ဒီနေ့
“အီလက်ထရောနစ်ပစ္စည်းများရဲ့မှန်သားပြင်ကိုအလွန်အမင်းကြည့်ခြင်းရဲ့ဘေး
အန္တရာယ်” အကြောင်းကို Food for Thought 867 အဖြစ်မျှဝေလိုက်ပါတယ်။
အီလက်ထရောနစ်ပစ္စည်းများရဲ့မှန်သားပြင်ကိုအလွန်အမင်းကြည့်ခြင်းရဲ့ဘေးအန္တရာယ်
မျက်မှောက်ခေတ်မှာြငိမ်ငြိမ်လေးထိုင်နေပြီး
အီလက်ထရောနစ်ပစ္စည်းများရဲ့မှန်သားပြင်
ကိုအချိန်အကြာကြီးကြည့်တဲ့အလေ့အကျင့်က လူကြီးလူလတ်ကလေးပါမကျန်ဖြစ်လာ
တဲ့အလေ့အကျင့်ဖြစ်ပါတယ်။ အဲဒီအလေ့အကျင့်ကြောင့် ကိုယ်လက်ကျန်းမာရေး၊ စိတ်
ပိုင်းဆိုင်ရာကျန်းမာရေးနှင့် အားလုံးလွှမ်းခြုံပြီး
နေထိုင်ကောင်းမှုတို့အပေါ်မှာဘေးများ စေတဲ့အနေအထားတွေကိုတွေ့လာရပါတယ်။
အခုတင်ပြချက်မှာတော့
အီလက်ထရောနစ်ပစ္စည်းများဖြစ်ကြတဲ့တီဗီ၊ ကွန်ပျူတာ၊ အိုင် ပက်၊
လက်ကိုင်ဖုန်းစတာတွေရဲ့မှန်သားပြင်ကို အချိန်ကြာမြင့်စွာကြည့်နေတဲ့ အလေ့ အ
ကျင့်ကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့်
နေထိုင်ကောင်းမှုအပေါ်ဆိုးတဲ့အကျိုးသက်ရောက်မှု တွေကို
အလေးထားတင်ပြသွားမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာဘေးအန္တရာယ်များ
ရုပ်ပိုင်းဆိုင်ရာဘေးအန္တရာယ်များကတော့
မှန်သားပြင်ကိုအချိန်ကြာမြင့်စွာစူးစိုက်ကြည့် နေတဲ့အတွက်
မှန်သားပြင်မှထွက်လာတဲ့အလင်းရောင်ခြည်တွေက မျက်လုံးအပေါ်သက် ရောက်မှု
ရှိလာပါတယ်။ ဒါကြောင့် မျက်စိနာလာခြင်း၊ မျက်လုံးတွေပင်ပန်းလာပြီး
မျက်တောင်ကို ခဏခဏခပ်လာရခြင်းစတာမျိုးတွေဖြစ်လာပါတယ်။ တစ်ခါတစ်ရံမှာ
မျက်ရည်ပူများ ထွက်လာတတ်ပါတယ်။ မျက်စိအမြင်မှုန်ဝါးလာတာမျိုးလည်းဖြစ်တတ်
ပါတယ်။ လူတစ်ယောက်ကို ခပ်လှမ်းလှမ်းမှာကြည့်လိုက်ရင်သူ့မျက်နှာမှာ တစ်ခုခု
တတ် ဆင်ထားသလိုမျိုးတွေ့နေပြီးအနီးကပ်ကြည့်လိုက်တော့ ဘာမှတပ်မထားတာကို
မြင်သိ လာပါတယ်။ ခေါင်းတွေကိုက်တာမျိုးလည်းဖြစ်လာတတ်ပါတယ်။ လည်ဂုတ်ကြော
တွေတင်းလာပြီး ဂုတ်နှင့်ပခုန်း တွေ၊ နောက်ကျောတွေနာလာခြင်းစတာမျိုးတွေ ဖြစ်
လာတတ်ပါတယ်။ ကြာကြာထိုင်နေ တဲ့အတွက် တင်ပါးတွေအောင့် လာတာမျိုး လည်း
ဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအန္တရာယ်တွေ
စိတ်ပိုင်းဆိုင်ရာအန္တရာယ်တွေကတော့
စိတ်ဓာတ်ကျဆင်းမှုပိုများလာခြင်း၊ စိတ်ပူပင် သောကရောက်မှုများလာခြင်းနှင့်
အခြားသော စိတ်နေစိတ်ထားဆိုင်ရာ ပုံမှန်မဟုတ်ဘဲ ကဆင့်ကလျား
ဖောက်ပြန်မှုများဖြစ်လာစေပါတယ်။ လေ့လာမှုတစ်ခုမှာတော့ တစ်နေ့ ကို (၅)
နာရီထက် ပိုပြီး အဲဒီအီလက်ထရောနစ်ပစ္စည်းတွေကိုသုံးတဲ့ ဆယ်ကျော် သက်
တွေဟာအချိန်နည်းနည်းသာသုံးတဲ့ဆယ်ကျော်သက်တွေထက်မိမိကိုယ်မိမိသတ် သေရန်
စဥ်းစားခြင်း (သို့မဟုတ်) လက်တွေ့လုပ်ဆောင်ခြင်းများပြုလုပ်ရန် အလားအလာ
(၇ဝ) ရာခိုင်နှုန်းပိုများကြောင် တွေ့ရပါတယ်။
နေထိုင်ကောင်းမှုအပေါ် ဆိုးတဲ့အကျိုးသက်ရောက်စေမှုတွေ
နေထိုင်ကောင်းမှုအပေါ်
ဆိုးတဲ့အကျိုးသက်ရောက်စေမှုတွေကတော့ အီလက်ထရောနစ်
ပစ္စည်းတွေရဲ့မှန်းသားပြင်တွေကိုသာကြည့်နေတဲ့အချိန်တွေများတဲ့အခါ
လူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်သွယ်ပြောဆိုခြင်းတွေကျလာပါတယ်။
တစ်ယောက်တည်း ကျန်နေသလိုမျိုးခံစားရစေပါတယ်။ ပြီးတော့ သိမှုပိုင်းတိုး
တက်မှုကိုလည်းအဟန့်အ တား ဖြစ်လာစေပါတယ်။ အထူးသဖြင့် ငယ်တဲ့အရွယ်တွေမှာ
အဲဒီပစ္စည်းတွေသုံးတာ အချိန်များလွန်းနေရင် သိမှုပိုင်းတိုးတက်မှုမှာ
မလိုလားတဲ့အကျိုးသက်ရောက်မှုများ ဖြစ် လာစေတတ်ပါတယ်။ ပြီးတော့
အင်တာနက်မှာလာတဲ့ဂိမ်းတွေကိုသာကစားနေချင်တဲ့ စိတ်ကို
ထိန်းမနိုင်သိမ်းမရဖြစ်တတ်ပါတယ်။
ခေတ်မှီနည်းပညာသုံးပစ္စည်းများသုံးခြင်းကမကောင်းကြောင်းပြောနေခြင်းမဟုတ်ပါ။
အ ချိန်တွေများစွာသုံးနေခြင်းကသာမကောင်းကြောင်း၊ ကိုယ်စိတ်ကျန်းမာရေးနှင့်
နေထိုင် ကောင်းမှုအပေါ်
အနှုတ်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုများရှိစေကြောင်း တင်
ပြခြင်းဖြစ်ပါတယ်။ ခေတ်မှီအီလက်ထရောနစ်ပစ္စည်းများကို
စနစ်တကျသုံးခြင်းဖြင့် အကျိုးကောင်းပြုတာတွေလည်းများစွာရှိပါတယ်။ ဥပမာ
ထုတ်လုပ်စွမ်းအားတိုးတက် လာခြင်း၊ အပြန်အလှန်ဆက်သွယ်မှု
ပိုကောင်းမွန်တိုးတက်လာခြင်း၊ လိုချင်တဲ့သတင်းအ
ချက်အလက်များအချိန်မှီရရှိခြင်း၊ အချိန်တိုအတွင်း သတင်းများရရှိခြင်း၊
မိတ်ဆွေ များ နှင့် ဘယ်လောက်ပင်ဝေးနေနေ အမြန်ထိတွေ့ဆက်သွယ်နိုင်ခြင်း
စတဲ့အပြုသဘော ဆောင်တဲ့ကောင်းကျိုးများများစွာရှိပါတယ်။
ဒါပေမဲ့
အီလက်ထရောနစ်ပစ္စည်းတွေကို အလွန်အမင်းမလှုပ်မရှားထိုင်နေရင်းသုံးလာပြီး
ရုပ်ပိုင်းရောစိတ်ပိုင်းပါ ထိခိုက်လာစေခြင်းများရှိလာတဲ့အခါ အထက်မှာဖော်
ပြခဲ့တဲ့ အပြုသဘောကောင်းကျိုးသက်ရောက်မှုများလည်း မရရှိနိုင်တော့ပါ။
တစ်ချို့ ကလေး တွေဆိုရင် ပုံမှန်အနေအထားမှာဆိုပါက
အလွန်ချက်ခြာသွက်လက်ပေါ့ပါး ပါတယ်။ ဒါ
ပေမဲ့အဲဒီပစ္စည်းကိုကြည့်နေတဲ့အချိန်ဆိုရင် အာရုံက အဲဒီမှာသာနစ်မြောနေတဲ့အ
တွက် ခေါ်ရင်လည်း မကြားတော့ပါဘူး။
ကြားပါလျက်ပြန်မဖြေတာလည်းဖြစ်နိုင်ပါတယ်။ ပြီး တော့ အဲဒီမှာမြင်တွေ့နေရတဲ့
ပုံရိပ်တွေရဲ့အမူအရာမျိုးတွေ၊ လှုပ်ရှားမှုတွေကို လိုက်
လုပ်လာတာကိုလည်းတွေ့နေရပါတယ်။ လူကြီးတွေဆိုရင်လည်း လမ်းသွားရင်းတောင်
လက်ကိုင်ဖုန်းကြည့်နေလို့ ရှေ့ဘက်မှလာနေသူကို မကြည့်တဲ့အတွက် ဝင်တိုက်မလို
ဖြစ်နေတာတွေမကြာခဏ တွေ့နေရပါတယ်။ ညနေဘက်လမ်းလျောက်တဲ့အခါမှာ လမ်းလျောက်ရင်း
တစ်ချိန်လုံး တယ်လီဖုန်းကို နားကမခွါဘဲစကားပြောနေတဲ့လူတွေ
လည်းတွေ့နေရပါတယ်။ အဲဒီလို လူတွေကိုကြည့်လိုက်ရင် ကိုယ်အလေးချိန်များနေပြီး
လှုပ်တုတ်လှုပ်တုတ်လမ်း လျောက် နေတာမျိုးကိုအတွေ့များပါတယ်။
အခုတင်ပြချက်မှာတော့
အီလက်ထရောနစ်ပစ္စည်းတွေကို အချိန်ကြာစွာသုံးနေတဲ့အ
လေ့အကျင့်ရှိနေသူတွေအတွက် အထက်ဖော်ပြပါ မသေင့်တဲ့အကျိုးပျက်မှုများမှ ကင်း
စေရန် ထိုပစ္စည်းတွေမှ ကင်းပြီး ကိုယ်လက်လှုပ်ရားမှုပြုလုပ်တဲ့ “digital
detox” အစီ အစဥ်ကို ပြုလုပ်သင့်ကြောင်းတင်ပြလိုပါတယ်။ အဲဒီအစီအစဥ်ကတော့
လူတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်း
အီလက်ထရောနစ်ပစ္စည်းများကင်းအောင်နေတဲ့ အစီ အစဥ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ
ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်မှုများပြုလုပ်ပြီး လူအ
ချင်းချင်းထိတွေ့တဲ့အပြန်အလှန်ဆက်သွယ်မှုများပြုလုပ်ရန်ဖြစ်ပါတယ်။
အဲဒီပစ္စည်းတွေ ကို အချိန်ကြာမြင့်စွာသုံးတဲ့လေ့အကျင့်က
ဘယ်လောက်ကြာပြီလဲဆိုတဲ့အပေါ်မှာမူ တည်ပြီ တစ်ပတ်ကို (၂၄) နာရီ သို့မဟုတ်
ထို့တက်ကြာအောင် အဲဒီပစ္စည်းတွေနဲ့ ကင်း အောင်နေတဲ့အကျင့်ကို
ပြုလုပ်ရန်ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေကို အလွန်အမင်း သုံးတဲ့အလေ့အကျင့်
ပျောက်သွားတဲ့အထိ လေ့ကျင့်ရန် လိုအပ်ပါတယ်။ သို့မှသာ နည်းပညာနှင့်
ထိရောက်ကောင်းမွန်တဲ့ဆက်သွယ်မှုရှိလာမှာဖြစ်ပါတယ်။
အရင်ဆုံးအနေဖြင့်
“digital detox” အစီအစဥ်ကို လေ့ကျင့် တဲ့အခါ စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးကိုတိုးတက်ကောင်းမွန်လာစေကြောင်း တွေ့ရပါတယ်။
စိတ်ပိုင်းဖိစီးမှုများ လျော့ ကျလာပါတယ်။
စိတ်ပူပင်သောကရောက်မှုများကျဆင်းလာပါတယ်။ ကိုယ်လက် ကျန်းမာရေးလည်း
ပိုကောင်းလာကြောင်းတွေ့ရပါတယ်။ ဥပမာအားဖြင့် ကိုယ်အလေး
ချိန်များမှုကျဆင်းလာခြင်း၊ ကောင်းစွာအိပ်စက်နိုင်ခြင်းများဖြစ်လာပါတယ်။
ဒါကြောင့်
မိတ်ဆွေများအီလက်ထရောနစ်ပစ္စည်းများသုံးတာသိပ်များနေရင် မိမိကိုယ်မိမိ
ပြန်လည်ဆင်ခြင်းနိုင်ပြီး ကိုယ်ရောစိတ်ပါ ပြန်လည်နေထိုင်ကောင်းအောင်
ပြုပြင်နိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
အီလက်ထရောနစ်ပစ္စည်းများရဲ့မှန်သားပြင်ကိုအလွန်အမင်းကြည့်ခြင်းရဲ့ဘေးအန္တရာယ် Food for Thought 867 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment