
ဒီနေ့” စိတ်ကို လှည့်ပတ်တတ်တဲ့ဝဉ္စနာတရား (၃၇) ပါး” အကြောင်းကို Food for Thought 786 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
စိတ်ကို လှည့်ပတ်တတ်တဲ့ဝဉ္စနာတရား (၃၇) ပါး
စိတ်တစ်ခုကို
ကောင်းတယ် မကောင်းဘူးသတ်မှတ်တဲ့ နေရာမှာ အများအားဖြင့်ကိုယ့်အထင်နဲ့ကိုယ်
သတ် မှတ်တာများပါတယ်။အထင်ဟာ အထင်မျှသာ ဖြစ်တဲ့အတွက်စစ်မှန်တဲ့
စိတ်ကောင်းစိတ်မြတ်ကို ဘယ်လို နည်းနဲ့မှ မရနိုင်ပါဘူး။
ကိုယ့်သန္တာန်မှာ
ဖြစ်နေတဲ့ စိတ်တစ်ခုကိုစိတ်ဆိုးလား စိတ်ကောင်းလားခွဲခြားသိနည်း
အစစ်အမှန်ကို လိုချင် ရင် တော့…မြတ်ဗုဒ္ဓရဲ့တရားဒေသနာတွေကို
ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် လေ့လာထားဖို့ လိုပါတယ်။ မြတ်ဗုဒ္ဓရဲ့
“တရားမှန်” ရှေ့မှာ စစ်ဆေးကြည့်မှ ကိုယ့်စိတ်ကိုယ် အမှန်အတိုင်း
သိနိုင်မှာပါ။
ကိုယ်စိတ်ကို ကိုယ်က
စိတ်ကောင်းထင်နေပေမယ့် တကယ်တမ်းကျတော့ “စိတ်ဆိုး”ဖြစ်နေတာမျိုး လုံးဝမဖြစ်
စေဖို့အတွက်စိတ်ကို လှည့်ပတ်တတ်တဲ့ ဝဉ္စနာတရား (၃၇)ပါးကို အကျဉ်းချုပ်
ခေါင်းစဉ်အနေ လောက်နဲ့တင်ပြ လိုက်ပါတယ်။
(၁) မေတ္တာ
ချစ်ခင်နှစ်သက်ခြင်း
တပ်မက်စွဲလမ်းခြင်းဆိုတဲ့ “ရာဂ”က “မေတ္တာ”ယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ် ပါတယ်။ သံယောဇဉ်နဲ့ချစ်တာကို မေတ္တာနဲ့ ချစ်တယ်လို့
ထင်တာမျိုး။ တဏှာနဲ့ ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့
ကြင်နာယုယတယ်လို့ထင်တာမျိုးပေါ့။
(၂) ကရုဏာ
စိတ်ပူခြင်း
စိုးရိမ်ခြင်း ဝမ်းနည်းပူဆွေးခြင်းဆိုတဲ့ “သောက” က ကရုဏာယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ် တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို
ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်တယ် စာနာတတ်တယ်လို့
ထင်နေတာမျိုးပေါ့။
(၃) မုဒိတာ
ပျော်ရွှင်မြူးထူးခြင်း
ဆိုတဲ့ “ပဟာသ”ကမုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ် တတ်ပါတယ်။သူတစ်ပါးရဲ့
အောင်မြင်မှု တစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာရယ်မော
အော်ဟစ်နေတာပျော်ပွဲနွှဲပြီး ကဲနေ တာ အပျော်ကြူးပြီးမူးနေတာကို သူတစ်ပါးရဲ့
အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ် မုဒိတာပွား တတ်တယ်လို့
ထင်နေတာမျိုးပေါ့။
(၄) ဥပေက္ခာ
ကုသိုလ်အလုပ်
အားထုတ်မှုမပြုတော့ခြင်းဆိုတဲ့ “နိက္ခိတ္တဓုရ”က ဥပေက္ခာယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ် တတ်ပါတယ်။ကုသိုလ်ကိစ္စ ကြောင့်ကြမစိုက်ချင်တော့တာ
တာဝန်ယူချင်စိတ် မရှိတော့တာကို “ကံအတိုင်းပဲ မတတ်နိုင်ဘူး” လို့ကံကို
လွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။
(၅) သံဝေဂ
စိတ်ပူလောင်ခြင်း
စိတ်ဆင်းရဲခြင်းဆိုတဲ့ “စိတ္တသန္တာပ” က သံဝေဂယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါ တယ်။ရတာ မလို လိုတာ မရလို့ အလုပ်အကိုင်အဆင်မပြေလို့
စိတ်ညစ်စရာပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ပူ လောင်နေတာ
စိတ်ဆင်းရဲနေတာကိုလောကကြီးအပေါ် မကျေမနပ်ဖြစ်နေတာကိုဘဝကြီးကို
ငြီးငွေ့နေပြီ။သံသ ရာ ကြီးကို ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။
(၆) ပညာ
သူတစ်ပါးအပေါ်
မယုံမကြည်ဖြစ်နေခြင်းဆိုတဲ့ “အသဒ္ဓိယ”က ပညာလို့ ခေါ်တဲ့
"ဝီမံသ"ယောင်ဆောင်ပြီး စိတ် ကိုလှည့်ပတ်တတ်ပါတယ်။ ဟိုလူ့မယုံ ဒီလူ့မယုံ
ဟိုဟာမယုံ ဒီဟာမယုံနဲ့နေရာတကာ ယုံမှားသံသယဖြစ်နေတာ သဒ္ဓါတရား
ခေါင်းပါးနေတာကိုပဲ စူးစမ်း ဆင်ခြင်တတ်တယ်။ ဝိဘဇ္ဇဉာဏ် ရှိတယ်လို့
အသားလွတ်ကြီး အထင် ကြီးနေတာမျိုးပေါ့။
(၇) မကောင်းမှုကို ကဲ့ရဲ့ခြင်း
ပုဂ္ဂိုလ်ရေး
ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့“ပုဂ္ဂလ ဂရဟိတာ” ကမကောင်းမှုကို
ကဲ့ရဲ့ခြင်းဆိုတဲ့“ပါပဂရဟိတာ”ယောင် ဆောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။
ကောင်းစေချင်လို့ ပြောတာပါ။ သာသနာ မျက်နှာကိုကြည့်ပြီးသာသ နာ စိတ်နဲ့ ရေး
တာပါလို့ အသံကောင်းဟစ်ပေမယ့် တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ် မနာလိုစိတ်
နာ ကျည်းစိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး …ပုဂ္ဂိုလ်ရေး
ဂုဏ်သိက္ခာထိခိုက်အောင် ပြစ်တင်ဝေဖန်ကဲ့ရဲ့ရှုတ်ချပုတ်
ခတ်စော်ကားတာမျိုးပေါ့။
(၈) ဆုံးမခြင်း
စကားကြမ်း
စကားရိုင်း ပြောဆိုခြင်း ဆိုတဲ့ “ဖရုသဝါစာ” က အပြစ်ကို နှိပ်ကွပ်ပြီး
ဆုံးမခြင်းဆိုတဲ့ “နိဂ္ဂယှဝါဒိ တာ” ယောင် ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း
ကြမ်းကြမ်း တမ်းတမ်း မာမာကြောကြော ပြောဆိုတာကိုပဲကောင်းစေချင်လို့ ဆုံးမတာ
မခံချင်စိတ် ဖြစ်အောင်လို့ နှိုးဆွတာ လို့ လှည့်စားတာမျိုးပေါ့။
(၉) ချစ်ဖွယ် စကားပြောဆိုခြင်း
ဒကာ
ဒကာမတွေအပေါ် အောက်ကျို့ ပြောဆိုခြင်းဆိုတဲ့ “စာဋုကမျတာ” ကချစ်ဖွယ်
စကားပြောဆိုခြင်းဆိုတဲ့ “ပီယဝါဒိတာ” ယောင်ဆောင်ပြီးစိတ်ကို
လှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကိုငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်
နှိမ့်ချချနဲ့ ခယဆက်ဆံတာကိုပဲ ဒကာ ဒကာမတွေအပေါ် စကားပြော ချိုသာတယ်
သဘောကောင်းတယ်လို့ ထင်နေတာမျိုးပေါ့။
(၁၀) အသက်မွေးစင်ကြယ်ခြင်း
မိမိပိုင်ပစ္စည်းဥစ္စာတွေကို
သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ “အသံဝိဘာဂ သီလတာ”ကအသက်မွေးစင်ကြယ်
ခြင်း ဆိုတဲ့“အာဇီဝ ပါရိသုဒ္ဓိ” ယောင်ဆောင်ပြီးစိတ်ကို
လှည့်ပတ်တတ်ပါတယ်။ကိုယ့်ပစ္စည်း သူများမပေးချင်လို့
နှမြောတွန့်တိုနေတာကိုပဲသီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင် ရေလောင်းရာ
ရောက်မှာစိုးလို့လို့ အကြောင်း ပြတာမျိုးပေါ့။
(၁၁) သူတစ်ပါးနဲ့ ခွဲဝေသုံးစွဲခြင်း
မှားမှားယွင်းယွင်း
အသက်မွေးခြင်းဆိုတဲ့ “မိစ္ဆာဇီဝ”က မိမိပိုင်
ပစ္စည်းဥစ္စာတွေကိုသူတစ်ပါးနဲ့ ခွဲဝေသုံးစွဲခြင်း ဆို တဲ့“သံဝိဘာဂသီလတာ”
ယောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။သီလ မစင်ကြယ်သူတွေကို ထောက်ပံ့နေ
တာကိုပဲ အလှူးအတန်း ရက်ရောတယ်လို့ သူတစ်ပါး ထင်မြင်စေချင်တာမျိုးပေါ့။
(၁၂) မရောနှောခြင်း
တရားနဲ့အညီ
မချီးမြောက်ခြင်းဆိုတဲ့ “အသင်္ဂဟသီလတာ” က …ဒကာဒကာမတွေနဲ့
မရောနှောခြင်းဆိုတဲ့ “အသံ သဂ္ဂဝိဟာရိတာ” ယောင်ဆောင်ပြီးစိတ်ကို
လှည့်ပတ်တတ်ပါတယ်။ အခြေအနေပေးပါလျှက် စကားမပြောချင် တရားမဟောချင်တာကိုပဲ
ဝိနည်းအထူးလေးစားသလိုလို လူသူပရိတ်သတ်နဲ့ မရောနှောချင်သလိုလို ဟန်ဆောင်
တာမျိုးပေါ့။
(၁၃) မေတ္တာနဲ့ ချီးမြောက်ခြင်း
ရဟန်းနဲ့
မသင့်တော်တဲ့ လူပေါင်းပေါင်းခြင်း“အနနုလောမိကဂိဟိသံသဂ္ဂ” က ချီးမြောက်
ခြင်း“သင်္ဂဟသီလတာ” ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ရဟန်းစည်း
လူ့စည်းမထားဘဲ လူအချင်းချင်း ပေါင်းသလို ပေါင်းသင်းဆက်ဆံတာကိုပဲဒကာ
ဒကာမတွေကို မေတ္တာနဲ့ ချီးမြှောက်တာလို့ အထင်ရောက်နေတာမျိုးပေါ့။
(၁၄) အမှန်စကားပြောဆိုခြင်း
ကုန်းချော
ကုန်းတိုက်ခြင်း ဆိုတဲ့ “ပိသုဏာဝါစတာ” က အမှန်စကားပြောဆိုခြင်း ဆိုတဲ့
“သစ္စာဝါဒိတာ”ယောင် ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။“တို့က
မှန်တာပြောတာပဲ၊ ဘာဖြစ်လဲ” ဆိုပြီး ချစ်ခင်နေသူအချင်းချင်း
အချစ်ပြယ်သွားအောင် ညီညွတ်နေသူချင်း အစည်းပြေသွားအောင် စကားကို
ကိုယ်သိတိုင်း လျှောက်ပြောတာ မျိုးပေါ့။
(၁၅) ကုန်းစကား မပြောလိုခြင်း
သူတစ်ပါးအကျိုးမဲ့ကို
လိုလားခြင်း ဆိုတဲ့ “အနတ္ထကာမတာ”က …ကုန်းစကား မပြောလိုခြင်း ဆိုတဲ့
“အပိသုဏ ဝါ စတာ” ယောင်ဆောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။
တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွားပျက်ပြားရာ ပျက် ပြားကြောင်း
တခြားတစ်စုံတစ်ယောက်က ကြံစည် ပြောဆိုလုပ်ကိုင်နေတာကို သိပါလျှက်“
ကုန်းတိုက်ရာ ရောက်မှာစိုးလို့” အကြောင်းပြပြီး မပြောဘဲထားတာမျိုးပေါ့။
(၁၆) ညှာတာသနားခြင်း အားနာခြင်း
ကိုယ့်ဒကာကို
သူ့ဒကာဖြစ်သွားမှာစိုးရိမ်ခြင်းဆိုတဲ့ “ကုလမစ္ဆရိယ” က …ကိုယ့်ဒကာကို
ညှာတာသနားခြင်း အား နာခြင်း ဆိုတဲ့ “ကုလာနုဒယတာ” ယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ် ပါတယ်။
(၁၇) မပျက်စီးစေလိုခြင်း
ကိုယ့်ကျောင်း
သူများမလာစေလိုခြင်း ကျောင်းဝန်တိုခြင်း ဆိုတဲ့“အာဝါသမစ္ဆရိယ”
ကျောင်းရေရှည်တည်တံ့ စေလိုခြင်း ကျောင်း မပျက်စီးစေလိုခြင်း ဆိုတဲ့
“အာဝါသစိရတရ ကာမတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၁၈) တရားဓမ္မကိုထိန်းသိမ်း စောင့်ရှောက်ခြင်း
တရားဓမ္မနဲ့
ပတ်သက်တာတွေကို ဝန်တိုခြင်းဆိုတဲ့ “ဓမ္မမစ္ဆရိယ”က …တရားဓမ္မနဲ့
ပတ်သက်တာတွေကို ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုတဲ့ “ဓမ္မပဋိဗန္ဓ
ပရိဟရဏတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၁၉) ပျော်မွေ့ခြင်း
အကျိုးမဲ့စကားတွေကို
အချိန်ဖြုန်းပြောဆိုရတာကို ပျော်မွေ့ခြင်းဆိုတဲ့ “ဘဿာရာမတာ” တရားစကားပြော
ကြား နေရတာကို ပျော်မွေ့ခြင်း ဆိုတဲ့ “ဓမ္မဒေသနာဘိရတိ” ယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ်တတ် ပါတယ်။
(၂၀) တပည့်အပေါင်းကို ချီးမြှောက်ခြင်း
အပေါင်းအဖော်နဲ့မွေ့လျော်ခြင်း
ဆိုတဲ့ “သင်္ဂဏိကာရာမတာ”ကတပည့်အပေါင်းကို ချီးမြှောက်ခြင်း ဆိုတဲ့“ဂဏာ
နုဂ္ဂဟကရဏတာ”ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၁) ကုသိုလ်ကောင်းမှုမှာ မွေ့လျော်ခြင်း
အမှုကိစ္စအမျိုးမျိုးမှာ
မွေ့လျော်ခြင်းဆိုတဲ့ “ကမ္မာရာမတာ” ကကုသိုလ်ကောင်းမှုမှာ
မွေ့လျော်ခြင်းဆိုတဲ့ “ပုည ကမ္မတာ”ယောင်ဆောင်ပြီးစိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၂) ရွံရှာစက်ဆုပ်ခြင်း
ဒေါသနဲ့
ရွံရှာစက်ဆုပ်ခြင်းဆိုတ“ဗျာပါဒ” က …ဘာဝနာကမ္မဋ္ဌာန်းနဲ့
ရွံရှာစက်ဆုပ်ခြင်း ဆိုတဲ့ “ပဋိကူလသည တာ” ယောင်ဆောင်ပြီးစိတ်ကို
လှည့်ပတ်တတ်ပါတယ်။
(၂၃) မရွံရှာ မစက်ဆုပ်ခြင်း
ကာမဂုဏ်အာရုံအပေါ်
နှစ်သက်ခြင်းဆိုတဲ့ “ကာမစ္ဆန္ဒ” က …ဘာဝနာ ကမ္မဋ္ဌာန်းကြောင့် မရွံရှာ
မစက်ဆုပ်ခြင်းဆို တဲ့ “အပ္ပဋိကူလသညတာ” ယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါတယ်။
(၂၄) သမာဓိ
အိပ်ငိုက်ခြင်း
ပျင်းရိခြင်းဆိုတဲ့ “ထိနမိဒ္ဓ”က စိတ်တည်ငြိမ်ခြင်း ဘေးအာရုံတွေ မသိတော့
ခြင်းဆိုတဲ့ “သမာဓိ” ယောင် ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၅) ဝီရိယ
စိတ်ပျံ့လွင့်ပြီး
ဟိုလုပ်ဒီလုပ်လျှောက်လုပ်ခြင်းဆိုတဲ့ “ ဥဒ္ဓစ္စ” က …ကြိုးစားအားထုတ်ခြင်း
“ဝီရိယ”ယောင်ဆောင် ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၆) ဝိနည်းအထူးလေးစားခြင်း
အပ်မအပ် စိတ်ပူပန်ခြင်းဆိုတဲ့ “ကုက္ကုစ္စ”ကဝိနည်းအထူးလေးစားခြင်း ဆိုတဲ့ “သိက္ခာကာမတာ ”ယောင်ဆောင် ပြီး စိတ် ကို လှည့်ပတ်တတ်ပါတယ်။
(၂၇) နှစ်ဘက်မျှအောင် စူးစမ်းဆင်ခြင်ခြင်း
ယုံမှားသံသယဖြစ်ခြင်း
ဆိုတဲ့ဝိစိကိစ္ဆာ”က …ဟိုဘက်ဒီဘက် နှစ်ဘက်မျှအောင် စူးစမ်း
ဆင်ခြင်ခြင်းဆိုတဲ့“ ဥဘယပက္ခသန္တီရဏတာ”ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်
ပါတယ်။
(၂၈) မတုန်မလှုပ် လျစ်လျူရှုခြင်း
အကောင်း
အကောင်းမှန်းမသိ၊ အဆိုး အဆိုးမှန်းမသိ တဲ့“ သမ္မောဟ”ကအကောင်းအဆိုး
အားလုံးကို မတုန်မလှုပ်လျစ်လျှူရှု့တဲ့ “ဣဋ္ဌာနိဋ္ဌသမုပေက္ခနာ”
ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၉) စူးစမ်းဆင်ခြင်ခြင်း
အကြောင်းဟုတ်မဟုတ်
လေ့လာခြင်းအယူအဆ မှားယွင်းခြင်းဆိုတဲ့“မိစ္ဆာဒိဋ္ဌိ”က
…စူးစမ်းဆင်ခြင်ခြင်း အ ကြောင်းဟုတ်မဟုတ်လေ့လာခြင်း ဆိုတဲ့“ဝီမံသာ
ဟေတုပရိဂ္ဂဟ”ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ် ပါတယ်။
(၃၀) တပ်မက်မှုကင်းခြင်း
သတ္တဝါတွေအပေါ်
သနားဂရုဏာ မရှိခြင်း ဆိုတဲ့ “အဒယာပန္နတာ”ကသတ္တဝါတွေအပေါ်
တပ်မက်မှုကင်းခြင်း ဆိုတဲ့ “ဝိရတ္တတာ” ယောင်ဆောင်ပြီးစိတ်ကို
လှည့်ပတ်တတ်ပါတယ်။
(၃၁) သုံးဆောင်ခြင်း
ကာမဂုဏ်ချမ်းသာတွေအပေါ်
ငြိကပ်စွာ ခံစားခြင်း ဆိုတဲ့ “ကာမသုခလ္လိကာ တနုယောဂေ” ကရဟန်းတွေကို
ဘုရားရှင်ခွင့်ပြုတဲ့ပစ္စည်း သုံးဆောင်ခြင်း ဆိုတဲ့ “အနုညာတ ပဋိသေဝနာ”
ယောင်ဆောင်ပြီး စိတ်ကို လှည့် ပတ်တတ်ပါတယ်။
(၃၂) ကိုယ့်ကိုယ်ကို အားကိုးခြင်း
ဆရာသမားတွေရဲ့
အဆုံးအမကို တရိုတသေမခံယူခြင်း ဆိုတဲ့ “အပဒက္ခိဏဂ္ဂါဟိတာ” က
…ကိုယ့်ကိုယ်ကို အကြီးအမှူးထား အားကိုးခြင်းဆိုတဲ့ “အတ္တာဓိပတေယျတာ”
ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၃) တရားတော်ကို လေးစားခြင်း
တရားကျင့်ဖက်
သီတင်းသုံးဖော်တွေအပေါ် မရိုမသေမလေးစားခြင်း ဆိုတဲ့ “သဗြဟ္မ စာရီအဂါရဝ”က
တရား တော်ကို ရိုသေလေးစားခြင်း ဆိုတဲ့“ဓမ္မဓိပတေယျတာ”
ယောင်ဆောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၄) လောကကို အလေးအမြတ်ပြုခြင်း
မိမိကိုယ်ရော
တရားတော်ကိုပါဖျက်ဆီးခြင်းဆိုတဲ့ “အတ္တဓမ္မပရိဗ္ဘဝ”ကလောကကို
အလေးအမြတ်ပြုခြင်း ဆိုတဲ့ “လောကာဓိပတေယျတာ” ယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါတယ်။
(၃၅) နှိုင်းနှိုင်းချင့်ချင့်ပြောဆိုခြင်း
မိတ်ဆွေအပေါင်း
ဧည့်သည်အပေါင်းနဲ့ဝမ်းမြောက်ဝမ်းသာ မပြောဆိုနိုင်ခြင်းဆိုတဲ့
“အသမ္မောဒနသီလတာ”က နှိုင်းနှိုင်းချင့်ချင့်ပြောဆိုခြင်း ဆိုတဲ့ “မိတ
ဘာဏိတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၆) ဝမ်းမြောက်ဝမ်းသာ ပြောဆိုနိုင်ခြင်း
လှည့်ပတ်ခြင်း
ကောက်ကျစ်ခြင်းဆိုတဲ့ “မာယာသာဌေယျ” ကဝမ်းမြောက်ဝမ်းသာ ပြောဆိုနိုင်ခြင်း
ဆိုတဲ့“ သမ္မောဒနသီလတာ” ယောင်ဆောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၇) သဒ္ဓါတရားအားကြီးခြင်း
မစူးစမ်း မဆင်ခြင်ခြင်းဆိုတဲ့“အပရိက္ခဏတာ” သဒ္ဓါတရားအားကြီးခြင်းဆိုတဲ့ “သဒ္ဓါလုတာ”ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ် ပါတယ်။
ဓမ္မပရိတ်သတ်များ
မြတ်ဗုဒ္ဓရဲ့တရားဓမ္မမှန်မှာ ကိုယ့်စိတ်ကိုယ် မလိမ်မညာ အမှန်အတိုင်း
စစ်ဆေးရင်းအရည် အသွေး အမြင့်ဆုံး စိတ်ပိုင်ရှင်တွေဖြစ်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
စိတ်ကို လှည့်ပတ်တတ်တဲ့ဝဉ္စနာတရား (၃၇) ပါး Food for Thought 786
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment