ကလေးတွေမှာ စိတ်ထိခိုက်နာကျင်အောင်တချို့မိဘများပြောတတ်တဲ့စကားများ
ဒီနေ့ ” ကလေးတွေမှာ စိတ်ထိခိုက်နာကျင်အောင်တချို့မိဘများပြောတတ်တဲ့စကားများ”ကို Food for Thought 865 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေမှာ စိတ်ထိခိုက်နာကျင်အောင်တချို့မိဘများပြောတတ်တဲ့စကားများ
စိတ်ကိုထိခိုက်နာကျင်အောင်ပြောတဲ့စကားတွေဟာ
ရင့်သီးရိုင်းစိုင်းကြမ်းတမ်းပြီး ကလေးများအတွက်ဘေးများ စေကြောင်း သဘော
ပေါက်စေရန် ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။
ကြမ်းတမ်းရင့်သီးတဲ့စကားတွေက ဘာကြောင့် နာကျင်စေတာလဲ။
နူရိုသိပ္ပံပညာရှင်များလေ့လာတွေံရှိချက်မှာ
ကြမ်းတမ်းရင့်သီးတဲ့စကားတွေက နာကျင်မှုကိုဖြစ်စေတဲ့ ဦးနှောက်
အစိတ်အပိုင်းအပေါ် သက်ရောက်မှုရှိစေကြောင်းတွေ့ရှိထားကြပါတယ်။
နင်ဆိုတဲ့စကားနဲ့စလိုက်တဲ့ရင့်သီး
ကြမ်းတမ်းတဲ့စကားတွေဟာအပြောခံရသူအတွက်စိတ်ဓာတ်အကြီးအကျယ်ကျစရာဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။
ဘာကြောင့်
စိတ်ထိခိုက်နာကျင်စေပါသလဲ။
နာကျင်အောင်ကြမ်းတမ်းခက်ထန်စွာပြောတဲ့စကားကိုကြားရတဲ့အခါ
ဦးနှောက်တွင်းမှာရှိတဲ့စိတ်လှုပ်ရှားခံစား မှုကိုထိန်းချုပ်တဲ့
အပိုင်းဖြစ်တဲ့ amygdala ကို သက်ရောက်လှုပ်ရှားစေပါတယ်။ အဲဒီတော့
ဦးနှောက်လုပ်ငန်း
လုပ်ဆောင်မှုအပေါ်အကျိုးသက်ရောက်စေတဲ့ဖိစီးမှုကိုဖြစ်စေတဲ့ဟိုမုန်းတွေထုတ်လုပ်ပေးပါတယ်။
amygdala က ခက်ထန်ကြမ်းတမ်းရိုင်းပြတဲ့စကားတွေကို
ခြိမ်းခြောက်တဲ့စကားများလို့မြင်ပါတယ်။ ဒါကြောင့် အပျက်သ
ဘောဆောင်တဲ့စကားတွေမှာအဖျက်စွမ်းအားပြင်းပါတယ်။
ပြီးတော့လူသားတွေရဲ့ဦးနှောက်ဖွဲ့စည်းထားပုံက အ ပျက်သဘောပြောတဲ့စကားတွေကို
ပိုအာရုံထားစေပါတယ်။ ဒါကြောင့် ကြမ်းတမ်းခက်ထန်တဲ့စကားတွေကြား ရတဲ့အခါ
စိတ်ထိခိုက်နာကျင်တဲ့အခြေအနေကိုဖြစ်ပေါ်လာစေပါတယ်။
အောက်ဘက်မှာ မိဘများစိတ်လိုက်မာန်ပါအမှတ်မထင်ပြောမိတတ်တဲ့ ကြမ်းတမ်းခက်ထန်တဲ့စကားတွေ ကို ဖော်ပြထားပါတယ်။
1. နင့်ကိုမမွေးခဲ့ရင်သိပ်ကောင်းမှာ။
2. နင့်ကိုကိုယ်ဝန်ဆောင်စဥ်ကကိုယ်ဝန်ဖျက်ချလိုက်မိရင်အကောင်းသား။
3. နင်ဟာငါ့ဘဝမှာ အကြီးမားဆုံးပြဿနာကောင်ပဲ။
4. နင့်ကို လူဖြစ်အောင်ငါကမွေးထားတာ၊နင်သေအောင်လည်းသတ်နိုင်တယ်။
5. နင်ဟာနင့်အဖေ/အမေလိုပဲ။
6. နင်ကပုတ်လိုဝနေတယ်။ နင်ကိုယ်အလေးချိန်ကျရင် ပိုကြည့်ကောင်းမယ်။
7. နင့်ကြောင့် ဖေဖေ/ အမေ/ အစ်ကို. အစ်မ/ ညီမ သေရတာ။
8. ငါကိုအဲဒီအတိုင်းလေ့ကျင့် ပေးခဲ့တာ။ အဲဒီလိုသာပြောတတ်တယ်။
9. နင်ဟာဘယ်တော့မှမှန်တာမလုပ်ခဲ့ဘူး
10. ငါနင့်အတွက်အစစလုပ်ပေးနေရတာ နောက်ထပ်ဘာများလုပ်ပေးဖို့မျှော်လင့်နေသေးသလဲ။
11. နင့်ကြောင့်နင်အဖေ/အမေအိမ်ကဆင်းသွားတာ။ နင်ကဂျိုကောင်။
12. ငါသေရင်ငါ့ဂူကိုနင်လာမတွေ့ပါနဲ့။
13. နင်ဟာဘာကြောင့်နင့် အစ်ကိုလို မနေနိုင်တာလဲ။
14. ငါနင့်ကိုတစ်ယောက်တည်းချန်ထားခဲ့ပြီးဘယ်တော့မှပြန်မလာတော့ဘဲနေလိုက်မှာ။
15. အဲဒီလိုမစားနဲ့နင်ကအရမ်းဝနေပြီ။ ဝက်ပုတ်လိုဖြစ်နေပြီ။
16. ငိုမနေစမ်းနဲ့။ အဲဒီကိစ္စက ဘာမှအရေးကြီးတာမဟုတ်ပါဘူး။
17. ငါတော့နင့်ကိုသိပ်စိတ်ပျက်လာပြီ။
18. နင့်ကငါကိုအမျိုးမျိုးဒုက္ခပေးတဲ့အကောင်။
အထက်ပါကဲ့သို့
ကြမ်းတမ်းခက်ထန်တဲ့စကားတွေပြောခြင်းက
စိတ်ဖိစီးမှုဖြစ်နေတဲ့အခြေအနေကိုမမှန်မကန်း ဘယ်လို
ကိုင်တွယ်ပြောရကြောင်းသင်ပေးနေတာနဲ့တူနေပါတယ်။ စိတ်မထိန်းနိုင်းဘဲ
အဲဒီလိုကြမ်းတမ်းတဲ့စကား တွေပြောပြီးအော်ဟောက်ဆူခြင်းတို့မှာ
အပြုအမူကောင်းတွေဖြစ်လာဖို့ ထိရောက်တဲ့နည်း လမ်းမဟုတ်ပါ။ အဲဒီ
စကားမျိုးတွေပြောနေခြင်းမှာ မကောင်းတဲ့နမူနာတွေပြနေရာရောက်ပါတယ်။
မိဘတွေကိုယ်တိုင်က မိမိလုပ် ဆောင် ပြောဆိုမှုမှာ တာဝန်ယူမှသာ ကလေးများလည်း
တာဝန်သိတတ်သူများဖြစ်လာကြမှာဖြစ်ပါတယ်။ ယာ ယီအားဖြင့်
စိတ်ပျက်တာနဲ့ထာဝရအမာရွတ်လို
ထင်စေနိုင်တဲ့ကြမ်းတမ်းရိုင်းပြတဲ့စကားမျိုးတွေမပြောဖြစ် အောင်
မိမိကိုယ်မိမိထိန်းသိမ်းရန် လိုအပ်ပါတယ်။
မိတ်ဆွေများဖော်ပြပါစကားများနှင့်အလားတူကြမ်းတမ်းရိုင်ပြတဲ့စကားများဖြင့်မိမိတို့သားသမီးများကိုမပြောမိရန်အထူးသတိထားပြီးမိမိကိုယ်မိမိထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
ကလေးတွေမှာ စိတ်ထိခိုက်နာကျင်အောင်တချို့မိဘများပြောတတ်တဲ့စကားများ Food for Thought 865 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment