ဒီနေ့
” ကလေးတွေကိုစာဖတ်ပြခြင်းမှရနိုင်တဲ့အကျိုးကျေးဇူးများ” ကို Food for
Thought 778 အဖြစ်မျှဝေ လိုက်ပါတယ်။ မနေ့ကတော့
စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို မျှဝေခဲ့ပါတယ်။ ဒီနေ့အတွက်တော့
ကလေးတွေကို စာဖတ်တဲ့အလေ့အကျင့်ဖြစ်လာအောင် စာဖတ်ပြခြင်းက
အကျိုးကျေးဇူးများစွာဖြစ်စေ ကြောင်းကိုမျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Benefits of reading to children
ကလေးတွေကိုစာဖတ်ပြခြင်းမှရနိုင်တဲ့အကျိုးကျေးဇူးများ
ကလေးတွေကို
ငယ်စဥ်ကတည်းက စာဖတ်ပြတဲ့အလေ့အကျင့်ကိုပြုလုပ်ပေးရင်
အောက်ပါအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။ စာမဖတ်ပြဘူးဆိုရင်တော့
အဲဒီအကျိုးကျေးဇူးတွေမရအောင် ပိတ်ပင်တားဆီးထားသလိုဖြစ် စေမှာဖြစ်ပါတယ်။
Cognitive development -သိမှုစွမ်းရဉ်တိုးတက်လာစေပါတယ်။
Empathy -အခြားလူတွေဘယ်လိုခံစားနေရကြောင်းပိုသိနားလည်လာစေပါတယ်။
Imagination and creativity-စိတ်ကူးစိတ်သန်းနှင့်ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်း ကောင်းလာ စေပါ တယ်။
Concentration -အာရုံစူးစိုက်လုပ်ဆောင်နိုင်စွမ်းကောင်းလာစေပါတယ်။
Vocabulary -စကားလုံးဝေါဟာရများပိုသိနားလည်လာပါတယ်။
Bonding မိဘနှင့်ကလေး အပြန်အလှန်ထိတွေ့ဆက်သွယ်မှု ပိုအားကောင်းလာစေပတယ်။
Social and emotional development -ပေါင်းသင်းဆက်ဆံရေးနှင့်စိတ်လုပ်ရှားခံစားမှု အားကောင်းလာ စေပါတယ်။
Thinking skills-စဥ်းစားမှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
Deeper parental bonding- မိဘနှင့်သားသမီးကြား ပိုနက်ရှိုင်းတဲ့အပြန်အလှန်ထိတွေ့ဆက်ဆံမှု ဖြစ် လာ စေပါတယ်။
Enhancing focus-အာရုံစူးစူးစိုက်စိုက်လုပ်ဆောင်မှုတိုးတက်မြင့်မားလာစေပါတယ်။
Memory -မှတ်မိမှုစွမ်းရည်အားပိုကောင်းလာပါတယ်။
Reading can improve communication skills -အပြန်အလှန်ပြောဆိုဆက်သွယ်မှုဆိုင်ရာကျွမ်းကျင်မှု များ တိုးတက်လာစေပါတယ်။
Stress management -ဖိစီးမှုများကို ကိုင်တွယ်နိုင်စွမ်းတိုးတက်လာစေပါတယ်။
Writing skills -စာရေးခြင်းဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
Increase the vocabulary skills -စကားလုံးဝေါဟာရများသုံးနိုင်မှုစွမ်းရည်တိုးတက်လာစေပါတယ်။
Independent reading -ကိုယ့်အားကိုယ်ကိုးစာဖတ်နိုင်စွမ်းတိုးတက်လာစေပါတယ်။
Academic success -ပညာသင်ကြားရေးမှာ အောင်မြင်မှုများရရှိလာစေနိုင်ပါတယ်။
Basic speech skills -အခြေခံစကားပြောဆိုမှုဆိုင်ရာကျွမ်းကျင်မှုများရရှိလာစေပါတယ်။
Books can teach social skills -ပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာ စေပါ တယ်။
Imagination- စိတ်ကူးစိတ်သန်းတိုးတက်ကောင်းမွန်လာစေပါတယ်။
It sparks their imagination-ရှိထားပြီးစိတ်ကူးစိတ်သန်းများ ပိုမိုအားကောင်း တောက်ပြောင်လာစေ ပါတယ်။
Language and literacy skills- ဘာသာစကားနှင့် စာပေဆိုငရာကျွမ်းကျင်မှုများတိုးတက်လာစေ ပါတယ်။
Language development -ဘာသာစကားဖွံ့ဖြိုးတိုးတက်လာစေပါတယ်။
Listening skills -နားထောင်မှုဆိင်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
မိတ်ဆွေများသားသမီးများကို
ငယ်စဥ်ကတည်းက စာဖတ်ပြတဲ့အလေ့အကျင့် ကိုလေ့ကျင့်ပျိုးထောင်ပေး
နိုင်ခြင်းဖြင့် သားသမီးများဖွံ့ဖြိုးတိုးတက်မှုကို
ကူညီဆောင်ရွက်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment