Top 9 strategies to support personalized learning
ဒီနေ့
“သင်ယူသူများမိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်
ကူညီပေးနိုင်တဲ့နည်း လမ်း (၉)မျိုး” အကြောင်းကို Food for Thought 877
အဖြစ်မျှဝေလိုက်ပါတယ်။
သင်ယူသူများမိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန် ကူညီပေးနိုင်တဲ့နည်း လမ်း (၉)မျိုး
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
အရေးကြီးတဲ့အချက်များ
•
မိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်
သင်ယူသူများအနေဖြင့် သူတို့အ ကောင်း
ဆုံးသင်နိုင်တဲ့လမ်းကိုရွေးချယ်စေနိုင်ပါတယ်။ ဒါကြောင့်
သင်ယူသူများအနေဖြင့် သစ်ဆန်းပြီးစိတ်လှုပ်
ရှားစရာကောင်းတဲ့နည်းလမ်းများဖြင့် တက်ကြွစွာသင်ယူစေပါတယ်။
•
မိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်ဆရာများအနေဖြင့်
သင်နည်းဗျူဟာ အမျိုး မျိုးကိုသုံးနိုင်ပါတယ်။
နည်းဗျူဟာအမျိုးမျိုးသုံးတဲ့အတွက် အကောင်းဆုံးရလဒ်များကိုရအောင် အ
ထောက်အကူပြုပါတယ်။
•
မိမိစွမ်းဆောင်နိုင်မှုအရ
အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်တဲ့နည်းကိုစာသင်ခန်းထဲမှာ အမှန်တကယ်
ဖြစ်လာဖို့အတွက် မှန်ကန်တဲ့အပြန်အလှန်ဆက်သွယ်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ပါတယ်။
ကျောင်းသားတိုင်းဟာ
ထူးခြားတဲ့လက္ခဏာများရှိကြပါတယ်။ ဒါပေမဲ့အစဥ်အလာအရ
သင်ပေးတဲ့ပုံမှမှာ”အင်္ကျီ အရွယ်တစ်ခုက
အားလုံးအတွက်ဝတ်ဆင်ရန်အဆင်ပြေတယ်ဆိုတဲ့ခံယူချက်”ဖြင့် သင်ပေးနေတာဖြစ်ပါတယ်။
ဆရာက ကျောင်းသားအားလုံးအတွက်ဟောပြောပါတယ်။
ကျောင်းသားတိုင်းကိုလည်းတူညီတဲ့လုပ်ငန်းကို ပေး ပြီး ကျောင်း
သားအားလုံးကလည်း ထိုတူညီတဲ့လုပ်ငန်းကိုသာပြုလုပ်ရပါတယ်။
အစဥ်အလာအရသုံးတဲ့သင်နည်းနဲ့ဆန့်ကျင်တဲ့နည်းကတော့
သင်ယူသူများ မိမိစွမ်းဆောင်နိုင်မှုအရ အကောင်း ဆုံး လေ့လာသင်
ယူနိုင်ရန်အားပေးတဲ့သင်နည်းဖြစ်ပါတယ်။
မိမိစွမ်းဆောင်နိုင်မှုအရအကောင်းဆုံးလေ့လာ သင်
ယူနိုင်ရန်အားပေးတဲ့သင်နည်းများက
သင်ရိုးကိုသင်ယူသူကျောင်းသားများလိုအပ်ချက်များနှင့် အညီပြုပြင်နိုင်
စေပါတယ်။
ကျောင်းသားတိုင်းဟာသူတို့ထူးခြားတဲ့သင်ယူမှုစတိုင်များနှင့်စွမ်းဆောင်နိုင်မှုများအရ
သင်ယူ နိုင် စေပါတယ်။
သင်ယူသူများမိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်အားပေးတဲ့သင်ယူနည်းဗျူဟာများ
ခေတ်မှီတက်ကနိုလော်ဂျီကြောင့်
မိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန် အားပေးတဲ့သင်
နည်းတွေဟာ အရင်ကထက် ပိုလွယ်ကူလာပြီး ထိရောက်မှုလည်း အားကောင်းလာကြပါတယ်။
၁။ တက်ကနိုလော်ဂျီကိုသုံးပါ။
မိမိစွမ်းဆောင်နိုင်မှုအရ
အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်အားပေးတဲ့သင်နည်းများမှာ ခေတ်မှီတက်ကနို
လော်ဂျီ သုံးနိုင်မှုကြောင့် ပိုကောင်းတဲ့နည်းလမ်းဖြစ်လာပါတယ်။
ကျောင်းသားအများရဲ့ထူးခြားတဲ့ပညာသင်ယူ ရေးလမ်းကြောင်းကို
အချိန်နှင့်တပြေးညီလက်လှမ်းမှီနိုင်ရေးမှာ တက်ကနိုလော်ဂျီအကူမပါဘဲ
မရနိုင်ပါ။ ခေတ် မှီတက်ကနိုလော်ဂျီက ကျောင်းသားများရဲ့
မတူထူးခြားတဲ့သင်ယူမှုအတွေ့အကြုံများကို အချိန်နှင့် တပြေးညီ လက်
လှမ်းမှီနိုင်အောင်နှင့် လိုအပ်သလိုစီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုပါတယ်။
မိမိစွမ်းဆောင်နိုင်မှုအရ
အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်အထောက်အကူပြုတဲ့ ပညာရေးတက်ကနိုလောဂျီ
များများစွာရှိလာပါတယ်။ ပူးပေါင်းလေ့လာသင်ယူရေးဆော်ဝဲက ကျောင်းသားများရဲ့
လုပ်ဆောင်ထားမှုများကို အခြေ အနေသိအောင် အကူအညီရစေပါတယ်။ ကျောင်းသားတွေကို
အတူတူပူးပေါင်းသင်ယူမှုကိုလည်း ဖြစ် စေပါတယ်။ ပရောဂျက်ကိုအခြေခံပြီး
အုပ်စုငယ်များအတွင်း ပူးပေါင်းလုပ်စေပါတယ်။
ပေါင်းစပ်ထားတဲ့သင်ယူမှုပလက်ဖောင်းတစ်ခုဖြစ်တဲ့
RingCentral ကတော့ ဆရာနှင့်ကျောင်းသားကြားမှာ အ ပြန်အလှန်
ဆက်သွယ်မှုရှိအောင်ကူညီပေးပါတယ်။
အဲဒီပလက်ဖောင်းကိုသုံးပြီးကျောင်းသားများအနေဖြင့် ဆ
ရာပြောခဲ့တဲ့သင်ခန်းစာပို့ချချက်များကို ဖမ်းထားခြင်းနှင့်
အခြားပညာရေးဆိုင်ရာအထောက်အကူပစ္စည်းများ သိမ်းထားနိုင်စေပါတယ်။
ဆရာအနေဖြင့်လည်း အဲဒီပလက်ဖောင်းကိုသုံးပြီး ကျောင်းသားများရဲ့ လုပ်ငန်းများ
နှင့် တိုးတက်မှုများကို ရှာကြည့်နိုင်ပါတယ်။
အခုလိုပေါင်းစပ်ထားတဲ့သင်ယူမှုပလက်ဖောင်းတွေက ကမ္ဘာရွာ ဖြစ်လာ တဲ့ခေတ်မှာ
အလွန်တန်ဖိုးကြီးလှပါတယ်။ သူတို့က သင်ယူမှုကို ဘေးကင်းတဲ့အနေအထားမှာ လေ့လာ
သင်ယူ နိုင်စေပါတယ်။ RingCentral လုပ်တဲ့အခါ ဗီဒီယိုဆက်သွယ်မှုများ၊
ဗာကျူရယ်ဆက်သွယ်မှုများနှင့် ကွန်ဖ ရင့်
ဆက်သွယ်မှုများကိုလည်းပေါင်းစပ်သုံးနိုင်ပါတယ်။
၂။ ကျောင်းသားများသူတို့သိနားလည်ထားမှုကိုဖော်ပြရန် နည်းလမ်းအမျိုးမျိုးပေးပါ။
မိမိစွမ်းဆောင်နိုင်မှုအရ
အကောင်းဆုံးလေ့လာသင်ယူနိုင်ရန် အထောက်အကူပြုတဲ့နည်းလမ်းက ကျောင်းသား
များသူတို့အားကောင်းစွမ်းနိုင်မှုကိုအခြေခံသင်ယူနိုင်စေတဲ့အတွက်
ဒီချဥ်းကပ်နည်းက လက်တွေ့ အလုပ်ဖြစ်ပါ တယ်။
ကျောင်းသားများကသူတို့သိနားလည်ထားတာတွေကို
သူတို့အကောင်းဆုံးပြောပြနိုင်တဲ့နည်းတွေကို သုံး ပြီး ပြောပြချင်ကြပါတယ်။
ဥပမာ တစ်ချို့ကတော့ စာမေးပွဲစစ်ဆေးတဲ့ပုံစံမျိုးဆိုရင်
အကောင်းဆုံးတင်ပြနိုင် ကြ ပါတယ်။ တစ်ချို့ကတော့ ပရောဂျက်သို့မဟုတ်
စာစီစာကုံးအဖြစ်တင်ပြရရင် အကောင်းဆုံးတင်ပြနိုင် ကြပါ တယ်။
စံပြုထားတဲ့စစ်ဆေးခြင်းမှာသတ်မှတ်ထားတဲ့ခေတ်မှိစံသတ်မှတ်ချက်အရ
ကြုံနေရတဲ့ပြဿနာမှာ “ကျောင်း သားတိုင်းဟာ
စံပြုထားတဲ့စစ်ဆေးခြင်းကိုအကောင်းဆုံးဖြေဆိုနိုင်ကြတယ်လို
ယူဆချက်ရှိနေခြင်း”ပင် ဖြစ် ပါတယ်။ စံပြုစစ်ဆေးလွှာတွေက
အသုံးဝင်တဲ့ကိရိယာများဖြစ်ကြပါတယ်။ ဒါပေမဲ့အခြားနည်းလမ်း များကို
လည်းစဥ်းစားပြီး အသုံးပြုခွင့်ပေးရန် လိုအပ်ပါတယ်။
ဥပမာအားဖြင့်
• စာစီစာကုံးရေးခိုင်းခြင်းနည်းလမ်း၊
• ပရောဂျက်ပြုလုပ်တင်ပြစေတဲ့နည်းလမ်း၊
• နှုတ်ဖြင့် တင်ပြစေတဲ့နည်းလမ်း၊
• လက်တွေ့လုပ်ဆောင်ပြသစေတဲ့နည်းလမ်း၊
• အနုပညာလက်ရာဖြင့်ဖော်ပြခွင့် ပေးတဲ့နည်းလမ်း၊
• ပညာပေးကစားတဲ့နည်းလမ်းသုံးပြီးဖော်ပြခွင့်ပေးတဲ့နည်းလမ်း၊
၃။ ထိုင်ခုံကိုအစီအစဥ်အမျိုးမျိုးပြောင်းပေးတဲ့အစီအစဥ်ကိုကျင့်သုံးပါ။
အစဥ်အလာအရကျင့်သုံးတဲ့စာသင်ခုံတွေကိုအတန်းလိုက်ကျောက်သင်ပုန်းဘက်လှည့်ပြီးစီထားတဲ့ပုံစံမှာ
အမြဲသုံးရန်ပျဥ်းစရာကောင်းပါတယ်။
ထိုင်ခုံတွေကိုအမျိုးမျိုးထားပေးတဲ့အစီအစဥ်ဆိုရင်အောက်ပါ အ
ကျိုးကျေးဇူးတွေများပါတယ်။
• ပိုကောင်းတဲ့အတန်းပတ်ဝန်းကျင်ကိုဖြစ်စေပါတယ်။
• အာရုံပိုစူးစိုက်နိုင်စေပါတယ်။
• စည်းကမ်းဆိုင်ရာပြဿနာနည်းပါးစေပါတယ်။
အခြားသောနည်းများဖြင့် ထိုင်ခုံများစီစဥ်ပေးမှုတွင်အောက်ပါအစီအစဥ်တို့ပါဝင်နိုင်ပါတယ်။
• မြင်းခွါပုံစီစဥ်ထားခြင်း၊
• အဝိုင်းပုံစီစဥ်ထားခြင်း၊
• ထိုင်ခုံများကို အုပ်စုလိုက်စုစည်းထားပေးခြင်း၊
• အားလုံးမတ်တတ်ရပ်လျက် နေခြင်း၊
• တစ်ယောက်ထိုင် တစ်ယောက်ရပ်တဲ့အစီအစဥ်နေရာချထားခြင်း၊
မိမိစွမ်းဆောင်နိုင်မှုအရ
အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်အားပေးတဲ့အစီအစဥ်မှာကျောင်းသားများက
သူတို့အစွမ်းဆောင်နိုင်ဆုံးနည်းဖြင့် သာလေ့လာသင်ယူချင်တာမဟုတ်ပါ။
သူတို့အတွက် ကိုယ်လက်လှုပ် ရှားမှုအပိုင်း
အဆင်ပေပြီးပြုပြင်ပြောင်းလဲနိုင်တဲ့အစီအစဥ်မျိုးကို လိုလားကြပါတယ်။
၄။ ဟောပြောတာနဲ့အလုပ်လုပ်တာကို တစ်လှည့်စီပြုလုပ်ပေးပါ။
အစဥ်အလာအရကျင့်သုံးတဲ့စာသင်ခန်းမှာဆိုရင်
အတန်းထဲမှာဆရာဟောပြောတာကို
ကျောင်းသားများကထိုင်နားထောင်မှတ်စုလိုက်ရပြီးပေးတဲ့ လေ့ ကျင့် ခန်းတွေကို
အိမ်မှာ ပြုလုပ်ကြရပါတယ်။ ခေတ်မှီတက်ကနို လော်ဂျီက
အစဥ်အလာအရပြုလုပ်တဲ့ဖြစ်စဥ်ကို ပြောင်းနိုင်ရန် အခွင့်ပေးပါတယ်။
ကျောင်းသားများဟာ ဆ ရာဟောပြောချက်ကို ဖမ်းထားပြီးအိမ်ရောက်တဲ့အခါ
သူတို့ကွန်ပျူတာမှာ ပြန်နားထောင်နိုင်ကြပါတယ်။ ပေးတဲ့လုပ်ငန်းတွေကို
အတန်းထဲမှာပြီးအောင် လုပ်ဆောင်နိုင်ကြပါတယ်။
အဲဒီချဥ်းကပ်နည်းသုံးရင်အောက်ပါအကျိုးကျေးဇူးတွေဖြစ်လာစေပါတယ်။
•
ကျောင်းသားများအနေဖြင့်
ဆရာဟောပြောထားချက်ကိုပြန်နားထောင်တဲ့အခါလိုအပ်တဲ့နေရာမှာရပ်ပြီး
ပြန်နားထောင်နိုင်စေပါတယ်။ သိပ်မရှင်းသေးတဲ့ဟောပြောချက်များကို ပြန်ဖွင့်
နားထောင်နိုင်စေပါ တယ်။
•
အတန်းထဲမှာ တက်ကြွစွာပိုပါဝင်လုပ်ဆောင်ခြင်းကြောင့်
ပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှု များကို
ပိုလေ့ကျင့်နိုင်တဲ့အခွင့်အလမ်းပိုရစေပါတယ်။
• ဆရာအနေဖြင့်လည်း အရည်အသွေးကောင်းတဲ့ဟောပြောချက်ဖြစ်အောင် တီးဖြတ်ပြင်ဆင်နိုင်စေ ပါတယ်။
• ဆရာအနေဖြင့် အရည်အသွေးရှိအောင်ပြင်ဆင်ထားတဲ့ဟောပြောချက်ကို နောင်နှစ်များမှာလည်းသုံး နိုင် စေပါတယ်။
•
သုတေသနလေ့လာချက်တစ်ခုအရ ဟောပြောတာနှင့် အတန်းထဲမှာ
လုပ်ငန်းပေးလုပ်ခိုင်းတာကို ပေါင်း စပ်သုံးတဲ့ချဥ်းကပ်နည်းက
ကျောင်းသားများတွင် ကျရှုံးမှုနှုန်း (၅၀%) မှ (၁၉%)အထိကျဆင်းသွား စေ
ကြောင်းဖေါ်ပြထားပါတယ်။
၅။ မိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာသင်ယူနိုင်ရန်အားပေးတဲ့အ
စီအစဥ်မှာ သက်ဆိုင်ရာခေါင်းစဥ် အတွက် ဆက်စပ်ပြင်ဆင်ထားတဲ့သင်ယူမှုလုပ်ငန်းများကိုသုံးပါ။
ပြင်ဆင်ထားတဲ့သင်ယူမှုလုပ်ငန်းများထဲမှ
ကျောင်းသားအနေဖြင့် သူနှစ်သက်တာကိုသူနှုန်းဖြင့် ပြီးအောင်လုပ်ဖို့
ရွေးချယ်နိုင်ပါတယ်။
လုပ်ငန်းတစ်ခုစီတိုင်းအတွက်အမှတ်များသတ်မှတ်ပေးထားခြင်းဖြင့်
အနိမ့်ဆုံးသတ်မှတ် ထားတဲ့ရမှတ်ကိုရအောင် အလုပ်ဖြင့် သက်သေပြနိုင်ကြပါတယ်။
သင်ခန်းစာအလိုက်လုပ်နိုင်တဲ့လုပ်ငန်းတွေကတော့အောက်ပါတို့ ပါဝင်နိုင်ပါတယ်။
• ဒစ်ဂျစ်တယ် ပစ္စည်းသုံးရတဲ့ လုပ်ငန်း၊
• အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ရတဲ့လုပ်ငန်း၊
• ကျောင်းသားနှစ်ယောက်တစ်တွဲလုပ်ဆောင်ရတဲ့သင်ယူမှုလုပ်ငန်း။
• စာရေးပြီးလုပ်ဆောင်ရတဲ့လုပ်ငန်း၊
• ပညာပေးကစားနည်းကစားခြင်းလုပ်ငန်းတို့ ပါဝင်နိုင်ပါတယ်။
ဒီချဥ်းကပ်နည်းကကျောင်းသားများသူတို့သဘာဝအရအားကောင်းတာကို
ပိုကောင်းအောင် လုပ်ဆောင်ပြသ နိုင်ခွင့်ရစေပါတယ်။
ဆရာအနေဖြင့်လည်းကျောင်းသားများ မိမိစွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးလေ့လာ
သင်ယူနိုင်ရန်အားပေးတဲ့အစီအစဥ်မှာကိုဖန်တီးပေးရန် ပိုလွယ်ကူလာစေပါတယ်။
ကျောင်းသားတစ်ယောက်ချင်းအတွက်
လုပ်ငန်းသစ်များဖန်တီးပေးတဲ့အခါ ဆရာအနေဖြင့် တစ်တန်းလုံးအတွက် သင်ယူရန်
လုပ်ငန်းများကိုစီစဥ်ဖန်တီးနိုင်ပါတယ်။
အဲဒီလုပ်ငန်များထဲမှကျောင်းသားတိုင်းက သူတို့စိတ်ဝင်စား
တာကိုရွေးချယ်ပြုလုပ်နိုင်ပါတယ်။
၆။ ပညာပေးတဲ့ပုံစံကိုကျောင်းသားများစိတ်ကြိုက်ရွေးပါစေ။
တစ်ချို့ကျောင်းသားများကမြင်တာကို
ကြည့်ရှုလေ့လာလိုကြပါတယ်။ တစ်ချို့က အကြားကိုအခြေခံတဲ့သင်ယူ
မှုကိုနှစ်သက်သဘောကျပါတယ်။ စာဖတ်ခြင်း၊ နားထောင်ခြင်း၊
ဗီဒီယိုအခွေကိုကြည့်ခြင်း၊ ကျောင်းသားများ အ နေဖြင့်
ဘာကိုအနှစ်သက်ဆုံးဖြစ်ကြောင်းရွေးချယ်ခိုင်းနိုင်ပါတယ်။
ဒီချဥ်းကပ်နည်းက
မသန်စွမ်းကျောင်းသားများကိုလည်းသူတို့အစွမ်းဆောင်နိုင်ဆုံးစွမ်းရည်ကို
ထုတ်ပြသနိုင်စေ ပါတယ်။ အမြင်၊
အကြားအာရုံများတွင်အခက်အခဲရှိနေသူများအနေဖြင့် သူတို့အတွက် အားအကောင်းဆုံး
သင် ယူမှုလုပ်ငန်းကို အားပေးတဲ့အစီအစဥ်ကိုရွေးချယ်နိုင်စေပါတယ်။
အစဥ်အလာအရကျင့်သုံးတဲ့နည်းလမ်းကတော့
သင်တဲ့အကြောင်းအရာသင်ပုံတစ်မျိုးတည်းကိုပင် သင်ယူသူ
အားလုံးအတူတူကြည့်စေရန်၊ နားထောင်စေရန် ဖိအားတွန်းအားပေးတဲ့ပုံစံဖြစ်ပါတယ်။
ဒီချဥ်းကပ်နည်းကတော့ ကျောင်း သားများအနေဖြင့် သူတို့အတွက်
အားအကောင်းဆုံးပုံစံကိုရွေးချယ်နိုင်စေပါတယ်။
၇။ ကျောင်းသားများတတ်မြောက်မှုကို သင်နေတဲ့အချိန်မှာပင်စစ်ဆေးပါ။
စစ်ဆေးပေးတယ်ဆိုတာ
ကျောင်းသားများဘယ်လောက်တတ်သလဲဆိုတာ သိအောင် လုပ်ပေးဖို့သက်သက် မဟုတ်ပါ။
စစ်ဆေးခြင်းဆိုတာ ကျောင်းသားများဘယ်လိုသင်ယူနေသလဲဆိုတာ
သိအောင်လုပ်ခြင်းလည်း ဖြစ်ပါတယ်။
စစ်ဆေးခြင်းလုပ်ငန်းကိုသင်ယူမှုအတွက်အသုံးချတဲ့အခါ
ကျောင်းသားများကအကောင်းဆုံး သင်ယူနိုင်ကြပါတယ်။
ကျောင်းသားများသင်ယူနေတဲ့အချိန်မှာစစ်ဆေးခြင်းက
စစ်ဆေးမှုကိုသင်ယူမှုအတွက်သုံးနေခြင်းပင်ဖြစ်ပါ တယ်။
စစ်ဆေးမှုကိုသင်ယူမှုအဖြစ်အခြားသုံးနိုင်တဲ့နည်းလမ်းတွေကအောက်ပါတို့ဖြစ်ပါတယ်။
• အပြန်အလှန်မေးခွန်းတွေမေးပြီး ဆွေးနွေးမှုပုံစံဖြင့် စစ်ဆေးခြင်း၊
• ပိတ်မိနေရာမှ ထွက်ပေါက်ရှာစေတဲ့လက်မှတ်များအဖြစ် သုံးခြင်း၊
• သဘောထားအမြင်များကိုပြတဲ့ကားချပ်အဖြစ်သုံးခြင်း၊
• သက်တူရွယ်တူများကဦးဆောင်ဖော်ထုတ်တဲ့ဥာဏ်စမ်းပဟေဠိကိုသုံးခြင်း၊
ဖော်ပြပါသင်ကြားနေစဥ်စစ်ဆေးတဲ့ဖြစ်စဥ်များမှာ
တိုတောင်းကြပါတယ်။ တပိုင်တကိုက်စာစစ်ဆေးမှုများသာ ဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးမှုမျိုးကိုသင်ကြားမှုပြုလုပ်နေတဲ့အချိန်မှာပင်
အဆင့်တိုင်းမှာသုံးနိုင်ပါတယ်။ အဲဒီ လိုစစ်ဆေးပေးခြင်းက ကျောင်းသားများကို
သင်နေတဲ့အကြောင်းအရာမှာ ပိုနိုးကြားသတိထားမှုရှိစေပြီး သင်
ထောက်ကူပစ္စည်းများအပေါ်မှာလည်း ပိုထင်ဟပ်စဥ်းစားလာစေပါတယ်။
အဲဒီလိုစစ်မေးတဲ့အခါ ကျောင်းသား များထံမှပြန်ရတဲ့ဖြေဆိုချက်များက
ဆရာသင်နေတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး ထိရောက်မှုအနေအထား ကို
ပြန်လည်သုံးသပ်နိုင်စေရန်
အရေးပါတဲ့သဘောထားမှတ်ချက်များပေးနေရာလည်းရောက်စေပါတယ်။
၈။ ကျောင်းသားများရဲ့အတွေ့အကြုံပေါ်မူတည်ပြီး သင်ခန်းစာကို ပြင်ဆင်ဖန်တီးပါ။
အသက်အရွယ်အမျိုးမျိုးရှိတဲ့ကျောင်းသားတွေဆိုတာ
စာသင်တဲ့စားပွဲသို့ သူတို့ အတွေ့အကြုံမျိုးစုံကို ယူ ဆောင်လာကြပါတယ်။
သူတို့အတွေ့အကြုံမှာသင်နေတဲ့အကြောင်းအရာနှင့် ဆီလျော်လိုက်ဖက်တယ်ဆိုရင်
အဲဒီအတွေ့အကြုံကိုအတန်းတွင်းဆွေးနွေးရန်
တစ်စိတ်တစ်ပိုင်းအဖြစ်ဆွေးနွေးရန်သင့်တော်ပါတယ်။
သင်နေတဲ့အကြောင်းအရာကို
မိမိတို့ဘဝနှင့် ဆက်စပ်စဥ်းစားနိုင်သူတွေဟာ ထိုအကြောင်းအရာကို ပိုလေ့လာ
လိုစိတ် အားကောင်းကြပါတယ်။ ပြီးတော့
သင်ကြားနေစဥ်ဆက်စပ်နေတဲ့မိမိအတွေ့အကြုံများကို မျှဝေခြင်း ဖြင့်
ကျောင်းသားများတွင်ပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
၉။ ကျောင်းသားများကိုသင်ခွင့်ပေးပါ။
“တစ်ခုခုကို
အကောင်းဆုံးသင်ယူတဲ့နည်းလမ်းမှာ
ကိုယ်တိုင်သင်ကြားပေးတဲ့နည်းလမ်းဖြစ်ကြောင်း”ဆရာတိုင်း သိကြပါတယ်။
အတန်းထဲမှာကျောင်းသားကသင်ပေးတဲ့အခါ သင်ယူမှုဖြစ်တဲ့အချိန်
(၃)ကြိမ်ရှိပါတယ်။
၁။ ကျောင်းသားအနေဖြင့် သင်စရာကိုသင်ပေးရန်လေ့လာတဲ့အချိန်၊
၂။ ကျောင်းသားအနေဖြင့် သင်စရာကို သင်ပေးတဲ့အချိန်နှင့်၊
၃။ အခြားကျောင်းသားများအနေဖြင့် သင်ပေးတဲ့ကျောင်းသားထံမှသင်ယူလိုက်တဲ့အချိန် တို့ဖြစ်ပါတယ်။
အဲဒီအလေ့အကျင့်က
အတန်းတွင်းမှာတစ်ဦးနှင့်တစ်ဦးရင်းနှီးထိတွေ့မှုကို အားကောင်းလာစေပါတယ်။
ကျောင်းသားနှင့်ဆရာဆိုပြီး
ကွဲပြားခြားနားသလိုမြင်နေမှုကိုလည်းလျော့ကျလာစေပါတယ်။ အဲဒီအလေ့
အကျင့်ကကျောင်း သားတွေသူတို့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်နှင့်
နှုတ်မှုစွမ်းရည်ကို စမ်းသပ်ကြည့်ခွင့်ရစေပါတယ်။
မိတ်ဆွေဆရာများ အခုဖော်ပြခဲ့တဲ့သင်နည်းများကိုသုံးကြည့်ကြရန်တိုက်တွန်းချင်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment