ဒီနေ့ “ကလေးတွေနားလည်တဲ့မေတ္တာအခြေခံဘာသာစကား (၅)ခု”အကြောင်းကို Food for Thought 863 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေနားလည်တဲ့မေတ္တာအခြေခံဘာသာစကား (၅)ခု
မေတ္တာအခြေခံတဲ့ဘာသာစကား
(၅)မျိုးက ကလေးရောလူကြီးတွေအတွက်ပါအတူတူ သာ ဖြစ်ပါတယ်။ အဲဒီဘာသာစကား
(၅)မျိုးကို နားလည်ပြီးအကောင်းဆုံးအသုံးချမယ် ဆိုရင်မိဘနှင့် ကလေး
အပြန်အလှန်ဆက်ဆံရေးကို များစွာတိုးတက်ကောင်းမွန်လာစေ မှာ ဖြစ်ပါတယ်။
ကလေးတွေနားလည်တဲ့မေတ္တာအခြေခံတဲ့ဘာသာစကား (၅)မျိုးမှာအောက်ပါတို့ ဖြစ်ပါ တယ်။
၁။ ကိုယ်ချင်းထိတွေ့ပြီးချစ်ခင်ကြောင်းပြသခြင်း။
ဥပမာ “ မေမေကသားသမီးကိုချစ်တယ်ဆိုတာ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ သားသမီးကိုမေမေကချစ်ခင်စွာပွေ့ဖက်တတ်တဲ့အတွက်ဖြစ်ပါတယ်။”
ဒီဘာသာစကားကတော့မိဖများနေ့တိုင်းမကြာခဏသုံးတဲ့ဘာသာစကားဖြစ်ပါတယ်။
က လေးတွေကိုကျောင်းမသွားခင်နှင့်
ကျောင်းမှပြန်ရောက်လာတဲ့အချိန်တွေမှာပွေ့ဖက်ပြီး နမ်းတဲ့လုပ်ဆောင်ခြင်း၊
ကလေးနှင့်အတူတူပန်းခြံထဲမှာ ဘော်လုံးကန်ခြင်း၊ ကလေးကို မိဘ
ပေါင်ပေါ်မှာထိုင်ထားပြီးပုံပြင်စာအုပ်ဖတ်ပြခြင်း၊ပုံပြောပြခြင်းစတဲ့လုပ်ဆောင်မှု
များမှာ ကလေးနားလည်တဲ့ချစ်မေတ္တာအခြေခံတဲ့ဘာသာစကားကိုသုံးနေခြင်းများဖြစ်
ပါတယ်။ အဲဒီလိုကိုယ်ချင်းထိပေးတာက ကလေးအတွက် အရေးအကြီးဆုံးချစ်ခြင်း
မေတ္တာပြတဲ့ ဘာသာစကားမဟုတ်ရင်တောင်မှ အသားချင်းထိပြီးဆက်သွယ်မှုပြုလုပ်
ပေးရန် လိုအပ်ပါတယ်။ ကိုယ်ချင်းထိတွေ့မှုရှိအောင်ပြုလုပ်တဲ့နည်းလမ်းက အလွယ်
ကူဆုံးလုပ်နိုင်ပြီး အချိန်နေရာမရွေးပြုလုပ်နိုင်စေပါတယ်။ အဲဒီလို
ကိုယ်ချင်းထိပြီးချစ် မေတ္တာပြဖို့အတွက် အထူးသီးသန့် အချိန်အခါဆိုတာ
မိဘများအနေနဲ့သတ်မှတ်ထားရန် မလိုပါဘူး။
ကလေးတွေအသက်ကြီးလာတဲ့အခါ
သူတို့မှာရှိနေတဲ့စိတ်လှုပ်ရှားခံစားမှု ချစ်မေတ္တာ
လှောင်ကန်ကြီးမှာပြည့်ရန်ပိုခက်ခဲလာပါတယ်။ ဒါကြောင့်ကလေးတွေက သူတို့ကို
ထိတွေ့ချစ်ခင် ပါလို့အချက်ပြမှုတွေမပြရင်တောင် မိဘတွေအနေဖြင့်
ချစ်မေတ္တာကို လူ ချင်းထိပြီးဖြည့် ပေးတာမျိုးပြုလုပ်ရန် လိုအပ်ပါတယ်။
အဲဒီလိုမေတ္တာပြဖို့အချိန် ကိုရှာ ပါ။
လူအများအလယ်
မှာဆိုရင် ချစ်ခင်ကြောင်းပွေ့ဖက်ပြတာမျိုးက အသက်ကြီးလာတဲ့ ကလေးတွေအတွက်
ရှက်သလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ
ဖြစ်နိုင်တဲ့စိတ်ခံစားမှုကိုလေးစား အလေးထားရန် လိုအပ်ပါတယ်။ ကလေးမှာဖြစ်
တဲ့စိတ်ခံစားမှုကို လေးစားတန်ဖိုးမထားရင် ရည်ရွယ်တာနဲ့ဖြစ်လာတာဆန့်ကျင် နေ
တတ်ပါတယ်။
ကလေးနှစ်သက်တဲ့ကိုယ်ချင်းထိတွေ့ပြီးချစ်မေတ္တာပြတဲ့နမူနာ (၃)ခု
• ကလေးကိုကျောင်းမသွားခင်နှင့်ကျောင်းမှပြန်ရောက်လာတဲ့အချိန်တွေမှာနေ့တိုင်း ပွေ့ဖက်နမ်းတာမျိုးပြုလုပ်ပြီးချစ်ကြောင်းပြပါ။
• အိမ်မှာရုပ်မြင်သံကြားကြည့်တဲ့အချိန်မျိုးမှာ လူချင်းနီးနီးကပ်ကပ်အတူတူထိုင်ပါ။
•
ကလေးတွေကသူတိုကြုံခဲ့တဲ့အခက်အခဲ သို့မဟုတ်စိတ်ပျက်ဝမ်းနည်းတဲ့အ ကြောင်း
ပြောပြလာတဲ့အခါ သူတို့ဆံပင်၊ လက်မောင်း၊ နောက်ကျောစတဲ့ နေရာ တွေကို မိဘတွေက
စာနာမှုပြတဲ့အနေဖြင့် လက်ဖြင့်သာသာလေးထိပွတ်ပေးပါ။
၂။ ထောက်ခံအားပေးအသိအမှတ်ပြုတဲ့စကားပြောပြီးချစ်ခင်ကြောင်းပြသခြင်း။
ဥပမာ “သမီးသာအကောင်းဆုံးဆက်လက်ကြိုးစားရင် သမီးပို တော်လာမှာ”လို့မေမေက ပြောပါတယ်။
ကလေးတွေဆိုတာရေမြှုပ်နဲ့တူပါတယ်။
သူတို့မြင်တာကြားတာကို အတုယူနိုင်စွမ်းက
အလွန်အံ့အားသင့်စရာပင်ကောင်းလှပါတယ်။ အထူးသဖြင့် စကားဖြင့် ပြောတာကိုအ
တုယူတာအားကောင်းပါတယ်။ အဲဒီလိုစကားဖြင့် အသိအ မှတ်ပြုတာတွေကကလေး စိတ်မှာ
သူတို့ကိုသူတို့တန်ဖိုးရှိတယ်။ ဘေးကင်းလုံခြုံတယ်ဆိုတဲ့စိတ်ခံစားမှုကို
ဖြစ် လာအောင်ဖန်တီးပေးနိုင်စွမ်းပါတယ်။
အဲဒီလိုစကားတွေဆိုရင်ကလေးတွေဟာတစ်သက်လုံးမှတ်မိနေတတ်ကြပါတယ်။
စာ ရေးသူဆိုရင် ငယ်စဥ်ကဖေဖေကအသိအမှတ်ပြုအားပေးခဲ့တဲ့စကားကို အခု ထက် တိုင်
အောင်မှတ်မိနေပါတယ်။ “သားသာဒီအတိုင်းဆက်လက် ကြိုးစားရင် အားလုံးအဆင်
ပြေသွားမှာပါ” ဆိုတဲ့အားပေးစကားဖြစ်ပါတယ်။
အသိအမှတ်ပြုတဲ့အခါ
မဟုတ်မမှန်တာကို အသိအမှတ်ပြုတာမျိုးလည်းမလုပ်ရန်သတိ ထားသင့်ပါတယ်။
မဟုတ်မမှန်တာကိုမကြာခဏပြောပြီးချီးကျူးနေပါကမိဘ ကပြော နေ တဲ့စကားတွေက
မျှော်မှန်းသလိုအပြုသဘောမသက်ရောက်တော့ပါဘူး။ ကလေးက မိဘထံမှချီးကျူး
မှုမရရင်သူ့ကိုယ်တိုင်အားကိုးမလုပ်နိုင်တော့တဲ့အနေအထားမျိုးရောက်
သွားစေနိုင်ပါတယ်။ ဒါကြောင့် အသိအမှတ်ပြုတဲ့စကားပြောဖို့အတွက်အရေး ကြီးတဲ့
အချက်မှာကလေးကောင်းတာတစ်ခုခုကိုပြုလုပ်နေတဲ့အချိန်ကိုအမိဖမ်းအသိအမှတ်ပြု
ရန် ဖြစ်ပါတယ်။ အဲဒီလိုစကားဖြင့်အသိအမှတ်ပြုပေးရင်
ကလေးမှာအကျင့်သိက္ခာပိုင်း နှင့်
အကျင့်စာရိတ္တပိုင်းတို့မှာလမ်းညွှန်မှုကောင်းကောင်းရရှိ
စေပါတယ်။
စကားဖြင့် ကလေးကိုချစ်ခင်မြတ်နိုးကြောင်းပြသရန်လုပ်စရာ(၃) ခု
• အားပေးတဲ့အပြုသဘောဆောင်တဲ့စကားပါတဲ့စာကိုရေးပြီး ကလေးထမင်းဘူးအ ပေါ်မှာကပ်ထားပေးလိုက်ပါ။
• တစ်ယောက်နှင့်တစ်ယောက်ခွဲခွါခါနီးနှုတ်ဆက်တဲ့အခါတိုင်း “သားသမီးကိုမေမေ၊ ဖေဖေကချစ်ပါတယ်”ဆိုတာကို ထည့်ပြောပေးပါ။
•
ကလေးကကောင်းတဲ့လုပ်ရပ်တစ်ခုလုပ်ရင်း (ဥပမာပုဂံတွေကူဆေးရင်း) လွတ်
ကျသွားတဲ့အတွက်ပုဂံကွဲသွားတဲ့အခါမျိုးမှာ ကလေးရဲ့ကောင်းတဲ့ ရည်
ရွယ်ချက်ဖြင့် ကူညီလုပ်ဆောင်တာကိုအသိအမှတ်ပြုပေးပါ။ ဥပမာ “ပုဂံကျကွဲတာ
မျိုးဆိုတာမတော်တဆဖြစ်တတ်ပါတယ်။သမီးက မေမေကိုကူတဲ့အနေနဲ့ပုဂံတွေ
ဝိုင်းကူဆေးပေးနေတာကို မေမေကတန်ဖိုးထားပါတယ်” လို့ပြောပေးပါ။
၃။ အရည်အသွေးရှိတဲ့အချိန်ကိုသုံးပြီးချစ်ခင်မြတ်နိုးကြောင်းပြခြင်း။
ဥပမာ “ဖေဖေကအမှိုက်တွေပစ်တဲ့အခါနဲ့ကွန်ပျူတာဂိမ်းတွေကစားတဲ့အခါ သားကို ကူပါတယ်။”
အဲဒီလိုကလေးကို
အချိန်ပေးပြီးကူခြင်း၊ အတူတူကစားပေးခြင်း တို့မှာ ချစ်ခင်မြတ်နိုး
တန်ဖိုးထားကြောင်းပြသခြင်းဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့အချိန်ပေးပြီးက လေး
နှင့် အတူတူရှိပေးခြင်းဖြင့်ကလေးက “မေမေဖေဖေကသားသမီးနဲ့အတူတူရှိနေရ တာကို
သဘောကျပါတယ်”ဆိုတဲ့သတင်းစကားမျိုးကို ပေးနေရာရောက်ပါပါတယ်။
ကလေးစိတ်ထဲမှာလည်း”သူတို့ချစ်တဲ့မိဘတွေကသူတို့နှင့်အတူတူအချိန် ပေးနေကြ
တယ်”လို့
ခံစားနားလည်ပြီး”မိဘကသူတို့ကိုချစ်ခင်မြတ်နိုးတန်ဖိုးထားကြတယ်”လို့
စိတ်မှာခံစားရစေပါတယ်။
ကလေးနှင့်အရည်အသွေးရှိတဲ့အချိန်ပေးခြင်းဆိုတာမှာ
အထူးတလည်လုပ်နေရန်မလို အပ်ပါ။ ပုံကြီးချဲ့နေရန်မလိုအပ်ပါ။ မိဘတွေအနေဖြင့်
သုံးနေတဲ့လက်ကိုင်ဖုန်းနဲ့အလုပ် လုပ်နေတဲကွန်ပျူတာတွေကို ခဏဘေးဖယ်ထားပြီး
ကလေးကို အလေးထားအချိန်ပေး မှုပြုလုပ်ရန်သာလိုအပ်ပါတယ်။
တစ်ချို့မိသားစုများဟာ ညဘက်ထမင်းအတူတူ စားတဲ့ အချိန်ကို
အရည်အသွေးပြည့်တဲ့အချိန်အဖြစ်အသုံးပြုတတ်ကြပါတယ်။ အဲဒီအချိန်မှာ
မိသားစုဝင်များ အနေဖြင့်တစ်နေ့တာဖြစ်ခဲ့တာတွေကိုပြန်လည်မျှဝေပြောြပတတ်ကြ
ပါတယ်။ မိသားစုအလိုက်ရုပ်မြင်သံကြားမှန်သားပြင်ရှေ့မှာ အတူတူထိုင်တာထက်
အခုလိုညစာထမင်းစားတဲ့အချိန်မှာ အချိန်ပေးဆွေးနွေးတားပိုကောင်းပါတယ်။
အရည်အသွေးရှိတဲ့အချိန်မှာ လုပ်သင့်တဲ့လုပ်ငန်း (၃)ခု
•
မိဘအနေဖြင့် လုပ်နေတဲ့အလုပ်ကိုရပ်ထားပြီး ကလေးနှင့်အတူတူရှိပေးပါ။ က
လေးကပြောစရာတွေပြောြပနေတဲ့အချိန်မှာ မျက်လုံးချင်းထိတွေ့ပြီး အလေး
ထားနားထောင်ပေးပါ။
• တစ်ခါတစ်ရံမှာမိသားစုအလိုက်အတူတူအပြင်ထွက်လမ်းလျောက်ပါ။
•
ကလေးမအိပ်ခင် မိနစ်အနည်းငယ်ယူပြီး ကလေးနှင့်စကားပြောပါ။ တစ်နေ့တာ
သူတိုကြုံခဲ့တာတွေကိုမေးပါ။ နောက်နေ့မှာ ဘာဖြစ်ဖို့မျှော်လင့်ထားကြောင်း
မေး ကြည့်ပါ။
၄။ လက်ဆောင်လေးပေးပြီး ကလေးကိုချစ်ခင်မြတ်နိုးကြောင်းပြခြင်း။
ဥပမာ “သမီးကိုဆရာမကချစ်တယ်။ ဒီမှာ ဆရာမပေးလိုက်တဲ့လက်ဆောင်လေး က ချစ်စရာကောင်းလိုက်တာ”
ချစ်စရာလက်ဆောင်လေးများပေးခြင်းနှင့်ရရှိခြင်းတို့မှာအားကောင်းလှတဲ့ချစ်ခင်မြတ်နိုးကြောင်းပြတဲ့ဘာသာစကားဖြစ်ပါတယ်။
ဒါပေမဲ့လက်ဆောင်ပေးတဲ့အခါ မှားတဲ့သတင်း
စကားမျိုးမပေးမိရန်အထူသတိပြုသင့်ပါတယ်။
လက်ဆောင်လေးနှင့်အတူ
ချစ်ခင်မြတ်နိုးတဲ့စကားကိုစိတ်ထဲမှအမှန်ရှိတဲ့အတိုင်း ချစ်ခင်
စွာပြောဆိုရန် လိုအပ်ပါတယ်။ အဲဒီလို ချစ်စရာကောင်းတဲ့လက်ဆောင်နှင့်အတူ
ချစ်ခင် မြတ်နိုးတဲ့စကားကို ပြောလိုက်တဲ့အခါ ကလေးစိတ်မှာ သူ့ကို
လက်ဆောင်ပေးသူက အ မှန်
တကယ်ချစ်ခင်မြတ်နိုးတယ်လို့စိတ်မှာခံစားမှုဖြစ်လာစေပါတယ်။
အဲဒီလိုလက်ဆောင်ပေးတဲ့အခါ လက်ဆောင်ရဲ့တန်ဖိုး၊ လက်ဆောင်အရွယ်အစားတို့က လက်ဆောင်ရဲ့စစ်မှန်တဲ့တန်ဖိုးနှင့်မသက်ဆိုင်ပါဘူး။
လက်ဆောင်းပေးပြီးချစ်ခင်မြတ်နိုးကြောင်းပြတဲ့အခါ ပြုလုပ်နိုင်တာ (၃)ခု
•
ကလေးနှစ်သက်တာကိုစားနိုင်အောင်စီစဥ်ပေးပါ။ အိမ်မှာပင်ကလေးနှစ်သက်တဲ့
အစာကိုပြင်ဆင်ချက်ပြုတ်ပေးခြင်း။ စားသောက်ဆိုင်မှာ လိုက်လံကျွေးခြင်း။
• အိမ်မှအဝေးရောက်နေတဲ့အချိန်မှာ ကလေးအမည်ရေးထားတဲ့လက်ဆောင် အထုပ်ကို စာတိုက်မှ ပို့ပေးခြင်း။
• ကလေးရဲ့အပြုသဘောဆောင်တဲ့လုပ်ရပ်အတွက်စိတ်ကြိုက်ရွေးနိုင်တဲ့စျေးမကြီးတဲ့လက်ဆောင်များ မှကလေးနှစ်သက်တဲ့လက်ဆောင်ကိုရွေးယူစေခြင်း။
၅။ ဝန်ဆောင်မှုပေးတဲ့နည်းဖြင့် ကလေးကိုချစ်ခင်မြတ်နိုးကြောင်းပြသခြင်း။
ဥပမာ”သားမိဘတွေက
စနေနေ့မှာမနက်အစောထပြီး သားအပြင်မှာထွက်ကစားနိုင် အောင်စီစဥ်ပေးကြပါတယ်။
ညဘက်မှာ စောစောမအိပ်ဘဲ သားလုပ်တဲ့ပရောဂျက်ပြီး အောင် ကူညီစောင့်ပေးပါတယ်။”
ဝန်ဆောင်မှုပေးခြင်းက
ကိုယ်ရောစိတ်ပါ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ပေးတဲ့ဝန်ဆောင်မှုက
ကလေးအတွက် အပြုသဘောဆောင်တာဖြစ်ရန် လိုအပ်ပါတယ်။
ချစ်ခင်ကြောင်းပြောတာကိုအခြားသောချစ်ခင်ကြောင်းပြတဲ့နည်းတွေနှင့်ပေါင်းစပ်သုံး
နိုင်ပါတယ်။ အဲဒီလိုချစ်ခင်ကြောင်းပြသမှုကကလေးကို အပြုအမူပိုင်းနှင့်
တာဝန်ရှိရှိ
လုပ်ဆောင်နိုင်အောင်စံနမူနာပြပြီးသင်ပေးရာလည်းရောက်ပါတယ်။ကလေးတွေအနေ ဖြင့်
သူတို့ကိုယ်တိုင်မလုပ်နိုင်တာမျိုးကိုမိဘက လုပ်ပေးသင့်ပါတယ်။ ဥပမာ အသက်
(၄)နှစ်သာရှိသေးတဲ့ကလေးအတွက်အိပ်ယာပြင်ဆင်ပေးခြင်းက လိုအပ်တဲ့ဝန်ဆောင်မှု
ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုဝန်ဆောင်မှုတွေက ကလေးကြီးလာတဲ့အခါ သူတို့
ကိုယ်တိုင်လုပ်ဆောင်လာနိုင်အောင် စံနမူနာပြနေခြင်းဖြစ်ပါတယ်။ ကလေးတွေကိုယ်
တိုင် နိုင်တာကို မိဘက လိုက်လုပ်ပေးနေတာမျိုးမဖြစ်ရန်သတိထားဖို့လည်းလို
အပ်ပါ တယ်။ ဝန်ဆောင်မှုပေးတဲ့အလုပ်မှာချစ်ခင်မြတ်နိုးကြောင်းပြသရန်နှင့်
ကလေးတွေ ကိုယ်တိုင်လုပ်နိုင်တဲ့အခါ သူတို့ကိုယ်တိုင်လုပ်တတ်အောင် နှင့်
အခြားလူများအတွက် ဝန်ဆောင်မှုပေးနိုင်အောင်
စံနမူနာပြလေ့ကျင့်ပေးခြင်းလည်းဖြစ်ပါတယ်။
ကလေးတွေအတွက်ဝန်ဆောင်မှုပေးခြင်းဖြင့်ချစ်ခင်မြတ်နိုးကြောင်းပြသနိုင်တာ(၃) ခု
• ကလေးကိုသူပါဝင်တဲ့အားကစားအဖွဲ့အတွက်ဝန်ဆောင်မှုပေးတာကိုလေ့ကျင့်ပေးပါ။
•
ချိန်းဆိုထားချက်အတွက်နောက်ကျနေပါက အချိန်မှီ သွားနိုင်ရန်လုပ်နေတဲ့အလုပ်
ပြီးသွားအောင်ကူညီပါ။ မြန်မြန်လုပ်ဖို့ပြောနေခြင်းထက် ပါဝင်ကူညီပေးပါ။
•
ကလေးဖြေဆိုရမဲ့အစမ်းစားမေးပွဲအတွက် လိုအပ်တဲ့အကူအညီပြုလုပ်ပေးပါ။ ဥပမာ
flash cards များပြင်ဆင်ရာမှာကူညီပါ။ ကလေးစိတ်မှာမိမိကိုယ်မိမိယုံ
ကြည်မှုရှိလာအောင် ကူညီပေးပါ။
ဖော်ပြခဲ့တဲ့ကလေးကိုချစ်ခင်မြတ်နိုးကြောင်းသိစေတဲ့ဘာသာစကား
(၅)မျိုးကို သုံး ခြင်း ဖြင့် ဘယ်ဘာသာစကားသုံးခြင်းက
ကလေးနှင့်မိဘကြားအပြန် အလှန်ဆက်ဆံရေး က
အကောင်းဆုံးဖြစ်လာသည်ကိုသတိထားစောင့် ကြည့်ပြီး ထိုဘာသာစကားကို အများဆုံး
သုံးပေးပါ။ ဒီနည်းတွေက မိမိအမှန်တကယ်ချစ်မြတ်နိုးသူတွေကို
ချစ်ခင်မြတ်နိုးကြောင်း သိ အောင်ပြသတဲ့နည်းလမ်းတွေသာဖြစ်ပါတယ်။
ကလေးလေ့ကျင့် ပျိုးထောင်ရေးမှာ ကြုံ
လာနိုင်တဲ့ပြဿနာများအားလုံးကိုဖြေရှင်းနိုင်စေတဲ့နည်းလမ်းများတော့မဟုတ်ပါ။
သို့သော်လည်း မိမိချစ်ခင်မြတ်နိုသူများနှင့်
ပိုလေးနက်တဲ့အပြန်အလှန်ဆက်ဆံရေးကို ဖြစ်စေတဲ့နည်းလမ်းများသာဖြစ်ပါတယ်။
မိတ်ဆွေများ
သားသမီးများကိုချစ်ခင်မြတ်နိုးကြောင်း ကလေးတွေနားလည်တဲ့ ဘာ သာစကားကို
အများဆုံးသုံးပြီး အပြန်အလှန် ဆက်ဆံရေးကောင်းများထူထောင်နိုင် ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
ကလေးတွေနားလည်တဲ့မေတ္တာအခြေခံဘာသာစကား (၅)ခု Food for Thought 863 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment