
ဒီနေ့ “နေခြင်းနှစ်မျိုး” အနက် သတိဖြင့်နေထိုင်ခြင်းအရေးကြီးကြောင်းကို Food for Thought 868 အဖြစ်မျှဝေလိုက်ပါတယ်။
နေခြင်းနှစ်မျိုး
မေ့မေ့လျော့လျော့နေခြင်းနှင့်မမေ့မလျော့နေခြင်း
•
လူအများတို့ဟာ မြင်ကြားထိတွေ့အာရုံများနောက်သို့သာ လိုက်နေကြပါတယ်။
ဘာကြောင့် လိုက် နေတာလဲ ဆိုရင် မမှန်တဲ့အစွဲအလမ်းကြောင့် ဖြစ်ပါတယ်။
အဝိဇ္ဇာကြောင့် အစွဲအလမ်းတွေဖြစ်ပြီး အဲဒီအစွဲတွေ နောက်လိုက်နေကြပါတယ်။
ဥပမာအားဖြင့် မြွေကဖားကို ကိုက်ထားတဲ့အခါ မလွှတ် အောင်ကိုက်ထား သလို
ဥပါဒါန်အစွဲတွေကိုဖက်တွယ်ထားတတ်ကြပါတယ်။
•
မေ့မေ့လျော့လျော့နေခြင်းမှာသံသရာလည်ခြင်းရဲ့အကြောင်းတရားဖြစ်ပါတယ်။
မမေ့မလျော့သတိဖြင့် နေထိုင်ခြင်းမှာ
သံသရာမှလွန်မြောက်စေတဲ့အကြောင်းတရားဖြစ်ပါတယ်။
•
ဘဝသံသရာဆိုတာ မစင်နဲ့တူပါတယ်။ ပမာဏ ဘယ်လောက်ပင်သေးသေးမစင်က
စက်စုတ်ရွံရှာဖွယ် အနံ့ဆိုးသလို ဘဝဆိုတာလည်း
ဆင်းရဲခြင်းအကြောင်းသာဖြစ်ပါတယ်။ နောက်ဥပမာတစ်ခုမှာ သစ်
သားတုံးကြီးကိုအတွင်းဘက်လှိုက်ပြီးချပုန်းစားထားတဲ့အခါ အပေါ်ဘက်အကာလေးမှာ
မာသလိုထင် နေရပေမဲ့ကိုင်ကြည့်လိုက်တဲ့အခါ
ပေါက်ကျိုးသွားပြီးအတွင်းမှာချစားထားတာကို တွေ့ရမှာဖြစ်ပါ တယ်။ဘဝဆိုတာ
အဲဒီလိုအတွင်းလှိုက်ချစားထာတဲ့အနှစ်မဲ့သစ်သားတုံးနဲ့လည်းတူပါတယ်။
•
မေ့မေ့လျော့လျော့နေခြင်းနဲ့မမေ့မလျော့နေခြင်းတို့ဟာ ဘာနဲ့တူသလဲဆိုရင်
ပုလင်းတစ်ခုထဲမှာ လေက ရှိ နေပါတယ်။ ပုလင်းထဲသို့ ရေထည့် လိုက်ရင်
ပုလင်းထဲမှ လေတွေထွက်သွားပါတယ်။ အလားတူပင် မမေ့မလျော့နေခြင်းကို
ပြုလုပ်လိုက်ရင်မေ့လျော့ခြင်းဆိုတာ ကင်းသွားပါတယ်။ သတိလက်လွတ်တာနဲ့
မေ့လျော့မှုကဝင်လာပါတယ်။ သတိရှိလိုက်တာနဲ့သတိလက်လွတ်နေခြင်းကင်းသွားပါတယ်။
•
မေ့မေ့လျော့လျော့နေထိုင်ခြင်းမှာ အဖန်ဖန်သေရခြင်းအကြောင်းတရားဖြစ်ပါတယ်။
မေ့မေ့လျော့လျော့ နေပြီးအာရုံတွေကိုစွဲမက်နေမှုကြောင့် သေခါနီးမှာ
အဲဒီအာရုံတွေပြန်ပေါ်လာပြီးသေတဲ့အခါ ဘဝတဖန် ပြန် လည်စေပါတယ်။
သတိဖြင့်နေထိုင် ခြင်းမှာ ဘဝတဖန်ပြန်ဖြစ်ရန်အကြောင်းကင်းပြီး
မဂ်ဖိုလ်နိဗ္ဗာန် ရကြောင်းအကြောင်းတရားဖြစ်ပါတယ်။
•
မေ့မေ့လျော့လျော့နေထိုင်ခြင်းမှာ အသေဆိုးဖြင့်သေစေတဲ့အကြောင်းဖြစ်ပါတယ်။
ဒုက္ခရောက်နေတာ ကိုပင်
နှစ်သက်စရာလို့မြင်ပြီးတွယ်တာမက်မောနေခြင်းဖြစ်ပါတယ်။သတိလက်လွတ်ငှက်တောင်ကျွတ်
ဆိုသလို ရေကလည်းခန်းခြောက်ပြီးကန်မှာငါးကမရှိ၊
ချိုးကြာငှက်ကြီးမှာလည်းအတောင်တွေ ကျွတ်နေ ပြီဖြစ်လို့
ငါးရှိတဲ့အခြားရေကန်ကို
ပျံသွားနိုင်ခြင်းမရှိတော့လို့သေပွဲဝင်ရတာမျိုးဖြစ်တတ်ပါတယ်။သတိ
ဖြင့်နေထိုင်ခြင်းမှာ ဘဝဆိုး ကင်းပြီးအသေဆိုးမှလွတ် မြောက် စေပါတယ်။
•
သတိတရားလက်ကိုင်ထားခြင်းဟာ အလွန်အကျိုးများစေတဲ့တရားဖြစ်ပါတယ်။
အသိဥာဏ်ကိုကြီးမြင့် စေ ပါတယ်။ ဘုံပြဿဒ်ပေါ်ရောက်သွားသလို
အသိဥာဏ်မြင့်မားစေပါတယ်။ “အပ်ဖျားရေစက် အနက် ပင်လယ်”ဆိုတဲ့စကားလို
သတိတရားလက်ကိုင်ထားရင် ရတဲ့အကျိုးကျေးဇူးမှာ မျက်မှောက်တမလွန်
အတွက်အလွန်အကျိုးများတဲ့အတွက် အကျိုးကျေးဇူးမှာ
မှာပင်လယ်ကြီးထုလိုကြီးမားပါတယ်။
•
ဒါကြောင့် နေ့စဥ်နေထိုင်တဲ့အခါမှာသတိတရာကို လက်ကိုင်ထားနေထိုင်ကြရန်
မြတ်ဗုဒ္ဓက အကြိမ် ပေါင်း များ စွာနှင့်
နောက်ဆုံးသတိပေးလမ်းပြခဲ့တာဖြစ်ပါတယ်။
မိတ်ဆွေများသတိတရားလက်ကိုင်ထားနေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
နေခြင်းနှစ်မျိုး Food for Thought 868 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment