Monday, February 3, 2025

သမရိုးကျမဟုတ်ဘဲဖောက်ထွက်စဥ်းခြင်းနမူနာတစ်ချို့ Food for Thought 879 ဒေါက်တာသိန်းလွင်

May be a graphic of text


ဒီနေ့ ” သမရိုးကျမဟုတ်ဘဲဖောက်ထွက်စဥ်းခြင်းနမူနာတစ်ချို့” ကို လေ့လာကြည့်ကြတာကို Food for Thought 879 အဖြစ်မျှဝေလိုက်ပါတယ်။

သမရိုးကျမဟုတ်ဘဲဖောက်ထွက်စဥ်းခြင်းနမူနာတစ်ချို့

သမရိုကျနည်းစဥ်းစားခြင်းမဟုတ်ဘဲဖောက်ထွက်စဥ်းစားတဲ့နမူနာတစ်ချို့ကိုမျှဝေချင်ပါတယ်။

မီးသီး (၃) ခုကိုဆက်သွယ်ထားတဲ့မီးခလုပ် (၃) ခု

နမူနာ (၁) ပြူတင်ပေါက်မရှိတဲ့အခန်းတစ်ခုမှာ မီးခလုပ် (၃) ခုရှိပြီး အဲဒီမီးခလုပ် (၃) ခုက အခန်းထဲမှာရှိတဲ့မီးသီး (၃) လုံးနှင့် ဆက်သွယ်ထားပါတယ်။ ခလုပ်တစ်ခုစီမှာမီးသီး (၁) လုံးနှင့် ဆက်သွယ်ထားပါတယ်။ အခန်းထဲကို သင့် အနေဖြင့် (၁)ကြိမ်သာဝင်ခွင့်ရှိမယ်ဆိုရင် ဘယ်မီးခလုပ်က ဘယ်မီးသီးနှင့် ဆက်သွယ်ထားကြောင်း ဘယ် လိုသိနိုင်ပါသလဲ။

ဖြေရှင်းနည်း- မီးခလုပ်တစ်ခုကို ခဏကြာအောင်ဖွင့်ထားလိုက်ပါ။ ပြီးတော့ ထိုမီးခလုပ်ကိုပိတ်ပြီး နောက်မီးခ လုပ် တစ်ခုကိုဖွင့် လိုက်ပါ။ ပြီးတော့အခန်းထဲဝင်သွားပြီး မီးသီးကို လက်ဖြင့်စမ်းကြည့်လိုက်ပါ။ မီးသီးမှာအပူ ရှိန်ရှိနေတဲ့မီးသီးမှာ ပထမဖွင့်လိုက်တဲ့မီးခုပ်နှင့် ဆက်သွယ်ထားကြောင်းသိနိုင်ပါတယ်။ နောက်ဒုတိယဖွင့်တဲ့ ခလုပ်က ပွင့်နေတဲ့မီးသီးနှင့် ဆက်သွယ်ထားတဲ့အတွက် ကျန်မီးခလုပ်မှာ ကျန်တေဲ့မီးသီးနဲ့ဆက်သွယ်ထား ကြောင်း အခန်းထဲ (၁)ကြိမ်ဝင်ကြည့်တာနဲ့သိနိုင်ပါတယ်။

ကားဘီပေါက်သွားတာ ကားဘီးဘယ်လိုပြန်လဲရလဲ

နမူနာ (၂) - လူတစ်ယောက်မှာသူ့ကားဘီးတစ်ခုကို တောလမ်းမှာဖြုတ်လဲနေပါတယ်။ အဲဒီဘီးကိုဖြုတ်နေရင်း ဘီးမှာတပ်ထား တဲ့ဝက်အူ (၄) လုံးမှာ မတော်တဆ မော်တော်ကားတာယာလဲနေတဲ့အနီးမှာရှိတဲ့ အလွန်နက် တဲ့ရေအိုင်ထဲလွတ် ကျသွားပါတယ်။ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ အနီးအနားမှာဖြတ်သွားတဲ့ လူကြီးတစ်ယောက် က အကြံပေးတဲ့အတွက် ထိုလူကြီးပေးတဲ့အကြံအတိုင်း ဆက်လက်လုပ်ဆောင်တာ ကား တာယာဘီးလဲပြီး ကားကိုဆက်လက်မောင်းသွားနိုင်ခဲ့ပါတယ်။ လူကြီးက ဘယ်လိုအကြံပေးလိုက်ပါသလဲ။

ပေးတဲ့အကြံ -ကားမှာကျန်တဲ့ဘီး (၃) ခုအနက် ဘီ (၁) ခုစီမှာ ဝက်အူနပ် တစ်လုံးစီဖြုတ်ပြီး သုံးရန် လူကြီးက အကြံပေးလိုက်ခြင်းဖြစ်ပါတယ်။ ဘီး (၄) ဘီးလုံး ဘီးတစ်လုံးစီမှာ ဝက်အူ (၃) လုံးရှိနေတဲ့အတွက် ယာယီ အားဖြင့် ကားကို ဆက်လက်မောင်းနိုင်စေပါတယ်။

ထရပ်ကားနဲ့တံတားမလွတ်ဖြစ်နေတဲ့ပြဿနာ

နမူနာ (၃) ထရပ်ကားကြီးတစ်စီးမှာ လမ်းကျော်တံတားနားတွင် ဆက်မသွားနိုင်ဘဲရပ်နေရပါတယ်။ တံတား အောက်ခြေနှင့် ကားအမိုးကအနည်းငယ်ထိနေပြီး မလွတ်ဖြစ်နေတဲ့အတွက် ထရပ်ကားကြီးမှာဆက်မသွားနိုင် ဖြစ်နေတာပါ။ နောက် ပြန်ဆုတ်ပြီးအခြားလမ်းကြောင်းကိုရွေးသွားမယ်ဆိုရင်အချိန် နောက်ထပ် (၂)နာရီ ကျော် ကြာနိုင်ပါတယ်။ အဲဒီအ ချိန်မှာ ကားအနီးဖြတ်သွားတဲ့လူငယ်လေးတစ်ယောက်ကအကြံပေးတဲ့အတွက် ခဏ အတွင်းမှာပင် ထရပ် ကားကြီးမှာ တံတားအောက်ဘက်မှာ အလွယ်တကူဖြတ်မောင်းသွားနိုင်ခဲ့ပါတယ်။ ကောင် လေးက ဘယ်လိုအ ကြံပေးခဲ့ပါသလဲ။

ပေးတဲ့အကြံ -တံတားနှင့်ထိနေတာလွတ်သွားအောင် ကားတာယာများမှ လေအနည်းငယ်စီလျော့လိုက်ရန် အကြံပေးတဲ့အတွက်အနည်းငယ်စီလေလျော့လိုက်တဲ့အခါ ကားအမိုးနှင့်တံတားအောက်ဘက်လွတ်သွားတဲ့
အတွက် ထရပ်ကားကြီးတံတားကိုခဏအတွင်းမှာပင် ဖတ်ပြီးမောင်းသွားနိုင်ခဲ့ပါတယ်။

ကျွေးမဆပ်လက်မထပ်နိုင်အောင်ဖြေရှင်းနည်း

နမူနာ (၄) မြေပိုင်ရှင်သူဌေးတစ်ယောက်က ကျွေးယူထားတဲ့ဖခင်တစ်ယောက်နဲ့လှပတဲ့သူ့သမီးကို ကျွေးတွေပြန် ဆပ်ရန် ခြိမ်း‌ခြောက်ပြောဆိုပါတယ်။ သူ့ကိုလက်ထပ်မယ်ဆိုရင်ကျွေးတွေပြန်ဆပ်စရာမလိုဘူးလို့ ပြာပါတယ်။ သားအဖအပေါ်ထောက်ထားတဲ့ဟန်ဖြင့် သူတို့သားအဖကို သူငှားထားတဲ့အိမ်မှာ ဆက်လက်နေခွင့်ပေးထား ပါ တယ်။ မြေပိုင်ရှင်က သားအဖကိုအခွင့်အလမ်းတစ်ခုစဥ်းစားရန်ပေးပါတယ်။ သူ့မှာပိုးထည်ဖြင့် ပြုလုပ်ထားတဲ့ လက် ကိုင်အိပ်တစ်ခုရှိပါတယ်။ သူတို့ရပ်နေတဲ့လမ်းမှာရှိတဲ့ကျောက်တုံးအဖြူတစ်လုံးနဲ့အနက်တစ်လုံးကို အဲဒီ အိပ်ထဲမှာထည့်ထားမှာဖြစ်ကြောင်း၊ အဲဒီအိပ်ထဲမှ ကျောက်တုံးတွေကိုမကြည့်ဘဲ ကျောက်တုံးတစ်ခုကိုနှိုက် ယူ ရမှာဖြစ်ကြောင်း၊ အဖြူရောင်ရရင် တော သူ့ကို လက်ထပ်ရန်မလိုသလိုကျွေးတွေလည်းပြန်ဆပ်စရာမလို တော့ ကြောင်း၊ တကယ်လို့အနက်ရောင်ကျောက်တုံးကိုရွေးမိရင်တော့ သူ့ကို လက်ထပ်ရမှာဖြစ်ကြောင်း၊ ဖခင်အပေါ် တင်နေတဲ့ကျွေးတွေကိုတော့ ပြန်ဆပ်စရာမလိုဘူးလို့ပြောပါတယ်။ အဲဒီလိုပြောပြီးမြေပိုင်ရှင်က သူတို့ရပ်နေတဲ့ လမ်းမမှာရှိတဲ့ကျောက်တုံး (၂) ခုကိုကောက်ပြီးအိပ်ထဲထည့် လိုက်ပါတယ်။ သူကောက်ထည့် လိုက်တာ ကျောက် တုံး (၂) ခုလုံးမှာ အမဲရောင်ဖြစ်နေတာကိုကျွေးယူထားသူရဲ့သမီးကမြင်လိုက်ပါတယ်။ ဒါပေမဲ့ မမှန်တာလုပ်‌တာ သူကမပြောလိုပါဘူး။ အဲဒီလိုပြောလိုက်ရင် ပိုဆိုးတာမျိုးဖြစ်လာမှာ ကြောက်ပါတယ်။ မြေရှင်ကို လက်မထပ် ရပဲ ကျွေးတွေလည်းပြန်ဆပ်စရာမလိုအောင် မိန်းကလေးအနေဖြင့် ဘယ်လိုဖြေရှင်းလိုက်ပါသလဲ။ စာဖတ်သူ သာမိန်းကလေးဖြစ်မယ်ဆိုရင် ကြုံနေတဲ့အခြအနေကို လိုချင်တဲ့ရလဒ်ရအောင် ဘယ်လိုဖြေရှင်းမလဲ။

အဖြေ -မိန်းကလေးကအိပ်ထဲမှာကျောက်တုံးတစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ ဆွဲထုတ်လိုက်စဥ်မတော်တဆ လွတ်ကျသွားသလို လမ်းပေါ်ကျသွားအောင် တမင်လုပ်လိုက်ပါတယ်။ ကျသွားတာမတော်တဆဖြစ်တဲ့အတွက် ဘာ အရောင်မှန်းမသိလို့ ကျသွားတာ ဘာအရောင်ဆိုတာသိအောင် အိပ်ထဲမှာကျန်တဲ့ကျောက်တုံးအရောင် ကို ကြည့် ရန် လိုအပ်လာပါတယ်။ ကြည့် လိုက်တဲ့အခါ အမဲရောင်ကျောက်တုံးဖြစ်နေတဲ့အတွက်မတော်တဆ လွတ် ကျသွားတဲ့ကျောက်တုံးမှာအဖြူရောင်ဖြစ်ကြောင်းသက်သေပြနိုင်တဲ့အတွက် မြေရှင်နှင့်လက်ထပ်စရာမလိုတော့ သလိုဖခင်မှာတင်နေတဲကျွေးတွေလည်းအားလုံးပေးရန်မလိုအပ်တော့ပါ။

ဒီနည်းတွေကတော့ သမရိုးကျမဟုတ်ဘဲဖောက်ထွက်စဥ်းစားတဲ့နည်းဖြင့် စဥ်းစား‌ဖြေရှင်းတဲ့နည်းတွေဖြစ်ပါ တယ်။ သမရိုးကျမဟုတ်တဲ့ဖောက်ထွက်စဥ်းစားနည်းကိုလေ့ကျင့် မယ်ဆိုရင်တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူများအနေဖြင့် သမရိုးကျစဥ်းစားနည်းမဟုတ်တဲ့ဖောက်ထွက်စဥ်းစားတဲ့နည်းကို လေ့ကျင့်ပြီး ဘဝမှာ ကြုံ ရတဲ့ခက်အခဲများကိုအကောင်းဆုံးကျော်လွှားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ(ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...