Tuesday, February 4, 2025

နေ့တိုင်းဆင်ခြင် စိတ်ကိုပြင် Food for Thought 816 ဒေါက်တာသိန်းလွင်

 May be an image of text

ဒီနေ့ “နေ့တိုင်းဆင်ခြင် စိတ်ကိုပြင်” ကို Food for Thought 816 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 
နေ့တိုင်းဆင်ခြင် စိတ်ကိုပြင်

လူတိုင်းမနက်လင်းလာလို့မျက်နှာသစ်တဲ့အခါ မိမိမျက်နှာမှာအညစ်ကြေးရှိမရှိ မှန်ကြည့်စစ်ဆေးကြပါတယ်။ အဲဒါကတော့မျက်နှာဆိုတဲ့ရုပ်ကို စစ်ဆေးပြီးအလှပြင်တာဖြစ်ပါတယ်။ ရုပ်ကို ပြုပြင်ပေးသလို စိတ်ကိုလည်း နေ့တိုင်စစ်ဆေးပြီး ပြုပြင်ပေးရန် လိုအပ်ပါတယ်။ အခုမျှဝေမဲ့အကြောင်းအရာမှာ ပါမောက္ချုပ်ဆရာတော်ကြီး ဟောကြားတဲ့ “နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်” ဆိုတဲ့တရားကို ပြန်လည်အနှစ်ချုပ်ပြီးမျှဝေခြင်းဖြစ်ပါတယ်။

စိတ်ပိုနေ့စဥ်စစ်ဆေးပြုပြင်ရန်မှာအလွန်အရေးကြီးပါတယ်။ စိတ်ကိုဆိုးအောင်တွန်းအားပေးတာတွေရှိနေသလို ကောင်းအောင် ပြုပြင်တွန်းအားပေးနေတာတွေလည်းရှိကြပါတယ်။ ကောင်းအောင် တွန်းအားပေးတာတွေနဲ့ဆိုး အောင်တွန်းအားပေးနေတာတွေက ဆန့်ကျင်ဘက်သဘောတွေဖြစ်နေကြပါတယ်။
မကောင်းအောင်အားပေးတဲ့တရား (၁၀) ခုမှာ အောက်ပါတို့ဖြစ်ကြပါတယ်။

၁။ လိုချင်မှုအားကြီးတဲ့လောကစိတ်

၂။ မိမိကိုယ်မိမိထိန်းမရတဲ့‌ဒေါသစိတ်

၃။ ပျင်းရိတဲ့စိတ်၊ အလုပ်ကို ကောင်းစွာမလုပ်ချင်တဲ့စိတ်

၄။ မိမိစိတ်ကိုထိန်းမရသိမ်းမရပြန့်လွင့်နေတဲ့စိတ် (ပြာပုံခဲကျသလို)

၅။ အမျိုးမျိုးစိတ်မှာဖြစ်နေပြီးယုံမှာသံသယဖြစ်နေတဲ့စိတ် (လမ်းနှစ်ခွတွေ့ပြီး ဘယ်လမ်းလိုက်ရမှန်းမသိသလို)

၆။ အမျက်ထွက်နေခြင်း ၊ စိတ်ထဲမှ မျက်တက်မျက်တက် စူးဝင်သလိုဖြစ်နေတဲ့စိတ်

၇။ ညစ်နွမ်းတဲ့စိတ်တွေဖြစ်နေခြင်း

၈။ ပင်ပန်းနွမ်းနယ်တဲ့ကိုယ်စိတ်တွေဖြစ်နေခြင်း

၉။ ကြိုးစားအားထုတ်မှုမပြုလုပ်လိုတဲ့အချောင်နေလိုတဲ့စိတ်

၁၀။ တည်ကြည်မှုကင်းမဲ့နေတဲ့စိတ် တို့ဖြစ်ပါတယ်။

ကောင်းတဲ့စိတ်များဖြစ်အောင်အားပေးတဲ့တရား (၁၀)ပါးတို့မှာ အောက်ပါတို့ဖြစ်ပါတယ်။

၁။ မတရားလိုချင်တဲ့ဘောဘစိတ်ကင်းမှု

၂။ ‌ဒေါသစိတ်ကင်းနေမှု (ရန်လိုမုန်းတီးတဲ့စိတ်ကင်းမှု)

၃။ ပျင်းရိတဲ့သဘော၊ အလုပ်ကို ကောင်းစွာမလုပ်ချင်တဲ့သဘောကင်းမှု

၄။ စိတ်တွေပျံ့လွင်မှုကင်းတဲ့စိတ်

၅။ ယုံမှားသံသယဖြစ်နေတဲ့စိတ်များကင်းရှင်းနေတဲ့စိတ်

၆။ အမျက်ထွက်နေခြင်း ၊ စိတ်ထဲမှ မျက်တက်မျက်တက် စူးဝင်သလိုဖြစ်နေခြင်းကင်းတဲ့စိတ်

၇။ ညစ်နွမ်းတဲ့စိတ်တွေကင်းပြီးစိတ်ဖြူစင်နေခြင်း

၈။ ကိုယ်ရောစိတ်ပါသက်သောင့် သက်သာရှိနေခြင်း

၉။ ထက်သန်တဲ့လုံးလဝိရိယရှိခြင်း

၁၀။ တည်ကြည်ပြီးသမာဓိအားကောင်းနေမှု တို့ဖြစ်ပါတယ်။

အထက်ပါ ဆိုးတဲ့စိတ်အခြေအနေတွေနှင့် ကောင်းတဲ့စိတ်အခြေအနေတွေ ဘယ်လိုစိတ်တွေဖြစ်နေတယ်ဆိုတာ မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်သုံးသပ်ရန် လိုအပ်ပါတယ်။ မိမိကိုယ်မိမိပြန်လည်သုံးသပ်တဲ့အခါအမှန်အတိုင်း အရှိအတိုင်းသိအောင်သုံးသပ်ရန် လိုအပ်ပါတယ်။

မိမိကိုယ်မိမိဆင်ခြင်ကြည့်လိုက်တဲ့အခါ မိမိမှာ မကောင်းတဲ့စိတ်တွေလွှမ်းနိုးနေမှုတွေတွေ့လာပါက မကောင်း စိတ်များပယ်ပျောက်အောင် ပြုပြင်ရပါမည်။ မိမိဦးခေါင်းမှဆံပင်၊ မိမိဝတ်ထားတဲ့အဝတ်ကိုမီးလောင် ပါက ချက် ခြင်းမီးသေအောင် သပ်ရန် အားထုတ်တဲ့အတိုင်း မကောင်းစိတ်များ ကင်းအောင်ပျောက်အောင် အားထုတ်ရပါ မည်။ မကောင်းတဲ့စိတ်ထားတွေကိုဖယ်ရှားတဲ့အခါမှာ ဖယ်ရှားလိုတဲ့ကြီးမားတဲ့ဆန္ဒ၊ အားကြီးထက်သန်တဲ့လုံး လ၊ မဆုတ်နစ်တဲ့ဝိရီယစိုက်ထုတ်မှု၊ ရှိရပါမယ်။ မိမိစိတ်ထားဖြူစင်လာတဲ့အထိ ရောက်အောင်သတိထားလျက် အားထုတ်ရန် လိုအပ်ပါတယ်။ သတိပဌာန်တရားကိုပွားများပြီးစိတ်အညစ်အကြေးများကို ဖယ်ရှားရန် လိုအပ်ပါ တယ်။ စိတ်အညစ်အကြေးကိလေသာဆိုတာသေးငယ်တယ်ဆိုတာမရှိပါ။ မီးပွားငယ်လေးအဆင့်မှ အား လုံးမီး လောင်သွားတဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။ ကိလေသာဆိုတာ သေးရာမှကြီးလာတတ်ပါတယ်။ ကိလေသာ ဆို တာ အဆိုင်အခဲသာဖြစ်မယ်ဆိုရင် စကြာဝဠာတစ်ခုလုံးနှင့် ကောင်းကင်အထိ ကျယ်တဲ့နေရာက ကိလေ သာအ တွက် ကျဥ်းနိမ့်ပြီးနေနိုင်ပါတယ်။ ကိလေသာကိုပယ်ရန်အတွင်းတွန်းအားက အရေးကြီးပါတယ်။

တကယ်လို့မိမိစိတ်မှာ ကောင်းတဲ့တရားတွေကိန်းအောင်နေတာကိုတွေ့ရင် ဝမ်းသာပါ။ ထိုကောင်းတဲ့တရားတွေ ပို အားကောင်းသည်ထက် အားကောင်းလာအောင် ဆက်လက်လေ့ကျင့်ရန် လိုအပ်ပါတယ်။ သာမန်လူသားအ ဆင့်မှ တဖြည်းဖြည်းမင့်တက်ပြီး ကိလေသာကုန်းတဲ့ရဟန္တာအဆင့်ရောက်တဲ့အထိ ဆက်လက် ကြိုးစားအား ထုတ်ရန် လိုအပ်ပါတယ်။

မိတ်ဆွေများ မိမိစိတ်ကိုနေ့တိုင်စစ်ဆေးပြီးအကောင်းဆုံးပြုပြင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...