ဒီနေ့ဝိပဿနာအကျိုး (၇)မျိုးရရှိအောင် အားထုတ်နည်းကို Food for Thought 768 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
"ဝိပဿနာအကျိုး (၇) မျိုး၇အောင်လေ့ကျင့်နည်း”
ပါဠိတော်က
သတိပဋ္ဌာန်အကျိုး(တနည်း) ဝိပဿနာအကျိုးခုနစ်မျိုးကိုအောက်ပါအတိုင်း
ပြဆိုထား ပါတယ်။အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့
(၁) ။ သတ္တာနံဝိသုဒ္ဓိယာ =ကိလေသာစင်စေခြင်း။
(၂) ။သောကာနံ သမတိက္ကမာယ =စိုးရိမ်ပူဆွေးရ တဲ့ သောကတွေမှ လွန်မြောက်စေခြင်း
(၃) ။ ပရိဒေဝါနံသမတိက္ကမာယ =ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။
(၄) ။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ=ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၅) ။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ =စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၆) ။ ဉာယဿ အဓိဂမာယ =မဂ်ဉာဏ်ဖိုလ်ဉာဏ်များကိုရရှိစေခြင်း။
(၇) ။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ= နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း ဆိုတဲ့ အကျိုးတရား (၇) မျိုးဖြစ် ပါတယ်။
(၁)။
သတ္တာနံ ဝိသုဒ္ဓိယာ =သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်း ဆိုတဲ့အချက်မှာ
ဝိပဿနာ တရား အားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။
တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့
ကိလေသာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ
ခန္ဓာကိုယ်ရဲ့မမြဲတဲ့ သဘော၊ ဆင်းရဲ တဲ့သဘော၊ အစိုးမရ အလိုမလိုက်
အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့လိုချင်မှုလောဘကိ လေသာတွေ၊
မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေကင်းစင်
နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက
တရားရှုမှတ်ခိုက်မှာ ခဏတာ ကိလေသာ တွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဉာဏ်
ဖိုလ်ဉာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့ ဆိုင်ရာကိလေ
သာများလည်းအပြီးအပိုင်ကင်း စင်းသွားမှာပါ။ ဒါကြောင့်ဝိပဿနာ (တနည်း)
သတိပဋ္ဌာန်တရားရှုမှတ်ခြင်းဖြင့် ကိလေသာများစင်ကြ ယ်ခြင်းဆိုတဲ့
အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂) ။ သောကာနံ သမတိက္ကမာယ =စိုးရိမ်ပူဆွေးရ တဲ့သောကတရားတို့မှလွန်မြောက်ခြင်း
အားလုံးသောပုဂ္ဂိုလ်များအနေနဲ့သားရေးသမီးရေး
စီးပွားရေးအိမ်ထောင်ရေးစတဲ့အရေးကိစ္စတွေကြောင့် စိုးရိမ်
ပူဆွေးမှုဆိုတဲ့သောကတရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။
အဲဒီသောက တရားတွေဖြစ် လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင်
ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာ အလုပ်တရားကို
ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့သောက တရားတွေကို
ပယ် ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို
ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၃) ။ ပရိဒေဝါနံ သမတိက္ကမာယ =ငိုကြွေးမြည်တမ်းပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။
သားဆိုးသမီးဆိုးများကြောင့်ငိုကြွေးပင်ပန်းရခြင်း၊ဉာတိဗျသနဘေးဆိုတဲ့ဆွေမျိုးတွေသေကြေပျက်စီးလို
ငိုကြွေး မြည်တမ်းပင်ပန်းရခြင်း၊
ဘောဂဗျသနဘေးဆိုတဲ့စည်းစိမ်ဥစ္စာများပျက်စီးဆုံးရှုံးရခြင်းကြောင့်
ငိုကြွေးမြည်တမ်း
ပင်ပန်းရခြင်းဆိုတဲ့အဆိုးတရားများလူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။
အဲဒီတရားတွေဖြစ်လာတဲ့အခါ ထိုတရား တွေမှ လွန်မြောက်စေနိုင်တာ
ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ
ထိုတရားများကြုံတွေ့လာခဲ့ရင်လည်းထိုတရားတို့အပေါ် မှာ
မှန်ကန်စွာနှလုံးသွင်းတတ်တာကြောင့် ထိုတရားတွေ မှ
လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၄) ။ ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ = ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊
အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း
လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း
ဝိပဿနာတရားက လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။
ကင်ဆာရောဂါ သွေးတိုးရောဂါခံ စားနေရသူများ တရားအားထုတ်လိုက်တာ
ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသ
လို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များနောက်ဆုံးအဆင့် အနေနဲ့
တရားအားထုတ်လိုက်လို့ ရောဂါများ သက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာ နဲ့
အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူး ပါလိမ့်မယ်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရားသတိပဋ္ဌာန်တရားဟာ ထိုထိုသော
ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်း လွန်မြောက်စေနိုင်ပါတယ်။
(ဆရာကြီးဦးဂိုအင်ကာဟာ ဆရာ ကြီး
ဦးဘခင်ထံမှာတရားအားထုတ်လိုက်တဲ့အတွက်ခေါင်းတစ်ခြမ်းကိုက်နေတဲ့ရောဂါပျောက်ကင်းသွားခဲ့ပါတယ်။)
(၅) ။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ဒီအချက်က စိတ်ဆင်းရဲမှုမှလွန်မြောက်ခြင်း။
စိတ်ဆင်းရဲမှုဆိုတာ
စေတသိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ
အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု
စိတ်ဆင်းရဲမှုများလူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော
စိတ်ဆင်းရဲမှုများ မှလည်း ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့
ဟောတော်မူခြင်းဖြစ်ပါတယ်။
(၆) ။ ဉာယဿ အဓိဂမာယ=မဂ်ဉာဏ် ဖိုလ်ဉာဏ်များကိုရနိုင်ခြင်း။
မဂ်ဉာဏ်
ဖိုလ်ဉာဏ်များကိုရနိုင်ခြင်းမှာဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့
အမြတ်ဆုံး အထွက်အထိပ် အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ
ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊
ဖိုလ်ချမ်းသာတွေရရှိအောင်အားထုတ်ကြတာပါ။ထ မဂ်ချမ်းသာ
ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ် ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါတယ်။
ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများ ကိုရရှိ
နိုင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၇) ။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ=နိဗ္ဗာန်ကိုမျက် မှောက်ပြုနိုင်ခြင်း။
ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။
နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့အရာပဲ။
နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။
ထိုနိဗ္ဗာန်ချမ်းသာကိုရစေနိုင်ရောက်စေ နိုင် တာကတော့
ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။ ကျန်သော ဒါန သီလ သမထကုသိုလ်များက အထောက်
အပံ့ပေးနိုင်ရုံသာ ပေးနိုင်တာပါ။ နိဗ္ဗာန်ကိုတိုက် ရိုက်မရောက်နိုင်ပါဘူး။
နိဗ္ဗာန်သွားရာလမ်းကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။
တိုက်ရိုက်မပို့ ဆောင်နိုင်ပေမယ့်ရောက်အောင်ရအောင် အထောက်အပံ့
လောက်တော့ပေးနိုင်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ကုသိုလ်ဟာ
ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။
ဝိပဿနာတရားကိုအားထုတ်ရာမှာ
အထက်ဖော်ပြပါ အကျိုးကျေးဇူးများကိုရရှိစေရန် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊
ပညာအားကောင်းပြည့်စုံရန် လိုအပ်ပါတယ်။
၁။ သဒ္ဓါ - ယုံကြည်မှု ခိုင်မာရန် လိုအပ်ပါတယ်။
၂။ ဝီရိယ - ဝီရိယအားထုတ်မှုကောင်းရန်လည်းလိုအပ်ပါတယ်။
၃။ သတိ - စိတ်ကမပြန့်လွင့်ဘဲ တရားရှုမှတ်နေတဲ့အာရုံမှာသတိကိုစွဲမြဲနေအောင် ထားရန်လည်းလိုပါတယ်။
၄။ သမာဓိ- အဲဒီလိုလေ့ကျင့်ပွားများရင် သမာဓိကလည်း ပိုအားကောင်းလာမှာဖြစ်ပါတယ်။
၅။ပညာ-အဲဒီလိုလေ့ကျင့်ပွားများရင်ပိုင်းခြားသိမြင်နိုင်စွမ်းပညာကလည်းတိုးတက်ကောင်းမွန်လာမှာဖြစ်ပါ တယ်။
တရားရှုမှတ်နေတဲ့အချိန်မှာ
စိတ်ကို မပျံ့လွင့်အောင် သတိဖြင့် ကောင်းစွာစောင့်ထိန်းပြီး လက်ရှိ
မိမိခန္ဓာ မှာဖြစ်ပျက်နေမှုကိုသာသိနေအောင် သတိဖြင့်ရှုမှတ်ရန် လိုအပ်ပါတယ်။
အတိတ်ကဖြစ်ရပ်တွေဆီသို့လည်း စိတ်ကို မရောက်ပါစေနဲ့။
အတိတ်ဆိုတာမရှိတော့ပြီဖြစ်ပါတယ်။ မရောက်သေးတဲ့အနာဂါတ်ဆီလည်း စိတ်
တွေကြိုတင် ရောက်မနေပါစေနဲ့လို့လည်း မြတ်စွာဘုရားက လမ်းညွှန်ပြ သခဲ့ပါတယ်။
တရားရှုမှတ်နေတဲ့
အာရုံမှာသာစိတ်ကိုသတိဖြင့် ထိန်းထားရန် လိုအပ်ကြောင်းကို မြတ်စွာဘုရားက
အောက်ပါ ဥပမာဖြင့် တင်စားလမ်းညွှန်ခဲ့ပါသေးတယ်။
အပြစ်ရှိတဲ့ရာဇဝတ်သားကိုနောက်ဆုံးအခွင့်အရေးအဖြစ်
ဘုရင်က အောက်ပါ အတိုင်းသတ်မှတ်ပေးပါတယ်။ ဆီအပြည့်ထည့်ထားတဲ့ခွက်ကို
ကိုင်ပြီး အလွန်လှပတဲ့မင်းသမီးကပြနေတဲ့ဇာတ်ခုံရှေ့ဖြတ်လျောက် ခိုင်းပါတယ်။
တစ်ဘက်မှာတော့ လက်ခုတ်လက်ဝါးတွေတီးပြီးအမျိုးမျိုး အော်ဟစ် အားပေး
နေတဲ့ပရိတ်သတ် ကရှိနေပါတယ်။ စွဲမက်စရာကောင်းတဲ့မင်းသမီးဘက်ကိုအာရုံ
ရောက်သွားရင် ဖြစ်စေ၊ အော်ဟစ်အားပေးနေ ကြတဲ့ပရိတ်သတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်သွားရင်ဖြစ်စေ ရာဇဝတ်သားဟာဆီခွက်ကို ငြိမ်နေ
အောင်မကိုင်နိုင်တဲ့အတွက်ဆီဖိတ်ကျနိုင်ပါတယ်။ ဆီအနည်းငယ်ဖိတ်ကျတာနဲ့
ရာဇဝတ်သားရဲ့လည်ပင်းကို အနီးကပ်စောင့်နေတဲ့အာဏာပကွက်သားက သံလျက်ဓားဖြင့်
ပိုင်းဖြတ်တာခံရမှာဖြစ်ပါတယ်။ အဲဒီလိုအနေ အထားမှာ ရာဇဝတ်သားဟာ
စိတ်ကိုတည်ငြိမ်အောင်ထားနိုင်မှသာသူ့အသက် ချမ်းသားရနိုင်မှာ ဖြစ်ပါတယ်။
တရားဘာဝနာပွားများနေသူ၊တရားရှုမှတ်နေသူကလည်း ရာဇဝဝ်သားဆီခွက်မှဆီမဖိတ်အောင်
အထူးသတိထား ကိုင်ထားသလို စိတ်ကိုတခြားသို့မပြန့်လွင့်အောင်
တည်ငြိမ်စွာထားရန် လိုအပ်ပါတယ်လို့ ဥပမာ ပေးလမ်းညွှန် ခဲ့ပါတယ်။
ဝိပဿနာတရားပွားများအားထုတ်ခြင်းက
ဘဝသံသရာမှလွတ်မြေက်ရန်အရေးကြီးလွန်းလှတဲ့အတွက် တရားရှု မှတ်တဲ့အလုပ်ကို
ကြိုးစားအားထုတ်ရာမှာ ဘယ်လိုတောင်ကြိုးစားအားထုတ်ရန် လိုကြောင်း
အောက်ပါအတိုင်း ကြိုးစားမှု (၇)မျိုးဖြင့်
ကြိုးစားရန်လမ်းညွှန်ခဲ့ပါသေးတယ်။
၁။ မှန်ကန်တဲ့အသိ ပွားလာအောင်၊ များလာအောင် အဖန်ဖန်လေ့ကျင့်ပွားများအားထုတ်ရမယ်။
၂။ ကြိမ်ဖန်များစွာထပ်ခါတလဲလဲ ကျေ့ကျင့်အားထုတ်ရမယ်။
၃။ လိုရာခရီးသွားရန် သွားမဲ့ယာဥ်ကိုအားလုံးအသင့်အနေအထားပြင်ထားသလို မိမိကိုယ်မိမိအသင့်ဖြစ်နေ အောင် ပြင်ထားရမယ်။
၄။
ဘာသီးနှံကိုပင်စိုက်စိုက် စိုက်လိုက်တဲ့မြေဟာ
အပင်ကောင်းစွာပေါက်နိုင်စေရန် အားလုံးရှင်းလင်းထားပြီး
မွနေအောင်မြေကိုပြင်ဆင်ထားသလိုမျိုးမိမိကိုယ်မိမိပြင်ဆင်ထားရမယ်။
၅။
တရားရှုမှတ်တဲ့အခါ စိတ်ကို
တည်ငြိမ်စွာထားပြီးရှုမှတ်တဲ့အလုပ်ကိုစွဲစွဲမြဲမြဲ ဇွဲဖြင့် ရည်မှန်းချက်
ရောက် အောင် ထက်ထက်သန်သန်အားထုတ်ရမယ်။
၆။ ပြည့်ပြည့်စုံစုံသိနားလည်အောင်၊ ပြည့်ပြည့်စုံစုံတတ်သိအောင်၊ ပြည့်ပြည့်စုံစုံ လေ့ကျင့် အားထုတ်ရမယ်။
၇။ ကောင်းမြတ်တဲ့အကျိုးရရှိစေဖို့ ကောင်းကောင်းမွန်မွန် လေ့ကျင့် အားထုတ်ရမယ်၊
အားလုံးသော မိတ်ဆွေများလည်းဝိပဿနာအလုပ်ကို အားထုတ်ရင်း ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment