ဒီနေ့
စဥ်းစားရင်းစိတ်ပျော်စရာဖြစ်အောင် စဥ်းစားပျော်ကြည့်ဖို့
“စဥ်းစားရင်းပျော်စရာ” ကို Food for Thought 880 အဖြစ်မျှဝေလိုက်ပါတယ်။
စဥ်းစားရင်းပျော်စရာ
၁။ သင်္ချာစာအုပ်(၂)အုပ်တို့ အချင်းချင်း မကျေမနပ်ပြောနေကြပါတယ်။ သူတို့အချင်းချင်းဘာတွေ မကျေမနပ် ပြောနေကြပါသလဲ။
အဖြေ=
ပြောနေတာကတော့ “ငါမှာပြဿနာတွေသိပ်များတာပဲ” လို့တစ်အုပ်ကပြောလိုက်တဲ့အခါ
နောက်တစ် အုပ်က “ငါမှာလည်းပြဿနာတွေက သိပ်များပါတယ်”
လို့ပြန်ပြောလိုက်ပါတယ်။
၂။ တရိဂံကစကားပြောတာသိပ်မိုက်ရိုင်းတာပဲ။ စက်ဝိုင်းကိုသူက “ဟေ့ စက်ဝိုင်း မင်က သုံးမရတဲ့အကောင် “ လို့ပြောလိုက်ပါတယ်။
အဖြေ = Pointless လို့သုံးလိုက်တာက သုံးမရတဲ့အကောင် လို့အဓိပ္ပါယ်ထွက်ပါတယ်။
၃။
ဂဏန်းတစ်လုံးက ငါက “မ”ကိန်းဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့
အက္ခရာတစ်ခုကို ဖယ်လိုက် မယ်ဆိုရင်တော့ ငါက
“စုံ”ကိန်းဖြစ်သွားပါလိမ့်မယ်လို့ပြောပါတယ်။အဲဒီလိုပြောနေတာ ဘာဂဏန်းပါလဲ။
အဖြေ =Seven ဖြစ်ပါတယ်။ Seven မှာ “မ”ကိန်း (odd number) ဖြစ်ပြီး S ကိုဖယ်ထုတ်လိုက်ရင် even နံပါတ် “စုံ”ကိန်းဖြစ်သွားပါတယ်။
၄။
မိသားစုတစ်စုမှာသား (၅)ယောက်ရှိပါတယ်။
သားတိုင်းမှာနှစ်မတစ်ယောက်ရှိကြပါတယ်။ အဲဒီလိုဆိုရင် အဲဒီမိသားစုမှာ ကလေး
ဘယ်လောက်ရှိပါသလဲ။
အဖြေမှာ (၆)ယောက်ဖြစ်ပါတယ်။ ညီအစ်ကို (၅)ယောက်မှာနှစ်မ(၁)ယောက်သာရှိပါတယ်။
၅။ ၆ နှင့် ၇ ပေါင်းရင် =၁ ရတယ်လို့ပြောရင် ဘယ်လိုဖြစ်နိုင်ပါသလဲ။
အဖြေ
=ကျွန်တော်ပြောနေတာအချိန်ဖြစ်ပါတယ်။ မနက် ၆ နာရီမှာ နောက်ထပ် ၇
နာရီထပ်ပေါင်းရင် ၁၃ နာရီရပါတယ်။ = နေ့လယ် ၁ နာရီဖြစ်ပါတယ်။ (၁၃ နာရီထဲမှ
၁၂ နာရီကိုနှုတ်လိုက်ရင်နေ့လည် ၁ နာရီဖြစ် ပါတယ်။)
၆။
ဒေးဗစ်ကအသက် (၈)နှစ်ရှိတဲ့အခါ သူညီအဲလက်စ်မှာ သူ့အသက် တစ်ဝက်ရှိပါတယ်။
အခုဒေးဗစ်က အသက် (၃၀) ဆိုရင် သူ့ညီအဲလက်စ်အသက်ကဘယ်လောက်ရှိပြီလဲ။
အဖြေ - ၂၆ နှစ်ဖြစ်ပါတယ်။ သူတို့မှာအသက် (၄)နှစ်သာကွာတဲ့အတွက် ဒေးဗ် အသက် (၃၀) ဖြစ်တဲ့အခါမှာ အဲလက်စ်မှာ (၂၆)နှစ်ဖြစ်ပါတယ်။
၇။
ဖခင် (၂) ယောက်နှင့် သား (၂)ယောက်တို့ဟာသစ်သားထိုင်ခုံတွေပြုလုပ်ကြပါတယ်။
တစ်ယောက်စီက သစ်သားထိုင်ခုံ (၁) လုံးစီပြုလုပ်ပြီးတယ်ဆိုရင်
သစ်သားထိုင်ခုံ (၃) လုံးသာဘာကြောင့် ထွက်လာတာလဲ။
အဖြေ = လူက (၃)ယောက်သာဖြစ်ပါတယ်။ ဖခင် (၁) ဦး၊ သူ့သား (၁)ဦးနှင့် သားရဲ့သား (၁) ဦးတို့ဖြစ်ပါတယ်။
၈။ လိမ္မော်သီး (၄) လုံးရှိတာ သင်က (၃) လုံးယူလိုက်ရင် သင့်မှာလိမ္မော်သီးဘယ်လောက်ရှိသွားပါသလဲ။
အဖြေ - သင့်မှာ (၃) လုံးသာရှိမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၃)လုံးကိုယူလိုက်တဲ့အတွက်ဖြစ်ပါတယ်။
၉။ ပန်းသီး (၃) လုံးသာရှိတဲ့အနက် သင်က (၂)လုံးယူသွားရင် သင့်မှာပန်းသီးဘယ်နှလုံးရှိမလဲ။
အဖြေ = (၂) လုံး ဘာကြောင့်လဲဆိုတော့ (၃)လုံးထဲမှ (၂) လုံးကိုယူလိုက်တဲ့အတွက်ဖြစ်ပါတယ်။
၁၀။ ဘူးတစ်ဘူးမှာ ဂေါ်လီလုံးလေး (၂၀)ပါပါတယ်။ အဲဒီအထဲမှ ၂၅% ကအပြာရောင်ဖြစ်တယ်ဆိုရင် အပြာရောင်ဂေါ်လီလုံးဘယ်လောက်ပါပါသလဲ။
အဖြေ =၂၀ လုံးရဲ့ ၂၅% မှာ (၅) လုံးဖြစ်ပါတယ်။
၁၁။ တွမ်မှာ ဘီစကစ် (၈)ခုရှိရာ တစ်ဝက်ကိုစားလိုက်ရင် သူ့မှာဘီစကစ် ဘယ်လောက်ကျန်ပါသေးသလဲ။
အဖြေ = (၄) ခု = (၈) ခုမှ တစ်ဝက်ကိုစားလိုက်တဲ့အတွက် (၄) ခုကျန်ပါတယ်။
၁၂။
ပိုက်ဆံပြားတစ်ခုကို (၅)ကြိမ် ခေါင်းပန်းလှန် လိုက်ရာ
(၅)ကြိမ်လုံးပန်းသာကျပါတယ်။ နောက်တစ်ခါ (၅)ကြိမ်
ခေါင်းပန်းလှန်ကစားမယ်ဆိုရင် ခေါင်းပန်းကျနိုင်တဲ့အလားအလာဘယ်လောက်ရှိပါသလဲ။
အဖြေ =၅၀%စီရှိပါတယ်။
ပိုက်ဆံပြားမှာခေါင်းနဲ့ပန်းပါနေတဲ့အတွက် လှန်တိုင်း ခေါင်း
သို့မဟုတ်ပန်းကျနိုင်တဲ့ အလားအလာရှိနေလို့ဖြစ်ပါတယ်။
၁၃။ ကျွန်တော်ဟာမကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော့ကိန်းထဲမှ (၁၀)ကိုနှုတ်လိုက်ရင် (၁၅)ရပါတယ်။ မကိန်း ကျွန်ပ်ကဘာပါလဲ။
အဖြေ =၂၅ ဖြစ်ပါတယ်။ ၂၅-၁၀= ၁၅ ဖြစ်ပါတယ်။
၁၄။
အင်္ကျီနှင့်ဦးထုပ် စုစုပေါင်း ဒေါ်လာ (၅၀) ကျပါတယ်။
အင်္ကျီးကဦးထုပ်ထက် ဒေါ်လာ (၂၀) ပိုကျရင်၊ ဦးထုပ်အတွက်
ဘယ်လောက်ကျပါသလဲ။
အဖြေ = ဒေါ်လာ (၁၅) ကျပါတယ်။ ရှပ်အင်္ကျီ ဒေါ်လာ (၃၅) နှင့် ဦးထုပ် ဒေါ်လာ (၁၅)ဖြစ်ပါတယ်။
၁၅။
ဘော်ဘီက ဂဏန်း (၃) လုံးကိုပေါင်းလိုက်ပါတယ်။ ထို့နောက်အဲဒီဂဏန်း (၃)
လုံးကိုမြှောက်လိုက်ပါတယ်။ ပေါင်းတုံးကရတဲ့ရလဒ်ကိုသာမြှောက်တဲ့အခါ
မှာလည်းပြန်ရနေပါတယ်။ အဲဒီဂဏန်း (၃) လုံးကဘာတွေပါလဲ။
အဖြေ = ၁၊၂၊ ၃ တို့ဖြစ်ပါတယ်။ ၁+၂+၃= ၆ ။ ၁ x ၂ x ၃= ၆ ဖြစ်ပါတယ်။
၁၆။ နောက်ဆက်လာမဲ့ကိန်းကဘာလဲ ၂ - ၄- ၈- ၁၆- ၃၂ -?
အဖြေ = ၆၄ ဖြစ်ပါတယ်။ နှစ်ဆတိုးအစီအစဥ်ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။
၁၇။
စားပွဲပေါ်မှာမီးခြစ်ဆံ (၃)ချောင်းကိုချထားပါတယ်။ နောက်ထပ် (၂)
ချောင်းထပ်ထည့်ရင် မီးခြစ် ဆန် (၈)ချောင်းရအောင် ဘယ်လိုလုပ်နိုင်သလဲ။
အဖြေ
= ရိုမန်ကိန်း ဂဏန်းဖြစ်အောင် ပြုလုပ်ဖို့ လိုပါတယ်။ VIII (ထပ်ထည့်တဲ့
မီးခြစ်ဆံ (၂) ချောင်းကို (V) ပုံဖော်လိုက်ပြီး မူလ (III)
ချောင်းနှင့်ပေါင်းလိုက်ရန် လိုပါတယ်။
၁၈။
ကျောင်းသားတစ်ယောက်မှာ သမိုင်းဘာသာရပ်ကို သဘောကျပါတယ်။ သူက ငါး (၅)ထဲမှ
နှစ် (၂)ကိုနှုတ်လိုက်တာ လေး(၄)ရပါတယ်။ အဲဒီကျောင်းသားက
ဘယ်လိုလုပ်လိုက်တာလဲ။
အဖြေ = သူက FIVE ထဲမှာ အက္ခရာ F နှင့် E တို့ကိုထုတ် လိုက်တာ IV ကျန်ပါတယ်။
၁၉။
ကျွန်ပ်ကို အလျားလိုက်ထားရင် ကျွန်ပ်ဟာအရာရာဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်ပ်ကို
ခါးဆစ်ကနေတစ်ဝက် ပိုင်းဖြတ် လိုက်ရင်ကျွန်ပ်က ဘာမှမဟုတ်တော့ပါဘူး။ ကျွန်ပ်က
ဘာပါလဲ။
အဖြေ -နံပါတ် 8 ဖြစ်ပါတယ်။ နံပတ် 8 ကို
အလျားလိုက်ထားလိုက်ရင်မရေမတွက်နိုင်တဲ့သင်ကေတ ဖြစ်သွားပြီး အလည်ခေါင်းခါးက
ဖြတ်လိုက်ရင်တော့ ကျွန်ပ်ဟာ သုန်ညဖြစ်သွားပါတယ်။ 8 ကိုခါးကနေဖြတ် လိုက်ရင်
သုန်ည နှစ်လုံး (ဝ)ဖြစ်သွားပါတယ်။
၂၀။ ဘယ်လမှာ (၂၈)ရက်ရှိပါသလဲ။
အဖြေ = ဖေဖေါ်ဝါရီမှာ (၂၈) သို့မဟုတ် (၂၉) ရှိပြီး ကျန်လတွေမှာ (၃၀) သို့မဟုတ်တ် (၃၁)ရက်ရှိတဲ့အတွက် လတိုင်း မှာ (၂၈) ရက်ရှိပါတယ်။
၂၁။
သင့်ညာဘက်လက်ထဲမှာ လိမ္မော်သီး (၆) လုံးနှင့် နာနတ်သီး( ၆ ) လုံးရှိပြီး
ဘယ်ဘက်လက်ထဲမှာ ပန်းသီး (၂၄)လုံးနှင့်ဖရဲသီး (၈) လုံးရှိတယ်ဆိုရင်
သင့်မှာဘာတွေရှိပါသလဲ။
အဖြေ -အလွန်ကြီးတဲ့လက်တွေရှိပါတယ်။
၂၂။
လယ်သမားတစ်ယောက်က ကြက်ဥတစ်လုံးကို ၀.၁
ဒေါ်လာဖြင့်ရောင်းရန်ကြက်ဖကြီးတစ်ကောင်ကို ဝယ် လိုက်ပါတယ်။
ကြက်ဖကြီးကတစ်နေ့ကို ကြက်ဥ (၅)လုံးဥပါတယ်။ အဲဒီလိုဆိုင် တစ်ပတ်ကြာတဲ့အခါ
လယ် သမားမှာပိုက်ဆံဘယ်လောက်ရပါသလဲ။
အဖြေ -လယ်သမားဘာမှမရပါ၊ ဘာကြောင့် လဲဆိုတော့ ကြက်ဖက ကြက်ဥမဥတဲ့အတွက်ဖြစ်ပါတယ်။
၂၃။ တစ်နှစ်မှာ တစ်ခါ၊ တစ်ပတ်မှာ နှစ်ခါ၊ တစ်နေ့မှာ ဘာမှမပါတာဘာလဲ။
အဖြေ = YEAR တွင် E တစ်ခါပါပါတယ်။ WEEK တွင် EE နှစ်ခါပါပါတယ်။ DAY တွင် E ဘာမှမပါပါ။
၂၄။ ၂ တစ်ဝက်နှင့် ၂ ပေါင်းရင်ဘယ်လောက်ရပါသလဲ?
အဖြေ = ၃ ရပါတယ်။ ၂ တစ်ဝက်မှာ ၁ ဖြစ်ပြီး ၂ နှင့် ပေါင်းပါက ၃ ရပါတယ်။
မိတ်ဆွေများကလေးများကို ပျော်ရွှင်အောင် စဥ်းစားတတ်အောင်လေ့ကျင့် ပေး
နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါတ်တာသိန်းလွင်၊
ပါမောက္ခ (ငြိမ်း) ၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment