ဘဝကိုပြောင်းလဲစေတဲ့ဗုဒ္ဓပေးတဲ့သင်ခန်းစာ (၅) ခု
အောက်ဘက်မှာ ဘဝကိုပြောင်းလဲစေတဲ့ဗုဒ္ဓကပေးခဲ့တဲ့သင်ခန်းစာ (၅) ခုကို Food for Thought 902 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ(ငြိမ်း)၊ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
၁။ သင်ခန်းစာ (၁) မေတ္တာနှင့်ဂရုဏာတရားတို့ရဲ့စွမ်းအားကြီးမှု
အမုန်းကိုအမုန်းဖြင့်
တုံ့ပြန်နေရင် အမုန်းတရားကဘယ်သောအခါမှဆုံးမှာမဟုတ်ပါဘူး။
အမုန်းတရားကမေတ္တာဖြင့် ပြန်လည်တုံ့ပြန်တဲ့အခါမှသာရပ်သွားပါတယ်။ အဲဒီသဘော
တရားဟာမပြောင်းလဲတဲ့သဘာဝနိယာမတရားဖြစ်ပါတယ်။ ဗုဒ္ဓဟာတစ်လောကလုံးသို့
အကန့်အသတ်မရှိတဲ့မေတ္တာကို ပို့လွှတ်ပွားများပါတယ်။ အရပ်
(၁၀)မျက်နှာအစုံမေတ္တာ ပွားများပါတယ်။
မျက်မှောက်ကမ္ဘာကြီးမှာအမုန်းတရားတွေဖြင့် ညစ်ညမ်းနေပါတယ်။
လူတွေကလည်းအမုန်းတရားကို
ပိုပြင်းထန်တဲ့အမုန်းတွေနဲ့တုံ့ပြန်နေပြီးအခြားလူတွေ အပေါ်မှာ
အပြစ်တွေတင်နေတဲ့အတွက်အခြေအနေတွေမှာပိုဆိုးလာပါတယ်။ အမှောင် ဖုံး
နေတာကိုပျောက်စေချင်လို့ အမှောင်ဖြင့် ဖယ်ရှားလို့မရနိုင်ဘူးဆိုတာကို
လူသားတွေ သဘောမပေါက်ကြပါဘူး။
အလင်းပြခြင်းကသာအမှောင်ကိုပယ်ဖျောက်ပြီးလောကကို လင်းလာစေမှာဖြစ်ပါတယ်။
အလင်းဖြင့်သာအမှောင်ကိုဖယ်ရှားနိုင်ပါတယ်။ အလားတူ ပင် အမုန်းတရားတွေကို
ပပျောက်အောင်မေတ္တာတရား၊ “ဂရုဏာတရားတို့ဖြင့်သာ အမုန်း
တရားတွေကိုပယ်ဖျောက်နိုင်ကြောင်း မြတ်ဗုဒ္ဓက လမ်းပြပေးခဲ့ပါတယ်။
မေတ္တာ၊ဂရုဏာ တရားများကိုပွားများခြင်းဖြင့်သာ လောကမှာအမုန်းတရားတွေကင်းစင်
ပြီး လူသားတွေ ဟာ ညီညွတ်ပြီးအေးချမ်းသာယာစွာနေနိုင်ကြမှာဖြစ်ပါတယ်။ လူသား
တွေ ဟာအမုန်း တရားကိုအမုန်းတရားဖြင့် တုံ့ပြန်နေပါက လောကမှာ ပျက်စီးမှုတွေ
ကအတောမသပ်နိုင် အောင် များနေမှာဖြစ်ပါတယ်။
၂။ သင်ခန်းစာ (၂) မျက်မှောက်အချိန်မှာသာစိတ်ကိုထားနေထိုင်ခြင်း
“အတိတ်ဆိုတာမရှိတော့ပါဘူး။
အနာဂါတ်ဆိုတာကလည်းမရောက်သေးပါဘူး။ လူသား
တွေအတွက်သက်ရှင်နေထိုင်ဖို့အချိန်မှာမျက်မှောက်အချိန်သာရှိပါတယ်။”လိုမြတ်ဗုဒ္ဓကလမ်းညွှန်ပြသခဲ့ပါတယ်။
ကိုယ်ရောစိတ်ပါကျန်းမားချမ်းသာဖို့အတွက် လှို့ဝှက်ချက်မှာ
ကုန်လွန်သွားပြီးတဲ့အတိတ်ကိုပြန်တမ်းတနေမှုမရှိရန်နှင့်မရောက်သေးတဲ့အနာဂါတ်အတွက်တွေး
ပြီးပူပန်မှုမဖြစ်ဘဲမျက်မှောက်အချိန်မှာအသိဥာဏ်ဖြင့်ယှဥ်ပြီး သတိတရား
ဖြင့် နိုးကြား စွာနေထိုက်ဖို့ပင်ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက အနာဂါတ်အတွက်
ကြိုတင်ပြင်ဆင်ရန် လေ့ကျင့်ပေးကြတဲ့အတွက် လူတွေဟာမျက်မှောက်အချိန်ထက်
အနာဂါတ်အတွက် ပိုအလေးပေးလုပ်ဆောင်မှုများရှိနေကြပါတယ်။ လူသားတွေရဲ့ကိုယ်
စိတ်နှစ်ဖြာကျန်းမာ ချမ်းသာရေးအတွက်မူကားမျက်မှောက်အချိန်မှာစိတ်ကို
တည်ငြိမ် စွာထားနေတတ်မှုက အရေးကြီးလှပါတယ်။
မျက်မှောက်ကာလမှာစိတ်ကိုသတိဖြင့် သိနေအောင်နေရန်
မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်။ မျက်မှောက်ကာလမှာစိတ်ကိုတည် ငြိမ်စွာ
ထားနိုင်တဲ့အခါ ကိုယ်စိတ်ပျော်ရှင်မှုကိုဖြစ်လာစေပါတယ်။ အတိတ်ကိုလည်း
