ဒီနေ့ “ကလေးတွေကို မအော်၊ မဆူဘဲ ပြောစကားနားထောင်အောင်လုပ်ဖို့” နည်းလမ်းတွေကို Food for Thought 772 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးတွေကို မအော်၊ မဆူဘဲ ပြောစကားနားထောင်အောင်လုပ်ဖို့
ကလေးကို
ဘယ်လိုပြောဆိုဆက်ဆံခြင်းက ကလေးနဲ့ကိုယ်ကြား နားလည်မှုမလွယ်ဘဲ
ပဋိပက္ခမဖြစ်ရဘဲ ကိုယ်ပြောတဲ့စကားကို ကလေးနားလည်လက်ခံအောင်
ဘယ်လိုလုပ်မလဲဆိုတာမျိုးက ပညာပါပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းရတာက
အခြားအရာတွေထက်အများကြီးခက်ပါတယ်။ အဲဒါကြောင့် သင့်နဲ့သင်ကလေးကြား
မအော်ဟစ်ရဘဲ၊ မဆူပူရဘဲ အဆင်ပြေစေမယ့်နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။
၁) သူတို့ကိုဘာကို ရပ်လိုက်ရမယ်ဆိုတာထက် ဘာလုပ်စေချင်သလဲဆိုတာကိုသာ အာရုံစိုက်ပါ။
ဒီစာသားက
သင့်ရဲ့ကလေးအတွက် အရမ်းကိုမှန်ကန်စေပါတယ်။ “မပြေးနဲ့” လို့ပြောလိုက်တဲ့အခါ
သင့်ကလေးရဲ့ ခေါင်းထဲမှာ ပြေးတာကိုပဲ မြင်ယောင်နေမှာပါ။ “လမ်းလျှောက်ပါ….”
လို့ပြောလိုက်တဲ့အခါ သူတို့ခေါင်းထဲမှာ
လမ်းလျှောက်ရမှာကိုမြင်ယောင်သွားစေမှာပါ။
၂)ချီးကျူးပေးပါ။
နည်းနည်းလေးချီးကျူးပေးလိုက်တာကတောင်
အကျိုးများများရှိစေပါတယ်။ ကလေးကချီးကျူးခံရတာကို သဘောကျပါတယ်။
သင်တစ်ခုခုမလုပ်မီဖြစ်ဖြစ် လုပ်ပြီးတာဖြစ်ဖြစ် သူ့ကို ချီးကျုးပေးလိုက်တာက
ဘယ်လောက်တာသွားလဲဆိုတာမျိုးသင်တွေ့ရပါလိမ့်မယ်။ ဥပမာ
“ပြောစကားအရမ်းနားထောင်တဲ့ကလေး ဆိုတာ မေမေသိတယ်။
အဲလိုပြောစကားနားထောင်လွန်းလို့ မေမေဂုဏ်ယူရတာ။ အဲဒါကြောင့် ငါ့သားက
အတော်ဆုံးဖြစ်မှာ” အဲလိုစကားမျိုးနဲ့ချစ်တဲ့အကြောင်း
တော်ကြောင်းချီးကျူးပေးလိုက်တာက အော်ဟစ်ပြီး ခိုင်းတာထက်စာရင်
အလုပ်ဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကိုချီးကျူးခြင်းက မအော်မဆူဘဲ သင့်စကား
ကလေးနားထောင်စေမယ့်နည်းလမ်းတစ်ခုပါပဲ။
၃)အချိန်တစ်ခုသတ်မှတ်ပေးထားပါ။အဲဒါကိုသူတို့သိပါစေ။
သင်က
ဖုန်း၊ ကွန်ပျူတာ၊ စသည်ဖြင့် ကြည့်ဖို့ အချိန်က မိနစ်
၃၀ပေးထားတယ်ဆိုပါတော့။ အဲဒါဆိုရင် သင်က စသုံးမယ်ဆိုကတည်းက
“ဟုတ်ပြီ…..ဖုန်းသုံးမယ်ဆိုရင် မိနစ် ၃၀ပဲဆော့ရမယ်နော်။ အချိန်ပြည့်တာနဲ့
သိမ်းရ မယ်။ သဘောတူရင် မေမေပေးဆော့မယ်” ဆိုတာမျိုးနဲ့ သူ့ကို
ကြိုတင်ပြောပြထားတာမျိုးပါ။ အချိန်ပြည့်လို့ “သင်က
အချိန်ပြည့်ပြီ….ဖုန်းသိမ်းပါ” လို့ပြောတာနဲ့ သူတို့က မသိမ်းချင်ဖြစ်နေရင် “
ဟုတ်ပြီ…. ငါးမိနစ်ပဲထပ် ရမယ်နော်။ အချိန်ပြည့်လို့မသိမ်းရင်
နောက်တစ်ခေါက်ပေးမကိုင်တော့ဘူး။ သိတယ်နော်” ဆိုပြီး သတ်မှတ် ပေးထားပါ။
အဲဒါဆို နောက်အခေါက်တွေ ဖုန်း၊ ကွန်ပျူတာသုံးမယ်ဆိုတိုင်း
အချိန်ပြည့်ရင်သိမ်းမယ်၊ မသိမ်းရင် ပေးမဆော့ဘူးဆိုတာကို သိနေတဲ့အတွက်
သင်လည်း ကလေးကိုအော်ဟစ်နေစရာမလိုဘဲ ကလေးက နား ထောင်ပါလိမ့်မယ်။
၄)ဖုန်းကိုချထားပါ။
ဖုန်းကိုချထားသင့်တယ်ဆိုတာ
လူတိုင်းသိပါတယ်။ ဒါပေမယ့် လုပ်ဖို့တော့ခက်ခဲပါတယ်။ သင်က ဖေ့
ဘုတ်သုံးလိုက်၊ အီးမေးလ်စစ်လိုက်နဲ့မပြီးနိုင်လို့ သင့်ကလေးက
သင့်ရဲ့အာရုံစိုက်မှုကို လိုချင်လာတဲ့အခါ မကောင်းတဲ့အပြုအမူမျိုးတွေ
လုပ်လာတတ်ပါတယ်။ သူတို့က သင့်ဆီက အာရုံစိုက်မှုကို လိုချင်နေတာကိုး။
အဲဒါကြောင့်အော်ဟစ်ငိုယိုတာမျိုး၊ အရုပ်တွေ ကိုင်ပေါက်ပစ်တာမျိုးတွေ
လုပ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင်ကိုယ်တိုင်လည်း
ဖုန်းကိုအချိန်ပြည့်ကိုင်နေတာမျိုးထက် သင့်ကလေးကို အချိန်ပေးဖို့ သတိထားပါ။
အဲဒါဆို သင့်နဲ့သင်ကလေး ညှိုနှိုင်းလို့ရလာပါလိမ့်မယ်။
သူအော်ဟစ်သောင်းကျန်းတတ်တဲ့အကျင့်မဖြစ်ခင်၊ သင်ကသူ့ကို
အထူးတလည်ဂရုစိုက်အချိန်ပေးတတ်ရင် သင်တကယ်အလုပ်ရှိလို့
အချိန်မပေးနိုင်တဲ့အခါ သူ့ကိုပြန်ခွင့် တောင်းလို့ရလာပါလိမ့်မယ်။ ဥပမာ။
“မေမေသားနဲ့အတူတူ ဆော့ပေးပြီးရင် မေမေရုံးအလုပ်တွေ လုပ်စရာ ရှိတယ်နော်။
အဲဒါ မေမေ့ကိုနားလည်ပေးရမယ်။ ဟုတ်ပြီလား။ မေမေအလုပ်တွေမြန်မြန်ပြီးတော့
သားနဲ့ထပ် ဆော့တာပေါ့”ဆိုတာမျိုးပေါ့။
၅)မေးခွန်းမေးခြင်းထက်လုပ်သင့်တာကိုပြောတတ်ပါစေ။
“
သားအရုပ်တွေကို မကောက်ဘူးလား” ဆိုတာထက် “သားအရုပ်တွေကို
ပြန်ကောက်သိမ်းရမယ်နော်” ဆိုတာ မျိုးက ပိုထိရောက်ပါတယ်။ “ညစာကို
ဘာနဲ့စားမလဲ” ဆိုတာထက် “ညစာကို ဥနီနဲ့စားမလား၊ ပဲနဲ့စားမလား”
ဆိုတာမျိုးမေးတာက ပိုထိရောက်ပါတယ်။ ပြောချင်တာက ကလေးအတွက်
ဘာလုပ်မလဲဆိုတာထက် ဒါလုပ်သင်တယ်နော်လို့ အကြံပေးတဲ့စကားမျိုး၊
ရွေးချယ်စရာရှိတယ်ဆိုရင်လည်း သူရွေးသင့်တဲ့အရာတွေကို ပြောပြီး
ထိုအထဲကရွေးခွင့်ပေးတာမျိုးလုပ်သင့်ပါတယ်။
ညစာကိုဘာနဲ့စားမလဲလို့မေးလိုက်ရင် ကလေးက
ကျန်းမာရေးနဲ့ညီညွှတ်သည်ဖြစ်စေမဖြစ်စေ သူစားချင်တာပြောတော့မှာပါ။ ညစာကို
ဥနီ ဒါမှမဟုတ် ပဲ ထဲက ရွေးခိုင်းလိုက်တာက ၂ခုထဲက ဘာကိုရွေးရွေး
သူ့အတွက်ကျန်းမာရေးနဲ့ညီညွှတ်တာချည်းပါပဲ။ အဲလိုရွေးခွင့် ပေးပါ။ အဲဒါက
သင့်ဆုံးဖြတ်ချက်ကို သူရွေးချယ်နိုင်သလို သင်လိုချင်တာကိုလည်း
သွယ်ဝှိုက်ပြီး အဖြေ တောင်းလိုက်တာပါပဲ။
၆)ကိစ္စအသေးအဖွဲတွေအတွက်စိတ်ညစ်မခံပါနဲ့။
ကလေးသဘာဝဆော့ကစား၊
အငြိမ်မနေ၊ စူးစမ်းတတ်တာ သဘာဝဆိုတာကို လက်ခံပါ။ အသေးအဖွဲလေးတွေက အစ
လိုက်ကြည့်ပြီး ထိန်းမရဘူးလို့တွေးပြီး စိတ်ညစ်မခံနေပါနဲ့။
ဘာမှမဖြစ်နိုင်တဲ့ ဆော့ကစားနည်း၊ အသေးအဖွဲကိစ္စလေးတွေဆိုရင် ကလေးတွေကို
မဟန့်တားဘဲ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ကလေးဆိုတာ
အရာအားလုံးကိုသင်ယူနေတုန်းမို့ သိချင်တာ၊ စူးစမ်းတာ၊ စပ်စုတာ၊ ဖန်တီးတာ
စတာတွေအားလုံးတခုခုနဲ့တော့
ငြိနေမှာပါပဲ။အရုပ်တစ်ရုပ်လိုအမြဲထိုင်ထလုပ်နေနိုင်မှာတော့မဟုတ်ပါဘူး။အဲဒါဆိုရင်တော့
သင်နဲ့သင့် ကလေး ကြားမှာ ပြောစကားနားမထောင်တာ၊ သင်အော်လိုက်မှ
ရတယ်ဆိုတာမျိုး ရှိလာမှာမဟုတ်ပါဘူး။
မိတ်ဆွေများ မအော်မဟောက်မဆူရဘဲကလေးတွေကို ထိန်းနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment