ဒီနေ့
ဘယ်သူမပြုမိမိမှု ဆိုတဲ့စကားအတိုင်း ဘဝမှာဖြစ်ပျက်နေတာတွေအားလုံးဟာ
ကိုယ်တိုင်ပြုလုပ်တာ တွေသာဖြစ်ကြောင်း “ကိုယ်ပြုသမျှတွေ့ကြုံရ အဲဒါလူ့ဘဝ”
ဆိုတာကို Food for Thought 764 အဖြစ်မျှဝေ လိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကိုယ်ပြုသမျှတွေ့ကြုံရ အဲဒါလူ့ဘဝ
၁။ သင်ဟာသင့်ကိုယ်ခန္ဓာကိုလက်ခံရထားပါတယ်။ သင်ကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ အဲဒီကိုယ် ခန္ဓာက သင်နှင့်အတူရှိနေမှာဖြစ်ပါတယ်။
၂။
သင်ဟာ ဘဝဆိုတဲ့ ကျောင်းမှာ အချိန်ပြည့် ကျောင်းသားအဖြစ်တက်ရောက်နေပြီး
ဘဝသင်ခန်းစာ အမျိုး မျိုးကိုသင်ယူနေသူဖြစ်ပါတယ်။
နေ့စဥ်နေ့တိုင်းသင့်မှာသင်ခန်းစာတွေသင်ယူနိုင်တဲ့အခွင့် အလမ်း တွေရှိနေ
ပါတယ်။ သင်ရတဲ့သင်ခန်းစာတွေကို သင့်အနေဖြင်မနှစ်သက်ခြင်း၊
သင့်အတွက်မဆီလျော်ဘူး လို့လည်းထင် မြင်နိုင်ပါတယ်။ ဘဝပေးသင်ခန်းစာတွေက
မိုက်မဲတဲ့အရာတွေလို့လည်းထင်မြင်နိုင်ပါတယ်။ သိပ်ခက်ခဲတယ်လို့
လည်းထင်နေနိုင်ပါတယ်။ ဘယ်လိုပင်ထင်နေပါစေ အဲဒီသင်ခန်းစာတွေမှသင်လွတ် ကင်း
အောင်မရုန်းထွက်နိုင် ပါဘူး။
၃။
အမှားဆိုတာ မရှိပါဘူး၊ ဘဝသင်ခန်းစာများသာရှိပါတယ်။
သင်ဟာကြီးထွားဖွံ့ဖြိုးဖို့လူဖြစ်လာတာပါ။ ဖွံ့ဖြိုး ခြင်းဆိုတာ
လုပ်ကိုင်ရင်း
မှားလိုက်ပြုပြင်လိုက်နဲ့ပြောင်းလဲနေတဲ့ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ လက်
တွေ့စမ်း သပ်လုပ်ဆောင်နေရတဲ့ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ အဲဒီလို
လက်တွေ့စမ်းသပ်လုပ်ကိုင်ရင်း မအောင် မြင်တဲ့
လက်တွေ့လုပ်ဆောင်မှုများကြောင့် ခံစားရတဲ့နာကျင် မှုများကလည်း
ကောင်းစွာအလုပ်ဖြစ်သွားတဲ့ အောင်
မြင်မှုများကဲ့သို့ပင်အလွန်များပြီးဖြစ်စဥ်ရဲ့အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။
၄။
ဘဝသင်ခန်းစာတစ်ခုကိုသင့်အနေဖြင့် ကောင်းစွာသင်ယူနိုင်တဲ့အထိ ထပ်တလဲလဲ
တွေ့ကြုံလာမှာ ဖြစ်ပါ တယ်။ သင်ခန်းစာတစ်ခုကို သင့်အနေဖြင့်
ပိုင်နိုင်နားလည်သွားသည့်အချိန်အထိ ပုံစံအမျိုးမျိုး၊ သင်ယူရမှာ ဖြစ်ပါတယ်။
သင်ခန်းစာတစ်ခုကိုသင့်အနေဖြင့် ပိုင်နိုင်စွာသင်ယူပြီးသွားတဲ့အခါ နောက်
သင်ခန်းစာတစ်ခုကို ဆက်လက်သင်ရပြန်ပါတယ်။
၅။
ဘဝမှာသင်ယူစရာသင်ခန်းစာတွေက အဆုံးမရှိပါဘူး။ ဘဝရဲ့ဘယ်အစိတ်အပိုင်းမှာမဆို
သင်ယူစရာ သင်ခန်း စာမရှိတဲ့အစိတ်အပိုင်းဆိုတာမရှိပါဘူး။ သင်ဟာ
အသက်ရှင်နေသရွေ့ သင်စရာသင်ခန်းစာတွေကရှိ နေမှာဖြစ်ပါ တယ်။
၆။
အကောင်းဆုံးလို့ထင်ရတဲ့အရာတွေကဝေးတဲ့နေရာမှာဖြစ်နေပေမဲ့
လက်ရှိအခုအချိန်ထက် ပိုကောင်းတဲ့ အ ချိန် ဆိုတာမရှိပါဘူး။
အဲဒီဝေးတဲ့နေရာဆိုတဲ့နေရာကိုသင်ရောက်သွားတဲ့အခါ အဲဒီဝေးတဲ့နေရာဆိုတာကလည်း
သင့်အတွက် “ဒီ”နေရာဖြစ်သွားပါတော့တယ်။ အဲဒီလိုဖြစ်သွားတဲ့အခါ သင်က
နောက်ဝေးတဲ့နေရာတစ်ခုကို ရောက် ဖို့ စိတ်မှာဖြစ်လာပြန်ပါတယ်။
ပိုကောင်းမယ်လို့ထင်ရတဲ့အဝေးတစ်နေရာကိုရောက်ချင်စိတ် ထပ်ဖြစ် လာပြန်ပါတယ်။
အဲဒီဖြစ်စဥ်က အဆက်မပြတ်ဖြစ်နေတာပါ။ ဒါကြောင့်
မျက်မှောက်မှာရှိနေတဲ့လက်ရှိအချိန် ကို တန်ဖိုးထားပါ။
၇။
အခြားလူတွေဆိုတာ သင်ရဲ့ရောင်ပြန်ထင်ဟပ်နေမှုများသာဖြစ်ကြပါတယ်။
သင့်အနေဖြင့် အခြားလူတွေ အကြောင်းစိတ်ဝင်စားလာတာက အဲဒီလူတွေကသင်နှစ်သက်တာ
သို့မဟုတ်သင်မနှစ်သက်တာတို့အပေါ် တစ် မျိုးမျိုး
ဆက်နွယ်ထင်ဟပ်လာတဲ့အတွက်သာဖြစ်ပါတယ်။
၈။
သင့်ဘဝဆိုတာ သင်ထုဆစ်ပုံဖော်တဲ့အတိုင်းဖြစ်လာတာပါ။ သင့်စိတ်၊ သင့်ကိုယ်၊
သင့်နှလုံးတို့မှာ သင် သုံး နိုင်တဲ့လက်နှက်ကိရိယာများနှင့် အရင်းအမြစ်များ
အားလုံးရှိနေပါတယ်။ သင့်ဘဝကို သင်စိတ်ကြိုက် ပုံဖော်ထု ဆစ်နိုင်ပါတယ်။
ဘာတွေထုဆစ်ပုံဖော်မယ်။ သင်ကိုယ်တိုင် ဘယ်လိုစိတ်နေသဘော ထားတွေထားမယ်ဆိုတာ
သင် နဲ့သာဆိုင်ပါတယ်။ အဲဒီလိုရွေးချယ်ခွင့် ကသင့်မှာရှိပါတယ်။ သင့်
ဘဝကိုအခြားဘယ်သူကမှာတည်ဆောက် ပုံဖော်နေခြင်းမဟုတ်ပါ။
၉။
သင့်ဘဝနှင့် ပတ်သက်တဲ့မေးခွန်းတွေက သင့် စိတ်အတွင်းဘက်မှာသာရှိကြပါတယ်။
ဒါကြောင့် သင်လုပ်ရ မှာက စိတ်ကိုတည်ငြိမ်အေဆေးစွာထားပြီး
အဲဒီမေးခွန်းတွေကို ကိုယ်တိုင်မေးကြည့်ရန် လိုအပ်ပါတယ်။ သင် လုပ် ဆောင်ရမှာ
ကတော့အချိန်ပေးပြီးသတိထားလေ့လာဖို့။ မေးဖို့နဲ့ ပြန်ဖြေတာကို
နားထောင်ဖို့နဲ့နားလည် အောင် လုပ်ဖို့ သာဖြစ် ပါတယ်။
၁၀။
သင့်ဘဝမှာအရေးအကြီးဆုံးအလိုအပ်ဆုံးတွေကို သင်ကရွေးချယ် လုပ်ဆောင်တဲ့အခါ
ရရှိလာတာဖြစ်ပါ တယ်။ သင်ရနေတာတွေက သင်အလိုအပ်ဆုံးအနေဖြင့်
ရွေးချဘ်ထားတဲ့အရာတွေသာဖြစ်ပါတယ်။ သင်ရနေ သမျှတွေက သင့်စဥ်းစားမှု၊
ရွေးချယ်မှုနဲ့စိတ်နေသဘောထားတို့ကြောင့် ရလာတာတွေဖြစ်ပါတယ်။ သင့်ဘဝမှာ
သင်လိုချင်တာမရတာမျိုးလည်းရှိနိုင်ပါတယ်။ အဲဒီလိုဖြစ်လာတာကလည်း
သင်ရွေးချယ်လုပ်ဆောင်မှုကြောင့်၊ သင့်တောင်းခံမှုကြောင့်ဖြစ်လာတာပါ။
မိတ်ဆွေများ မိမိတို့ဘဝမှာ အကောင်းဆုံးရွေးချယ်ပြီးရှင်သန်နေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment