ဒီနေ့
မကောင်းမှုတွေကိုနှုတ်ပြီးကောင်းမှုတွေနှင့် ဆက်ရန် လိုအပ်ကြောင်းကို
“နှုတ်ဆက်ခြင်း” လို့အမည်ပေးပြီး Food for Thought 882
အဖြစ်မျှဝေလိုက်ပါတယ်။
နှုတ်ဆက်ခြင်း
၂၀၂၅
ခုထဲရောက်လာတာဒီနေ့ဆိုရင် (၁၆) ရက်တောင်ရှိနေပါပြီ။
နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကူးလာတဲ့အခါ လူသားတွေအနေဖြင့်နှုတ်ဆက်ရန်
လိုအပ်ပါတယ်။ နှုတ်ဆက်ဆိုတာမှာ နှုတ်တာက မကောင်းတာမှန်သမျှ ကိုနှုတ်ပြီး
ဘာတွေနဲ့ဆက်ရမှာလည်းဆိုရင် ကောင်းတာတွေနှင့် ဆက်ရမှာဖြစ်ပါတယ်။
မကောင်းမှုမှန်သမျှ ကိုနှုတ်ဆက်ဖယ်ရှားပြီးကောင်းမှုတွေကို ဆက်လက်
လုပ်ဆောင်ရန် လိုအပ်ပါတယ်။ မကောင်းမှုရှောင်ပြီး ကောင်းမှုတွေကိုဆောင်ရန်
လိုအပ်ပါတယ်။ ပြီးတော့ မိမိစိတ်ကိုဖြူအောင်ထားဖို့လည်းအထူးလိုအပ်ပါတယ်။
ကောင်းတာတွေကိုဆက်လက်လုပ်ဆောင်ရင်မိမိကိုယ်ကိုတော့မြှင့်တင်ပြီးသူတစ်ပါးကိုချိုးနှိမ်တာမျိုးတွေမပြုလုပ်ဖို့လည်းအရေးကြီးပါတယ်။
မိမိကိုသူတစ်ပါးကချိုးနှိမ်ပြောရင်မကြိုက်ပါ။ မိမိမကြိုက်တာကို သူတစ်ပါး
ကိုလည်းမပြောဘဲရှောင်ရန် လိုအပ်ပါတယ်။
အခြားသူများအပေါ်ကိုယ်နှင့်နှိုင်းပြီးထောက်ထားစာနာစိတ်မွေးရန်
လိုအပ်ပါတယ်။ မေတ္တာစိတ်ထားရန် လိုအပ်ပါတယ်။
လူ့ဘဝခဏတာ
ဘာမှမကြာပါ။ လူအဖြစ်နေရခိုက် ထိုက်တန်စွာနေထိုင်တဲ့လူဖြစ်အောင်နေဖို့
လိုအပ်ပါတယ်။ လူဆိုတာ ကောင်းမှုကြောင့်အညွန့်တလူလူ နေနိုင်သူဖြစ်ရန်
လိုအပ်ပါတယ်။ လူဖြစ်နေပါလျက် သူတစ်ပါးဥစ္စာ ပစ္စည်းတွေကိုမတရားလူ့
နေတဲ့လူမျိုးတွေဖြစ်မနေရန် အရေးကြီးပါတယ်။ မကောင်းတာမှန်သမျှအားလုံး လုပ်
နေတဲ့အတွက် လူတွေဒုက္ခနွံထဲမှာ နစ်မွန်းလူးနေရအောင်
လုပ်ဆောင်သူလည်းမဖြစ်ရန် အရေးကြီးပါတယ်။
လူတွေဆိုတာ
ဇာတိ၊ ဇရာ၊ မရဏဘေးဘယ်သူမှမရှောင်နိုင်ကြပါ။ ဇာတိဆိုတာ
ချော့ခေါ်တဲ့ရန်သူနဲ့တူပါတယ်။ ဇရာကတေ့
အတင်းခေါ်နေတဲ့ရန်သူနဲ့ပါတယ်။မရဏကတော့ ခေါင်းဖြတ်သတ်နေသူနှင့် တူပါတယ်။
ပြန်စဥ်းစား ကြည့် လိုက်ပါ။ မျက်မှောက်ခေတ်မှာ အသက်အရှည်ဆုံးလူဆိုတာ အသက်
၁၂၆ နှစ်လို့ ဟိုတလောကသေဆုံး
သွားတဲ့အမျိုးသမျိုးကြီးရဲ့အသက်ကိုဖော်ပြတာတွေ့လိုက်ရပါတယ်။
လူတွေရဲ့သက်တမ်းကို ၂၀၅၀ မှာ ခန့်မှန်း ထား တာကတော့ ၁၂၅
နှစ်ခန့်လို့ခန့်မှန်းထားကြပါတယ်။
အဲဒီတော့သေသေချာချာပြန်စဥ်းစားကြည့်ပါ။
အခုကနေ နောက်ထပ် နှစ်ပေါင်း အများဆုံး(၁၃၀)ဆိုရင်အခုကမ္ဘာ
ပေါ်မှာရှိသမျှလူတွေတစ်ယောက်မှကျန်မှာမဟုတ်တော့ပါဘူး။ မွေးစကလေးမှစပြီ
အားလုံးသေကုန်ကြမှာ ဖြစ် ပါတယ်။ အားလုံးကမ္ဘာပေါ်မှာရှိတဲ့လူ ဘီလီယံပေါင်း
(၈၁၅၈) သေကုန်ကြမှာဖြစ်ပါတယ်။တစ်ဘီလီယံဆိုတာ သန်းပေါင်း
တစ်ထောင်ဖြစ်ပါတယ်။ ဒီကြားထဲ လူတွေလောဘဒေါသတွေမထိန်းနိုင်ကြလွန်းလို့
စစ်မီးဟာတ ကမ္ဘာ လုံးကူးစက်ပြီး
လူတွေအသက်ပေါင်းများစွားကိုအမှုန့်ဖြစ်အောင် လုပ်မယ်ဆိုပြီး
ကျုံးဝါးနေသူမျိုးတွေ ကလည်းရှိနေတော့ လူတွေရဲ့အသက်ဟာ ခုမြင်ခုပျောက်ဆိုတာ
မျိုးလည်း မမျှော်လင့်ဘဲ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်
လူ့ဘဝမှာနေရသမျှ အချိန်ကာလမှာ မကောင်းတာတွေကို စွန့်ပြီးကောင်းမှုတွေကို
တတ်နိုင်သမျှ ဆောင်ကြပါ။ စိတ်ကိုဖြစ်စင်အောင်လေ့ကျင့် လျက်
အညွန့်တလူလူတက်နေသူများဖြစ်အောင် လေ့ကျင့် ကြရန်အထူးလိုအပ်ပါတယ်။ လူတိုင်း
လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မိတ်ဆွေများနှစ်သစ်မှာ လူပီသစွာနေထိုင်နိုင်အောင်ကျင့် ကြံပွားမှားအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊
ပါမောက္ခ (ငြိမ်း) ၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊
No comments:
Post a Comment