
ဒီနေ့”
ပညာရှင်များရဲ့လက်ဆောင်ကောင်းလေးတွေကို ကလေးတို့အတွက် စုဆောင်းပြီး
လက်ဆောင်မွန် Food for Thought 784 အဖြစ်ဖြန့်ဝေလိုက် ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
၁။ မသိသေးတာအိုကေပါတယ်။ ကြိုးစားမကြည့်သေးတာကတော့မအိုကေ ပါ ဘူး။ (Neil deGrasse Tyson)
၂။ ဘဝဆိုတာခက်ခဲပါတယ်။ ဒါပေမဲ့လည်းသင်ကလည်းကြံ့ခိုင်အားကောင်း ပါတယ်။ (Stephanie Bennett Henry)
၃။ နေ့တိုင်းဟာ တစ်နှစ်တာမှာအကောင်းဆုံးနေ့ဖြစ်ကြောင်းသင့်နှလုံးသားမှာရေး ထားပါ။ (Ralph Waldo Emerson)
၄။
သင်ရဲ့တစ်နှစ်တာကျေးဇူးတရားဖော်ပြတဲ့စာအုပ်မှာမနက်ဖန်ဟာ ပထမစာ
မျက်နှာဖြစ်ပါတယ်။ အဲဒီစာမျက်နှာမှစပြီးကောင်းတာလေးတစ်ခုစတင်ရေး လိုက်ပါ။
(Brad Paisley)
၅။ တွေ့ကြုံရတာတွေကအရေးမကြီးပါဘူး။ အဲဒီအတွေ့အကြုံတွေကိုသင်က ဘယ်လိုတုံ့ပြန်တယ်ဆိုတာက အရေးကြီးပါတယ်။ (Epictetus)
၆။
မိမိကိုယ်မိမိသိပါ။ မိမိကိုယ်မိမိချစ်ခင်လေးစားတန်ဖိုးထားပါ။ မိမိကိုယ်
မိမိ ယုံကြည်ပါ။ မိမိအရှိအတိုင်းအကောင်းဆုံးဖြစ်အောင်နေထိုင်ပါ။ (Ariel
Paz)
၇။
ရောက်လေရာရာမှာကောင်းတာလေးတွေပြုလုပ်ပါ။အဲဒီကောင်းတာလေးတွေ
စုစည်းလိုက်တဲ့အခါ အားလုံးကသောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ လောကကို
အကျိုးပြုမှုဖြစ်လာပါလိမ့်မယ်။ (Desmond Tutu)
၈။လူတို့ဘဝမှာအရေးကြီးတာ
(၃)ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကြင်ကြင်
နာနာပြောဆိုပြုမူဆက်ဆံဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ကြင်ကြင် နာနာ
ပြောဆိုပြုမူဆက်ဆံဖို့ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ကြင်ကြင်နာနာ ပြော
ဆိုပြုမူဆက်ဆံဖို့ဖြစ်ပါတယ်။ (Henry James)
၉။ အဝေးအထက်ဘက်သို့ အစဥ်ကြည့်ရှုပါ။အဲဒီလို ကြည့်ရှုခြင်း က ဘဝတိုးတက် ရေးအတွက်လျို့ဝှက်ချက်ဖြစ်ပါတယ်။ (Charlie Brown)
၁၀။ တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ ကြီးမားလှပတဲ့မနက်ဖန်ဆိုတာရှိနေပါတယ်။ (Walt Disney)
၁၁။
လမ်းကြောင်းခေါ်သွားတဲ့အတိုင်းလိုက်မသွားပါနဲ့။ လမ်းကြောင်းမရှိပေမဲ့
လမ်းထွင်သွားပြီးလမ်းကြောင်းစထွင်ထားခဲ့ပါ။ (Ralph Waldo Emerson)
၁၂။
လုပ်ကိုင်ဆောင်ရွက်လိုမှုစိတ်တွန်းအားက သင့်ကိုစတင်လုပ်ဆောင်စေပါ တယ်။
အလေ့အကျင့်ကတော့သင်လုပ်နေတာကို ဆက်လက်လုပ်ဆောင်နေ စေပါတယ်။ (Jim Rohn)
၁၃။ သင့်အနေဖြင့်မိမိအကြောင်းကိုအမှန်မပြောဘူးဆိုရင် အခြားလူတွေ အကြောင်းကိုလည်းအမှန်ပြောနိုင်မှာမဟုတ်ပါ။ (Virginia Woolf)
၁၄။
သင့်မှာကောင်းမြတ်တဲ့အတွေးစိတ်ကူးတွေရှိမယ်ဆိုရင် အဲဒီကောင်းမြတ်တဲ့ အတွေး
တွေက သင့်မျက်နှာကနေအလင်းရောင်ဖြာထွက်သလိုလင်းလက်ပြီး အစဥ်
လှပနေပါလိမ့်မယ်။ (Roald Dahl)
၁၅။
ဆုံးဖြတ်ချက်ချတဲ့အချိန်တိုင်းမှာ သင်အကောင်းဆုံးလုပ်နိုင်တာမှာမှန်တာ
ဖြစ်ပါတယ်။ ဘာမှမလုပ်ခြင်းဟာအဆိုးဆုံးဖြစ်ပါတယ်။ (Theodore Roosevelt)
၁၆။
သင်ရတဲ့အဖိုးအခထက်နည်းနည်းပိုလုပ်ဆောင်ပါ။သင်ပေးရမှာထက်နည်း
နည်းပိုပေးပါ။သင်လုပ်ပေးချင်တာထက်နည်းနည်းပိုကြိုးစားလုပ်ဆောင်ပေးပါ။ သင်
ဖြစ်နိုင်တယ်လို့ထင်တာထက်နည်းနည်းပိုမြင့်အောင်ရည်ရွယ်ဦးတည်ပါ။ သင့် ကျန်း
မာရေးကောင်းမွန်မှု၊ သင့်မိသားစုများနှင့် သူငယ်ချင်းမိတ်ဆွေတွေ ရှိမှု
တို့အတွက် ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါ။ (အမည်မသိ)
၁၇။
ရန်သူတွေနှင့်ရင်ဆိုင်နိုင်ဖို့အတွက်
သင့်မှာရဲရင့်မှုတွေအများကြီးလိုအပ်ပါ တယ်။ သင့်မိတ်ဆွေတွေအတွက်
ရပ်တည်ပေးဖို့လည်းရဲရင်မှုတွေအလား တူ ပင်လို အပ်ပါတယ်။ (J.K. Rowling)
၁၈။
မနေ့ကဆိုတာကုန်လွန်ခဲ့တဲ့သမိုင်းဖြစ်ပါတယ်။ မနက်ဖန်ဆိုတာ မရေရာ
မသေချာပါဘူး။ ဒီနေ့ကတော့ လက်ဆောင်အစစ်အမှန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို
The Present လို့ခေါ်တာဖြစ်ပါတယ်။ (Eleanor Roosevelt)
၁၉။ မှန်တာကိုပြုလုပ်ဖို့ဆိုရင်အချိန်ကလည်းအစဥ်သဖြင့်မှန်ကန်နေပါတယ်။ (Martin Luther King, Jr.)
၂၀။ သင်ဟာထူးချွန်ထက်မျက်ဖို့မွေးဖွားလာပါလျက် ဘာကြောင့် သာမန် ရွက်ကြမ်းရေချိုလူတွေနဲ့ တန်းတူဖြစ်အောင် လုပ်နေမှာလဲ။ (Dr Seuss)
၂၁။ သင်ဟာနောက်ကြောင်းပြန်ကြည့်ပြီးတစ်ခုခုအပေါ်ရယ်မယ်ဆိုရင် အခုလည်းအဲဒါကရယ်စရာဖြစ်နေနိုင်ပါတယ်။ (Marie Osmond)
၂၂။
ဘဝမှာသာမန်လုပ်စရာတွေကို သာမန်နည်းလမ်းမဟုတ်တဲ့နည်းလမ်းဖြင့်
လုပ်မယ်ဆိုရင် သင့်ကို တလောကလုံးကအာရုံစိုက်လာပါလိမ့်မယ်။ (George
Washington Carver)
၂၃။
သင့်အနေဖြင့်ကြုံလာတဲ့အခြေအနေတွေ၊ ရာသီတွေ၊ သို့မဟုတ် တိုက်နေ တဲ့ လေတွေကို
ပြောင်းအောင်လုပ်လို့မရနိုင်ပါ။ ဒါပေမဲ့သင့်အနေနဲ့ သင့်ကိုယ်
သင်ပြောင်းနိုင်ပါတယ်။ အဲဒီကသင်မှာရှိတဲ့အားဖြစ်ပါတယ်။(– Jim Rohn)
၂၄။နေ့စဥ်နေ့တိုင်းမှာမိနစ်ပေါင်း
၁၄၄၀ မိနစ်ရှိပါတယ်။ ဆိုလိုတာကတော့
ကျွန်ုပ်တို့မှာအပြုသဘောဆောင်တဲ့အကျိုးပြုမှုပြုလုပ်ရန် နေ့စဥ်အခွင့်အလမ်း
၁၄၄၀ မိနစ်ရှိနေပါတယ်။ (Les Brown)
၂၅။
သင်အစစ်အမှန်ကျရှုံးတဲ့အချိန်ဆိုတာက လဲကျပြီးပြန်မထတော့ဘဲ လဲကျ
တဲ့အနေအထားအတိုင်းနေနေတဲ့အချိန်ဖြစ်ပါတယ်။ (တချို့ကလဲကျနေတဲ့ အ
ချိန်မှာဖြစ်နေတဲ့ စိတ်အတိုင်းတစ်သက်လုံးနေသွားတတ်ကြပါတယ်။) (Stephen
Richards)
၂၆။ အပြုသဘောဆောင်တာတိုင်းက အပျက်သဘောဆောင်တာတိုင်းထက်ပို ကောင်းပါတယ်။(Elbert Hubbard)
၂၇။
အကောင်းမြင်တတ်မှုက ပျော်ရွှင်မှုကိုစွဲဆောင်စေပါတယ်။ သင့်အနေဖြင့်
အပြုသဘောဆောင်စွာကျင့်ကြံပြောဆိုနေထိုင်မယ်ဆိုရင်သင့်ထံသို ကောင်းတဲ့
အရာများနှင့် လူကောင်းများရောက်လာအောင်ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ (Mary
Lou Retton)
၂၈။
သင့်ကိုလဲကျသွားအောင်အထိုးခံလိုက်ရတယ်ဆိုတာအရေးမဟုတ်ပါဘူး။ သင့်အနေဖြင့်
ထိုသို့လဲကျသွားတဲ့အခြေအနေမှ ပြန်ထသလားဆိုတာက အရေး ကြီးပါတယ်။ (Vince
Lombardi)
၂၉။
အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားကစိတ်ကူးအိပ်မက်များကို အမှန်
ဖြစ်လာအောင်တကယ်ပင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျွန်တော့အတွက် တော့
အဲဒီအတိုင်းလုပ်ဆောင်ပေးခဲ့ပါတယ်။ (David Bailey)
၃၀။ လွန်မြောက်သွားတာအတွက်မငိုပါနဲ့။ အဲဒါဖြစ်ခဲ့တဲ့အတွက် ပြုံးပါ။(Dr. Seuss)
၃၁။
ကောင်းကင်မှကြယ်တွေကိုမော့ကြည့်ပါ။ သင့်ခြေထောက်ကိုသာငုံ့ကြည့်
မနေပါနဲ့။သင်မြင်တွေ့နေတာတွေကသင့်အတွက်လေးနက်တဲ့အဓိပ္ပါယ်ရှိပါစေ။
စကြဝဠာမှာ ဘာတွေရှိနေတယ်ဆိုတာစူးစမ်းလေ့လာပါ။ အစဥ်သဖြင့် စူးစမ်း
သိလိုစိတ်မွေးပါ။ (Stephen Hawking)
၃၂။ သင့်ကို ပို တိုးတက်လာအောင် အားပေမဲ့လူများဖြင့်သာ မိမိကိုယ်မိမိဝန်းရံ ထားပါ။ (Oprah Winfrey)
မိတ်ဆွေများ
အနေဖြင့်အထက်ပါစကားလက်ဆောင်တစ်ခုစီကိုသေချာဖတ်ပြီး မိမိတို့သားသမီးများကို
စကားလက်ဆောင်နှင့်အညီ လေ့ကျင့် ပျိုးထောင်ပေး နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment