
"သားသမီးတွေကို လိမ္မာစေချင်လို့အော်တာလားမေမေ"
ဒီနေ့
မိဘများအနေဖြင့်သားသမီးများကိုလိမ္မာအောင် ဆုံးမရာမှာ
အော်ငေါတ်တာမျိုးမပြုလုပ်ဘဲညင်ညင်သာသာချိုချိုသာသာပြောဆိုဆုံးမခြင်းကအကောင်းဆုံးဖြစ်ကြောင်းကို
Food for Thought 866 အဖြစ်မျှဝေလိုက်ပါတယ်။
သားသမီးတွေကို အော်ငေါက်မိတယ်ဆိုတာ
အကြောင်းတစ်ခုခုကြောင့်
မိခင်တစ်ယောက်ရဲ့ စိတ်ခံစားမှုကို မထိန်းသိမ်းနိုင်ခြင်းရဲ့
လက္ခဏာတစ်ခုဖြစ်ပါ တယ်။အဲဒီအကြောင်းတစ်ခုက သားသမီးတွေရဲ့
အပြုအမူအပြောအဆိုကြောင့် မေမေက ရုတ်တရက် စိတ်ကို
Controlမလုပ်နိုင်ဘဲဖြစ်သွားပြီး အော်ခြင်း ဒါမှမဟုတ်
ရိုက်နှက်ခြင်းတစ်ခုခုနဲ့တုန့်ပြန်မိတတ်ကြပါ တယ်။ဒါ့အ ပြင် မေမေဟာ
ပတ်ဝန်းကျင်အခြေအနေတစ်ခုခု ဒါမှမဟုတ် ခင်ပွန်းသည်နဲ့
ကတောက်ကဆဖြစ်တိုင်း/စိတ် အခြေ အနေ မကောင်းတိုင်း
သားသမီးရဲ့သာမန်အပြုအမူလေးကစ စိတ်မရှည်တာမျိုးလည်း ဖြစ်နိုင်ပါသေး
တယ်။တစ်ချို့မိဘတွေက သားသမီးတွေကို အော်ဟစ်ပြောဆို
ဆုံးမတာကိုသူတို့လုပ်သင့်တဲ့အရာလို့ ခံယူထား ကြပါတယ်။ကလေးတွေဟာ အမေက
အသံကျယ်ကျယ်ပြောမှ စကားနားထောင်ပြီး ခိုင်းတာကို လုပ်တယ်လို့ မိဘတွေက
မြင်ကြပါတယ်။"ငါ့ အသံကျယ်တာ စောင့်နေကြတာလား"ဆိုပြီးသံကုန်ဟစ်တတ်ကြပါတယ်။
တကယ်တော့
ကလေးတွေဟာ အမေအော်လိုက်လို့ခဏငြိမ်ပြီး ခိုင်းသမျှလုပ်ပေးကြပေမဲ့
သူတို့ရဲ့ သဘောထား နဲ့ အပြုအမူကို ပြုပြင်နိုင်ခြင်း
မရှိကြပါဘူး။အမေ့အော်သံကို နေ့တိုင်းလိုလိုကြားရတဲ့အခါ အမေအော်တာဟာ
သာမန်လို့ ထင်သွားကြပါတယ်။ဒါကြောင့်
(၁) သားသမီးတွေကို အော်ခြင်းက သူတို့အပြုအမူတွေကိုပိုဆိုးလာစေနိုင်ပါတယ်။
(၂) အော်ခံရခြင်းကြောင့် ကလေးတွေရဲ့ ဦနှောက်ဖွံ့ဖြိုးမှုလမ်းလွဲသွားနိုင်ပါတယ်။
(၃) အော်ခံခြင်းကြောင့် ကလေးတွေမှာ စိတ်ကျရောဂါရစေနိုင်ပါတယ်။
(၄) အမြဲ အအော်ခံရတဲ့ကလေးဟာ စိတ်ပိုင်းဆိုင်ရာသာမက ခန္ဓာပိုင်းဆိုင်ရာလည်း မကျန်းမမာဖြစ်စေ နိုင်ပါတယ်။
(၅)
အမြဲ အအော်ခံရတဲ့ကလေးဟာ ရေရှည်မှာchronic painလို့ခေါ်တဲ့
ခေါင်းကိုက်/ခါးနာ/နောက်ကျော/ဇက် ကြောနာ ဝေဒနာကို
တစ်သက်လုံးခံစားနေရတတ်ပါတယ်။
ဒါကြောင့်
Parent Educator Laura Markkham (Ph D) က မိဘတွေအနေနဲ့
ကိုယ့်သားသမီးတွေကိုလုံခြုံ နွေး ထွေးတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာစေချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက သင့်ခံစားချက်ကိုကောင်း
ကောင်းထိန်းချုပ်ပါ" လို့ အကြံပြုထားပါတယ်။
မိဘတွေအနေနဲ့
သားသမီးတွေကို အသံကျယ်ကျယ်လောင်လောင်နဲ့အော်ဟစ်ပြောဆိုစရာမလိုဘဲမိဘပြော
စကား ကို နားထောင်ဖို့ အခြေခံအကျဆုံးအရာကတော့ မိဘနဲ့သားသမီးကြားမှာ
နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာနဲ့
ဖွဲ့နှောင်ရစ်ပတ်နေဖို့ပဲဖြစ်ပါတယ်။အဲလိုဆိုရင် ကလေးတွေကို စည်းကမ်းလုပ်ရတာ
ပိုအောင်မြင်နိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေအပေါ်ဒေါသထွက်ပြီး
အော်ချင်လာပြီဆိုရင်
(၁) ဒေါသထွက်နေတဲ့အခါ ကလေးတွေရဲ့မျက်ကွယ်ရာသွားပြီး ဒေါသပြေတဲ့အထိ နေပါ။
(၂) ကလေးတွေကို သူတို့ရဲ့အပြုအမူကြောင့် အမေကဘယ်လိုခံစားရကြောင်းပြောပြပါ။
(၃) ကလေးတွေရဲ့ လုပ်ရပ်/မှားယွင်းတဲ့အပြုအမူကိုသေချာထောက်ပြပြီး မမှန်တာကို နားလည်စေပါ။
(၄) ကလေးတွေအတွက် စည်းကမ်းတိတိကျကျချမှတ်ပေးထားပါ။
(၅) ကလေးတွေကို အော်မိရင် ပြန်တောင်းပန်ပါ။အမှားလုပ်မိရင် ပြန်တောင်းပန်ရမယ်ဆိုတာ သူတို့သင်ယူသွားပါလိမ့်မယ်။
American Association for marriage and Family Therapy က ကလေးတွေကို အမြဲအော်တတ်တဲ့မိဘတွေဟာ
(၁) သွေးတိုး/အစာအိမ်ရောဂါနဲ့ စိတ်ကျရောဂါ
(၂) ဒေါသကြောင့် အော်မိပြီးတိုင်း အပြစ်ရှိသလိုခံစားရပြီး နောင်တနဲ့ ဝမ်းနည်းတတ်ပါတယ်။
(၃) ပတ်ဝန်းကျင်ကလူတွေ နဲ့ ဆက်ဆံရတဲ့အခါအဆိုးမြင်ပြီး လူ့ဂွစာဖြစ်လာတတ်ပါတယ်။"လို့မှတ်ချက် ချထားပါတယ်။
ဒါကြောင့်
ကလေးတွေကိုအော်ခြင်းဟာ ကလေး/မိဘနှစ်ဦးလုံးအတွက် စိတ်ပိုင်းရော
ရုပ်ပိုင်းဆိုင်ရာပါ ပြဿနာရှိနေတာမို့ မိဘတွေအနေနဲ့ မအော်မိအောင်
အတတ်နိုင်ဆုံး ကိုယ့်ခံစားချက်ကိုထိန်းချုပ်ထား နိုင်ရင်တော့
အကောင်းဆုံးဖြစ်ပါတယ်။
မိတ်ဆွေများသားသမီးတွေလိမ္မာအောင်ညင်သာစွာချိုချိုသာသာပြောဆိုဆုံးမနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
"သားသမီးတွေကို လိမ္မာစေချင်လို့အော်တာလားမေမေ" Food for Thought 866 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment