Monday, February 24, 2025

စာဖတ်ခြင်း၏ အကျိုးကျေးဇူး ( ၈ - ချက် ) Food for Thought 777

 No photo description available.

ဒီနေ့ စာဖတ်ခြင်းက လူတွေအတွက် အကျိုးကြီမားပုံကို Food for Thought 777 အဖြစ် မျှဝေလိုက် ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


စာဖတ်ခြင်း၏ အကျိုးကျေးဇူး ( ၈ - ချက် )

စာဆိုတာ အတွေ့အကြုံအသိအမြင်ဗဟုသုတမျိုးစုံ၊ အကြောင်းအရာမျိုးစုံ၊ နေရာဒေသမျိုးစုံ အကြောင်း တွေကို ထင်ဟပ်ရေးထားတာဖြစ်လို့ အဲဒီအတွအကြုံမျိုးစံကို လေ့လာဖို့ အလွန်ကောင်းတဲ့ခွင့် အလမ်း ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ ဘ၀မှာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ထို့ကြောင့်ပင် “အလိမ္မာ စာမှာရှိ” ၊ “ စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ ဆိုကြပါတယ်။ ကဲ . . . ဒါဆိုရင် စာဖတ်ခြင်းဟာ ဘာကြောင့်အရေးကြီး သလဲ မေးလာရင် အချက်ကျကျ ဖြေတက်သူနည်းပါတယ်။ လူတိုင်း လူတိုင်း စာပေကို ဘာကြောင့်ဖတ်သင့်သလဲဆိုတဲ့ဲ့အချက် (၈) ချက်ကိုတင်ပြပါမယ်။

(၁) ဗဟုသုတကြွယ်ဝခြင်း ( ကိစ္စတိုင်းကို အရင်သိခြင်း)

စာဖတ်အားကောင်းသူတွေဟာ သူများထက် မသိတာမရှိဖြစ်ပြီး ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်း နိုင်စွမ်းရည် ပိုကောင်းပါတယ်။ ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင် ဘယ် အလုပ်ကို ဝါသ နာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ပါတယ်။ ထို့အပြင် ပဋ္ဋိပက္ခ့ဖြေရှင်းနိုင်စွမ်း ဆိုတာ စာဖတ်ပြီး အကြား အမြင်များမှသာလျင် ဖြစ်နိုင်ပါတယ်။

(၂) ဘ၀တိုးတက်ခြင်း

စာဖတ်မှသာလျင် မိမိဘ၀တိုးတက်နိုင်ပါတယ်။ စာဖတ်ခြင်းအားဖြင့် လောကကြီးအကြောင်းကို ပိုသိပြီး ယနေ့ခေတ်လူတွေ ဘယ်လိုစိတ်ထားမျိုးထားတယ်၊ ဘယ်လိုအကြောင်းအရာမျိုးကို စိတ်၀င်စားတယ်ဆို တာတောင် သိရှိုနိုင်ပါတယ်။ စာအုပ်စာပေဆိုတာ ဘ၀အတွက် တည်ငြိမ် အေးချမ်းသော သူငယ်ချင်း၊အယုံ ကြည်ရဆုံး အကြံပေးအရာရှိ၊ သဘောထားကြီးတဲ့ ဆရာ တစ်ဆူပဲ ဖြစ်ပါတယ်။

(၃) နားလည်နိုင်စွမ်းရည် တိုးတက်ခြင်း

သင် စာအုပ်များများ ဖတ်တဲ့အခါ နားလည်မှုစွမ်းရည် မြင့်တက်ပြီး လောကကြီးရဲ့ အကြောင်း ပိုနားလည် လာ ပါတယ်။ ဥပမာ သင်က မိကျောင်းရဲ့ အကြောင်းကို စာအုပ်ထဲမှာ လေ့လာတယ် ဆိုပါတော့။ သင်ဟာ မိကျောင်းရဲ့ ကျတ်စားနေရာ၊ ဘယ်လိုအကြောင်းအရာကြောင့် မိကျောင်း အကိုက်ခံရတယ်ဆိုတာ သိရှိပြီး သတိထားနိုင်ပါတယ်။ တကယ်လို့ သင့်ကို မိကျောင်းဖမ်း ခိုင်း ရင်တောင် သင်ဟာ မိကျောင်းရဲ့ သဘောသ ဘာ၀ကို သိနေရင် မခက်ခဲတော့ပါဘူး။ တကယ်ဆို စာဖတ်တယ်ဆိုတာ လူလောကသဘော၊သဘာ၀ကို ပိုပြီးသိရှိစေချင်တာပါပဲ။ ဂိမ်းတစ်ခုကစားတဲ့ အခါ ဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းကို သိနေရင် လွယ်ကူသလို ပေါ့၊ သင်ဟာ လူတွေရဲ့ သဘောကို သိ နေရင် အောင်မြင်ဖို့ မခက်ခဲတော့ပါဘူး။

(၄) ပွဲမ၀င်ခင် ပြင်ဆင်ခြင်း

တကယ်ဆို သင်အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဘယ်အရာတွေက လိုအပ်ချက်ရှိမလဲ၊ ဘယ်အရာ တွေ က အားနည်းချက်ရှိသလဲဆိုတာ သိသင့်ပါတယ်။ ဒါတွေကလည်း စာဖတ်မှပဲ သိမှာပါ။ သင် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အသုံး၀င်ပါ လိမ့်မယ်။ ဟင်းဘယ်လိုချက်ရမယ်၊ စစ်တုရင် ဘယ်လို ထိုးရမယ်၊ စားသောက်ဆိုင်မှာ ဟင်း ဘယ်လိုမှာရမယ်ဆိုတာက အစ သင့်အတွက် အသုံး၀င်စေ ပါတယ်။ ကိစ္စတိုင်းကို မပြုလုပ်ခင် အရင် သုံးသပ်ပြီး လုပ်ဆောင်ရင် အောင်မြင်ဖို့ နီးစပ်မယ် ဆိုတာ စာဖတ်ခြင်းကပဲ သင့်ကို သင်ပေးနိုင်တာပါ။

(၅) အခြားသူများထံမှ အတွေ့အကြုံရရှိခြင်း

သင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ပြီး သူတို့ရဲ့ ဘ၀အတွေ့အကြုံ၊ ဖြတ် သန်းမှုတွေကို သင်ယူရရှိနိုင်ပါတယ်။ သင်ဟာ လိုချင်တဲ့ပန်းတိုင်ကို သွားတဲ့နေရာမှာ မှားဖူး တဲ့အမှားကို နောက်တစ်ကြိမ် ထပ်မမှားနိုင်တာကြောင့် ဘ၀မှာလွယ်လွယ်ကူကူနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ သင်ဟာ အောင်မြင်သူ တွေရဲ့ အကြံဥာဏ်၊ ကျရှုံးသူတွေရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ထားတဲ့သူဟာ စာအုပ်ကိုင်ပြီး ရတနာသိုက်ရှာရသလိုပါပဲ။ ဘ၀ဆိုတာ ခေါက်ရိုးကျိုး အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေဖို့ အချိန်မရှိပါ ဘူး။ တိုတောင်းလွန်းပါတယ်။ ယနေ့ခေတ်မှာ ဘီလီယံနာပေါင်း ၄၀၀၀ကျော်၊ မီလီယံနာပေါင်း ၁၂သန်း ကျော် ရှိပါတယ်။ သင် လည်း သူတို့လိုဖြစ်ဖို့ သူတို့အရင်က ဘယ်လိုဖြတ်သန်းခဲ့လို့ ယနေ့မှာ ဘယ်လိုဖြစ်နေ တယ်ဆိုတာ သင်ခန်းစာယူပြီး ကြိုးစားလို့ရတယ်ဆိုတာ စာအုပ်ဖတ်ထားမှပဲ ဖြစ်နိုင်ပါတယ်။

(၆) ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း

သင်ဟာ စာဖတ်ထားရင် စာမဖတ်တဲ့သူနဲ့ နှိုင်းယှဉ်ရင် လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ သင် ဟာ ပိုပြီး သာနေမှာဆိုတာ သေချာပါတယ်။ ယနေ့ခေတ် ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိပြီး လူမှုဆက်ဆံရေး အဆင်ပြေကာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါပြီ။

(၇) အာရုံစူးစိုက်ခြင်း

သင်ဟာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးဖတ်နေမယ်ဆိုရင် စာရေး ဆရာဘာကို ဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်ပြီး ပိုမိုထိရောက်စေပါတယ်။ ထို့အပြင် အာရုံ စူးစိုက်မှု အားကောင်းစေပြီး စာဖတ်ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ် ချက်မမှားကြပါဘူး။

(၈) စိတ်ကူးယဉ်၊ဖန်တီးမှု ပိုကောင်းခြင်း

စာဖတ်အား ကောင်းသူတွေဟာ သူများနှင့်မတူ အတွေးအခေါ် ပိုကောင်းလေ့ရှိပါတယ်။ လူ အများမမြင်နိုင် တဲ့ ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး မထင်မှတ်တဲ့လုပ်ရပ်တွေကို လုပ် ပြလေ့ရှိပါတယ်။ “ မဖြစ်နိုင်ဖူး ဆိုတာ လောကမှာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ်” လို့ ခံယူ ထားကြလို့ပါ.။ စာအုပ်တွေဆိုတာ ရှုပ်ထွေးလှ တဲ့ ပင့်ကူအိမ်ကြီးနဲ့ တူပါတယ်။ ဘယ်လိုတစ်ခုကို တစ်ခု ချိတ်ဆက်နေတယ်ဆိုတာ သင်သိလာလေလေ သင် ဟာ အတွေးအခေါ်အသစ်တွေ ကွန့် မြူးလာလေလေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ် !!

မိတ်ဆွေများကိုယ်တိုင်စာများများဖတ်နိုင်ပြီး၊ မောင်နှမများ၊ သားသမီးများ၊ ညီငယ်ညီမငယ်များကိုစာဖတ် တဲ့ အလေ့အကျင့် ရလာအောင် လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်

 

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
 

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...