Monday, February 24, 2025

အားကောင်းတဲ့ကလေးများဖြစ်လာအောင်စိတ်ရှည်စွာလေ့ကျင့် ပျိုးထောင်ပေးတဲ့မိဘများ Food for Thought 789

  No photo description available.


 အားကောင်းတဲ့ကလေးများဖြစ်လာအောင်စိတ်ရှည်စွာလေ့ကျင့် ပျိုးထောင်ပေးတဲ့မိဘများ

ဒီမျှဝေမှုမှာအပိုင်း (၂)ပိုင်းပါဝင်ပါတယ်။ ပထမအပိုင်းကတော့ အားကောင်းတဲ့ကလေးများဖြစ်အောင် ဘယ်အ ပိုင်းတွေမှာ အားကောင်းရန် လိုအပ်သလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ အဲဒီလိုအားကောင်းတဲ့ ကလေးတွေဖြစ်လာအောင်အဓိကအားဖြင့် အနီးကပ်တာဝန်ယူလေ့ကျင့်ပေးနေရတဲ့မိဘတွေမှာ ဘယ်လို စိတ် နေ စိတ်ထားနှင့် လေ့ကျင့် ပျိုးထောင်ပေးနိုင်တဲ့စွမ်းရည်တွေရှိသင့်တဲ့အကြောင်းဖြစ်ပါတယ်။ ဒီမျှဝေမှုကိုတော့ Food for Thought 789 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


အားကောင်းတဲ့ကလေး

STRONG
S- Self-esteem -မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှု
T-Trust -မိမိစွမ်းဆောင်နိုငမှုအပေါ် ယုံကြည်မှု
R-Responsible -တာဝန်သိတတ်မှု၊တာဝန်ခံမှု၊နှင့်တာဝန်ယူလုပ်ဆောင်နိုင်မှု
O-Options -ရွေးချယ်စရာများပေးမှု
N- Needs -လိုအပ်ချက်များပြည့်ဝအောင်ဖြည့်ပေးမှု
G-Goal-ဦးတည်ရည်မှန်းချက်ထားမှု

အားကောင်းတဲ့ကလေးဆိုတာ ကို မှတ်လို့လွယ်အောင် STRONG ဆိုပြီး သတ်မှတ်ထားပါတယ်။ STRONG ဆိုတဲ့ စကားမှာ S ကတော့ self-esteem မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုဖြစ်ပါတယ်။ မိမိကိုယ်မိမိလေးစားတန်ဖိုး ထားမှုဆိုတာ ဘယ်အခါမျိုးမှာဖြစ်လာသလဲဆိုရင် မိမိကိုယ်တိုင်လုပ်နိုင်စွမ်းရှိလာပြီး မိမိကိုအနီးကပ်စောင့် ရှောက် နေကြတဲ့မိဘတွေက ချစ်ခင်စွာအသိ အမှတ်ပြုတန်ဖိုးထားခံရတဲ့အခါမှာဖြစ်လာပါတယ်။ မိမိကိုယ်မိမိ‌ လေးစားတန်ဖိုးထားတဲ့ကလေးတွေဟာ ပိုကောင်းအောင်ဆက်လက်ကြိုးစားအားထုတ်ကြပါတယ်။ အဲဒါကြောင့် မိဘများရဲ့ အသိအမှတ်ပြုမှုများပိုရကြပြီး ပိုစွမ်းဆောင်နိုင်သူများဖြစ်လာကြပါတယ်။

Trust ဆိုတာကတော့ ယုံကြည်မှုဖြစ်ပါတယ်။ မိဘတွေက ကလေးတွေကိုစွမ်းဆောင်နိုင်သူများဖြစ်တယ်လို့ ယုံ ကြည် ပြီး အားပေးတိုက်တွန်းမှု၊ သွန်သင်ပြသပေးမှုများကို စိတ်ရှဉ်စွာပြုလုပ်ပေးတာကို ဆိုလိုပါတယ်။ နောက် ပိုင်းမှာမိဘနှင့်သားသမီးကြားမှာ အပြန်အလှန် ယုံကြည်မှုက ပိုအားကောင်းလာပါတော့တယ်။ မိမိကိုယ်ကိုယုံ ကြည်မှုရှိပြီးအသိအမှတ်ပြုအားပေးတဲ့ပတ်ဝန်းကျင်မှုဆိုရင် ကလေးတွေဟာ သူတို့အစွမ်းအစများကိုအကောင်း ဆုံးထွက်လာအောင် ကြိုးစားလုပ်ဆောင်နိုင်ကြပါတယ်။

Responsible ဆိုတာကတော့ မိမိလုပ်ဆောင်ရမှာကို ကိုယ်တိုင်တာဝန်ယူပြီး လုပ်ဆောင်နိုင်မှုဖြစ်ပါတယ်။ တာ ဝန်ယူလုပ်ဆောင်တတ်မှုကအရေးကြီးပါတယ်။ ကိုယ်အားကိုကိုးလုပ်ဆောင်ရန် လိုအပ်ပါတယ်။ လုပ်စရာကို လုပ်ဖို့ မိမိမှာတာဝန်ရှိတယ်ဆိုတဲ့အသိရှိရန် လိုအပ်ပါတယ်။ အဲဒီအသိနှင့်အညီ တာဝန်ကိုကျေအောင်အစွမ်းကုန် ကြိုးစားအားထုတ်ရန်တာဝန်ခံမှုရှိရန် လိုအပ်ပါတယ်။

Options ဆိုတာကတော့ ရွေးချယ်ခွင့်ပေးခြင်းဖြစ်ပါတယ်။ ကလေးတွေကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ပေးခြင်း ဖြစ်ပါတယ်။ ရွေးချယ်စရာများကိုတော့ လူကြီးမိဘများက စဥ်းစားစီစဥ်ထားပေးရန် လိုအပ်ပါတယ်။ ကလေးအ နေဖြင့် ဘာကိုပင်ရွေး‌‌ရွေးမိဘအနေဖြင့် ခွင့် ပြုပေးနိုင်တာမျိုးဖြစ်နေအောင်စီစဥ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ကိုယ်တိုင်စဥ်းစားရွေးချယ်တဲ့အလေ့အကျင့်မှစပြီး အရေးကြီးတဲ့ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များကို ကလေး များ ကိုယ် တိုင်တာဝန်ယူးရွေးချယ်ဆုံးဖြတ်နိုင်စွမ်းများရှိလာစေပါတယ်။ ဥပမာအားဖြင့် စားတဲ့အစားအစာ၊ ဝတ် တဲ့အဝတ်ရွေးချယ်တာမှစပြီး ကလေးတွေကိုယ်တိုင် စဥ်းစားရွေးချယ်တတ်လာအောင်လေ့ကျင့်ပေးနိုင်ပါတယ်။

Needs ဆိုတာကတော့ ကလေးများရဲ့လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်အောင်စီစဥ်ရန်လိုအပ် ပါတယ်။ ကလေးများရဲ့လိုအပ်ချက်များဆိုရာမှာ ရုပ်ပိုင်းလိုအပ်တဲ့အစားအစာအာဟာရ၊ နွေးထွေးမှုအတွက်အ ဝတ် အထည်၊ စိတ်ပိုင်းအာဟာရအနေဖြင့် ကလေးများကို ချစ်ခင်တန်ဖိုးထားခြင်း၊ ချစ်ခင်စွာပြောဆိုဆက်ဆံ ခြင်း၊ လူသားတစ်ယောက်အနေဖြင့် တန်ဖိုးထားခြင်းစတာမျိုးတွေပါဝင်ပါတယ်။ ပြီးတော့ သူတို့ အားကောင်း တာ တွေကိုမြင်အောင်ကြည့်ပြီးအသိအမှတ်ပြုအားပေးခြင်းတို့ဖြစ်ပါတယ်။ နောက်ဆုံးအနေဖြင့် လူတိုင်းမှာရှိ တဲ့ စွမ်းဆောင်ရည်တွေပြည့်ဝစွာစွမ်းဆောင်နိုင်ဖို့ဆိုတဲ့ Self-actualization အဆင့်မျိုးရောက်ရှိလာအောင် လုပ် ဆောင်စွမ်းနိုင်သူတွေဖြစ်လာအောင့် လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ပါတယ်။

Goals ဆိုတာကတော့ ကလေးများသူ့အသက်အရွယ်အပိုင်းအခြားအလိုက် အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုရရှိ အောင် ကလေးအတွက်လည်းဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ရှိတဲ့အစွမ်းအစများလည်း အစွမ်းကုန်ဖွံ့ဖြိုးလာအောင် ဦးတည်ရည်မှန်းချက်များချမှတ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုရည်မှန်းချက်ချမှတ်တဲ့အခါ Smart ဖြစ် ရန် လိုအပ်ပါတယ်။ Smart မှာ S ကတော့ တိကျမှုရှိခြင်းဖြစ်ပါတယ်။ ဝေဝါးတဲ့ရည်မှန်းချက်များ မဖြစ် ရပါ။ တိကျစွာတိုင်းတာနိုင်ရန် လိုအပ်ပါတယ်။ M ကတော့ measurable ဆိုတဲ့တိုင်းတာနိုင်မှုရှိရပါမယ်။ A ကတော့ attainable ဆိုတဲ့ကလေးကြိုးစားအားထုတ်ရင် ရနိုင်တာမျိုးလည်းဖြစ်ရန် လိုအပ်ပါတယ်။ အားလုံး ပြီးပြည့်စုံ နေအောင် ချမှတ်ပြီးမရမရောက်နိုင်တာမျိုးလည်းမဖြစ်ရန် သတိထားရပါမယ်။ Time ဆိုတာကတော့ သတ်မှတ် ထားတဲ့အချိန်အပိုင်းအခြားမှာ တိုင်းတာကြည့်ရင် ရောက်နိုင်တာမျိုးလည်းဖြစ်ရန် လိုအပ်ပါတယ်။

ဒုတိယအပိုင်းဖြစ်တဲ့ မိဘ PARENTS တို့ရဲ့တာဝန်ရှိမှုအပိုင်းနဲ့ပတ်သက်လို့တော့ အောက်ဘက်မှာ စကားလုံး တစ်ခု ချင်းကို သတ်မှတ်ဖော်ပြထားသလိုပင် မိဘများအနေဖြင့် တာဝန်ရှိရှိ၊ တာဝန်သိသိ ဖြင့် တာဝန်ယူမှုရှိ ကြရန် လိုအပ်ပါတယ်။

P-Patience -စိတ်ရှည်သည်းခံမှု
A-Adequately -လုံလောက်စွာ(စိတ်ရှည်သည်းခံနိုင်မှုအားကောင်းဖို့လိုအပ်ပါတယ်။)
R-Raise- ကလေးများကိုလေ့ကျင့် ပျိုးထောင်ပေးမှု
E-Educate -ကလေးများကို ပညာပေးလမ်းပြမှု
N- Nurture -လေ့ကျင့်ပျိုးထောင်ပေးမှု
T-Teach -သင်ကြားပြသပေးမှု
S-Support Children -ကလေးများလိုအပ်ချက်များကိုထောက်ပံ့ပေးမှု

အထက်ပါအချက်များကိုအချုပ်အားဖြင့် တင်ပြရရင်မိဘများအနေဖြင့် သားသမီးများကိုလေ့ကျင့်ပျိုးထောင် ပေးတဲ့အခါမှာ တာဝန်တွေများလွန်းတဲ့အတွက် စိတ်ရှည်သည်းခံနိုင်ရန်အရေးကြီးပါတယ်။ သားသမီးတွေကို အကောင်းဆုံးလေ့ကျင့် ပေးခွင့်ရတာကို အခွင့်အရေးကောင်းလို့ရှုမြင်ရန် လိုအပ်ပါတယ်။ လောကအတွက် လူ ကောင်းတွေဖြစ်လာအောင် တာဝန်ယူလေ့ကျင့်ခွင့်ရတာလို့မြင်ရန် လိုအပ်ပါတယ်။ပြီးတော့ လေ့ကျင့်ပျိုးထောင် ပေးတဲ့အခါမှာမိဘတွေအနေဖြင့် ပြောလည်းပြော၊ ပြလည်းပြသရန်လိုအပ်ပါတယ်။ နမူနာကောင်း တွေပြသနိုင် ရန် လိုအပ်ပါတယ်။ မိမိတို့မှာရှိတဲ့အကောင်းဆုံးအရည်အသွးတွေကို လက်ဆင့်ကမ်းပြီး မိမိတို့ထက် ပိုကောင်း မွန်တဲ့လူသားများဖြစ်လာအောင် လိုအပ်ချက်များဖန်တီးပေးရန် လိုအပ်ပါတယ်။

မိတ်ဆွေများ အားကောင်းတဲ့ကလေးတွေဖြစ်လာအောင် စိတ်ရှည်စွာလေ့ကျင့် ပျိုးထောင်လမ်းပြနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
 

 

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...