Monday, February 3, 2025

ကြီးပွားချမ်းသာကြောင်းစက် (၄)ပါး Food for Thought 870 ဒေါက်တာသိန်းလွင်

 May be an image of text

ဒီနေ့ “ကြီးပွားချမ်းသာကြောင်းစက် (၄)ပါး” အကြောင်းကို Food for Thought 870 အဖြစ်မျှဝေလိုက်ပါတယ်။

ကြီးပွားချမ်းသာကြောင်းစက် (၄)ပါး

စက်ဆိုတာလည်ပတ်မှုကိုဖြစ်စေတာဖြစ်ပါတယ်။ လူတွေဟာ လျောင်းခြင်း၊ ထိုင်ခြင်း၊ ရပ်ခြင်းနှင့်သွားခြင်းဆို တဲ့ နေထိုင်တဲ့ပုံစံလေးမျိုးကို အခါအားလျော်စွားပြောင်းပြီး ကျင့်သုံးနေထိုင်ရပါတယ်။ အဲဒီလို လိုအပ်သလို ပြောင်း ပြီးကျင့်သုံးနေထိုင်တဲ့အတွက် နေထိုင်ကောင်းခြင်း၊ ကျန်းမားခြင်းဆိုတဲ့အကျိုးတွေရရှိနေတာဖြစ်ပါ တယ်။ ဘယ် သူမှ တစ်ချိန်လုံလျောင်းစက်အိပ်နေခြင်း၊ ထိုင်နေခြင်း၊ ရပ်နေခြင်း၊ သို့မဟုတ် လျောက်နေခြင်း တစ်မျိုးတည်းကို အစဥ်အမြဲပြုလုပ်မနေနိုင်ကြပါ။

အလားတူပင်ကြီပွားချမ်းသာကြောင်းကိုဖြစ်စေတဲ့စက် (၄) ခုရှိကြောင်းမြတ်စွာဘုရားကဟောကြားလမ်းညွှန်ခဲ့ ပါ တယ်။ အဲဒီ တရား (၄)ပါးတို့မှာ အတွင်းအကြောင်းတရား (၂) ပါးနှင့် အပြင်အကြောင်းတရား (၂) ပါးတို့ဖြစ် ကြပါတယ်။ အတွင်းအကြောင်းတရား နှစ်ပါးတို့မှာ အောက်ပါတို့ဖြစ်ပါတယ်။

၁။ အတိတ်ကကောင်းမှုကြောင့် လူ့ဘဝရရှိလာတဲ့အခါမှာ စွမ်းအားပြည့်သူတစ်ယောက်ဖြစ်လာနိုင်တဲ့အကြား အမြင်၊ လှုပ်ရှားမှုများကို ပုံမှန် လူသားတစ်ယောက်လုပ်နိုင်တဲ့အ‌ခြေအနေတွေပါရှိလာဖို့မှာ လိုအပ်ချက်လိုအပ် တဲ့ အတွင်းအကြောင်းတရား တစ်ခုဖြစ် ပါတယ်။ တကယ်လို့သာ မွေးကတည်းကမျက်စိမမြင်ဘူးဆိုရင်၊ နား မကြား ဘူးဆိုရင်၊ ‌ခြေလက်မသန်ဘူးဆိုရင်၊ လူစဥ်မှီအောင် လှုပ်ရှားနိုင်တဲ့လူတစ်ယောက်ဖြစ်လာဖို့မလွယ် တော့ပါ။ အဲဒီလိုအခြေအနေပေးဖို့ရှေးကကောင်းတဲ့အမှုများရှိခဲ့ရန် လိုအပ်ပါတယ်။ ဒါကြောင့် “ရှေးကကောင်း လို့အခုကောင်းပါသည်။ အခုကောင်း နောင်ကောင်းပါလိမ့်မည်” လို့ပြောနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဘဝ မှာ ကောင်းတဲ့အမှုတွေကိုအစဥ်ကြိုးစားပြုလုပ်နေရန် လိုအပ်ပါတယ်။

၂။ ဒုတိယအတွင်းအကြောင်းတစ်ခုမှာ မိမိကိုယ်တိုင် ပိုကောင်းလာအောင် ပြုပြင်နိုင်စွမ်းရှိဖို့ လိုအပ်ခြင်းဖြစ်ပါ တယ်။ အမေမွေးလာတဲ့အခါ အားလုံးပြည့်စုံတဲ့ကိုယ်လက်အင်္ဂါများပါသော်လည်း ကိုယ်တိုင် ကြိုးစားအားထုတ် မှုမပြုလုပ်ဘဲပျင်းနေမယ်ဆိုရင်၊ အချိန်တွေကို အလဟသဖြုန်းတီးပြီးအပျော် အပါးသာလိုက်စားနေမယ်ဆိုရင်၊ ကြီးပွားတိုးတက်လာနိုင်မှာမဟုတ်ပါဘူး။ လိုအပ်တဲ့ဘဝတွက်တာကျွမ်းကျင်မှုများကိုလေ့လာဆည်းပူး ခြင်းမရှိ ဘူးဆိုရင် လူတန်းစေ့အောင်ရပ်တည်နိုင်ကြမှာမဟုတ်ပါဘူး။ လူတိုင်းမှာ မိမိမှာရှိတဲ့အားကောင်းတာတွေကို ပို အားကောင်းအောင် ပွားများလေ့ကျင့်ခြင်း၊ အားနည်းတာတွေကိုသိအောင်ပြုလုပ်ပြီးအားနည်းတာမှအားကောင်း တာဖြစ်လာအောင် ပြုပြင်ခြင်း၊ ရရှိလာတဲ့အခွင့်အလမ်းတွေကိုအကောင်းဆုံးအသုံးချပြီး ပို စွမ်းအားကောင်းသူ တစ်ယောက်ဖြစ်လာအောင် ကျင့်ကြံအားထုတ်ခြင်းနှင့် တွေ့ကြုံလာတဲ့ခြိမ်းခြောက်မှုများကို ကောင်းစွာရင်ဆိုင် ကျော်လွှားနိုင်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ပါတယ်။
ကြီးပွားချမ်းသာကြောင်းအတွက်အရေးကြီးတဲ့ပြင်ပင် အကြောင်းတရားနှစ်ပါးတို့မှာ အောက်ပါတို့ဖြစ်ကြပါ တယ်။

၁။ သင့်တင့်လျောက်ပတ်တဲ့နေရာမှာနေထိုင်ခြင်းမှာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဥပမာပညာမှာ တိုးတက်လို ပါက ပညာကို ရှာနိုင်တဲ့နေရာ၊ အားပေးတဲ့နေရာမှာနေထိုင်ရန် လိုအပ်ပါတယ်။ ပညာကို အားပေးခြင်းမရှိတဲ့နေ ရာ မှာနေနေပါက ပညာတိုးတက်လာနိုင်ခြင်းမရှိနိုင်ပါ။ ဥပမာတက္ကသိုလ်မရှိတဲ့နေရာမှာနေပြီးတက္ကသိုလ်အဆင့် ရှိတဲ့ပညာကိုရအောင်သင်ဖို့မှာမဖြစ်နိုင်ပါ။ အလားတူပင် ကြီးပွားချမ်းသာချင်ရင် ကြီးပွားချမ်းသာမှုကိုဖြစ်စေ နိုင်တဲ့ အရောင်းအဝယ်ထွန်းကားတဲ့အရပ်ဒေသမျိုးမှာနေထိုင်ရန် လိုအပ်ပါတယ်။ တရားဘာဝနာပွားများအား ထုတ်လိုတယ်ဆိုရင် တရားဘာဝနာပွားများအားထုတ်မှုကို အထောက်အကူပြုအားပေးတဲ့နေရာမျိုးမှာနေထိုင်ရန် လိုအပ်ပါတယ်။

၂။ ကြီးပွားချမ်းသာကြောင်းအတွက်အရေးကြီးတဲ့ပြင်ပင် အကြောင်းတရားနှစ်ပါးအနက်နောက်တစ်ခုမှာ မိမိကို လမ်းပြပေးနိုင်တဲ့ဆရာသမားရှိရန်လိုအပ်ပါတယ်။ အမှီကောင်းရှိရန် လိုအပ်ပါတယ်။ အမှီကောင်းရှိတဲ့အခါ လို အပ်တဲ့အကြံကောင်းဥာဏ်ကောင်းနည်းလမ်းကောင်းများကို တောင်းခံနိုင်စေပါတယ်။ အကြံကောင်းပေးနိုင်သူ က ပေးတဲ့အကြုံကောင်းကို ကိုယ်တိုင်းလိုက်နာကျင့် ကြံဖို့မှာအလွန်အရေးကြီးပါတယ်။

အဖက်ဖော်ပြပါအကြောင်းတရား (၄)ပါး စက်လေးခုတို့မှာအရေးကြီးပါတယ်။ အဲဒီလေးခုအနက် ဘယ်စက်က ပိုအရေးကြီးသလဲဆိုရင် မိမိကိုယ်တိုင် ပိုကောင်းလာအောင် ပြုပြင်နိုင်စွမ်းရှိဖို့ ကအရေးအကြီးဆုံးလိုအပ်တဲ့ စက်ပင်ဖြစ်ပါတယ်။ အဲဒီစက်ကောင်းရင် နောင်ဘဝအတွက်ရောအခုဘဝအတွက်ပါ ကောင်းတဲ့မျိုးစေ့ကို ချ နိုင်စေပါတယ်။

မိမိကိုယ်တိုင်ကောင်းအောင်ပြုပြင်နိုင်စွမ်းစက်ဟာ လူတိုင်းမှာ မိမိမှာရှိတဲ့အားကောင်းတာတွေကိုပိုအားကောင်း အောင် ပွားများလေ့ကျင့်ခြင်း၊ အားနည်းတာတွေကိုသိအောင်ပြုလုပ်ပြီးအားနည်းတာမှအားကောင်း တာဖြစ်လာ အောင် ပြုပြင်ခြင်း၊ ရရှိလာတဲ့အခွင့်အလမ်းတွေကိုအကောင်းဆုံးအသုံးချပြီး ပိုစွမ်းအားကောင်းသူ တစ်ယောက် ဖြစ်လာအောင် ကျင့်ကြံအားထုတ်ခြင်းနှင့် တွေ့ကြုံလာတဲ့ခြိမ်းခြောက်မှုများကို ကောင်းစွာရင်ဆိုင် ကျော်လွှား နိုင် အောင် ကြိုးစားအားထုတ်ခြင်းဆိတာတွေကို လုပ်နိုင်စေပါတယ်။ တစ်နည်းပြောရရင်အခုခေတ်မှာ မိမိကိုယ် မိမိပိုတိးတက်နေအောင်အစဥ်ပြုပြင်တဲ့နည်းလမ်းဖြစ်တဲ့ SWOT Analysis နည်းကိုကာင်းစွာကျင့်သုံးခြင်းပင်ဖြစ် ပါတယ်။ (SWOT Analysis = Strengths, Weaknesses, Opportunities and Threat Analysis ) ပင်ဖြစ်ပါတယ်။

မိတ်ဆွေများ စက်လေးလုံးကောင်းစွာလည်ပတ်နိုင်အောင် မိမိကိုယ်နိုင်ကောင်းစွာပြုပြင်နိုင်သူများဖြစ်အောင် အကောင်းဆုံးကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...