ဒီနေ့ စေတနာကောင်းဖြင့်မျှဝေခြင်း ဆိုတာကို Food for Thought 788 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
စေတနာကောင်းဖြင့်မျှဝေခြင်း
• လူတိုင်းမှာကွယ်ရှိပါတယ်၊ မျှဝေနိုင်စွမ်းရှိပါတယ်။
• မျှဝေဖို့ရာနှစ်ခုသာ လူမှာလိုပါတယ်။
• ကောင်းမြတ်တဲ့စေတနာနဲ့ တန်ဖိုးရှိတဲ့မျှဝေစရာဒီနှစ်ခုသာလိုပါတယ်။
• မျှဝေဖို့ရန် လေ့လာပါ၊ ရင်းမြစ်အဖြာဖြာ။
• ဖတ်ရှုလေ့လာအဖြာဖြာ၊ လေ့လာမှတ်သားပါ။
• နာကြားလေ့လာအဖြာဖြာ၊ လေ့လာမှတ်သားပါ။
• ပွားများလေ့ကျင့်အဖြာဖြာ၊ လေ့လာမှတ်သားပါ။
• သုတအဖြာဖြာရှာလေ့လာ၊ ကောင်းတဲ့အရာများ မှတ်ထားပါ။
• ကောင်းတာများမှအကောင်းဆုံးများ၊ မျှဝေဖို့ရန် မှတ်သားထား။
• မမျှခင်မှာ ပြန်လေ့လာ၊ မျှဝေသင့်သလား သုံးသပ်ပါ။
• မျှဝေလိုက်လျှင် ဖတ်သူများ၊ စိတ်ကူးကောင်းတွေရလို့သွား။
• ဖတ်ရသူများကောင်းဖို့ရာ၊ စိတ်ကူးကောင်းများမျှဝေပါ။
• စိတ်ကူးကောင်းများဖတ်ရတဲ့အခါ၊ ဖတ်ရသူများစိတ်ချမ်းသာ။
• စိတ်ချမ်းသာတော့ ဆင့်ကဲဖြန့်၊ စိတ်ကူးကောင်းတွေ ပိုကျယ်ပြန့်။
• စိတ်ကူးကောင်းများ စီးဆင်းတာ၊ ပိုပြီးနက်ရှိုင်းကျယ်ပြန့်လာ။
• စိတ်ကူးကောင်းများလည်ပတ်တာ၊ ပဲ့တင်သံလို ကြားရလာ။
• စေတနာကောင်းဖြင့် ဖြန့်သူများ၊ ပဲ့တင်သံကြောင့် ကြည်နူးသွား။
• ကြည်နူးစိတ်ကြောင့် ကောင်းတာများ၊ ဆက်လက်လေ့လာဖြန့်တဲ့အခါ။
• စိတ်ကောင်းစိတ်ကူးကောင်းများ၊ညင်ညင်သာလှည့်ပတ်မှုများမရပ်တော့ပါ။
• စိတ်ကောင်းစိတ်ကူးကောင်းများပွားများအောင်၊ အားလုံးဝိုင်းကာလက်တွဲဆောင်။
• စိတ်ကောင်းစိတ်ကူးကောင်းများပွားများနက်ရှိုင်းကျယ်ပြန့်လာ၊ ပင်လယ်ကြီးပမာ။
• ကောင်းကင်ပြာကိုပြန်ထင်ဟပ်၊ ပင်လယ်ပြာကြီးတဖြတ်ဖြတ်။
• ရင်သပ်ရှုမောပင်လယ်ပြာ၊ လှိုင်းတွန့်ကလေးများက သူ့မေတ္တာ။
• လေပြေဆောင်ရာဦးတည်ရွေ့၊ အရပ်စုံ၊ဒေါင့်စုံနှံ့ပါပေ့။
• တသိမ့်သိမ့်လှုပ်ခပ်နေတဲ့ရေလှိုင်းတွေ၊ အေးမေတ္တာများဖြန့်ကာဝေ၊ နေရာမကျန်ရောက်ပါစေ။
• လူအချင်းချင်းမေတ္တာပွား၊ စိတ်ကောင်းတွေကိုထား။
• လူအချင်းချင်း ဂရုဏာပွား၊ စိတ်ကောင်းတွေကိုထား။
• လူအချင်းချင်း မုဒိတာပွား၊ စိတ်ကောင်းတွေကိုထား။
မိတ်ဆွေများ စိတ်ကောင်းစေတနာဖြင့် ကောင်းမြတ်တာများမျှဝေပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment