
ဒီနေ့”
ကလေးတွေအပေါ် စိတ်လှုပ်ရှားခံစားမှု မကောင်းအောင် မိဘနှင့်
ကလေးစောင့်ရှောက်သူများက ဘာတွေလွဲမှားစွာပြုကျင့်လုပ်ဆောင် နေတတ်ကြပါသလဲ။”
ဆိုတာကို Food for Thought 781 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒါတွေဆွေးနွေးတင်ပြခြင်းမှာ အခုလို လုပ်ဆောင်မှုများကြောင့် ကလေးတွေအပေါ်
ဆိုးကျိုးများသက်ရောက်သဖြင့် ထိုအပြုအမူများကို ရှောင်ရှားကြစေရန်
တင်ပြခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးတွေအပေါ် စိတ်လှုပ်ရှားခံစားမှု မကောင်းအောင် မိဘနှင့် ကလေးစောင့်ရှောက်သူများကဘာတွေ လွဲမှားစွာပြုကျင့်လုပ် ဆောင် နေတတ်ကြပါသလဲ။
စိတ်လှုပ်ရှားခံစားမှုမကောင်းအောင်
လုပ်ဆောင်နေမှုက ရုပ်ပိုင်းနှိပ်စက်သလို မမြင်သာပါ။ အသံတိတ်နှိပ်စက်မှု
တစ်မျိုးဖြစ်ပြီးကလေးအတွင်းစိတ်နှလုံးသားမှာ
နက်ရှိုင်းစွာစူးဝင်နာကျင်စေမှုကိုဖြစ်စေတတ်ပါတယ်။အိမ်တွင်း
အကြမ်းဖက်မှုတစ်မျိုးပင်ဖြစ်ပါတယ်။ သူက ရုပ်ပိုင်းနှိပ်စက်တာနှင့်မတူပါ။
သူ့ကြောင့် စိတ်မှာဖြစ်လာတဲ့အမာ ရွတ်မှာ
ရုပ်မှာဖြစ်တဲ့အမာရွတ်လိုမမြင်သာပါ။ သူကအနိပ်စက်ခံရတဲ့ကလေးမှာ
စိတ်ကျန်းမာရေးကို ထိခိုက်စေပြီးရေ
ရှည်းဆိုးကျိုးသက်ရောက်မှုများကိုဖြစ်စေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေတဲ့လုပ်ရပ်တွေမှာ
လူတစ်ဦးခြင်းမှာသာမက မိသားစုတစ်ခုအတွင်း မှာ လည်းရှိနေကြပါတယ်။
အဲဒီလိုစိတ်လှုပ်ရှားခံစားမှုဆိုင်ရာလွဲမှားစွာပြုကျင့်မှုများမှာ
လင်မယားအချင်းချင်း အ ပြန်အလှန်ဆက်ဆံရေး၊
မိသားစုအတွင်းအပြန်အလှန်ဆက်ဆံရေးနှင့် မိတ်ဆွေသူငယ်ချင်းများအကြားတွင် ဖြစ်
နိုင်ပါတယ်။ အခုတင်ပြမဲ့အချက်တွေကိုသိပါက လွဲမှားစွာပြုကျင့်ခံရသူအနေဖြင့်
လိုအပ်တဲ့အကူအညီရယူနိုင် စေပါတယ်။
မိမိကိုယ်မိမိလိုအပ်သလိုကာကွယ်နိုင်စေပါတယ်။
မိဘနှင့်သားသမီးကြားတွင်ဖြစ်လာပါက မိဘ များ အနေဖြင့် မိမိတို့
ပြုမိနေတဲ့လွဲမှားစွာပြုကျင့်နေမိမှုများကို သိနားလည်ပြီး လိုအပ်သလို
ပြုပြင်ယူနိုင်မှာ ဖြစ် ပါတယ်။
စိတ်လှုပ်ရှာခံစားမှုကိုလွဲမှားစွာပြုကျင့်နေတဲ့အချက်ပြသင်္ကေတများ
စိတ်လှုပ်ရှာခံစားမှုကိုလွဲမှားစွာပြုကျင့်နေတဲ့အချက်ပြသင်္ကေတများတွင်အောက်ပါအပြုအမူများပါဝင်ပါတယ်။
အဲဒီအပြုအမူတွေက ထိန်းချုပ်ခြင်း၊ သို့မဟုတ် ထိပ်လန့်ကြောက်အောင်
ပြုလုပ်ခြင်းတို့ဖြစ်ပြီးအဲဒီအပြုအမူ တွေ
ကြောင့်လေးနက်တဲ့စိတ်ပိုင်းဆိုင်ရာ
အနှုတ်သဘောဆောင်တဲ့သက်ရောက်မှုများကိုဖြစ်စေတတ်ပါတယ်။ အဲဒီလို
စိတ်ပိုင်းဆိုင်ရာ အနှုတ်လက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုများကို
ဖြစ်စေတဲ့ဖြစ်စဥ်ကိုချိုးဖြတ် ချနိုင်ရန်အရင်ဆုံး လွဲမှားစွာ
ပြုကျင့်တဲ့အပြုအမူတွေဆိုတာ ဘာတွေလဲဆိုတာကိုသိရန်လိုအပ်ပါတယ်။
၁။ မခေါ်မပြောဘဲကျဥ်ဖယ်ထားခြင်း
မသင့်တဲ့အပြုအမူတွေကို
ပြုလုပ်တတ်သူတွေဟာမခေါ်မပြောဘဲကျဥ်ဖယ်ထားတဲ့နည်းကို အသုံးပြုမှုများကြ
ပါတယ်။ အဲဒီနည်းကိုသုံးပြီး
လွဲမှားစွာပြုကျင့်ခံရသူအပေါ်အနိုင်ကျင့်ထိန်းချုပ်တတ်ကြပါတယ်။ ဖယ်ကျဥ်ခံရ
သူကို သူ့သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများ၊ ပတ်ဝန်းကျင်လောကနှင့်
အဆက်အသွယ်ပြုလုပ်မှုကိုကန့် သတ်ချုပ်ချယ်ခြင်း၊ လူမှုအပြန်အလှန်ဆက်ဆံရေးမှာ
ဘယ်လိုဆက်ဆံမှုမျိုးကိုသာလုပ်ရမယ်။ ဘယ်လိုဆက်ဆံ
မှုမျိုးဆိုရင်မလုပ်ရဘူးဆိုပြီးကန့်သတ်ချုပ်ချယ်ခြင်း၊ သို့မဟုတ်
အပြင်ပလောကနဲ့လုံးဝအဆက်အသွယ်မလုပ် ရန် ကန့်သတ်ချုပ်ခြယ်ထားခြင်း၊
ချုပ်ခြယ်ခံရသူမှာ အကူအညီ ပေးမဲ့အဆက်အသွယ်များအားနည်းအောင်
ကျဥ်ဖယ်ထားခြင်း၊ ဖယ်ကျဥ်ထားခံရမှုမှလွတ်အောင် လုပ်နိုင်
တဲ့အနေအထားမရှိအောင်ချုပ်ခြယ်ခြင်း များ တို့ပါဝင်ပါတယ်။
၂။ ဖယ်ကျဥ်ထားသူကိုနှိမ်ချခြင်း
နှိမ်ချထားခြင်းဆိုတာကတော့
ဖယ်ကျဥ်ထားသူကိုတမင်နှိမ်ချထားခြင်းပင်ဖြစ်ပါတယ်။ စကားအားဖြင့် တိုက်
ခိုက်ပြောဆိုခြင်း၊ အမည်ဆိုးခေါ်ခြင်း၊ အစဥ်သဖြင့်
ပြစ်တင်ဝေဖန်ကဲ့ရဲ့နေခြင်း၊ ဖယ်ကျဥ်ခံရသူစိတ်မှာ နိမ့်
ကျတယ်လို့ခံစားလာရအောင်အမျိုးမျိုးလုပ်ဆောင်ကြပါတယ်။ အဲဒီလို
လုပ်ဆောင်တဲ့ရည်ရွယ်ချက်မှာ ဖယ် ကျဥ်ခံရသူ့စိတ်မှာ
မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုပျက်ပြယ်အောင်ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။
“ငါက ဘာ မှတန်ဖိုးမရှိဘူး”လို့ ထင်မြင်လာအောင်ပြုလုပ်ပါတယ်။
“သူတို့ကိုယ်သူတို့ ပိုကောင်းစွာဆက်ဆံခံသင့်တဲ့လူ တွေ မဟုတ်ဘူး”လို့
မြင်လာအောင်ချိုးနှိမ်ခြင်းပင်ဖြစ်ပါတယ်။
၃။ ထိန်းချုပ်ခြင်း
စိတ်လှုပ်ရှာခံစားမှုမကောင်းအောင်
ထိန်းချုပ်တဲ့ပုံစံအမျိုးမျိုးကို ပြုလုပ်ကြပါတယ်။ အဝတ်ဝတ်ဆင်တာကအစ
ဘာကိုတော့ ဝတ်ဆင်နိုင်တယ်။ ဘာကိုတော့
မဝတ်ဆင်နိုင်ဘူးဆိုပြီးထိန်းချုပ်ပါတယ်။ အပေါင်းအသင်းဆိုရင် လည်း
ဘယ်သူနဲ့တော့ မပေါင်းရဘူး ဆိုပြီးထိန်းချုပ်ပါတယ်။
ငွေကြေးသုံးမှုမှာလည်းဘယ်လိုသာသုံးရမယ် ဆို ပြီး ထိန်းချုပ်ပါတယ်။
နှိမ်ချခံထားသူရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ လည်းထိန်းချုပ်ပါတယ်။ ဥပမာ
နှိမ်ချခံရသူရဲ့အပြင် ပန်း အသွင်အပြင်က ဘယ်လို သာဖြစ်ရမယ်။
စားတဲ့အစာအစာကလည်း ဘယ်လိုအစာမျိုးသာစားရမယ် ဆိုပြီး ထိန်း ချုပ်ပါတယ်။
ထိန်းချုပ်ခံရသူမှာ ကိုယ်ပိုင်လွတ်လပ်စွာလုပ်ဆောင်နိုင်မှု
ဘာမှမရှိအောင်ထိန်းချုပ်ပါတယ်။
၄။ ထိန်းချုပ်ခံရသူအနေဖြင့် အဖြစ်မှန်ကိုဝေခွဲမရအောင် ကြိုးကိုင်ခြယ်လှယ်ခြင်း
ဒီနည်းကတော့
ထိန်းချုပ်ခံရသူအနေဖြင့် သူ့အဖြစ်မှန်ကိုပင် ဟုတ်မဟုတ် ဝေခွဲမရအောင်၊ သံ
သယစိတ်တွေဝင် လာအောင် တမင်ပြုလုပ်ပါတယ်။ ဥပမာ
ထိန်းချုပ်ခံရသူအနေဖြင့်သူ့အဖြစ်မှန်ကိုဖြစ်စေ၊ သူ့မှတ်မိမှုနှင့် သူ့ရှု
ထောင့်အမြင်များကိုပင် သံသယဖြစ်လာအောင် တမင်ပြုလုပ်ကြပါတယ်။
ထိန်းချုပ်ခံရတဲ့လူမှာဖြစ်ခဲ့တဲ့ဖြစ် ရပ်မှာမဖြစ်ခဲ့ကြောင်း၊
တစ်ခုခုကိုဖွက်ကွယ်ထားပြီး အမှန်ရှိခဲ့တာကိုမရှိခဲ့ဘူးဆိုပြီး
တမင်ပြုလုပ်ခြင်း၊ အဲဒီလို ပြုလုပ်လိုက်တဲ့အခါ ထိန်းချုပ်ခံရသူမှာ
စိတ်ပိုင်းအားဖြင့် ဝေဝါးလာပြီး စိတ်ပိုင်းအားဖြင့် မတည် ငြိမ်သူများအ
ဖြစ်သို့ ရောက်အောင် ထိန်းချုပ်တတ်ကြပါတယ်။
အဲဒီလိုလုပ်ဆောင်ထားတဲ့အတွက်ထိန်းချုပ်ခံရသူမှာသူ ကိုယ် တိုင် ထင်မြင်ချက်၊
ဆုံးဖြတ်ချက်များကို ပြုလုပ်ရန် မိမိကိုယ်မိမိမယုံတဲ့အနေအထားမျိုး
ရောက်သွား စေပါ တယ်။
၅။ ခြိမ်းခြောက်ခြင်း
ခြိမ်းခြောက်ခြင်းကလည်းစိတ်လှုပ်ရှားခံစားမှု
ဖြစ်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။ ခြိမ်းခြောက်ခံနေရသူ အနေဖြင့်
ခြိမ်းခြောက်သူရဲ့တောင်းဆိုမှုကို မလိုက်လျောပါက
ခြိမ်းခြောက်ခံနေရသူကိုဖြစ်စေ၊ သို့မဟုတ် ခြိမ်း
ခြောက်ခံရသူချစ်ခင်တဲ့လူကိုဖြစ်စေ ဘေးဖြစ်အောင်
ပြုလုပ်မယ်ဆိုပြီးခြိမ်းခြောက်ခြင်းမျိုး ပြုလုပ်တတ်ပါ တယ်။
ခြိမ်းခြောက်ခံရသူအနေနဲ့အသက်ကိုပင် စိုးရိမ်ရကြောင်း
ပြောဆိုခြိမ်းခြောက်ပါတယ်။ ခြိမ်းခြောက်ခံ ရသူအနေဖြင့်
အဲဒီလိုခြိမ်းခြောက်ခံရတဲ့အခါ ကြောက်တဲ့စိတ်ဖြစ်လာပြီး
ခြိမ်းခြောက်သူ့အကြိုက်လိုက်လုပ် ဆောင်ပေးရန် ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။
၆။ နောက်ယောင်ခံလိုက်ကြီးကြပ်နေခြင်း
နောက်ယောင်ခံလိုက်ကြီးကြပ်နေခြင်းဆိုတာကတော့
ထိန်းချုပ်ခံရသူရဲ့ လှုပ်ရှားမှုများ၊ တယ်လီဖုန်းဆက်သယ်မှု များ၊
အီးမေးဆက်သွယ်မှုများ၊ လူထုဆက်သွယ်ရေး များကိုခွင့် ပြုချက်မရှိဘဲ
ဝင်ရောက်ထိန်းချုပ်ခြင်းများ ဖြစ် ပါတယ်။ တစ်ခါတစ်ရံဆိုရင်
ထိန်းချုပ်ခံရောက်နေတဲ့နေရာကိုပင် Global Positioning System
(GPS)သုံးပြီးလိုက် ထောက်လှမ်းနေတတ် ကြပါတယ်။
အဲဒီလိုနောက်ယောင်ခံပြီးထောက်လှန်းနေခြင်းက လူတစ်ယောက်ရဲ့ လွတ် လပ်မှုကို
ချိုးဖျက်ရာရောက်ပါတယ်။ ခြိမ်းခြောက်ခံရသူမှာ
ခြိမ်းခြောက်သူထိန်းချုပ်တဲ့အောက်ရောက် နေသလို ဖြစ်သွားပါတယ်။
၇။ ချစ်ခင်မှု၊ အကူအညီအထောက်အပံ့ရင်းမြစ်များမရအောင်ထိန်းချုပ်ခြင်း
ဒီထိန်းချုပ်မှုကတော့
ထိန်းချုပ်ခံအနေဖြင့်
စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့၊လိုအပ်တဲ့ရင်းမြစ်များမရ အောင်
လုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ လုပ်ဆောင်တဲ့လုပ်ရပ်များတွင်
ထိန်းချုပ်ခံနှင့် အဆက်အသွယ် မပြုလုပ်ခြင်း၊ ထိန်းချုပ်ခံရဲ့
လိုအပ်ချက်များကိုလစ်လျူရှုထားခြင်း၊ ချစ်ခင်မှုမပေးခြင်းကို
အပြစ်ပေးတဲ့အနေ ဖြင့် သုံးပါတယ်။ ဒီနည်းကတေ ထိန်းချုပ်ခံရဲ့
လိုအပ်ချက်များကို ထိန်းချုပ်ခြင်းဖြင့် ထိန်းချုပ်ခံမှာ အနှုတ်သ
ဘောဆောင်တဲ့စိတ်ခံစားမှုများဖြစ်လာစေရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။
အခြားသောထိန်းချုပ်တဲ့လုပ်ရပ်များ
အထက်ပါ ထိန်းချုပ်တဲ့နည်းလမ်း (၇)မျိုးနှင့်အတူအခြားသောအောက်ပါထိန်းချုပ်နည်းများကိုသုံးပြီး ထိန်းချုပ် တတ်ပါတယ်။
စကားအားဖြင့် နှိပ်စက်ခြင်း
ရိုင်းပြစွာဆော်ကားပြောဆိုပါတယ်၊၊
ထိန်းချုပ်ခံကိုနှိမ်ချတဲ့စကားအမျိုးမျိုးသုံးပြီးနှိမ်ချပါတယ်။ အဲဒီလို
အနိုင် ကျင့်သူတွေက ထိန်းချုပ်ခံရဲ့စိတ်ခံစားမှုများကို
ထည့်သွင်းမစဥ်းစားပါဘူး။ တစ်ခါတစ်ရံမှာ လူ အ များရှေ့မှာပင်
နှိမ်ချပြောဆိုခြင်းများပြုလုပ်တတ်ပါတယ်။ အဲဒီလိုနည်းအားဖြင့်
ထိန်းချုပ်ခံအပေါ် ထိန်း ချုပ်အနိုင်ကျင့်ပြီးထိန်း ချုပ်ခံရဲ့
မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုများကို သေးသိမ်အောင်ပြုလုပ်တတ်ကြပါတယ်။
ငွေကြေးသုံးစွဲမှုမှာထိန်းချုပ်ခြင်း
ထိန်းချုပ်ခံရဲ့
ငွေကြေးရှာနိုင်စွမ်း၊ သုံးနိုင်ခွင့်နှင့်
စုဆောင်းနိုင်မှုအနေအထားတို့ကိုထိန်းချုပ်ပါတယ်။ ထိန်းချုပ်ခံ အား
ကန့်သတ်ထားတဲ့ငွေကြေးကိုသာပေးပြီး အဲဒီငွေကို ဘယ်လိုသုံးနေကြောင့်
အနီးကပ်စောင့် ကြည့်နေ ပါ တယ်။ ထိန်း ချုပ်ခံများကို သူတို့အမည်ပေါက်
ဘဏ်စာရင်းဖွင့်ခွင့်များလည်းပိတ်ပင်ထားတတ်ကြပါတယ်။
မျက်စိဒေါက်ထောက်ပြီးအနီးကပ်စောင့် ကြည့်နေခြင်း
စိတ်ပိုင်းဆိုင်ရာ
လွဲမှားစွာပြုကျင့်ထိန်းချုပ်သူတွေဟာ ထိန်းချုပ်ခံဘယ်နေရာမှာ
ရောက်နေတယ်ဆိုတာကို အစဥ်သိနေအောင်ထောက်လှမ်းနေကြပါတယ်။ ထိန်းချုပ်ခံများရဲ့
လှုပ်ရှားနေမှုကိုသိနေစေရန် (GPS) Global Positioning System
စနစ်ကိုသုံးပြီးထောက်လှမ်းနေတတ်ကြပါတယ်။ ထိန်းချုပ်ခံများရဲ့တယ်လီဖုန်း
ဆက်သွယ် မှုများ၊ အီးမေးလ်များ၊ လူမှုကွန်ယက်ဆက်သွယ်မှုများကို
ထိန်းချုပ်နိုင်အောင် ထောက်လှမ်းကြ ပါတယ်။ ထိန်း ချုပ်ခံအနေဖြင့် ဘယ်လိုမှ
လွတ်လပ်မှုမရှိတော့ဘဲစိတ်မှာ အနေအထိုင်ကျဥ်းကျပ်ပြီး ကြောက် တဲ့စိတ်များဝင်
လာအောင်ထိန်းချုပ်တတ်ကြပါတယ်။
မိတ်ဆွေများ
ကလေးများအပေါ် စိတ်လှုပ်ရှားခံစားမှုကိုအပျက်သဘောထိခိုက်အောင်
လွဲမှားစွာပြုကျင့် လုပ် ဆောင်မှုများကို သတိထားပြီးရှောင်ရှားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment