Monday, February 24, 2025

မိဘတိုင်းသားသမီးများကိုမျှဝေပေးသင့်တဲ့သင်ခန်းစာ (၂၁) ခု Food for Thought 785

 No photo description available.



ဒီနေ့” မိဘတိုင်းသားသမီးများကိုမျှဝေပေးသင့်တဲ့သင်ခန်းစာ (၂၁) ခု”ကို Food for Thought 785 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


မိဘတိုင်းသားသမီးများကိုမျှဝေပေးသင့်တဲ့သင်ခန်းစာ (၂၁) ခု

မိဘတိုင်းမိမိတို့သားသမီးများအတွက်အကောင်းဆုံးလက်ဆောင်တွေပေးချင်ကြတာဖြစ်ပါတယ်။ အဲဒီလို ပေးနိုင်ဖို့အတွက် မိဘတွေမှာရှိတဲ့အသိဥာဏ်ကို သားသမီးများအား မျှ ဝေပေးခြင်းမှာအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။အဲဒီလိုလက်ဆောင် ကောင်းပေးရင် ကလေးတွေမှာ ကောင်းမြတ်တဲ့အကျင့်ကောင်းတွေရရှိလာပါလိမ့်မယ်။ ဘဝအတွက်အရေးကြီးတဲ့ကျွမ်းကျင်မှုတွေရရှိလာပါလိမ့်မယ်။ကလေးတို့ဘဝအတွက် ကောင်းမြတ်တဲ့လမ်းညွှန်မှုတွေဖြစ်လာပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်ကြီးဒလိုင်း လားမားက အောက်ပါအတိုင်းလမ်းညွှန်မှာကြားခဲ့ပါတယ်။ “သင့်အသိအမြင်ဗဟု သုတ တွေ ကို မျှဝေပေးပါ။ အဲဒီလိုမျှဝေပေးခြင်းဟာ ထာဝရရှင်သန်နေမှုကိုရရှိစေမှာဖြစ်ပါ တယ်။”

အောက်ဘက်မှာမိဘများအနေဖြင့် မိမိတို့သားသမီးများအားမျှဝေပေးသင့်တဲ့သင်ခန်းစာ (၂၁) ခုကိုဖော်ပြထားပါတယ်။

၁။ မိဘများကမျှော်မှန်းထားမှုများဟာ သားသမီးတို့ရဲ့ကံကြမ္မာကိုလွှမ်းမိုးသည်သာမက သင်တို့ရဲ့မျှော်မှန်းချက်များကသားသမီးတို့ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးပါတယ်။ မိဘ တွေအနေဖြင့်မိမိတို့ယုံကြည်မှုကိုစောင့်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ ယုံကြည်တဲ့ အ တိုင်း လုပ်ဆောင်မှုတွေက အစစ်အမှန်တွေဖြစ်လာကြပါတယ်။

၂။ မိဘတွေဒီ‌နေ့ လုပ်ဆောင်တာမှန်သမျှက သင်တို့ရဲ့မနက်ဖန်အပေါ် သက်ရောက်မှုရှိ ပါလိမ့်မယ်။ သင်တို့ရဲ့ဘဝဆိုတာ သင်တို့ရွေးချယ်လုပ်ဆောင်ချက်များရဲ့စုပေါင်းအကျိုး သက်ရောက်မှုသာဖြစ်ပါတယ်။

၃။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ကျင့်ကြံပါ။ ကျန်တဲ့အရာရာတိုင်း ဟာ ဒုတိယတန်းမှာသာအရေးပါပါတယ်။ အကျင့်ကောင်းသူတော်ကောင်းတရားဆိုတာ ကိုယ်တိုင်အကောင်းဆုံးလေ့ကျင့် ပျိုးထောင်ယူရမှာဖြစ်ပါတယ်။

၄။ သင်တို့အနေဖြင့် အကောင်းဆုံးရင်းနှီးမြှုပ်နှံနိုင်မှုမှာ မိမိကိုယ်တိုင်အကောင်းဆုံး လူသားဖြစ်လာအောင်ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါတယ်။ သင့်ကိုယ်ခန္ဓာကို ကျန်းမာသန် စွမ်းအောင် လေ့ကျင့်သလိုသင့်စိတ်ထားကိုလည်း ခိုင်မာအားကောင်းလာအောင်လေ့ ကျင့် ပေးပါ။

၅။ သင်တို့ဟာအခြားလူတွေထံမှ အတည်ပြုချက်ရယူမှုကိုအစဥ်သဖြင့် ပြုလုပ်နေမယ် ဆိုရင် သင်တို့ဟာ ကိုယ်ပိုင်သဘောထားထက်အခြားလူတွေရဲ့သဘောထားကို အလေး ပေးနေရာရောက်ပါတယ်။ အဲဒီလိုဆိုရင်ကိုယ်ပိုင်လက္ခဏာတွေပျောက်ကုန်နိုင်ပါတယ်။

၆။ ကျေနပ်နှစ်သက်မှုကိုချက်ခြင်းအမြန်ရလိုမှုက ရေရှည်ပျော်ရွှင်မှုကိုအာမမခံနိုင်ပါ ဘူး။ ဒါကြောင့်တခဏတာကျေနပ်နှစ်သိမ့်မှုအတွက် တစ်သက်တာလုံးစိတ်မချမ်းမသာ နောင်တရနေတာမျိုးမဖြစ်ပါစေနဲ့။

၇။ သင်တို့ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့လူများနှင့်ဝန်းရံထားပါ။ သူတို့ထံမှ အပြုသဘောဆောင်တဲ့စွမ်းအားတွေက သင်တို့ထံကူးစက်လာပါလိမ့်မယ်။ မကောင်း တဲ့အပေါင်းအဖော်တွေဆိုတာ ဘေးအန္တရာယ်များပြီးကူးစက်မြန်တဲ့ပိုမွှားတွေ ပေါက် ပွားနေတဲ့နေရာနဲ့တူပါတယ်။ အဲဒီလိုပတ်ဝန်းကျင်မှာ သင်တို့ရောက်နေရင် ဘယ်အချိန် မှာ ရောဂါပိုးကူးစက်ခံလိုက်ရမှန်းပင်မသိအောင် လျင်မြန်စွာကူးစက်ခံရနိုင်ပါတယ်။

၈။ မိမိတို့ရဲ့အကောင်းဆုံးနေထိုင်မှုအဆင့်ကို ဘယ်တော့မှမနှိမ့်ပါနဲ့။ ဘယ်တော့မှမနှိမ့်ပါ နဲ့။ လူတွေဆိုတာ သင်တို့ခွင့်ပြုချက်မရှိဘဲ သင်တို့ကို ဘာမှလုပ်ခိုင်းလို့မရပါဘူး။

၉။ သင်တို့ရဲ့အသိစိတ်ကပြောနေတာကိုနားထောင်ပါ။ ဒါကြောင့်သင်မှာ အသိစိတ်တစ်ခု ဆိုတာရှိနေတာဖြစ်ပါတယ်။ လိုက်နာကျင့်သုံးတဲ့မူတွေကို ပေါင်းစပ်လုပ်ကိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လူတိုင်းကသင့်ကိုသဘောကျနေပေမဲ့သင့်ကိုယ်သင်သဘောမကျတာမျိုး ဖြစ်နေ နိုင်ပါတယ်။

၁၀။ အောင်မြင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုဆိုတာ လိုအပ်ပါတယ်။ ဘဝမှာတန်ဖိုးရှိတာမှန် သမျှရဖို့အတွက် ထိုက်တန်တဲ့ စွန့်လွှတ်ရမှုဆိုတာရှိပါတယ်။ သင်တို့အောင်မြင်မှုများ အတွက် သင်တို့ ဘာတွေကိုစွန့်လွှတ်ပေးနေရကြောင်း ပြန်လည်ချင့်ချိန်သုံးသပ်ပါ။

၁၁။ ကြိုးစားအားထုတ်လုပ်ကိုင်းခြင်းက နှလုံးသားအတွက်ကောင်းပါတယ်။ ကြိုးစား လုပ်ကိုင်မှုကြောင့်ရလာတဲ့အကြီးမားဆုံးတန်ဖိုးထားအပ်တဲ့ရလဒ်မှာငွေကြေးတို့ချီးကျူးဂုဏ်ပြုခံရတာတို့မဟုတ်ပါ။ မိမိကိုယ်မိမိယုံကြည်လာမှုနဲ့မိမိကိုယ်မိမိ လေးစားတန်ဖိုး ထားမှုတို့ဖြစ်ပါတယ်။

၁၂။ သင့်အနေနဲ့အလုပ်တစ်ခုကို လုပ်နိုင်မလုပ်နိုင်ဆိုတာကိုသင့်စွမ်းဆောင်နိုင်ရည်ကဆုံး ဖြတ်ပါတယ်။ သင်ဟာအလုပ်တစ်ခုကိုလုပ်မယ်မလုပ်ဘူးဆိုတာကိုတော့ သင့် စိတ်နေ သဘောထားကဆုံးဖြတ်ပါတယ်။ အားနည်းတဲ့ရွေးချယ်မှုဆိုတာက ရည်ရွယ်ချက်မရှိဘဲ လုပ်မိတာဖြစ်ပါတယ်။ ဒါပေမဲ့အားနည်းတဲ့စိတ်နေသဘောထားကတော့ အသေအချာ ရွေးချယ်မှုသာဖြစ်ပါတယ်။

၁၃။ သင့်အနေဖြင့် မလုပ်နိုင်ဘူးလို့ယုံကြည်နေရင် သင်ဟာ အဲဒီအလုပ်ကို လုပ်မှာမ ဟုတ်ပါဘူး။ သင့်အနေဖြင့် တစ်ခုခုကို ဘာကြောင့်မလုပ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက် တွေအပေါ်အလေးထားစဥ်းစားတာရပ်လိုက်ရင် သင့်အနေဖြင့် လုပ်နိုင်တာတွေကိုအံ့သြ လောက်အောင်တွေ့လာမှာဖြစ်ပါတယ်။

၁၄။ သင့်စိတ်မှာအေးငြိမ်းမှုဆိုတာ သင့်ဘဝကိုသင်ကိုယ်တိုင်ရွေးချယ်မှုကြောင့် ထွက် လာတဲ့အကျိုးရလဒ်သာဖြစ်ပါတယ်။ ဘဝက သင့်ကို ဦးဆောင်ခေါ်သွားတာကိုဂရုစိုက် သလို ကိုယ်ရောက်ချင်တဲ့နေရာကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာကိုလည်း ဂ ရုစိုက်ပါ။

၁၅။ စပြီးမလုပ်ဘူးဆိုရင်သင်တို့အနေဖြင့် ဘယ်တော့မှပြီးမှာမဟုတ်ပါဘူး။ အောင် မြင်ဖို့အတွက် လိုအပ်တာက ကြိုးစားလုပ်ချင်တဲ့စိတ်ထားဖြစ်ပါတယ်။

၁၆။ ကြီးမားတဲ့အစပျိုးလုပ်ဆောင်မှုတိုင်းက အစဥ်သဖြင့် ကြီးမားတဲ့အဆုံးသတ်ကို အာမမခံနိုင်ပါဘူး။ အောင်မြင်မှုဆိုတာ အာမခံချက်မရှိပါဘူး၊ ယာယီသဘောသာ ဖြစ်ပါတယ်။

၁၇။ သင်တို့ဟာအကောင်းဆုံးအတော်ဆုံးတွေဖြစ်မနေနိုင်ပါဘူး။ ဒါပေမဲ့သင်တို့ဟာ အကောင်းဆုံးကြိုးစားလုပ်ရန်လိုအပ်ပါတယ်။ ကြိုးစားအားထုတ်မှုကို ၁၁၀% ရာခိုင် နှုန်းပြုလုပ်ပါ။ ၁၀၀% ရာခိုင် နှုန်းထက်ပိုထားတဲ့ ၁၀% ဆိုတာကတော့ လူတိုင်းအ လေး ထားသတိပြုရမှာဖြစ်ပါတယ်။

၁၈။ အကျိုးရလဒ်ကိုမျှဝေခံစားလိုရင် အလုပ်လုပ်ရာမှာလည်း မျှဝေလုပ်ကိုင်ပါ။ ကိုယ် တိုင် အားထုတ်လုပ်ကိုင်ခြင်းမရှိဘဲ ရလာတဲ့ရလဒ်နဲ့ပတ်သက်လို့ ဝေခွဲတဲ့အခါ မကျေ မနပ်တွေမပြောပါနဲ့။

၁၉။ ကြိုးစားလုပ်ဆောင်မှုဆိုတာ လိုချင်မှုအရင်ရှိရပါတယ်။ သင့်အနေနဲ့ လိုချင်တာ ကို တမ်းတနေလို့မရနိုင်ပါဘူး။ သင့်ရနိုင်တာကတော့ သင့်လုပ်ဆောင်မှုနဲ့ထိုက်တန်တာသာ ရမှာဖြစ်ပါတယ်။

၂၀။ တန်းတူညီမျှ မှုကို ပါးစပ်ကပြောပြီး အထူးအခွင့်အရေးခံစားချင်လို့မရပါဘူး။ သင့် အနေဖြင့် မထိုက်တန်ရင် ဆုလဒ်တွေဆိုတာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။

၂၁။ တဖြည်းဖြည်းခြင်းဆင့်ကဲတိုးတက်မှုက ရေရှည်ရလဒ်ကောင်းကိုဦးတည် စေပါ တယ်။ အောင်မြင်မှုကိုတိုင်းတာတဲ့လုပ်ငန်းဟာ မြက်ပင်တွေကြီးထွားလာတာစောင့် ကြည့်တာနဲ့တူပါတယ်။ မြက်ခင်းကတစ်နေ့ခြင်း ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို မြင်နိုင်ရန် ခက်ပေမဲ့ အချိန်ကြာလာရင် မြက်ခင်းကြီးစိမ်းလန်း ကြီးထွားလာတာကို တွေ့ မြင်နိုင်ပါတယ်။

မိတ်ဆွေများအနေဖြင့် သားသမီးများကို အကောင်းဆုံးဘဝသင်ခန်းစာများ မျှဝေပေး နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...