Monday, February 24, 2025

ထူးချွန်တဲ့ကလေးတွေရဲ့ အလေ့အကျင့် ၇ခု Food for Thought 775

 No photo description available.

ဒီနေ့ ” ထူးချွန်တဲ့ကလေးတွေရဲ့ အလေ့အကျင့် ၇ခု” အကြောင်းကို Food for Thought 775 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ထူးချွန်တဲ့ကလေးတွေရဲ့ အလေ့အကျင့် ၇ခု

ဘယ်နေရာမှာမဆို ထူးချွန်တတ်တဲ့ကလေးတွေမှာ အတုယူစရာကောင်းတဲ့ အလေ့အကျင့် ကောင်းတွေရှိနေတတ်ပါတယ်။ ဘယ်လိုအလေ့အကျင့်လေးတွေဖြစ်မလဲဆိုတာ သိရအောင် ဖော်ပြပေးလိုက် ပါတယ်။

၁)အသိပညာတွေနဲ့စွမ်းရည်တွေမှာအောင်မြင်မှုရရှိတာကိုကျေနပ်တတ်ခြင်း

အောင်မြင်ချင်တဲ့ကလေးသူငယ်တွေမှာ အကြောင်းအရာအသစ်တွေသင်ယူခြင်းကို နှစ်သက်တတ်ကြပြီး ကိုယ့်တတ်ကျွမ်းထားတဲ့စွမ်းရည်တွေတိုးတက်လာတာကိုသဘောကျတတ်ကြပါတယ်။

၂)မေးခွန်းများမေးတတ်ခြင်း

သူတို့ သိချင်တာတွေအတွက် မတူညီတဲ့မေးခွန်းပေါင်းစုံကို မေးဖို့ စဉ်းစားတတ်ကြပါတယ်။ အဲဒါအပြင် မေးခွန်းတွေမေးခြင်းက သူတို့အောင်မြင်ဖို့ ဒါမှမဟုတ် သူတို့သိချင်တာတွေ သိလာဖို့ လိုအပ်တဲ့စွမ်းရည် တစ်ခုဆိုတာနားလည်တတ်ကြပါတယ်။

၃)သူတို့လုပ်ချင်တာတွေနဲ့အောင်မြင်ချင်တာတွေအတွက်ကြိုတင်ပြင်ဆင်

တတ်ခြင်းတစ်စုံတစ်ခု ကို သင်ယူဖို့ လေ့လာမှုတွေလုပ်ရမယ်ဆိုတာနားလည်တတ်ပါတယ်။ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။

၄)အောင်မြင်ဖို့အတွက်လိုအပ်တာတွေကိုစဉ်းစားတတ်ခြင်း

သူတို့ရဲ့အမှားတွေကိုလည်း ရိုးသားစွာလက်ခံပြီး သေချာနားလည်အောင်ကြိုးစားကြပါတယ်။ အောင်မြင်ဖို့ အတွက်သင်ယူရမယ့်နည်းလမ်းတွေနဲ့စွမ်းရည်တွေတိုးတက်အောင်ကြိုးစားတတ်ပါတယ်။

၅)အာရုံစိုက်မှုရှိပြီးကိုယ်ပိုင်စည်းကမ်းတွေထားရှိခြင်း

တိုးတက်စေမယ့် အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်တတ်ပြီး တိုးတက်မှုဆိုတာ တဆင့်ပြီးတဆင့် လေ့ကျင့်တတ်တဲ့အပေါ်မှီခိုနေတယ်ဆိုတာကိုနားလည်လက်ခံကျင့်သုံးကြပါတယ်။

၆)သူတို့စိတ်ပါဝင်စားတဲ့အရာကိုသာသူတို့ဗီဇအရလေ့လာလိုက်စားတတ်ခြင်း

သူတို့မှာရှိ သမျှ စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုတွေကို သူတို့စိတ်ပါဝင်စားတဲ့အရာတွေနဲ့ သူတို့ရဲ့ပါရမီပါ တဲ့အပေါ်မှာ အသုံးချတတ်ကြပါတယ်။ သူတို့ရဲ့အားနည်းချက်ဖြစ်နေရင်တောင် သူတို့ရဲ့အားသာချက်အဖြစ် တိုးတက်လာအောင်စိတ်ဆန္ဒပြင်းပြစွာနဲ့ကြိုးစားတတ်ပါတယ်။

၇)အတိတ်ကသင်ခန်းစာတွေကိုအသုံးချပြီးအနာဂတ်အတွက်သင်ယူတတ်ခြင်း

သူတို့ကိုယ်တိုင်က သူတို့ရဲ့ဦးဆောင်သူပါပဲ။ အခြားသူတွေဆီက ဘာတွေသင်ယူသင့်သလဲဆိုတာ နားလည်ပြီး အနာဂတ်မှာ လေ့လာသင်ယူတတ်ပါတယ်။ ထိုသင်ယူထားသမျှကို သူတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ အခွင့် အလမ်းတွေမှာကောင်းကောင်းအသုံးချတတ်ပါတယ်။

ဖော်ပြခဲ့တဲ့အလေ့အကျင့်တွေက ထူးချွန်အောင်မြင်လိုတဲ့ကျောင်းသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့၊ လိုက်နာကျင့်သုံးရန် လိုအပ်တဲ့အခြေခံကျတဲ့အလေ့အကျင့်များဖြစ်ကြပါတယ်။

မိတ်ဆွေများမိမိတို့သားသမီးကျောင်းသူကျောင်းသားများ ထူးချွန်အောင်မြင်အောင် ဖော်ပြပါအလေ့အကျင့်များ ကို လေ့ကျင့်ပေးနိုင် အောင်ကူညီလမ်းပြနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...