Tuesday, February 4, 2025

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေ Food for Thought 815 ဒေါက်တာသိန်းလွင်

May be an image of smiling 

 

 ဒီနေ့ “စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေ” အကြောင်းကို Food for Thought 815 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေ

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ
*Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
*Brightness: အသိဉာဏ်ကောင်းတယ်။ အသိဥာဏ်ဖြင့် လင်းလက်တောက်ပတယ်။
*Cheerfulness: ရွှင်လန်းတယ်။
*Common sense: ချင့်ချိန်နိုင်တဲ့ပင်ကိုယ်ဉာဏ်ရှိတယ်။
*Confidence: ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။
*Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
*Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
*Forgiveness: ခွင့်လွှတ်နိုင်တယ်။
*Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
*Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
*Joyousness: ကြည်လင်ရွှင်လန်းတယ်။
*Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
*Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
*Optimist: အကောင်းမြင်တယ်။ အပြုသဘောရှိတယ်။
*Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
*Peacefulness: စိတ်ငြိမ်းချမ်းတယ်။
*Power: စိတ်စွမ်းအားကြီးတယ်။
*Productiveness: အလုပ်များများလုပ်နိုင်တယ်။
*Wisdom: ဉာဏ်ပညာရှိတယ်။
* ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့်စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။

မိတ်ဆွေများလည်းစိတ်ချမ်းသာကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...