Monday, February 24, 2025

မြတ်ဗုဒ္ဓ၏လမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀)ခု Food for Thought 776

 No photo description available.

ဒီနေ့ “မြတ်ဗုဒ္ဓ၏လမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀)ခု”အကြောင်းကို Food for Thought 776 အဖြစ်မျှဝေ လိုက် ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


မြတ်ဗုဒ္ဓ၏လမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀)ခု

လူသားတွေအနေဖြင့် မိမိတို့ပြုလုပ်တဲ့ကာယကံ၊ ဝစီကံ၊ မနောကံ အမှုတို့ကိုသတိရှိစွာပြုလုပ်ပြီး စိတ်ကိုမျက် မှောက်အချိန်မှာသာထားတဲ့အလေ့အကျင့်ရှိရင် လောကဒုက္ခအပေါင်းမှာ လွန်မြောက်နိုင်ပါတယ်။မြတ်ဗုဒ္ဓ က စိတ်ငြိမ်းအေးချမ်းသာမှု၊ ဖြစ်လာတဲ့အ‌ခြေအနေတွေကို လက်ခံနိုင်မှုနဲ့ ဘာကိုမှမတွယ်တာမှုကို ရုပ်ဝတ္ထု ပစ္စည်းများကို ပိုင်ဆိုင်လိုမှုထက်အလေးထားရန် လမ်းညွှန်ခဲ့ပါတယ်။ ဖော်ပြပါလမ်းညွှန်မှုကြောင့် လူသားတွေ အနေဖြင့် ပိုကောင်းမြတ်တဲ့ဘဝကို တည်ဆောက်နိုင်ကြပါတယ်။ အောက်ဘက်မှာမြတ်ဗုဒ္ဂလမ်းညွှန်ပြခဲ့တဲ့ သင် ခန်းစာ (၁၀) ခုကို ဖော်ပြထားပါတယ်။

၁။ အခြားလူများသို့ ရက်ရောစွာပေးကမ်းပါ။
မြတ်ဗုဒ္ဓကအောက်ပါအတိုင်း မိန့်မှာခဲ့ပါတယ်။ “သင်တို့သာ ပေးကမ်းခြင်းရဲ့အစွမ်းသတ္တိကို ငါဘုရားသိသလို သိခဲ့မယ်ဆိုရင် ထမင်းတစ်နပ်ကိုတောင် တစ်နည်းနည်းနဲ့မျှဝေခြင်းမရှိဘဲ စားကြမှာမဟုတ်ပါဘူး။”လို့ မိန့်မှာ ခဲ့ပါတယ်။ ဒါကြောင့် သင်တို့မှာနည်းနည်းမျှသာရှိလျှင်တောင် ပေးကမ်းစွန့်ကျဲပါ။” လို့မိန့်မှာခဲ့ပါတယ်။

“လူသားတွေဟာ အဆက်အဆံမပြုလုပ်ဘဲသီးခြားစီနေတဲ့အတွက် လောကမှာ အကြီးမားဆုံးသော ဆင်းရဲခြင်း ဒုက္ခအမျိုးမျိုးကြုံကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ထောက်ထားစာနာမှုသာမွေးကြမယ်ဆိုရင် လော ကအတွက် စစ်မှန်တဲ့အင်အားဖြစ်လာမှာဖြစ်ကြောင်း”လည်း လမ်းညွှန်မိန့်မှာကြားခဲ့ပါတယ်။

“ဖယောင်းတိုင်တစ်တိုင်မှအလင်းမီးကိုကူးပြီး ဖယောင်တိုင် ထောင်ပေါင်းများစွားကိုလင်းအောင် ပြုလုပ်နိုင်ပါ တယ်။ အဲဒီလို ပြုလုပ်တဲ့အတွက် အလင်းပေးတဲ့ဖယောင်တိုင်ရဲ့သက်တန်းက တိုမသွားပါဘူး။ ပျော်ရွှင်ချမ်း မြေ့ မှုဆိုတာ မျှဝေပေးလိုက်ခြင်းဖြင့် ဘယ်တော့မှ လျော့ကျမသွားပါဘူး” လို့လည်းမိန့်မှာခဲ့ပါတယ်။

၂။ မိမိတို့မှာတွယ်တာမှုများကင်းအောင်နေပါ။
“အကြောင်းရှိလို့ဖြစ်လာသမျှအရာရာတိုင်းဟာမမြဲကြပါဘူး။ အဲဒီသဘောကို အသိဥာဏ်ဖြင့် မြင်အောင်ကြည့် နိုင်မယ်ဆိုရင် ကြည့်နိုင်သူဟာ ဘေးဒုက္ခများမှ ကင်းဝေးပါလိမ့်မယ်” လို့ မြတ်ဗုဒ္ဒကမိန့်မှာခဲ့ပါတယ်။လူသား အများစုဟာမိမိတို့ပိုင်ဆိုင်ထားတဲ့တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုတွယ်တာမက်မောနေကြပါတယ်။ အဲဒီလိုတွယ် တာနေမှုကြောင့်မပျော်မရွှင်ဖြစ်စေပါတယ်။ လူတွေဟာ ဘဝကိုလည်းတွယ်တာတယ်။ အဝတ်အထည်တွေ၊ ကားတွေ၊ တွယ်တာစရာလူတွေအပေါ်မှာလည်းတွယ်တာနေတတ်ကြပါတယ်။

စကြာဝဠာကြီးမှာပြောင်းလဲနေပါတယ်။ စကြာဝဠာတွင်းမှာနေထိုင်သူတိုင်းကလည်းပြောင်း နေရပါတယ်။ မိမိ တို့တွယ်တာနေမှုမှန်သမျှကို တစ်နေ့မှာ စွန့်ဖယ်ခွါရမှာဖြစ်ပါတယ်။

အဲဒီတွယ်တာနေတာတွေကိုတစ်နေ့ရောက်လာရင်စွန့်လွှတ်ရမယ်ဆိုတာကိုသိနားလည်လက်ခံထားရင် စိတ် မှာြငိမ်းအေးချမ်းသားမှုရှိမှာဖြစ်ပါတယ်။ တစ်ခုခုကိုတွယ်တာတာသဘာဝဖြစ်ကြပါတယ်။ ဒါပေ မဲ့ခွဲခွါရ တော့ မဲ့အချိန်ရောက်လာတဲ့အခါ စိတ်မှာ ထိခိုက်နာကျင်မှုမရှိဘဲခွဲခွါနိုင်ဖို့ လိုအပ်ပါတယ်။

၃။ အေးချမ်းမှုအတွက် အ‌ဖြေကိုမိမိစိတ်အတွင်းမှာသာရှာပါ။
မိမိကိုယ်သာ ကိုးကွယ်ရာရှိကြောင်းမြတ်ဗုဒ္ဒက အောက်ပါအတိုင်း မိန့်မှာခဲ့ပါတယ်။
“ကျွန်ုပ်တို့ကို မိမိတို့ကိုယ်တိုင်မှလွဲလို့ အခြားဘယ်သူကမှ ကယ်တင်နိုင်မှာမဟုတ်ပါဘူး။ ဘယ်သူကမှ ဘယ် နည်းနဲ့မှ ကျွန်ုပ်တို့ကို စိတ်အေးအောင်၊ဘေးကင်းအောင် မကယ်နိုင်ကြပါဘူး။ ကျွန်ုတို့ကိုယ်တိုင်ကိုယ် လျောက် ရမဲ့လမ်းကို ကိုယ်တိုင်လျောက်ရမှာဖြစ်ပါတယ်။ “

ဘဝကိုလျောက်လှမ်းတဲ့အခါမှာ သင့်ကိုလမ်းပြရန် အခြားလူတွေကိုမှီခိုအားထားနေမဲ့အစား၊ မိမိလျောက်ရမဲ့ လမ်းကို ရဲဝံ့စွာကိုယ်တိုင် လျောက်လှမ်းပါ။ အမှန်လမ်းကြောင်းကိုလျောက်လှမ်းတဲ့အခါ လုပ်မိနိုင်တဲ့အမှား (၂) ခုသာရှိပါတယ်။ (၁) လျောက်ရမဲ့လမ်းကိုဆုံးတဲ့အထိမလျောက်ခြင်းနဲ့ (၂) လျောက်ရမဲ့လမ်းကို စတင်ပြီးမ လျောက် ခြင်း တို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ကိုယ်တိုင်လျောက်ရမဲ့လမ်းကို ကိုယ်တိုင်ရှာရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘဝလမ်းခရီးကိုလျောက်လှမ်းရာမှာ ကိုယ်တိုင်ဖြင့်စပြီးကိုယ်တိုင်ဖြင့်အဆုံးသတ်ရမှာဖြစ်ပါတယ်။

၄။ မိမိကိုမိမိနှိမ်ချတဲ့လမ်းမှလျောက်လှမ်းပါ။
လမ်းကြောင်းအကျဥ်းအကွေ့အကောက်တွေမှာစီးတဲ့မြစ်တွေကိုသတိရပါ။ “လမ်းကျောင်းကျဥ်းကျဥ်းအကွေ့ အကောက်တွေတစ်လျောက်စီးတဲ့မြစ်ချောင်းတွေက အသံတွေဆူညံပါတယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာစီးတဲ့ မြစ်တွေကတော့ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ်။ မပြည့်တဲ့အိုးဘောင်ဘင်ခပ်တဲ့ သဘောဖြစ်ပါတယ်။ မပြည့် တဲ့အတွက်အသံတွေထွက်လာတာဖြစ်ပါတယ်။ ပြည့်ဝနေရင်တည်ငြိမ်နေပါတယ်။”

မထောင်လွှားဘဲမိမိကိုယ်မိမိနှိမ်ချခြင်းရှိတဲ့အခါ ယုံကြည်မှုရှိစေပြီး သင်ယူလေ့လာရာမှာ အထောက်အကူဖြစ် စေပါတယ်။ အဲဒီအခြေအနေနှစ်ရပ်လုံးဟာ ခေါင်းဆောင်မှုနှင့် တစ်ဦးချင်းဖွံဖြိုးတိုးတက်ရေးတို့အတွက် အဓိ ကကျတဲ့အချက်တွေဖြစ်ပါတယ်။

ပြုပြင်တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ နယ်ဆင်မင်ဒဲလား ကအောက်ပါအတိုင်းပြောခဲ့ဘူးပါတယ်။ “ပထမအ ရေး ကြီးတာကတော့ မိမိကိုယ်တိုင်ရိုးသားဖြောင့်မတ်မှန်ကန်ဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင်မပြောင်းလဲဘူး ဆို ရင် လူမှုအအဖွဲ့အစည်းအပေါ်မှာ သင့်အနေဖြင့် ဘယ်လိုမှလွှမ်းမိုးသက်ရောက်စေနိုင်မှာမဟုတ်ပါဘူး။ ကြီး မြတ်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်သူများဟာ ကိုယ်ကျင့်သိက္ခာကြီးမြတ်သူများ၊ရိုးသားဖြောင့်မတ်ကြသူများ၊ မိမိကိုယ်မိမိနှိမ်ချနေထိုင်ကြသူများဖြစ်ကြပါတယ်။”လို့ပြောခဲ့ပါတယ်။

၅။ မိမိအတ္တစိတ်ကိုနိုင်အောင်ထိန်းသိမ်းပါ။
“မိမိကိုယ်မိမိအောင်နိုင်ခြင်းဟာ အခြားလူတွေကိုအောင်နိုင်ခြင်းထက် ပိုကြီးမြတ်ပါတယ်” လို့မြတ်ဗုဒ္ဒက မိန့်ခဲ့ ပါတယ်။
အတ္တရဲ့အလုပ်မှာမိမိကိုမိမိအကာအကွယ်ပေးဖို့သာဖြစ်ပါတယ်။ အဲဒီသဘောကြောင့် အတ္တဆန်မှုက အစဥ်သ ဖြင့် ဘေးဒုက္ခကိုရှာနေသလိုဖြစ်ပါတယ်။ တွေ့နေရတဲ့အခြေအနေက ဘေးအန္တရာယ်မများရင်တောင် အတ္တဆန် မှုက တစ်ခုခုလွဲမှားဖို့ကိုမျှော်လင့်နေတတ်ပါတယ်။ အဲဒါကအတ္တရဲ့အခန်းကဏ္ဍပင်ဖြစ်ပါတယ်။

သူကခြိမ်း‌ခြောက် နေမှုကိုအစဥ်ရှာနေတတ်ပါတယ်။ ဒါမှ သူက မိမိကိုယ်မိမိကာကွယ်နိုင်ရန်ဖြစ်ပါတယ်။ အဲဒီ ခြိမ်းခြောက်မှုဆိုတာ အမှန်တကယ်ရှိနေတဲ့ခြိမ်းခြောက်မှုဖြစ်နိုင်သလို စိတ်ကူးမှာဖြစ်နေတဲ့ခြိမ်း‌ခြောက်မှုလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအပျက်သဘောဆောင်တဲ့အမြင်ရှိတဲ့အတွက်အတ္တရဲ့ပင်ကိုယ်သဘောမှာ ကြောက်လန့်စ ရာ ကောင်း လှပါတယ်။

အတ္တက မိမိကိုယ်မိမိ ရှုမြင်ထားတဲ့ပုံရိပ်ကိုအကာအကွယ်ပေးချင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် အတ္တက အစစ်အမှန်ထက် ပို ပြီးချဲ့ကားမြင်ပြီးလုပ်ဆောင်တတ်တဲ့အတွက် ပြဿနာများပိုတက်စေပါတယ်။ အတ္တရဲ့ အသံမှာ မိမိတို့ရဲနေရာကိုအခြားတစ်ယောက်ယောက်ကယူတော့မယ်လို့ ထင်နေစေတတ်ပါတယ်။ ပြီးတော့ မိမိမှာဖြစ်တတ်တဲ့ရှက်စရာကောင်းတဲ့အတွေးတွေကလည်းအတ္တကြောင့် ပင်ဖြစ်ပါတယ်။ စိတ်ထဲမှာမသက်မ သာ ဆင်းရဲပြီးတင်းကြပ်မှုတွေဖြစ်ရတာကလည်းအတ္တကြောင့်ပင်ဖြစ်ပါတယ်။ အတ္တဆန်တဲ့စိတ်လှုပ်ရှားခံစား မှုကြောင့် မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို ထိခိုက်လာစေပါတယ်။

၆။ အမုန်းစိတ်၊ မကျေမချမ်းဖြစ်နေမှု၊ နှင့်ကြောက်တဲ့စိတ်တွေကို ဖယ်ရှားပါ။
“စိတ်ဆိုတာ အိမ်တစ်လုံးနဲ့တူတယ်လိုမြင်ကြည့်ပါ။ သင်အိမ်ကိုမီးလောင်နေရင်မီးကို အရင်သေအောင်သပ်ဖို့ လိုအပ်ပါတယ်။ ဘယ်သူက ငါအိမ်ကိုမီးရှို့တာလဲဆိုပြီး မီးရှို့သူကိုအရင်လိုက်ရှာနေဖို့မဟုတ်ပါဘူး။”

အမုန်းစိတ်၊ မကျေမချမ်းဖြစ်နေမှု၊ နှင့်ကြောက်တဲ့စိတ်တွေကို အရင်ဆုံးသတိဖြင့်ထိန်းသိမ်းပါ။ ဘာကြောင့်လဲ ဆိုရင်အဲဒီစိတ်တွေကြောင့် လောင်နေတဲ့မီးက ပိုဆိုးလာနိုင်ပါတယ်။ စိတ်လှုပ်ရှားခံစားမှုဆိုတဲ့တောက် လောင် နေတဲ့မီးကို ထိန်းသိမ်းနိုင်အောင် စိတ်တည်ငြိမ်မှုကို အထောက်အကူပြုတဲ့နေရာတစ်ခုကိုရှာပါ။ အဲဒီမှာ စိတ်ကို တည်ငြိမ်စွာထားပြီ တောက်လောင်နေတဲ့စိတ်လှုရှားမှုများကို ငြိမ်းအေးအောင် ထိန်းသိမ်းပါ။

၇။ လက်ရှိမျက်မှောက်အချိန်မှာသာစိတ်ကိုထားပါ။
“အတိတ်ဆိုတာလုံးဝမရှိတော့ပါဘူး။ အနာဂါတ်ဆိုတာကလည်းမရောက်သေးတာဖြစ် ပါတယ်။ သင်တို့အတွက် ရှင်သန်နေထိုင်ရန်မျက်မှောက်အချိန် တစ်ခုသာရှိပါတယ်။” လို့မြတ်ဗုဒ္ဓကလမ်း ညွှန်မှာကြားခဲ့ပါတယ်။ လူသား တွေဟာအမှန်တကယ်သက်ရှင်လှုပ်ရှားနေရတာတွေနှင့် ဆက်သွယ်မှုမရှိဘဲ ခေါင်းထဲမှာစိတ်ကူးယဥ်နေတဲ့ အ တိုင်း နေမယ်ဆိုရင် ဘဝအနှစ်သာရနှင့်လွဲချော်နေကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အတိတ်ကိုထားခဲ့ပြီး မရောက်သေးတဲ့အနာဂါတ်ကို စောင့်မျှော်နေခြင်းမလုပ်တာဆိုတာ ဘဝကိုသတိ ရှိရှိနေထိုင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ သင်အသက်ရှုရှိုက်နေရတဲ့အချိန်တိုင်းဟာသင့်အတွက် လက်ဆောင် ဖြစ်တာကို နားလည်စေပါတယ်။ အတိတ်နဲ့အနာဂါတ်တို့ဆိုတာ ခေါင်းထဲစိတ်ထဲမှာ ရှိတာတွေသာဖြစ် ကြပါ တယ်။ လူသားတိုင်းဟာ လက်တွေ့ကျကျမျက်မှောက်အချိန်မှာရှင်သန်နေထိုင်နေကြတာဖြစ်ပါတယ်။

လက်ရှိ မျက်မှောက်အချိန်မှာပြည့်ဝစွာနေနိုင်ဖို့အတွက် ကျွန်ုပ်တို့ဟာအစဥ်စဥ်းစားပြီး နေတဲ့အကျိုးမရှိတဲ့ စိတ် ကူးယာဥ်မှုထဲမှာသာနစ်မြောနေတဲ့စဥ်းစားနေထိုင်ပုံကိုစွန့်လွှတ်ရန်လိုအပ်ပါတယ်။လွန်သွားပြီဖြစ်တဲ့အတိတ်မှာဖြစ်စေ၊ မရောက်သေးတဲ့အနာဂါတ်မှာဖြစ်စေ အာရုံးထားနေတဲ့စိတ်ကူးတွေကို စွန့်လွှတ်ရန်လိုအပ်ပါတယ်။ အဲဒီလိုလက်ရှိမျက်မှောက်အချိန်မှာ သတိဖြင့်နေနိုင်မယ်ဆိုရင် အမှန်တရားကရှင်းလင်းလာမှာဖြစ်ပါတယ်။ သင်တို့လိုတာတွေမှန်သမျှဟာ လက်ရှိမျက်မှောက်အချိန်မှာရှိနေတာဖြစ်ပါတယ်။

၈။ သင်ကိုယ်တိုင်က သင့်ကံကြမ္မာကိုရေးပြီးပုံဖော်နေသူသာဖြစ်ပါတယ်။
“ဖြူစင်သန့်ရှင်းမှု သို့မဟုတ် မဖြူစင်မသန့်ရှင်းမှုတို့ဟာသင့်အပေါ်မှာသာတည်နေပါတယ်။ ဘယ်သူကမှသင့် ကို ဖြူစင်အောင်လုပ်မပေးနိုင်ပါဘူး” လို့ မြတ်ဗုဒ္ဓက မိန့်မှာလမ်းညွှန်ခဲ့ပါတယ်။

သင့်ကံကြမ္မာကိုသင့် လက်ဖြင့်ရေးပါ။ ရေးထားတာကိုမနှစ်သက်ရင် ဖျက်ပြီးအသစ်ပြန်ရေးပါ။ အဲဒီအချက်ဟာ ဘဝရဲ့အားကောင်းလှတဲ့လျို့ဝျက်ချက်ပင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့မှာအဲဒီလိုလုပ်နိုင်စွမ်းရှိကြပါတယ်။ မိမိဘဝကံ ကြမ္မာကို စိတ်ကြိုက်ရေးနိုင်၊ ပြန်ပြင်ဆင်ရေးနိုင်စွမ်းရှိကြပါတယ်။ သင်တို့အနေဖြင့် ဘဝမှာ သင်အမှန်တကယ် ဘာတွေလုပ်ချင်တယ်ဆိုတာ ကို သိဖို့သာဖြစ်ပါတယ်။

အဲဒီအတွက်ပထမဆုံးလုပ်ရမှာကတော့ သင့်မှာ ယုံကြည်မှုခိုငိခိုင်မာမာ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲဒီ အချက်ကလည်း အစဥ်သဖြင့် လုပ်ဆောင်နိုင်ပါတယ်ဆိုတာ မမေ့ပါနဲ့။ ဒုတိယအချက်မှာ သင့် ယုံကြည်မှုအ တိုင်း လုပ်ဆောင်နိုင်ရန် မိမိကိုယ်မိမိယုံကြည်မှုတည်ဆောက်ရန်ဖြစ်ပါတယ်။ သင့်ကိုယ်ကျင့်ပိုင်းမှာ ဘယ်လို အားနည်းချက်ပင်ရှိနေနေ အဲဒီအားနည်းချက်ကို ဖယ်ခွါရှောင်ရှားလိုက်ပါ။ အားနည်းချက်မရှိအောင်ကြိုးစားပြီး သက်ရှင်နေထိုင်ပါ။

ဆိုလိုတာကတော့ သင့်စိတ်ထဲမှာတစ်ခုခုကိုမလုပ်သင့်ဘူးလို့ စဥ်းစားသိနေပါတယ်။ ဒါပေမဲ့အဲဒီမသင့်တာ ကို ပင် သင်လုပ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတာကို ဒွိဟဖြစ်နေမှု လို့ခေါ်ပါတယ်။ အဲဒီဒွိဟစိတ်က သင့်ကို အားနည်းသူဖြစ်လာစေပါတယ်။ မိမိအမှန်တကယ်ယုံကြည်တဲ့အတိုင်း ရှင်သန်နေထိုင်ဖို့ လိုအပ်ပါတယ်။

၉။ သင့်ကိုယ်ခန္ဒာကို အာဟာရရှိတဲ့အစာများဖြင့် အားဖြည့်ပေးပါ။
“လူသားတိုင်းဟာသူရဲ့ကျန်းမာရေး သို့မဟုတ် ရောဂါရရှိရေးအတွက် ကိုယ်တိုင်ဖန်တီးနေသူတွေသာဖြစ်ကြ ပါတယ်။”

မြတ်ဗုဒ္ဓက သူ့ဘဝတလျောက်မှာ အခြေခံကျတဲ့မူတွေကိုအလေးထားပြီးနေထိုင်ခဲ့ပါတယ်။ အဲဒီမူတွေကို ဘယ်လို လိုက်နာစောင့်ရှောက်ရန် လိုအပ်ကြောင်းကိုလည်းလမ်းပြခဲ့ပါတယ်။

“ကိုယ်နဲ့စိတ်တို့ဟာတစ်ခုတည်းညီညွတ်မျှတမှုဆိုတဲ့အခြေခံမူကတော့ ကျန်းမာတဲ့ကိုယ်ခန္ဓာဆိုတာ ကြံ့ခိုင် တဲ့စိတ်ရှိမှဖြစ်နိုင်သလို ကြံ့ခိုင်တဲ့စိတ်ဆိုတာကလည်းကျန်းမာတဲ့ကိုယ်ခန္ဓာရှိမှာသာ ဖြစ်နိုင် ကြောင်း” ပြနေ ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်နည်းကိုထူထောင်ဖို့ လေးနက်စွာယုံကြည်မှုကလည်း ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ခြင်း တို့ကဲ့သို့ပင်အရေးကြီးလှ ပါတယ်။ ကျန်းမာရေးနှင့်ညီတဲ့အစားအစာကိုရွေးချယ်စားသုံးတဲ့အပြင် အဲဒီအစားအစာကိုပင် မှန်ကန်ထိုက် သင့်တဲ့အတိုင်းအတာစားသုံးမှုကလည်း မြတ်ဗုဒ္ဓရဲ့ ကျန်းမာသောနေထိုင်နည်းအတွက် လမ်းညွှန်ချက်ပင်ဖြစ် ပါတယ်။
အခြားသောဘာသာတရားများကဲ့သို့ပင်ဗုဒ္ဓဘာသာတွင်လည်းအစာအသောက်နဲ့ပတ်သက်ရင်ကန့်သတ်တားမြစ်ချက်များရှိပါတယ်။ ဥပမာအားဖြင့်အသီးအနှံများများစားသုံးခြင်း၊မူယစ်စေတဲ့အရက်သေစာကို မသောက်သုံး ခြင်းနှင့် အစာမစားဘဲနေထိုင်ခြင်း (ဥပုဒ်စောင့်ခြင်း) တို့ကို လိုက်နာကျင့်သုံးပါတယ်။

ဥပမာအားဖြင့် အသားတွေကိုသာစားတဲ့ခြင်္သေ့တစ်ကောင်ဟာဆက်တိုက် (၃)နာရီကြာအောင်တိုက်ခိုက်နိုင်ပြီး ပင်ပန်းနွမ်းနယ်သွားပါတယ်။ ဒါပေမဲ့ မြက်ကိုသာစားတဲ့ဆင်တစ်ကောင်က နာရီ (၂၀)ကြာအောင် ဆက်တိုက် တိုက် ခိုက်နိုင်ပါတယ်။ ဒါကြောင့် သီးရွက်စိမ်းအစားအစာတွေက အသားထက် ပိုအင်အားဖြစ်စေပါတယ်။

နောက်လိုက်နာတဲ့အလေ့အကျင့်တစ်ခုမှာလည်း အစာစားသောက်တဲ့အခါသတိဖြင့် စားသောက်ကြပါတယ်။ ဆိုလိုတာကတော့ စားတဲ့အစားအစာအပေါ်မှာ သတိကပ်လျက်စားတဲ့အတွက် စားတဲ့အစဟာဆေးသဘော အကျိုးသက်ရောက်မှုဖြစ်လာစေပါတယ်။ ခောတ်မှီအာဟာရသိပ္ပံအလိုအရ စားသောက်နေတဲ့အစား အ သောက်အပေါ်မှာ အာရုံမရောက်အနှောက်အယှက်ဖြစ်နေရင် အစာချေဖျက်မှုစနစ်အပေါ်မှာ ဆန့်ကျင့် ဘက် အကျိုးသက်ရောက်စေကြောင်း သိထားပါတယ်။

၁၀။ အစစ်အမှန်တရားကို မခုခံပါနဲ့။
“လောကတစ်ခုလုံးဟာ သေဆုံခြင်းနှင့် ပျက်စီးယိုယွင်းခြင်းတွေဖြစ်နေပါတယ်။ အဲဒီလိုဖြစ်ပျက်နေပေမဲ့ ချင့်ချိန်စဥ်းစားဥာဏ်ရှိသူများက အဲဒီအတွက် ပူဆွေးသောကမရောက်ကြပါဘူး။ လောကသဘာဝကို နား လည်သဘောပေါက်ထားတဲ့အတွက်ဖြစ်ပါတယ်။”

ဗုဒ္ဓလမ်းပြချက်အရ လူသားတွေရဲ့ကြီးမားလှတဲ့ပြဿနာမှာ မကောင်းမှု လုပ်ခြင်းမဟုတ်ပါ။ မသိမှုပင်ဖြစ်ပါ တယ်။ အစစ်အမှန်တရားကို လွှဲမှားစွာနားလည်နေမှုပင်ဖြစ်ပါတယ်။

အရာရာဟာ ထင်နေရသလိုရပ်တည်နေကြပါသလား။ အရာရာဟာဟာသီးခြားစီရပ်တည်နေကြပါသလား။ သူတို့ကို လူတွေက “ငါ” “ငါ့ဟာ” လို့သတ်မှတ်မြင်နေကြပါတယ်။ “ငါ” “ငါဟာ” လို့ ထင်မြင်နေမှုက အမှန် တကယ်ရှိပါသလား။ ဒီကမ္ဘာလောကကြီးမှာ တောတောင်မြစ်ချောင်းမြို့တွေဆိုတာ အစိုင်အခဲ တွေရှိနေပြီး အမှန်အားထားနိုင်ပါသလား။ အတိတ်၊ မျက်မှောက်ကာလနှင့်အနာဂါတ်တို့မှာ မတူတဲ့အချိန် သတ်မှတ်ချက်များ လို့ ထင်မြင်ယူဆနေကြပါတယ်။ အဲဒီလိုထင်မြင်နေမှုကတော့ လူအများစုအတွက် အချိန်အများစုမှာအဲဒီ အတိုင်းသိမြင်နေကြပါတယ်။ ဒါပေမဲ့အဲဒါတွေက ထင်နေသလိုသာတကဲ့အစစ်အမှန်တွေဖြစ်နေကြမယ်ဆိုရင် အဲဒီအစစ်အမှန်တွေကို မက်မောတွယ်တာနေမှုကြောင့် ဖြစ်ရတဲ့နာကျင်မှုဒုက္ခအပေါင်းမှ လွတ်မြောက်ရန်ဆို တဲ့ဗုဒ္ဓလမ်းညွှန်ပြသခဲ့တာမှာ ဖြစ်လာစရာမရှိနိုင်တော့ပါ။

မိတ်ဆွေများမြတ်ဗုဒ္ဓရြ့လမ်းညွှန်ချက်များနှင့်အညီကျင့်ကြံနေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...