Tuesday, February 4, 2025

ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ Food for Thought 813 ဒေါက်တာသိန်းလွင်

 May be an image of 1 person, child and text

ဒီနေ့” ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ” ဆိုတာကို Food for Thought 813 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။


ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ

ကလေးတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့လိုသလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လည်း အရေးကြီးပါ တယ်။ စိတ်ပိုင်းဆိုင်ရာမကျန်းမာနိုင်တဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေး ချို့တဲ့လာနိုင်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ မကျန်းမာတဲ့ကလေးတစ်ယောက်က စိတ်ဓာတ် ခိုင်မာမှုမရှိသလို၊ သူ့ကိုယ်သူ လည်း ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခုတစ်ခါမှာတော့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာ ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁) သင်မဆုံးမခင် ကလေးပြောပြတာကို စိတ်ပါလက်ပါနားထောင်ပါ။

ကလေးပြောပြတာကို စိတ်ဝင်တစားနားထောင်ပါ။ သူကပြောရင် ပြောတဲ့စကားအလိုက် ကိုယ်က ပြန် ပြီး ကလေးတစ်ယောက်လို ပြန်မေးပါ။ ဥပမာ။ သားသူငယ်ချင်းကဘယ်လိုဆိုပြီး ပြောရင်“ဟုတ်လား … …သား သူငယ်ချင်းကတော်လိုက်တာနော်၊ သားကိုချစ်ရဲ့လား၊” စသည်ဖြင့်ပေါ့။ ကလေးပြောတဲ့ စကား တွေထဲကနေ သူငယ်ချင်းက ဘယ်လိုသူငယ်ချင်းမျိုးလဲ။ အနိုင်ကျင့်တတ်တဲ့ကလေးမျိုးလား။ ကိုယ့်ကလေးက ကျောင်း သွားနေတယ်ဆိုရင်ကျောင်းမှာပျော်ရဲ့လား၊ ဒါမှမဟုတ် မူကြိုမှာပျော်ရဲ့လား။ ကလေးပတ်သတ်နေတဲ့ ကလေး ပတ်ဝန်းကျင်ကဘယ်လိုဆိုတာ ကလေးရဲ့စကားထဲကနေသင်ခန့်မှန်း နိုင် ပါတယ်။ ကလေးရဲ့စကားတွေထဲကနေ ကလေးရဲ့တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုသင် သတိ ထားနိုင်သလို၊သွန်သင်သင့်တာသွန်သင်နိုင်ပါတယ်။

၂) စိတ်ရှည်ပါ။

ကလေးအပေါ်မှာ စိတ်ရှည်ပါ။ ကိုယ်တွေလည်း ကလေးဘဝတုန်းက ဒီလိုပဲဖြတ်သန်းလာရတာလေ၊ မလုပ်တတ် တာလေးတွေကို လုပ်တတ်အောင် သင်ပြပေးရတာပဲမို့၊ ကလေးကျမှ ညံ့လိုက်တာ၊ ကြာ လိုက်တာ၊ စိတ်တိုလာ ပြီ…..မပြီးတော့ဘူး စသည်ဖြင့် မငြိုငြင်မိပါစေနဲ့။ အဲလိုငြိုငြင်က ကလေးအနေ နဲ့မိမိရဲ့ သူ့ရဲ့လုပ်နိုင်စွမ်းကို ယုံကြည်မှုကျ ဆင်းစေပါတယ်။

၃) အမှန်ကိုပဲပြောပါ။ မလိမ်မိပါစေနဲ့။

သင့်နေ့စဉ်ဘဝမှာ ဘယ်လိုလူတွေကို စိတ်ပျက်မိသလဲ။ အဲလူတွေရဲ့အမူအကျင့်တွေကို မှတ်ထား ပါ။သင့်ကလေး ကို အဲလိုလူမဖြစ်အောင် သွန်သင်ပါ။ အဲဒီ့ထဲမှာ လွယ်လွယ်လိမ်တတ်တဲ့သူလည်း ပါမယ်ထင်ပါတယ်။ အဲဒါဆို ရင်တော့ သင့်ကလေးကို သင်ကိုယ်တိုင်မလိမ်ပါနဲ့။ အတတ်နိုင်ဆုံး သူ နားလည်လောက်မယ့် စကားလုံးကို ရွေး ပြီး အမှန်အတိုင်းပြောပြပေးပါ။ ကလေးမို့နားမလည်သင့်တာ မရှိပါဘူး။ သူ့အရွယ်နဲ့သူသိသင့်တာ အမှန်အတိုင်း ရှင်းပြပါ။ သင်ကိုယ်တိုင်က ကလေးမို့အလေးမထား ဘဲ လွယ်လွယ်လိမ်ရင်တော့ သေချာပါတယ် သင့်ကလေးလဲ သင့်အတိုင်းဖြစ်လာမှာပါပဲ။

၄) ကလေးကို ပေးထားသော ကတိကို ကိုယ်တိုင်တည်ပါစေ။

အဲဒါမှကလေးကလည်း ကတိတည်တတ်မှာပါ။အပေါ်မှာပြောထားသလိုပါပဲ။ ကလေးကို သင်လုပ် သလို ကလေးကလည်း သင်ကိုနမူနာယူတာမို့ သင်နေထိုင် တဲ့အတိုင်းဖြစ်လာမှာပါ။ အဲဒီ့တော့ သင် ကတိတည်ပါစေ။ ဥပမာ။ ဒီစာအုပ်ပြီးအောင်ဖတ်ရင် ပန်းခြံလိုက်ပို့မယ် လို့ ကတိပေးထားရင် ကလေး က စာအုပ်ဖတ်ပြီးတဲ့အခါ သင်ကလည်း ကတိတည်ပါစေ။ အဲလိုမဟုတ်ဘဲ က လေးမို့လို့ လွယ်လွယ်နဲ့ “ဒီနေ့မသွားနဲ့တော့….အလုပ်ရှိလို့” ဆိုပြီး ကတိဖျက်လိုက်ရင်နောက်တစ်ခေါက်သင်ကတိပေးပြီး က လေး ကိုတစ်စုံတစ်ခုခိုင်းတဲ့အခါ ကလေးက လုပ်မှာမဟုတ်တော့ပါဘူး။ ကလေးအတွေးမှာ “ငါမေမေ ခိုင်းတာလုပ်ထားလည်း မေမေက ငါ့ကို သူပေးတဲ့ကတိအတိုင်းလုပ်ပေးမှာမှမဟုတ်တာ။ မလုပ် တော့ ဘူး….” လို့ ပြန်တွေးပါလိမ့်မယ်။ အဲဒါဆိုရင်တော့ သင့်ကလေးက ကတိလွယ်လွယ်ပေးပြီး လွယ်လွယ် ကတိဖျက်တဲ့သူဖြစ်သွားပါလိမ့်မယ်။

၅) မဆုံးနိုင်တဲ့မေးခွန်းတွေ မေးခွင့်ပေးပါ

ကလေးက ခုမှ သင်ယူနေတုန်းပါ။ အဲဒါကြောင့် သူမသိတာတွေများပါတယ်။ အဲဒါကြောင့် မေးခွန်းတွေ လည်း များမှာပါ။ အတတ်နိုင်ဆုံး သူနားလည်လွယ်မယ့်စကားလုံးကို ရွေးပြီး ဖြေပေးပါ။ မေးခွန်းများ များမေးတဲ့ အတွက် သင်ဖြေသမျှ အဖြေကို သူက မှတ်သားထားပါတယ်။ အဲဒါကြောင့် ဝေါဟာရ ကြွယ်ဝပါတယ်။ သူများကလေးတွေ မပြောတတ်တာမျိုးကို သူကပြောတတ်မယ်၊ စဉ်းစားတတ်မယ်။ သူ့ကိုသူယုံကြည်မှုရှိ လာပါလိမ့်မယ်။ သင်မေ့သွားလောက်တဲ့အချိန်မှာ သင်မထင်ထားတဲ့အဖြေစကား မျိုးက သင့်ကိုအံ့သြစေပါ လိမ့်မယ်။

၆) အပြန်အလှန်လေးစားတတ်မှုပေးပါ

ကလေးအနားမှာနေတဲ့လူကြီးအချင်းချင်း လေးစားစွာဆက်ဆံပြပါ။ ကလေးကိုလည်း လေးစားမှုပြုပါ။ ကလေးက တစ်ခုခု ကိုယ့်ကိုကူညီပေးတဲ့အခါ ကိုယ်ကစပြီးကလေးကို ကျေးဇူးတင်ပါတယ်….ဆိုပြီး ပြောပေးပါ။ ကလေးကို အခြားသူတွေကိုလည်း ကျေးဇူးတင်တတ်အောင် သင်ပေးပါ။ အခြားသော လေး စားမှုပြုတတ်တဲ့အကျင့်တွေပါ ကိုယ်က နမူနာဖြစ်အောင် နေပေးပါ။ ဥပမာ။ ကိုယ်က မှားယွင်း ပြီး ကလေး မလုပ်တဲ့ကိစ္စကို အပြစ်တင်မိတယ်ဆိုပါတော့ အမှန်ကိုသိသွားတဲ့အခါ ကလေးကိုဖက်ပြီး “ဆောရီးသားရယ်။ မေမေက သားလုပ်လို့ဖြစ်တယ်ထင်ပြီး ဆူလိုက်မိတာ။ ဆောရီးပါကွယ်” ဒါမျိုး အပြုအမူက ကလေးကလည်း သင့်ကို သူမှားရင်ဆောရီးပြောတတ်သွားပါလိမ့်မယ်။

၇) ခွင့်လွှတ်တတ်ဖို့သင်ကြားပေးပါ

တစ်ချို့သော ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို နားမလည်ကြသူတွေက ကလေးကို စနောက်တာ၊ သ ရော်တာ လှောင်ပြောင်တာမျိုးလုပ်တဲ့အခါ ခွင့်လွှတ်တတ်ဖို့သင်ကြားပေးပါ။ တစ်ချို့မိဘတွေ က “သားကို လျှာ ထုတ် ပြတယ်မလား……ပြန်လျှာထုတ်ပြလိုက်သား။ သူက သားခေါင်းကို ပုတ်သွား တယ်မလား၊ ပြန်ချလိုက်သား။” ဆိုပြီး သင်ပေးတတ်ပါတယ်။ အဲလိုမျိုး ကလေးကိုမလေးစားတတ်သူ တွေ့ရင် “သားရေ မသိချင်ယောင် ဆောင် နေလိုက်ပါ၊ ရှောင်ထွက်လိုက်ပါ…..” လို့ သင်ပေးတာက ပို ကောင်းပါတယ်။ ကလေးချင်းရန်ဖြစ်ရင်တောင် ကိုယ့်ကလေးဘက်ကနေ ကိုယ်တိုင်က ရန်တွေ့တာမျိုး မလုပ်ဘဲ အတတ်နိုင်ဆုံးရှောင်ဖို့သင်ကြားပါ။ မရှောင် နိုင်ရင် ကလေးမိဘကို တိုင်ဖို့သင်ကြားထားပါ။ ပြီးရင် ခွင့်လွှတ်လိုက်ဖို့ သင်ပေးပါ။ ခွင့်လွှတ်ခြင်းက ဘယ် လောက်စိတ်ထဲမှာပေါ့ပါးစေသလဲ ပြောပြ ပေး ပါ။ တစ်ချို့မိဘတွေက မှတ်ထားပြီး အလှည့်ကျရင် ပြန်လုပ်ဖို့ သင်ပေးတတ်တာမျိုးတွေ့ဖူးပါ တယ်။ အဲလိုမျိုးမလုပ်မိပါစေနဲ့။ အဲဒါက ကလေးရဲ့စိတ်ထဲမှာ အငြိုးတကြီး ဒေါသဖြစ်အောင် သွယ် ဝှိုက်ပြီးသင်ပေးနေတာပါပဲ။ ကလေးက ကလေးရဲ့စိတ်ကို ရိုင်းစိုင်းစေပါတယ်။

၈) ချီးကျူးအသိအမှတ်ပြုပေးပါ

ကလေးကအောင်မြင်အောင်တစ်ခုခုလုပ်နိုင်တယ်ဆိုပါတော့တော်လိုက်တာ……အရမ်းဉာဏ်ကောင်းတာပဲ…. စသည်ဖြင့် ချီးကျုးပေးပါ။ အဲဒါက ကလေးကိုသူ့ကိုယ်သူယုံကြည်မှု self confidence ရစေ ပါတယ်။ ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိလာတဲ့ကလေးဟာ အရာရာမှာ အောင်မြင်အောင် ကြိုးစားတတ် လာပါတယ်။ ကျရှုံးမှုတွေ ကြုံရရင်တောင် ပြန်ပြီး နလန်ထူနိုင်တဲ့ကလေးမျိုးဖြစ်လာပါတယ်။ ချီးကျူးအသိအမှတ်ပြုတဲ့အခါ ကလေးလုပ် ဆောင်ချက်ကို တိတိကျကျဖော်််််းပြီးချီးကျူးအသိအမှတ်ပြုရင် နောင်တွင် အလားတူ စွမ်းဆောင်မှုမျိုးကို ပြုလုပ်လာရန် အားပေးရာရောက်ပါတယ်။

၉) မကြာမကြာပွေ့ဖက်ပေးပါ။

မကြာမကြာပွေ့ဖက်ပေးပါ။ သင့်ကလေးကို အလုပ်တွေအရမ်းများကို ဂရုမစိုက်မိဘူးဆိုရင်တောင် ညမအိပ်ခင် ကြင်နာစွာပွေ့ဖက်ပြီး ချစ်တဲ့အကြောင်းပြောပေးပါနော်။

၁၀) အတူကစားပေးပါ၊ အတူကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

ကလေးအတွက် တစ်နာရီလောက်ဖြစ်ဖြစ် ကလေးတစ်ယောက်လို လိုက်ကစားပေးလိုက်ပါ။ လေ့ကျင့် ခန်းလုပ်ဖို့ ကတော့ တကူးတကမလိုပါဘူး။ ဥပမာ။ ဈေးသွားကြမယ်ဆိုရင် သားအမိတွေ အတူတူ လမ်းလျှောက်သွား ကြတာမျိုး၊ ကျောင်းကအပြန် အိမ်ကိုလမ်းလျှောက်ပြန်ကြတာမျိုးကလည်း လေ့ ကျင့် ခန်းဖြစ်တာပါပဲ။ အဲဒါက သင် နဲ့ကလေးကြားမှာ ပိုပြီးနွေးထွေးမှုဖြစ်စေပါတယ်။ ကလေးစိတ်ထဲ မှာ လည်း ပိုပြီး လုံခြုံမှုကို ခံစားရစေပါတယ်။ကလေးတွေရဲ့အသက်အရွယ်နေထိုင်မှုပုံစံအရတော့ အ လိုက်သင့်ပြောင်းလဲမှုရှိနိုင်ပါတယ်နော်။ အဓိကကတော့ ကလေးရဲ့စိတ်ထဲမှာ နွေးထွေးမှု၊ ယုံကြည်မှု၊ လုံခြုံမှု ခံစားရဖို့ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော ကလေး တွေဖြစ်ကြဖို့ ရည်ရွယ်ပြီး ဖော် ပြပေးလိုက်ပါတယ်။

မိတ်ဆွေများကလေးများစိတ်ပိုင်းဆိုင်ရာကျန်းမာအောင်လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...