Monday, February 3, 2025

လူတွေကိုလေးစားတန်ဖိုးထားပြီးဂုဏ်သိက္ခာရှိရှိဆက်ဆံနည်း (၅) နည်း Food for Thought 874 ဒေါက်တာသိန်းလွင်

 May be an image of text


ဒီနေ့” လူတွေကိုလေးစားတန်ဖိုးထားပြီးဂုဏ်သိက္ခာရှိရှိဆက်ဆံနည်း (၅) နည်း” အကြောင်းကို Food for Thought 874 အဖြစ်မျှဝေလိုက်ပါတယ်။


ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


လူတွေကိုလေးစားတန်ဖိုးထားပြီးဂုဏ်သိက္ခာရှိရှိဆက်ဆံနည်း (၅) နည်း




လူတွေပြောနေတာကိုသင့်အနေဖြင့်သဘောမတူရင်တောင် သူတို့ကိုလေးစားတန်ဖိုးထားတဲ့အနေဖြင့် ပြောဆို ဆက်ဆံရန် လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သိက္ခာဆိုတာ လူတိုင်းမွေးရာပါတန်ဖိုးဖြစ်ပါတယ်။
လူတိုင်းကိုလူသားတစ်ယောက်လို့သဘောထားဆက်ဆံခြင်းဖြင့် သင့်မှာလည်းဘေးကင်းလုံခြုံမှုပိုရစေပါတယ်။ စိတ်မှာဖိစီးမှုလည်းလျော့ကျစေပါတယ်။ အလုပ်မှာ ပိုကျေနပ်မှုကိုလည်းရစေပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေပါတယ်။ ပြီးတော့ လူတွေနှင့်အပြန်အလှန်ဆက်ဆံရေးပိုကောင်းမွန်လာစေပါတယ်။ လူတွေကို လေးစားစွာသိက္ခာရှိရှိဆက်ဆံတဲ့အခါ အဲဒီလူတွေကလည်းသင့်မေတ္တာရပ်ခံချက်ကို ပိုပူးပေါင်းလာစေပါတယ်။ သူတို့ကလည်းသင့်ကို ကောင်းမွန်စွာပြန်လည်ဆက်ဆံကြမှာဖြစ်ပါတယ်။

လူသားတိုင်းမှာမွေးရာပါလူသားဖြစ်ခြင်းဆိုတဲ့တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ လူတွေကအဲဒီသဘောထားကိုပေါ်လွင် အောင်အချင်းချင်းမဆက်ဆံကြပါဘူး။ ဘာကြောင့်အဲဒီလိုမဆက်ဆံကြတာလဲ။ အောက်ဘက်မှာဖြစ်နိုင်တဲ့ အ ကြောင်းများကိုတင်ပြထားပါတယ်။

• သူတို့က လေးစားထိုက်သူများမဟုတ်ဘူးလို့မြင်နေတတ်ခြင်း။

• မိမိတို့ရဲ့အတ္တက လူတွေကိုလေးစားစွာဆက်ဆံရန်ခွင့်မပြုခြင်း။

• ပဋိပက္ခဖြစ်နေချိန်မှာ လေးစားစွာပြောဆိုဆက်ဆံမှုမှာ ဖြစ်နေတဲ့စိတ်သဘာဝနှင့် ဆန့်ကျင်နေခြင်း။

• လေးစားစွာပြောဆိုဆက်ဆံခြင်းက ဘေကင်းစေပြီးပိုကောင်းတဲ့ရလဒ်ရစေနိုင်တာကို သဘော မပေါက်ခြင်း။

• လေးစားစွာဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာကိုမသိခြင်း တို့ဖြစ်ပါတယ်။

ဒီတင်ပြချက်မှာတော့ လူတွေကိုလေးလေးစားစားတန်ဖိုးထားပြီးဆက်ဆံပြောဆိုနည်း (၅) နည်းကို ဆွေးနွေး တင်ပြမှာဖြစ်ပါတယ်။ အဲဒီနည်း (၅)နည်းမှာ လွယ်ကူတဲ့နည်းများလည်းဖြစ်ပါတယ်။

အဲဒီလိုတန်ဖိုးထားဆက်ဆံရန်ပထမဆုံးလိုအပ်ချက်မှာ လူတို့ကို လူသားအဖြစ်လေးစားတန်ဖိုးထားရန် လိုအပ် ပါတယ်။လေးစားခြင်းဆိုတာ လူတို့ တန်ဖိုးထားမှုများအပေါ်မှာတည်နေပါတယ်။ လေးစားထိုက်မှလေးစားခံ ရပါတယ်။ ဒါပေမဲ့ သင့်အနေဖြင့် လူတွေ နှင့်ဆက်ဆံတဲ့အခါ လေးစားမှုပြရန် လိုအပ်ပါတယ်။ လူတိုင်းဟာ လူသားဖြစ်တဲ့အတွက် လေစားထိုက်ပါတယ်။ လေးစားခံထိုက်ပါတယ်။

မတူကွဲပြားခြားနားမှုကို ဘယ်လိုပေါင်းစပ်ရန်ပညာပေးတဲ့အစီအစဥ်မှာ နောက်ခံအခြေအနေမတူသူများ၊မျိုးနွယ် မတူကွဲပြားသူများ၊ လိင်မတူသူများကို ဘယ်လိုဆက်ဆံရန် လိုအပ်ကြောင်းလမ်းပြထားပါတယ်။ ဓလေ့မတူတဲ့ ယဥ်ကျေးမှုထုံးမတူတဲ့နေရာတွေမှာ ထားတဲ့မျှော်လင့်ချက်အမျိုးမျိုးကြောင့် လူတွေကိုလေးစားစွာ ဆက်ဆံတတ်ဖို့မှာစိန်ခေါ်မှုဖြစ်လာပါတယ်။

ပဋိပက္ခဖြစ်နေမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတိုင်းဟာ လေးစားတန်ဖိုးထားပြီးပြောဆိုဆက်ဆံတာကိုနှစ်သက် ကြတာကို အခြေခံအားဖြင့် နားလည်သဘောပေါက်ထားရန် လိုအပ်ပါတယ်။ ဘယ်လိုယဥ်ကျေးမှုမတူကွဲပြား ခြား နားမှုများရှိပါစေ လူတိုင်းကလေးစားစွာပြောဆိုဆက်ဆံတာကိုသဘောကျကြပါတယ်။

လေးစားတန်ဖိုးထားဆက်သွယ်နိုင်ရန်အောက်ပါချဥ်းကပ်နည်း (၅) ခုကို လိုက်နာကျင့်သုံးရန် လိုအပ်ပါတယ်။

• လောကကိုသူတို့မြင်သလိုမြင်အောင်ကြည့်ပါ။

• အာရုံးခံအားလုံးသုံးပြီးသူတို့ပြောတာကို နားထောင်ပါ။

• မေးစရာကိုမေးပါ။ မေးလာတဲ့အခါ ကောင်းစွာရှင်းပြပါ။

• နားထောင်နေသူတွေကိုယ်တိုင်ရွေးချယ်နိုင်စေရန်အခွင့်အလမ်းများပေးပါ။

• ပြန်လည်စဥ်းစားနိုင်စေရန်အခွင့်အလမ်းပေးပါ။

ဖော်ပြပါချဥ်းကပ်နည်း (၅)မျိုးက လူတွေက ဘယ်လိုပြောဆိုဆက်ဆံတာကိုသဘေးကျကြောင်းပြနေပါတယ်။ လူတိုင်းက သူတို့နေရာမှဝင်ကြည့်မြင်စဥ်းစားတာကို လိုချင်ကြပါတယ်။ သူတို့ပြောတာကိုကောင်းစွာနားထောင် စေချင်ကြပါတယ်။ ပြီးတော့ ဘာလုပ်ပါလို့ အခိုင်းခံရတာထက် တစ်ခုကိုရွေးချယ်လုပ်ပါလို့ မေတ္တာရပ်ခံတာ ကို သဘောကျကြပါတယ်။ တစ်ခုခု ပြုလုပ်ရန်မေတ္တာရပ်ခံတဲ့ အခါ ဘာကြောင့် အဲဒီလိုမေတ္တာရပ်ခံကြောင်း ရှင်း ပြတာကို လိုလားကြပါတယ်။ ပြီးတော့ လုပ်ဆောင်စရာပြောတဲ့အခါ သူတို့ကိုယ်တိုင်ရွေးချယ်လုပ်ဆောင်ခွင့် ရတာမျိုးကို သဘောကျကြပါတယ်။ ဆုံးဖြတ်ထားမှုတစ်ခုအ တွက် ပြန်လည်စဥ်းစားရန်အခွင့်ပေးတာမျိုးကို သဘော ကျကြပါတယ်။

ဖော်ပြပါချဥ်းကပ်နည်း (၅)မျိုးကိုအောက်ဘက်မှာရှင်းပြထားပါတယ်။

၁။ လောကကိုသူတို့မြင်သလိုမြင်အောင်ကြည့်ပါ။

လောကကိုသူတို့ရှု့ထောင်မှနေပြီးမြင်ဖို့ဆိုတာအောက်ပါအချက်များကို လိုအပ်သလိုပြုပြင်ရန်ဖြစ်ပါတယ်။

• သင့်မှာလည်းဘက်လိုက်အမြင်ရှုထောင့်ရှိပါတယ်။ ဖုံးကွယ်ထားတဲ့ ဘက်လိုက်အမြင်များရှိနေပါတယ်။

• မိမိရဲ့ဘက်လိုက်ရှုထောင့်အမြင်ကို သတိဖြင့်ယှဥ်လျက်မထိန်းရင် သင့်လုပ်ဆောင်ချက်အပေါ်အကျိုး ဆိုးတွေသက်ရောက်ပါလိမ့်မယ်။

• သတိဖြင့် မထိန်းလျှင် ဆိုးတဲ့အကျိုးရလဒ်များဖြစ်လာပါလိမ့်မယ်။

လောကကိုသူတို့အမြင်ရှုထောင့်မှမြင်အောင်ကြည့်ပေးခြင်းဖြင့် မိမိရဲ့ဘက်လိုက်အမြင်ရှုထောင့်များကြောင့် ဖြစ်လာနိုင်တဲ့အကျိုးပျက်မှုများကို ကာကွယ်ပေးနိုင်ပါတယ်။ မိမိရဲ့ဘက်လိုက်အမြင်တွေဆိုတာကတော့ ငယ် စဥ်ကတည်းစတင်ဖြစ်ပေါ်လာပြီး အတွေ့အကြုံတွေ၊ မိသားစုဘက်လိုက်အမြင်တွေ၊ လူထုဆက်သွယ်ရေး ကိရိယာများရဲ့လွှမ်းမိုးမှုတွေနှင့်မိမိဖြတ်သန်းခဲ့တဲ့ယဥ်ကျေးမှုများရဲ့ထုံးဓလေ့များရဲ့လွှမ်းမိုးမှုကြောင့် ဖြစ်လာ တာဖြစ်ပါတယ်။
အခုချဥ်းကပ်နည်းကတော့ မိမိမှာအခြားလူရဲရှု့ထောင်အမြင်ရှိလာအောင် ပြုလုပ်ယူခြင်းပင်ဖြစ်ပါတယ်။ “အခု လိုအခြေအနေမှာဆိုရင် ငါ့ကို အခြားလူတွေက ဘယ်လို ဆက်ဆံတာမျိုးခံချင်ပါသလဲ” လို့မိမိကိုယ်မိမိမေးပြီး မိမိနှစ်သက်တဲ့ပြောဆိုဆက်ဆံမှုမျိုးကိုအခြားလူအပေါ်မှာ ပြုမူပြောဆိုဆက်ဆံရန်ဖြစ်ပါတယ်။ အဲဒီလိုစဥ်းစား ပြီး ပြုမူပြောဆိုဆက်ဆံမယ်ဆိုရင် လူတိုင်းနှင့်ထိတွေ့ဆက်ဆံတဲ့အခါ နှစ်ဦးလုံးအတွက် ပိုကောင်းတဲ့ရလဒ်များ ရရှိလာမှာဖြစ်ပါတယ်။

ဥပမာ သင်ကသင့်သူငယ်ချင်းအတွက်စိတ်ပူတယ်ဆိုပါစို့။ အဲဒီလိုဆိုရင် မိမိကသူတို့ပြောတာကိုသေချာနား ထောင်ပေးလိုက်ပါ။

၂။ အာရုံခံအားလုံးသုံပြီးသူတို့ပြောတာကို နားထောင်ပါ။

အခြားလူတွေပြောတာကိုကောင်းစွာနားထောင်ပေးခြင်းမှာ လူတွေကိုလေးစားမှုပြကြောင်းပြသတဲ့စွမ်းအား ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ အဲဒီလိုနားထောင်ခြင်းမှာကြားရုံသာကြားအောင်နားထောင်ခြင်းနှင့်များစွာကွာခြားပါတယ်။ မိုးပေါက်တွေကျနေ တာကိုတော့ ကြားနေကြပါတယ်။ မိုးပေါက်တွေကျနေတာကိုနားထောင်နေခြင်းမဟုတ်ပါ။ လူတွေနှင့် စကား ပြော တဲ့အခါ သူတို့ပြောနေတာကို အာရုံခံတွေအားလုံသုံးပြီးနားထောင်ရန် လိုအပ်ပါတယ်။
အဲဒီလိုအာရုံခံတွေအားလုံးကိုသုံးပြီးနားထောင်တဲ့အခါ အခြားလူမှာဖြစ်နေတဲ့အခြေအနေများ၊ သူမှာဖြစ်နေတဲ့ စိတ် လှုပ်ရှားခံစားမှုများ၊ အတွေးစိတ်ကူးများ၊ ရည်ရွယ်ချက်များ၊စတာတွေကိုနားလည်လာစေပါတယ်။ နား လည်အောင်အာရုံခံအားလုံးသုံးပြီးနားထောင်မှုတွင် အောက်ပါတို့ပါဝင်ပါတယ်။

• ပြောနေသူနှင့်မိမိအကွာအဝေး။ (ပြောနေသူကသူ့လက်ကိုထားတဲ့အနေအထားနှင့်နှုတ်မှမပြောတဲ့ ကိုယ် လက်မျက်လုံးချင်းထိတွေ့မှုနှင့် မျက်နှာအမူအရာများအားလုံးကို နားလည်လာစေပါတယ်။)

• ပြောနေသူပြောနေတဲ့စကားများ (စကားလုံးရွေးချယ်ပြောနေမှုများ) ပြောတဲ့လေသံအတိုးအကျယ်၊ အသံအနိမ့်အမြင့်တို့ကိုနားလည်လာစေပါတယ်။

• ပြောနေသူမှရနေတဲ့အနံ့ကိုသိနေစေပါတယ်။ ပြောနေသူရဲ့တကိုယ်ရည်ကျန်မာရေးထိန်းသိမ်းမှု အနေ အထား၊ သုံးစွဲတဲ့ဆေးဝါး၊ အရက် စတာတွေကိုပါသိနားလည်လာစေပါတယ်။

• ပြောနေသူနှင့်ထိတွေ့မှုအနေအထားအရ ပြောနေသူမှာ စိတ်သက်သောင့် သက်သာရှိနေမှု၊ စိတ်ထဲ မှာဖြစ်နေတဲ့တင်းကျပ်နေမှုနှင့် မိမိပြောနေမှုအပေါ်ဘယ်လောက်ခုခံနေမှုရှိတယ်ဆိုတာ ကိုပါသိ နားလည်လာစေပါတယ်။

• ဥပမာ -မိမိအဖွဲ့အစည်းနှင့်ပတ်သက်တဲ့ပြောနေသရဲ့စိတ်ပူပန်နေမှု၊ ကိုသိနားလည်အောင်နားထောင်ပါ။ သူပြောတဲ့စကားကိုကြားနေပြီးဘယ်လို ပြန်ပြောရရင်ကောင်းမလဲလို့စိတ်ထဲမှာစဥ်းစားနေပြီးကြားရုံ သက်သက်နားထောင်တာမျိုးမဖြစ်ပါစေနဲ့။

၃။ မေးစရာကိုမေးပါ။ မေးလာတဲ့အခါ ကောင်းစွာရှင်းပြပါ။

သင့်အနေဖြင့်တစ်ယောက်ယောက်ကိုတစ်ခုခုပြုလုပ်စေလိုတဲ့အခါမှာ အဲဒီအလုပ်ကို လုပ်လာစေရန်မေတ္တာရပ်ခံ ပါ။ လုပ်ပါလို့ မပြောပါနဲ့။ မေးခွန်းမေးပြီး ပြောနေသူကိုလေးစားကြောင်းပြပါ။ အမိန့်ပေးပြီး ခိုင်တာမျိုးမပြုလုပ် ပါနှင့်။

မေးစရာမေးပြီးတဲ့အခါ မေးလိုက်တဲ့မေးခွန်းကြောင့် အမေးခံရသူမှာ ရောထွေးသွားတာမျိုးဖြစ်သွားနိုင်ကြောင်း နားလည်ထားပါ။ သင်မေးလိုက်သူအနေဖြင့် သင်မေးတဲ့မေးခွန်းနှင့် ပတ်သက်ပြီး ဘာဖြစ်နေတယ်ဆိုတာ နားမ လည်တာမျိုး၊ ဆက်လက်ဘာပြောရမှန်းမသိတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ အဲဒါကိုလည်းနားလည်ထား ပေး ပါ။ လိုအပ်ရင်အခြေအနေတွေဘယ်လိုဖြစ်နေကြောင်း နားထောင်သူနားလည်အောင် ရှင်းလင်းပြပေးပါ။

အဲဒီလိုလိုအပ်ချက်ကို ရှင်းမပြဘူးဆိုရင်နားထောင်နေသူကသူ့အကြောင်းပြချက်များဖြင့် လိုအပ်တဲ့နေရာကို ဖြည့် စဥ်းစားသွားပါလိမ့်မယ်။ အဲဒီလို ဖြည့် စဥ်းစားတာက မမှန်ကန်တာမျိုးဖြစ်နိုင်သလို အပျက်သဘော ဆောင် တာမျိုးအထိ ဖြစ်လာစေနိင်ပါတယ်။

ဥပမာ ကျေးဇူးပြုပြီးခင်ဗျားကျွန်တော်နှင့်အတူတူလိုက်ပေးနိုင်ပါသလားလို့မေးပါ။ ကျွန်တော်နဲ့အတူတူလိုက်ခဲ့ လို့ မပြောပါနှင့်။

ဘာကြောင့် ဆိုတာရှင်းပြရန်နမူနာ -ခင်ဗျားအချိန်နည်းနည်းစောင့်ရန် လိုမယ်ဆိုတာကတော့ ဂျွန်ဟာ လမ်းမှာ ကားတွေပိတ်မိနေတဲ့အတွက်ဖြစ်ပါတယ် လို့ရှင်းပြပေးပါ။

၄။ နားထောင်နေသူတွေကိုယ်တိုင်ရွေးချယ်နိုင်စေရန်အခွင့်အလမ်းများပေးပါ။

လူတွေဆိုတာ သူတို့အပြုအမူများနဲ့ပတ်သက်လာရင်တင်းကျပ်တဲ့ကန့်သတ် ချက်များရှိသော်လည်းသူတို့ကိုယ် တိုင်ဆုံးဖြတ်ချက်များချချင်ကြပါတယ်။ အဲဒီလိုဆုံးဖြတ်ချက်ကိုကိုယ်တိုင်ချမှတ်နိုင်တဲ့အခါ မိမိအစွမ်းအစရှိ တယ်လို့ခံစားရစေ ပါတယ်။ လူတွေကိုရွေးချယ်စရာနှစ်ခုလောက်ပေးပြီးသူတို့ ကိုယ်တိုင်အဲဒီရွေးချယ်စရာနှစ်ခု ထဲမှ နှစ်သက် ရာတစ်ခုကိုရွေးချယ်ခွင့်ပေးကြည့်ပါ။ သင်ကိုယ်တိုင်း ဆုံးဖြတ်ချက်ကိုရွေးပေးတာမျိုးထက် သူတို့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပါစေ။

ဥပမာ ခင်ဗျားဒီမှာစောင့်မလား၊ ဒါမှမဟုတ် အပြင်ဘက်ဝရံတာမှာစောင့်နေမလား လို့ မေးကြည်ပါ။

၅။ ပြန်လည်စဥ်းစားနိုင်စေရန်အခွင့်အလမ်းပေးပါ။

လူတွေဆိုတာ တစ်ခါတစ်ရံမှာမှားတတ်ကြပါတယ်။ အဲဒီလိုအမှားလုပ်မိတဲ့အခါ အမှားလုပ်မိမှုအတွက် ရိုင်းပြ တဲ့သဘောထားမှတ်ချက်မျိုးတွေကို လူတွေကပြုလုပ်တတ်မိကြပါတယ်။ သို့မဟုတ်မေတ္တာရပ်ခံချက်ကို လက် ခံရန်ငြင်းပယ်တတ်ကြပါတယ်။ ဘေးအန္တရယ်ဖြစ်စရာအကြောင်းမရှိဘူးဆိုရင် အမှားလုပ်မိသူကို သူတို့မျက်နှာ သူတို့အဖတ်ပြန်ဆယ်နိုင်ခွင့်ပေးပါ။ သူတို့စိတ်ကိုပြောင်းပြီးမှန်အောင်ပြန်လည်ပြုလုပ်ခွင့်ပေးပါ။

ဥပမာ -ခင်ဗျားစိတ်ပြောင်း ပြုလုပ်နိုင်အောင်ကျွန်တော်တစ်ခုခုပြောကူညီပေးရန်လိုအပ်ပါသလား လိုမေးပါ။

သင့်အနေဖြင့် အထက်မှာဖေါ်ပြခဲ့တဲ့ချဥ်းကပ်နည်း (၅)မျိုးကို လူတွေနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံရာတွင် အသုံးပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဦးတည်ချက်ပန်းတိုင်ကိုမမေ့ပါနှင့်။ သင်ထိတွေ့ဆက်ဆံ နေရသူ တိုင်းကိုလေးစားစွာဆက်ဆံမှုကိုအချိန်တိုင်းမှာပြသခြင်းဖြင့် ပိုဘေးကင်းပြီးပိုကောင်းမွန်တဲ့ရလဒ်ကောင်းများ ကို ရစေဖိုဆိုတဲ့ဦးတည်ချက်ကိုမမေ့ပါနှင့်။

မိတ်ဆွေများ လူတွေကို လေးစားတန်ဖိုးထားဆက်ဆံနိုင်ခြင်းဖြင့် အပြန်အလှန်အားဖြင့် လူများရဲ့လေးစားစွာ ဆက်ဆံခြင်းကိုရရှိကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...