ဒီနေ့ “ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာ ဘယ်ကံက အပြစ်ကြီးပါသလဲ?” ဆိုတာကို Food for Thought 814 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာ ဘယ်ကံက အပြစ်ကြီးပါသလဲ?
“ကာယကံ၊
ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာ ဘယ်ကံက အပြစ်ကြီးပါသလဲ ဆိုတော့…
ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊ မကောင်း ကျိုးပေးတဲ့
အကုသိုလ်ကံပဲ။
“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲ့ဒီ အကုသိုလ် ကံဟာ –
(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊
(၂) အဒိန္နာဒါန = သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။
နှုတ်ဖြင့်ပြောမှားဆိုမှားတဲ့ကံကို ဝစီကံလို့ခေါ်တယ်၊အဲဒီနှုတ်ဖြင့် အ ပြောမှားတဲ့ ကံဟာ-
(၁) မုသာဝါဒ = လိမ်ပြောတဲ့ကံ၊
(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊
(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုသောအကုသိုလ်ကံရယ်လို့လေးပါး ရှိတယ်။
စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကို မနောကံလို့ခေါ်တယ်၊မနောကံက –
(၁) အဘိဇ္ဈာ = သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့လို့ မတရားရချင်တဲ့ အကုသိုလ်ကံ၊
(၂) ဗျာပါဒ = သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊
(၃) မိစ္ဆာဒိဋ္ဌိ = အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ်လို့ သုံးပါးရှိတယ်။
ဒီ
(၁၀)-ပါးသော အကုသိုလ်ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့်တူလို့
‘အကုသလ ကမ္မပထတရား’ လို့ ခေါ်တယ်၊အကုသလကမ္မပထဆိုတာ အကုသိုလ်ကံ တည်းဟူသော
အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။
ဒီလမ်းမကြီး
(၁၀)-ခုအနက် တစ်ခုခုပေါ်နင်းသွားမိလျှင် လမ်းမကြီးက ငရဲ၊ တိရစ္ဆာန်၊
ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊
ဒါကြောင့် ဒီ (၁၀)-ပါးသော အကုသိုလ်ကံအနက် တစ်ကံကံကို လွန်ကျူးမိကြလျှင် အပါယ်လမ်းက သေချာနေ တယ်၊
ဒါကြောင့်
အကုသလကမ္မပထ (၁၀)-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊ သို့သော် ဒီ
(၁၀)-ပါးအနက် ဘယ်ကံတရားဟာ အပြစ်အကြီးဆုံးလဲလို့ တွက်ခဲ့လျှင် နောက်ဆုံး
မိစ္ဆာ ဒိဋ္ဌိကံဟာ အပြစ်အကြီးဆုံး ဖြစ်တယ်။
အကုသိုလ်ကံအတွင်းမှာ
ဂရုကံဟာ အလေးဆုံးကံဖြစ်တယ်။ ဂရုကံဆိုတာ (ပဉ္စာနန္တရိယ ကံ)ကို ခေါ်တာပဲ၊
သည် ကံ က ကွယ်လွန်သည်၏အခြားမဲ့မှာဧကန် အဝီစိငရဲကြီး ကျ ရောက်မည့်ကံလို့
ဆိုလိုတယ်။
အဲဒီအနန္တရိယကံဟာ ပဉ္စဆိုတဲ့အတိုင်း ငါးပါးရှိတယ်။
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) အရဟန္တဃတက = ရဟန္တာကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသောကံ၊
(၅) သံဃဘေဒက = သံဃာကွဲအောင် ပြုသောကံ၊
ဒီဂရုကံကြီး ငါးပါးလုံးဟာ ကာယကံတွေချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်။
သို့သော်လည်း ကာယကံသာ အပြစ်ကြီးတာ မဟုတ်ဘူး။
ဝစီကံအတွင်းက
မုသာဝါဒဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့
ဘုရားအလောင်းများဟာ အခြားအကုသိုလ်များကိုသာ ကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံ
ကိုတော့ မကျူးလွန်ဘူးတဲ့ကွယ်၊
ဒီကံတွေထက် အပြစ်အကြီးဆုံးကတော့ မိစ္ဆာဒိဋ္ဌိကံပဲကွယ့်၊
မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက (၁၀)-ပါးရှိ တယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။
အဲဒီမိစ္ဆာဒိဋ္ဌိ (၁၀)-ပါးက –
(၁) နတ္ထိ ဒိန္နံ = အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊
(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊
(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊
(၄) နတ္ထိ ဖလံ ဝိပါကော = ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊
(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊
(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊
(၇) နတ္ထိ မာတာ = မိခင်၏ ကျေးဇူးမရှိ၊
(၈) နတ္ထိ ပိတာ = ဖခင်၏ ကျေးဇူးမရှိ၊
(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊
(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။
ဒီအယူ (၁၀)-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီမိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့်…နတ္ထိကဒိဋ္ဌိ လို့ ခေါ်တယ်၊
ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ မကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကိုပယ်တဲ့ အတွက်ကြောင့် အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။
သတ္တဝါဆိုတာက
ကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊
အကြောင်း အထောက်အပံ့မရှိ၊ သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက်
အဟေတုကဒိဋ္ဌိ လို့လည်းခေါ်တယ်။
နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါးစွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊
ဒီအယူဆိုးကြီးကို
စွဲစွဲမြဲမြဲယူခဲ့လျှင် နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင်…
လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊
ကမ္ဘာပျက်လျှင်
အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်း
နိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာ
ကြီးပျက်လျှင် အခြားမပျက်သေးတဲ့ ကမ္ဘာမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့။
ဒါလားဆိုတော့
မကသေးဘူး၊ အယူမှားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို
ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက် ဘုရားပေါင်း အရာအထောင်
ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို
မစွန့်နိုင်အောင်အလွန် အယူပြင်းထန်သတဲ့၊
ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ် ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန် များမှာ ဖွင့်ပြထားတယ်။
မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်း မဟုတ်ဘူး၊ ဝစီကံလည်း မဟုတ်ဘူး၊ မနောကံစစ်စစ် ဖြစ်တယ်၊
ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာ မနောကံဟာ အပြစ် အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”
မင်းကွန်း
ဆရာတော် ဘုရားကြီးရဲ့ ရှင်းလင်းဖော်ပြချက်ကိုမိတ်ဆွေများအတွက် ပြန် လည်
မျှဝေလိုက်ပါတယ်။ ဆရာတော်ကြီးသာသနာအတွက် ဘယ်လို အလုပ်ခဲ့ ကြောင်း ကို
မင်ကွန်းရောက်ခဲ့စဥ်က တွေ့မြင်ခဲ့ရတဲ့လက်နှိပ်စက်ကလေးနဲ့ အလုပ်နေတဲ့ ပုံကို
ကြည်ညိုနိုင်စရန် ထည့်ပေးလိုက်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 4, 2025
ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာ ဘယ်ကံက အပြစ်ကြီးပါသလဲ? Food for Thought 814 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment