
ဒီနေ့မှာ လူတိုင်းအတွက် အရေးကြီးတဲ့အားပေးစကား (၅) ခုကို Food for Thought 779 အဖြစ် မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အားပေးစကား (၅)ခွန်း
တစ်ကိုယ်တည်းဘဝကိုကြိုးစားရုန်းကန်နေရသူများအတွက်အားပေးစကား(၅)ခွန်း
လူတိုင်းဟာ
ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ အားကိုးစရာလူ
ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ
အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။
(၁)စိတ်မလျှော့လိုက်ပါနဲ့
တစ်ခါတလေ
ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့်
အဲလို အချိန် တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ
ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင် လိုက်တာနဲ့
အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့
လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင် မှုဆိုတာ ဆုံးရှုံးမှုနဲ့
လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေ ကျဖြစ်သွား
မှာစိုးလို့ပါ။
(၂)လဲရင်ပြန်ထပါ
ဘဝဆိုတာ
အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။
မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊
ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက် အပုတ်၊ အထုအထောင်းတွေကို
လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာ
သူတို့ပြန်မထခဲ့ဘူးဆိုရင်အဲလိုနေရာရောက်မှာမဟုတ်ဘူးဆိုတာသင်သိမှာပါ။
(၃)အရှုံးထဲကအမြတ်ယူပါ
ဘဝမှာ
ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။
ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။အနည်းဆုံးတော့ သင့်ကို အတွေ့
အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက
မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်းအများကြီးရှိပါသေးတယ်။ယူတတ်အောင်ယူပါ။
(၄)ဝေမျှပါ
သင့်ဘဝဟာ
ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။
ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။
နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ် နိုင်သလောက်လေး ကူညီကြည့်ပါ။
သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊ ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ
ပိုဖြစ်လာစေပြီး၊ သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ
မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင်ကောင်းကောင်း
နားလည်သွားမှာပါ။စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာတည်ငြိမ်အောင်လုပ်သင့်တဲ့
အရာဖြစ်ပါတယ်။
(၅)စာဖတ်ပါ
ဘဝကို
တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို
အကောင်းဆုံး ပဲ့ကိုင်ပေးနိုင် တာကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့်
သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာ တွေ၊ လမ်းမှန်ကို
ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင်
ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။
မိတ်ဆွေများအချင်းချင်းအားတက်အောင်အားပေးကူညီနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
အားပေးစကား (၅)ခွန်း Food for Thought 779
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment