ဒီနေ့
” ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့
အကြံပြုချက် (၈)ချက်” ကို Food for Thought 766 အဖြစ်မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက် (၈)ချက်
ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့
ရင်သွေးလေးကိုတောက်ပတဲ့အနာဂတ် မပိုင်ဆိုင်စေချင်တဲ့ မိဘမရှိပါဘူး။ သား
သမီးတွေကို အကောင်းဆုံးဖြစ်လာဖို့ကိုပဲ မျှော်လင့်ပြီး
အကောင်းဆုံးအရာတွေကိုပဲ ပေးချင်တာက မိဘတိုင်းရဲ့ စိတ်ကူးဆန္ဒပါ။ ကလေးတွေဟာ
ငယ်ရွယ်စဉ်မှာ ဖယောင်းလေးတွေလိုပဲ ပုံဖော်ပေးလို့ရပါတယ်။ ငယ်စဉ်မှာ
အကောင်းဆုံးသော ဂရုစိုက်ပျိုးထောင်မှုတွေပြုလုပ်ပေးမယ်ဆိုရင်
ကျန်းမာပျော်ရွှင်ဉာဏ်ကောင်းစွာနဲ့ အရွယ် ရောက်လာမှာပါ။ ကျန်းမာပြီး
ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့
အကြံပြုချက် (၈)ချက်ရှိပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့
(၁)
ချစ်ခင်မှုကို ခံစားရပါစေ –ကလေးကို မချစ်တဲ့
မိဘရယ်လို့မရှိလောက်ဘူးဆိုပေမယ့် ချစ်တာကိုဖော်ပြ ပေးဖို့မေ့မနေပါနဲ့။
အချို့မိဘတွေကချစ်တာကိုဖော်မပြဘဲ ရင်ထဲမှာ သိမ်းထားတတ်ကြပါတယ်။ ကလေးကို
မြင်သာအောင်ချစ်ပြဖို့ မမေ့ပါနဲ့။ ချစ်ခြင်းမေတ္တာဆိုတာ
နွေးထွေးနူးညံ့တဲ့အရာတစ်ခုပါ။ အဲဒါကို ကလေး သိနားလည်ခံစားရပါစေ။
(၂)
ကလေးနဲ့အတူတူ နေတဲ့အချိန်ပေးပါ။ ကစားပေးပါ –ကလေးက ကစားစရာအဖော်တွေရှိနေ
တယ် ဆိုပေမယ့်တောင်မှ မိဘတွေအနေနဲ့ပျော်ရွှင်စရာ ကစားနည်းလေးတွေကို ကလေးနဲ့
အတူတူကစားပေးလို့ရ ပါတယ်။ ဒါမှ ကလေးနဲ့မိဘကြားမှာ
ချစ်ခြင်းမေတ္တာတိုးလာပြီး ကလေးရဲ့ ခန္ဓာကိုယ် နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို
အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။
(၃)
ကလေးရဲ့ ရင်ဖွင့်တိုင်ပင်ဖော်ဖြစ်ပေးပါ – ကလေးလေးမို့
စိတ်ညစ်စရာမရှိဘူးလို့ မထင်လိုက်ပါနဲ့နော်။ သူ့အရွယ်လေးနဲ့သူစိတ်ညစ်စရာ
၊စိုးရိမ်စရာကတော့ ရှိစမြဲပါ။ဖေဖေကိုပြောပြခွင့်မရရင်တောင်မေမေ့ကို
ရင်ဖွင့် ချင်မှာတော့ အမှန်ပါပဲ။ ဒါကြောင့် အလုပ်များနေရင်တောင်
အချိန်လေးနည်းနည်းလေးဖဲ့ပေးပြီးကလေးလေးရဲ့ တစ်နေ့တာအတွေ့အကြုံတွေကို
နားထောင်ပေးပါ။ ဝမ်းနည်းမှုတွေ ပျော်ရွှင်စရာတွေစသဖြင့် သူ့ခံစားချက်
တွေကို နားထောင်ပေးပါ။
(၄) ကလေးကို
ဂရုစိုက်ကြောင်းသိအောင်ပြပေးပါ – ကလေးတိုင်းမှာ မိဘတွေရဲ့ ဂရုစိုက်အလေးထား
မှုကိုအပြည့်အဝရရှိခွင့်ရှိနေပါတယ်။ ကလေးလေးကမေမေဖေဖေတွေရဲ့
ဂရုစိုက်မှုကိုရမှလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝပြီး
ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်မှာပါ။ သူ့ကိုဂရုစိုက်တယ်ဆိုတာ
ချစ်ခင်မြတ်နိုးအလေး ပေးကြတယ်ဆိုတာကို သူလေးသိပါစေ။ အဲဒီလိုသိနေအောင်
ကလေးကိုဂရုစိုက်ကြောင်း ကိုယ်ရောစိတ်ပါ ပြသပေးကြပါ။
(၅)
ကလေးနဲ့အတူ စာအုပ်ဖတ်ပါ၊ သီချင်းဆိုပါ – ကလေးလေးတွေကို စာအုပ်ဖတ်ပြတာ၊
ကလေးနဲ့အတူ သီချင်းအတူတူဆိုတာမျိုးရောင်စုံစာအုပ်မှာ အရောင်ခြယ်တာ၊
လက်ချောင်းလေးတွေကို သုံးပြီး လုပ်ရတဲ့
ကိုယ်လက်လှုပ်ရှားမှုလေးတွေကိုအတူတူလုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ပေးတာကကလေးကို
စိတ်ပျော်ရွှင်စေပြီး စိတ်ကူးဉာဏ်ရင့်သန်စေမှာ အသေအချာပါ။
(၆)
ကလေးကို အတွေ့အကြုံသစ်တွေသင်ပေးပါ – ကလေးရဲ့ လက်ဦးဆရာတွေကမိဘတွေပါ။
ကလေးကို လူမှုဘဝနေထိုင်ရေးမှာလိုအပ်တာတွေကို သင်ပေးရမှာက မိဘတွေရဲ့တာဝန်ပါ။
ကလေးကို အစားအသောက်
ကိုဘယ်လိုစားမယ်။ဘယ်လိုနေထိုင်သွားလာရမယ်၊ပြုမူဆက်ဆံရမယ်ဆိုတာတွေအပြင်
အသက်အရွယ်အလိုက် သိထားဖို့လိုမဲ့ အချက်လေးတွေကို မိဘတွေက
သင်ကြားပေးဖို့လိုပါမယ်။ ဒါက ကလေးတစ်ယောက် ကောင်းမွန်
စွာကြီးပြင်းလာစေဖို့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။
(၇)
အာဟာရသတိပြု – မိဘတွေရဲ့ တာဝန်တွေအများကြီးမှာ ကိုယ့်ရဲ့ကလေးရဲ့
အစားအသောက်အာဟာရနဲ့ ကျန်းကျန်းမာမာ စားသုံးတတ်တဲ့သူတွေတစ်ယောက်ဖြစ်အောင်
ပျိုးထောင်ပေးဖို့လည်းပါပါတယ်။ အာဟာရ ပြည့်ဝစွာ စားသုံးတတ်အောင်
သင်ကြားပေးဖို့နဲ့ အာဟာရပြည့်ဝတဲ့အစားသောက်တွေနဲ့ ကျွေးမွေးပြုစုပေးဖို့
လိုပါတယ်။ ကလေးက ဘာစားစား ကျွေးနေတာမျိုး ဒါမှမဟုတ်
သူစားချင်တာစားလွှတ်ပေးထားတာမျိုး မဟုတ်တာကို သတိထားဖို့လိုအပ်ပါတယ်။
အစားတွေစားနေပေမယ့် ကျွေးမွေးနေပေမယ့် အာဟာရပြည့်ဝတဲ့ ဦးနှောက်နဲ့
ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာစေတဲ့အစားအသောက်တွေမဟုတ်ဘူးဆိုရင်
ကလေးကကောင်းကောင်း မွန်မွန် ပျော်ပျော်ရွှင်ရွှင်
ဖွံ့ဖြိုးကြီးထွားနိုင်မှာမဟုတ်ဘဲ အဝလွန်နေတာ ဒါမှမဟုတ် ပိန်လှီနေတာတွေ
ဖြစ်နိုင်ပါတယ်။
ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေရေးအတွက်
ကလေးနေ့စဉ်စားသုံးတဲ့အစားအစာတွေ ထဲမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ
ပြည့်ပြည့်ဝဝနဲ့ အချိုးကျမျှတနေဖို့ လိုအပ်ပါတယ်။ ကလေးကို
နေ့စဉ်အစားအစာပြင်ဆင်ပေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်တွေသမမျှတမှ
ကလေးကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရဓါတ်တွပြည့်ဝမှာပါ။
ဒီလိုမျိုးပြင်ဆင်ပေးဖို့က အလုပ်များတဲ့မေမေတွေအတွက် အမြဲအဆင်
မပြေနိုင်တာတော့ အမှန်ပဲနော်။ ဒါပေမယ့် ကလေးကို အခြားကလေးတွေလိုပဲ
ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းလာစေတဲ့ဆန္ဒကလည်းရှိနေမယ်ဆိုရင်တော့မေမေတို့အဆင်ပြေစေဖို့အတွက်ဖြည့်စွက်အာဟာရတွေကို
အားကိုးလို့ရပါတယ်။ အခုနောက်ပိုင်းကဈေးကွက်ထဲမှာ ကလေးအတွက်ရော၊
လူကြီးအတွက်ပါ
အာဟာရဖြည့်တင်းပေးနိုင်တဲ့အရာတွေကအတော်များသားနော်။သောက်စရာအနေနဲ့ သောက်
မလား။ ဒါမှမဟုတ် စားမလားပေါ့။ ခက်တာက ဖြည့်စွက်အာဟာရတွေဆိုပေမယ့်လည်း
ကလေးကြိုက် အောင်လုပ်ရင်း သကြားတွေအရမ်းများနေတာ၊
အာဟာရအမှန်တကယ်မပြည့်တာတွေဖြစ်နိုင်ပါတယ်။ ပေါ့စေ လိုလို့
ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး နေရတာမျိုး မဖြစ်စေဖို့သတိထားရပါမယ်။
ဒီတော့ များပြားလှတဲ့ ဖြည့်စွက် အာဟာရတွေထဲက ကိုယ့်ကလေးလေး အတွက်
ဘာရွေးရမှန်မသိဘူးဖြစ်နေရင်တော့ ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက်
လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ BRAND’S NutriChamp လေးကို
ညွှန်းပါရစေBRAND’S NutriChamp မှာဆိုရင်
ကလေးတွေကျန်းမာစေဖို့နဲ့ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့
သတ္တုဓါတ်၁၈ မျိုးပါဝင်နေပြီး အရည်အသွေးမြင့်အာဟာရဖြစ်တာကြောင့်
သားသားမီးမီးတို့အတွက် စိတ်ချစွာနဲ့အားကိုးလို့ရပါတယ်။။
အားဖြည့်အချိုရည်တွေ၊ သကြားဓါတ်ကဲတဲ့သောက်စရာတွေအစား ရေနွေးထဲ ဖြစ်ဖြစ်
နို့ပူပူလေးတစ်ခွက်ထဲရောစပ်လို့ဖြစ်ဖြစ်နေ့လယ်နေ့ခင်း
အဆာပြေသောက်ပေးလို့ရပါတယ်။ အာဟာရ ဓါတ်လည်း ပြည့်ဝတဲ့အပြင် ပြုလုပ်ရတာလည်း
လွယ်ကူတော့ မိဘတွေအတွက်ရော ကလေးတွေအတွက်ရော အရမ်းကိုအဆင်ပြေပါတယ်။
(၈)
အိပ်စက်ချိန်ဂရုစိုက်ပါ –
ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်ဖို့နောက်ဆုံးသတိထားပေးရမယ့်အချက်က
ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ကမဖြစ်မနေထားရှိသင့်တာပါ။ ဒါကြောင့်ကလေးကို
ညစဉ် ၈ နာရီပြည့်အောင် အိပ်စက်နိုင်ဖို့ သတိထားပေးပါ။
အိပ်ရာဝင်ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာတွေက ကလေးကိုကောင်းကောင်း
အိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
ကဲ
လက်တွေ့ကျကျနဲ့ ကလေးကိုပျိုးထောင်ကြည့်လိုက်ပါ။
နည်းစနစ်မှန်မှန်ပျိုးထောင်မှုနဲ့အတူ ကလေးကို ကျန်းမာပျော်ရွှင်စွာ
ကြီးပြင်းခွင့်ပေးလိုက်ပါ……..
မိတ်ဆွေများသားသမီးများကိုကျန်းမာပျော်ရွှင်အောင်လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment