ ဒေါက် တာမွန်တက်ဆော်ရီရဲ့အားထုတ်မှု ကြောင့် ရာစုနှစ်တစ်ခုလွန်လာတဲ့အခါမှာ ကလေးတွေအပေါ် ချစ်ခင် လေးစားစွာဆက်ဆံရေးမှာ မူသဘော တွင်ကျန်ရစ်ခဲ့ပါတယ်။ ဒါကဒေါက်တာမွန်တက်ဆော်ရီရဲ့ အကြီး မြတ်ဆုံးသော အမွေအနှစ်ဖြစ်ပါ တယ်။

ဒေါက်တာမွန်တက်ဆော်ရီကကလေးတွေကိုလူသားတွေအဖြစ်ချစ်ခင်လေးစားတန်ဖိုးထားရန် လိုအပ် သလို သူတို့ လုပ်ဆောင်ချက်များကိုလည်းလေးစားတန်ဖိုးထားရန် လိုအပ်ကြောင်းအလေးအနက်တင် ပြခဲ့ပါတယ်။ အဲဒီမူကိုကျင့်သုံးခြင်းဖြင့် မိဘဆရာနှင့်ကလေးတို့အပြန်အလှန်ဆက်ဆံရေးတွင်အပြု သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများတစ်သက်တာလုံးတွင် ဖြစ်စေကြောင်းလည်းထောက်ပြ ထားပါတယ်။

ကလေးတွေကိုလူသားတွေအနေဖြင့် ချစ်ခင်လေးစားတန်ဖိုးထားပါ။
ကလေးတွေကိုချစ်ခင်လေးစားတန်ဖိုးထားတတ်အောင် သင်ယူခြင်းမှာအ‌ခြေခံကျတဲ့အလုပ်ဖြစ်ပြီး အသေအချာလေ့လာသင်ယူရန်လိုအပ်ပါတယ်။ ကလေးတွေကိုချစ်ခင်လေးစားတန်ဖိုးထားခြင်းဆိုတာ အကျင့်စာရိတ္တပိုင်းအရချစ်ခင်လေးစားတန်ဖိုးထားခြင်းထက်ပိုပါတယ်။ ကလေးတွေကို လူမှုရေးအရ ဖြစ်စေ လေးစားထိုက်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသူများအဖြစ်ချစ်ခင်လေးစားတန်ဖိုးထားရန် လိုအပ်ပါ တယ်လို့ဒေါက်တာမွန်တက်ဆော်ရီက ထောက်ပြခဲ့ပါတယ်။ လူကြီးတွေက ကလေးတွေကိုသက်မဲ့အရာ ဝတ္ထုများလိုသဘောထားနေတတ်ကြပါတယ်။ ပေးချင်တဲ့အမိန့်ပေးစေခိုင်းနေတတ်ကြပြီး ထားရာ နေ၊ စေရာသွားသဘောထားနေကြပါတယ်။ကလေးတွေကိုယ်တိုင်သွားလာလှုပ်ရှားကစားနေထိုင်မှုတွေနဲ့ကလေးသဘာဝကို ထည့်သွင်းမစဥ်းစားဘဲ မိမိတို့သဘောအတိုင်း ဆက်ဆံနေကြပါတယ်။ကလေးတို့ စိတ်နေ စိတ်ထားနှင့် သဘာဝတို့ကိုလုံးဝအလေးထားစဥ်းစားခြင်းမရှိကြကြောင်းထောက်ပြခဲ့ပါတယ်။

သင်တို့သာမိဘများဖြစ်မယ်ဆိုရင်ကလေးတွေမှာလူကြီးတွေနဲ့မတူတဲ့သဘာဝတွေရှိပြီးသူတို့နေထိုင်တဲ့ အနေအထားမှာ လုံးဝမတူတဲ့အနေအထားဖြစ်တာကို သတိပေးပြောနေစရာပင်မလိုအပ်ဘဲသိမှာ ဖြစ် ပါတယ်။ ကလေးတွေမှာ သူတို့သဘာဝနဲ့အညီသီးသန့်လက္ခဏာသဘောဆောင်တဲ့လိုအပ်ချက်များနဲ့ ရှုထောင့်အမြင်များရှိကြပါတယ်။ အဲဒီသဘောကို လူကြီးတွေကနားလည်ပြီးလေးစားတန်ဖိုးထားရန် လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်များနှင့် ရှုထောင့်အမြင်များရှိတာကို မသိသလို ဘေးချိတ်ထားလို့ မရပါဘူး။ မလေးမစားသဘောထားလို့မရပါဘူး။ ကလေးတွေကို လူကြီးတွေနေထိုင်သလိုနေထိုင် အောင်ဖိအားပေးခိုင်းတာမျိုးမလုပ်သင့်ပါဘူး။ လူကြီးတို့နေထိုင်ဆက်သွယ်ပုံကို ကလေးတို့ လိုအပ် ချက်များနှင့် ကိုက်အောင် ပြုပြင်ပေးရန် လိုအပ်ပါတယ်။ အနိမ့်ဆုံးအဆင့်အားဖြင့်မိသားစုတွင်းမှာ ထိုသို့ပြုပြင်ပေးရန် လိုအပ်ပါတယ်။

ဒေါက်တာမွန်တက်ဆော်ရီအမြင်အရ ကလေးတွေဟာ လူကြီးတွေလိုပင် လေးစားစွာဆက်ဆံမှုခံရရန် ထိုက်တန်လိုအပ်ပါတယ်။ ကလေးတွေဆိုတာ လူသားတွေဖြစ်တဲ့အတွက် ချစ်ခင်လေးစားတန်ဖိုးထား ဆက်ဆံခံထိုက်သူ တွေဖြစ်ပါတယ်လို့ ဒေါက်တာမွန်တက်ဆော်ရီကရေးသားခဲ့ပါတယ်။ ကလေးတွေ ဆိုတာ လူသးတွေဖြစ်တဲ့အပြင် လူကြီးတွေထက်သာလွန်တာအကြောင်းနှစ်ချက်ရှိကြပါတယ်။

• ပထမ အချက်ကတော့ အပြစ်ကင်းစင်ကြပြီး

• ဒုတိယအချက်အနေနဲ့ကတော့ သူတို့အနာဂါတ်မှာ ပိုတိုးတက် ကောင်းမြတ် သူတွေဖြစ်လာ နိုင်တဲ့အလားအလာကောင်းတွေရှိတဲ့အတွက်ဖြစ်ပါတယ်။

ကလေးတွေကို လေးစားစွာဆက်ဆံဖို့ပြောတဲ့အခါ မရင်းနှီးကြတဲ့လူကြီးတွေအဖို့ စိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်တော့ကလေးတွေကို လေးစားစွာဆက်ဆံတာက ရိုးရှင်းလွယ်ကူပါတယ်။ မိမိကိုယ်မိမိပြန်မေးကြည့်ရန် လိုအပ်ပါတယ်။

• လူကြီးတွေလိုအပ်တာတွေကိုကလေးတွေလည်းလိုအပ် ကြပါတယ်။

• ကလေးတွေ အပေါင်းအဖော်ကစားဖော်လိုအပ်ပါတယ်။

• တန်းတူဆက်ဆံခံရဖို့ လိုအပ်ပါတယ်။

• သူတို့အပေါ်ယုံကြည်မှုပြရန် လိုအပ်ပါတယ်။

• သူတို့စိတ်ဝင်တစားလုပ်ဆောင်နေတာကို အနှောက်အရှက်ကင်းစွာလုပ်ဆောင်နိုင်ခွင့်ပေးရန် လိုအပ်ပါတယ်။

• မိဘဆရာတွေက ကလေးတွေပြော နေတာကို ကောင်းစွာနားထောင်ခြင်းဖြင့် ကလေးတွေ အပေါ် ချစ်ခင်လေးစားတန်ဖိုးထားကြောင်း ပြသရန် လိုအပ်ပါတယ်။

• သူတို့အပေါ် ယုံကြည်ကြောင်းပြသခြင်းနှင့် သူတို့လုပ်ဆောင်ချက်များကို လေးစားတန်ဖိုးထား ရန် လိုအပ်ပါတယ်လို့ ဒေါက်တာမွန်တက်ဆော်ရကရေးသာခဲ့ပါတယ်။

ကလေးတွေလုပ်ဆောင်ထားတာတွေကိုလေးစားတန်ဖိုးထားရန် လိုအပ်ခြင်း
ကလေးတွေကိုလေးစားတန်ဖိုးထားခြင်းဆိုတာ သူတို့လုပ်ဆောင်တဲ့အလုပ်တွေကိုလေးစားတန်ဖိုးထားခြင်းဆိုတာအကျုံးဝင်ပြီးဖြစ်ပါတယ်။ အဲဒီသ ဘောကို လူကြီးတွေကပြည့်ပြည့်ဝဝနားမလည်ကြဘူးဆိုရင် နားမလည်တဲ့အတွက်လွဲမှားစွာချုပ် ချယ်မှုတွေမပြုလုပ်သင့်ပါဘူး။ ဒေါက်တာမွန်တက်ဆော်ရီရဲ့အလိုအရ ကလေးတစ်ယောက်ရဲ့ လုပ်ဆောင်ထားမှုဆိုတာ သူတို့သင်ယူလေ့လာဖို့လုပ်ဆောင်တာတွေအားလုံးပါပါတယ်။ ပစ္စည်းတွေကို စူးစမ်းလေ့ခြင်း၊ နေ့စဥ်ဘဝလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် ကစားစရာများနှင့်ကစားခြင်းတို့ပါဝင်ပါ တယ်။

ကလေးတွေဆိုတာ သူတို့စိတ်ဝင်စားမှုများများနှင့်အညီ သူတို့နေထိုင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့လုပ်ဆောင်နေတဲ့လုပ်ငန်းတွေကို လူကြီးတွေကတန်ဖိုးထားလေးစားရန် လိုအပ်ပါ တယ်။ လူကြီးများအတွက် ကလေးတွေလုပ်ဆောင်နေတာတွေက အဓိပ္ပါယ်မရှိဘူးလို့ထင်မြင်နိုင် ပါတယ်။ တကယ်တော့ သဘာဝက ကလေးစိတ်ဝင်စားမှုများနှင့်အညီ လုပ်ဆောင်ပေးနေတာဖြစ်ပါ တယ်။ အဲဒီလို လုပ်ဆောင်နေတာတွေက ကလေးတွေရဲ့စိတ်နေစိတ်ထားတွေ၊ အကျင့်စာရိတ္တတွေ၊ က လေးတွေရဲ့အသွေးအသားအရိုးတွေမှအစအကုန်လုံးတိုးတက်အောင် ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ လို့ဒေါက်တာမာရီယာမွန်တက်ဆော်ရီကရေးသားခဲ့ပါတယ်။

မိဘတွေအနေနဲ့ကလေးတစ်ယောက်ရဲ့လုပ်ဆောင်ထားမှုကို အလေးမထားတာမျိုးကိုလွယ်လွယ်ပြု လုပ်နိုင်ပါတယ်။ လူကြီးအနေနှင့် လုပ်ပေးလိုက်ရင် ပိုလည်းကောင်းပြီးမြန်မြန်လည်းပြီးနိုင်မှာကို သိပြီးမိဘလူကြီများက ကလေးကိုယ်တိုင်ပြုလုပ်နေမှုကို ပြီးအောင်မစောင့် ဆိုင်းချင်ကြပါ။ အလား တူပင်ကလေးတစ်ယောက်က ကစားစရာပစ္စည်းကိုသုံးပြီးထပ်ခါထပ်ခါကစားချင်တဲ့အခါ မိဘတွေက စိတ်မရှည်နိုင်ကြတော့ပါ။ ကလေးတွေကအပြင်ပမှာတွေ့ရတဲ့ပစ္စည်းတွေကိုအသေအချာအနီးကပ်စူး စမ်းလေ့လာလိုသော်လည်း မိဘတွေက စိတ်မရှည်နိုင်ကြပါ။ မြန်မြန် ထက်ထက် လုပ်စေချင် ကြပါတယ်။ ကလေးတွေဆိုတာ လူကြီးတွေအကူအညီမပါဘဲ သူတို့ကိုယ်တိုင် ဘယ်လိုဖော်ထုတ် စူးစမ်းလေ့လာသင်ယူပြီးတိုးတက်နိုင်ကြတာကိုတွေ့ရှိထားကြောင်းဒေါက်တာမွန်တက်ဆော်ရီရဲ့ သင်ပြ ပေးမှုတွင်ဖော်ပြထားပါတယ်။

အဲဒီလိုကလေးတွေကိုယ်တိုင်လုပ်ဆောင်နိုင်မှုကိုဒေါက်တာမွန်တက်ဆော်ရီက “ကလေးတွေကိုယ်တိုင် ဖြစ်တည်လာဖို့အတွက် ကလေးတို့ရဲ့မွေးရာပါစွမ်းရည်များ” လို့ ခေါ်ပါတယ်။လူကြီးတွေက ကလေး တွေထက် ကြီးကြပါတယ်။ ဒါပေမဲ့ကလေးတွေအတွက်တိုးတက်အောင် ဘာတွေလိုအပ်တယ်ဆိုတာကို ကလေးတွေပင်ကိုယ်သိနေသလိုမျိုးမသိကြပါဘူး။

လူကြီးတွေအနေဖြင့် ကလေးတွေကိုလေးစားတဲ့အခါ ကလေးတွေလုပ်ဆောင်တာတွေကို လည်း ယုံကြည်မှုရှိရန် လိုအပ်ပါတယ်။ ရင်ခွင်ပိုက်အရွယ်ကတည်းကစပြီး ကလေးတွေစိတ်ဝင်တစား လုပ် ဆောင်နေတာတွေကို ဝင်ရောက်နှောက်ရှက်ခြင်းမပြုဘဲသူတို့အပေါ်ယုံကြည်မှုဖြင့် စောင့်ကြည့်ကူညီ ပေးရန် လိုအပ်ပါတယ်။

ဒေါက်တာမွန်တက်ဆော်ရီရဲ့ ချစ်ခင်လေးစားတန်ဖိုးထားခြင်းမူရဲ့အသီးအပွင့်များ

ဒေါက်တာမွန်တက်ဆော်ရီက ကလေးတွေကိုချစ်ခင်လေးစားတန်ဖိုးထားမှုပြတယ်ဆိုတာ စွမ်းဆောင် နိုင်စွမ်းတဲ့လူသားတွေ ဖြစ်တဲ့အတွက် လေးစားစွာဆက်ဆံခံထိုက်လို့လေးစားရန် လိုအပ်ကြောင်း အလေးအနက်အဆိုပြုပါတယ်။ကလေးတွေကို သူတို့လုပ်ရပ်မှာရလဒ်တစ်ခုခုကိုတွေ့မြင်လိုတာ ကြောင့်၊ သူတို့အပြုအမူနှင့် စိတ်နေစိတ်ထားတွင်တစ်ခုခုဖြစ်စေလိုတဲ့အတွက် လေးစားတာမျိုး မဖြစ်သင့်ပါ။ ကလေး တွေကို စွမ်းဆောင်နိုင်တဲ့လူသားများအဖြင့် ချစ်ခင်လေးစားတန်ဖိုးထားတဲ့အခါ အံ့မခမ်း ကောင်းကျိုးများဖြစ်လာစေကြောင်းဒေါက်တာမွန်တက်ဆော်ရီက ထောက်ပြခဲ့ပါတယ်။

သူတို့ကိုချစ်ခင်လေးစားတန်ဖိုးထားဆက်ဆံခံရတဲ့ကလေးတွေဟာအလားတူချစ်ခင်လေးစားတန်ဖိုးထားမှုကို ပြလာကြပါတယ်။ ဆရာတွေကကလေးတွေအပေါ်ကြင်ကြင်နာနာ လေးလေးစားစား ဆက်ဆံ တဲ့အခါ ကလေးတွေကလည်းအပြန်အလှန်အားဖြင့် ကြင်နာပြီးလေးစားစွာဆက်ဆံလာတာကို တွေ့ရကြောင်း‌ဒေါတာမွန်တက်ဆော်ရီကထောက်ပြခဲ့ပါတယ်။

ကလေးတွေနှင့်လေးစားစွာဆက်ဆံခြင်းဖြင့်ကလေးတို့အတွက်နမူနာကောင်းပြသရာရောက်ပြီးကောင်း သောအပြန်အလှန်ဆက်ဆံရေးကို ဖြစ်လာစေပါတယ် လို့ ဒေါက်တာမွန်တက်ဆော်ရီက ထောက်ပြ ခဲ့ပါတယ်။

ကလေးတွေအပေါ်လေးလေးစားတန်ဖိုးထားဆက်ဆံတဲ့အခါ ကလေးတို့စိတ်မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုနဲ့ သူတို့အားသူတို့ကိုးပြီးလုပ်တတ်လာစေပါတယ်။ သူတို့အလုပ်ကိုလေးစားတန်ဖိုးထားတဲ့ အခါ ကလေးတွေမှာ အာရုံစူးစိုက်လုပ်ဆောင်နိုင်စွမ်းတွေပိုတိုးတက်လာစေပါတယ်။ အရေးအကြီး ဆုံးချက်မှာ ကလေးတွေကိုလေးစားစွာဆက်ဆံခြင်းဖြင့် ကလေးနှင့် လူကြီးအပြန် အလှန်လေးစား တန်ဖိုးထားတဲ့ဆက်ဆံရေးကို ဖြစ်လာစေတဲ့အချက်ပင်ဖြစ်ပါတယ်။

ဒေါက်တာမွန်တက်ဆော်ရီရဲ့လေးစားခြင်းမူက မိသားစုအတွင်အပြန်အလှန်ဆက်ဆံရေးကို ဘယ်လိုတိုး တက်ကောင်းမွန်လာစေပါသလဲ။

မွန်တက်ဆောရီရဲ့ ကလေးတွေကိုလေးစားစွာဆက်ဆံခြင်းမူကို လက်တွေ့ကျင်သုံးရင် ကလေးတွေဟာ သူတို့သက်တူရွယ်တူများနဲ့ဆက်ဆံတဲ့အခါမှာ လေးလေးစားစားဆက်ဆံတတ်သူတွေဖြစ်လာမဲ့အပြင် ကလေးနှင့်လူကြီးအပြန်အလှန်ဆက်ဆံရေးကလည်း နှစ်ဦးနှစ်ဝစိတ်ချမ်းသာပျော်ရွှင်စေပြီး ကောင်း မြတ်တဲ့အကျိုးကျေးဇူးတွေခံစားကြရမှာဖြစ်ပါတယ်။
လူကြီးတွေကကလေးတွေကိုချစ်ချစ်ခင်ခင် လေးစားစွာဆက်ဆံတဲ့အခါ ကလေးတွေက သူတို့ပြော တာကို လူကြီးတွေက ကောင်းစွာနားထောင်ကြောင်း၊ သူတို့ကိုကောင်းစွာစောင့်ရှောက်ကြောင်း၊ သူတို့ အတွေ့အကြုံများကို တန်ဖိုးထားကြောင်းသိလာကြပါတယ်။ သူတို့ဘဝမှာခက်ခဲတာတွေကြုံတွေ့လာ တဲ့အခါသူတို့ကို ချစ်ခင်တန်ဖိုးထားလေးစားတဲ့လူကြီးတွေထံချဥ်းကပ်အကူအညီတောင်းခံနိုင် ကြောင်း သိလာကြပါတယ်။ အဲဒီလိုဖြစ်လာတာက ကလေးများအနေဖြင့် ဆယ်ကျော်သက်အရွယ်နှင့် လူကြီး ဘဝစတင်ရောက်လာတဲ့အချိန် စိန်ခေါ်မှုများတွေ့တဲ့အခါ အလွန်တန်ဖိုးကြီးလှပါတယ်။

မိဘများအနေဖြင့် ကလေးများနှင့် ဆက်ဆံတဲ့အခါမှာ လေးစားချစ်ခင်စွာဆက်ဆံရန်လိုအပ်ကြောင်း မိဘပညာပေးလုပ်ငန်းတွေရေးသားနေတဲ့ပညာရှင် Magda Gerber ကအောက်ပါအတိုင်းရေးသားခဲ့ပါ တယ်။ “အစကတည်းက ချစ်ခင်လေးစားစွာဆက်ဆံပေးခြင်းမှာ မိဘနှင့် ကလေးတို့ကြား အနာဂါတ် အတွက် ကောင်းတဲ့ရင်းနှီးမြှပ်နှံမှုပင်ဖြစ်ပါတယ်။ သင့်ကလေးနှင့် အခြားလူများအပြန်အလှန် ဆက်ဆံ ရေးနှင့် လောကကို စူစမ်းလေ့လာရေးတို့အတွက် ကောင်းတဲ့ရင်းနှီးမြှပ်နှံမှုပင်ဖြစ်ပါတယ်။ “

မိတ်ဆွေများသားသမီးရတနာများကို ရတနာထိုက်အောင် ချစ်ခင်လေးစားစွာဆက်ဆံနိုင်သူများ ဖြစ်ကြပါစေ။ အဲဒီလိုမဟုတ်ဘဲ ကလေးတွေဆိုတာ ဘာလေးစားစရာလိုသလဲ၊ လူကြီးတွေကိုသာ လေးစားစွာဆက်ဆံရန် လိုတာလို့ အမြင်ရှိနေရင်တော့ သားသမီးဆိုတာ”မြတ်နိုးရမဲ့ရတနာ” မဟုတ် တော့ဘဲ “သားသမီးရတာနာ” ဆိုတာမျိုးဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်လာ စေနိုင် ပါတယ်။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...