မပြန်၊အနာဂါတ်ကို မသွားတဲ့အခါ စိတ်ပူပင်သောကတွေကင်းစေပါတယ်။ မရှိတော့တဲ့
အတိတ်ကိုပြန်ခြင်း၊
မရောက်သေးတဲ့အနာဂါတ်သို့သွားနေခြင်းတို့မှာစိတ်မှာပူပန်မှုဖိစီး
မှုများဖြစ်စေပါတယ်။အဲဒီလိုအတိတ်ပြန်ခြင်းနှင့်အနာဂါတ်သွားခြင်းတို့မှာ
မျက်မှောက် အချိန်မှာစိတ်ကိုတည် ငြိမ်စွားထားမှုကြောင့်
ဖြစ်လာတဲ့စိတ်အေးချမ်းသာမှုများကို ပပျောက်စေပါတယ်။
၃။
သင်ခန်းစာ (၃)အသိဥာဏ်အလင်းရဖို့အတွက် မိမိစိတ်ကို ပြန်လည်ကြည့်ရှု့ လေ့
လာသုံးသပ်ရန် လိုအပ်ပါတယ်။ စစ်မှန်တဲ့အသိဥာဏ်ဆိုတာ မိမိစိတ်တွင်းမှာသာရှိ
ပါတယ်။ မိမိမေးချင်တဲ့မေးခွန်းတွေအားလုံးကိုဖြေနိုင်ရန်မှာ
မိမိအပြင်ပမှာရှိမနေပါ။ မိမိအတွင်းမှာသာ ရှိနေပါတယ်။
မိမိကိုယ်မိမိပြန်လည်ကြည့်ရှုလေ့လာခြင်းဆိုတာ စိတ် ကိုတည်ငြိမ်စွာထားပြီး
မိမိစိတ်လှုပ်ရှားခံစားနေရမှုများနှင့် စိတ်ကူးစဥ်းစားမှုများကို
ကြည့်ရှု့လေ့လာနေခြင်း ပင်ဖြစ်ပါတယ်။ အဲဒီလိုကြည့်ရှုလေ့လာခြင်းဖြင့်
ထိုးထွင်းသိ မြင်စရာများကို ထိုးထွင်းသိမြင်ရန် အထောက်အကူပြုသလိုပင်
သံသရာချဲ့တတ်တဲ့ စိတ်ပြန့်လွင့်မှုများ ကင်းဝေးစေပါတယ်။
ရုပ်ဝတ္ထုပစ္စည်းများကိုတွယ်တာလေလေ သံယောဇဥ်တွေဖြစ်ပြီး လူသားတို့စိတ်မှာ
အဆင့်နိမ့်ကျလာလေလေဖြစ်ပါတယ်။ ရုပ် ဝတ္ထုပစ္စည်း တွေဆိုတာ အနှစ်
တန်ဖိုးမဲ့ပြီးမကောင်းမှုတွေစုဝေးနေတဲ့ပင်လယ်ကြီးနဲ့ပင်
တူတယ်လို့မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့်မိမိစိတ်ကို
ပြန်လည်ဆင်ချင်ကြည့် ရှု လေ့လာမှုကို အလေးထားပြု
လုပ်ရန်မြတ်ဗုဒ္ဓကလမ်းညွှန်မှာကြားခဲ့ပါတယ်။
၄။ သင်ခန်းစာ (၄) ကိုယ်တိုင်သိပြီးနားလည်အောင်လုပ်ရန်အရေးကြီးခြင်း
ယုံကြည်မှုဆိုတာ
ကိုယ်တိုင်သိတဲ့အခါ ပိုလေးနက်ပါတယ်။ အသိဥာဏ်ဆိုတာ လုံ လောက်
တဲ့စူးစမ်းလေ့လာခြင်း၊ ထိုးထွင်းသိမြင်အောင်ပြုလုပ်ခြင်း၊
ကိုယ်တိုင်ထိတွေ့မှု မရှိဘူး ဆိုရင် စိတ်ကူးအစိတ်အပိုင်းမျှသာဖြစ်တယ်လို့
မြတ်စွာဘုရားက မိန်မှာခဲ့ပါ တယ်။ တစ်ယောက်ယောက်က
အယူအဆတစ်ခုကိုယုံပါလို့ပြောတဲ့အတွက် မျက်ကမ်း တောတိုးမယုံကြည့်လိုက်ပါနဲ့။
ဘယ်သူပင်ရေးခဲ့အယူအဆဖြစ်ပါစေ မျက်ကမ်းမယုံ သင့်ပါဘူး။
ကိုယ်တိုင်ထိတွေ့သိနားလည်မှုမရှိဘူးဆိုရင် ငါဘုရားဟောကြားတာကိုပင်
ချက်ခြင်းမယုံပါနဲ့လို့မြတ်ဗုဒ္ဓက မိန့်ဆိုခဲ့ပါတယ်။
လက်ဆင့်ကမ်းပေးကမ်းလာတဲ့အသိ အမြင်များမှာမပြည့်စုံတတ်ကြပါဘူး။
ကိုယ်တိုင်တွေ့ထိခံစားသိနားလည်မှုမရှိပါက ဆရာ တွေကသင်ပေးတာပင်ဖြစ်ပါစေ
မူလအရင်းအမြစ်အနှစ်မဲ့နေသလိုဖြစ်တတ် ပါတယ်။ တရားကို
ရှာတဲ့အခါမှာလမ်းညွှန်ဖြစ်တဲ့ကာလမသုတ်အနှစ်ချုပ်ကို အောက် ဘက်မှာ
ဖေါ်ပြထားပါတယ်။
ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်
၁။
အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြား သည်ကို
ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည်
ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
၂။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက် လာသော
မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း
မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
၃။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း
သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူ များ သည် ဟူ၍လည်း
ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်း ကောင်း
မဆုံးဖြတ်သင့်ပေ။
၄။ အယူဝါဒတစ်ခု၏
မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည်
ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံး ဖြတ်သင့်ပေ။
၅။
အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက် ညီသည်
သို့တည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည်
ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
၆။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍
သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း
ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည်
ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
ရ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏
စကားဖြစ်သည်ဟု ပုဂ္ဂိုလ် စွဲအားဖြင့်လည်းစွဲအားဖြင့်လည်း ထိုအယူဝါဒကို
မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
၈။အယူဝါဒတစ်ခု၏
ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအ ယူဝါဒကို
မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ် သင့်ပေ။
၉။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်း မကောင်း၊
အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း
ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်း ကောင်း၊
လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခ ရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင်
နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
၁၀။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့
မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း
ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအား
လည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်
လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။
၅။ သင်ခန်းစာ (၅) ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ဦးတည်ရည်မှန်းချက်မဟုတ် လမ်း ကြောင်းဖြစ်ခြင်း
ကျန်းမာခြင်းမှာ အကြီးဆုံးလာဒ်တစ်ပါးဖြစ်ပါတယ်။ ရောင့်ရဲတင်းတိမ်ခြင်းမှာ
ကြီးမြတ်
တဲ့ ချမ်းသာဖြစ်ပြီး သစ္စာစောင့်သိခြင်းမှာ အကောင်းဆုံးအပြန်အလှန်ဆက်ဆံရေး
အတွက်လိုအပ်ချက်ပင်ဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ
ရှာရမဲ့အရာမဟုတ်၊ လျောက်လမ်းရမဲ့လမ်းကြောင်းဖြစ်ပါတယ်လို့မြတ်ဗုဒ္ဓက
မိန်းမှာခဲ့ပါတယ်။ ဒါပေမဲ့လူ သား
တွေဟာပျော်ရွှင်မှုရအောင်အရာရာစွန့်လွှတ်ရှာနေကြပါတယ်။
အဲဒီလိုပျော်ရွှင်မှု နောက်လိုက်နေကြတဲ့လူတွေကိုမြတ်ဗုဒ္ဓက
ရေအရိပ်မှာထင်နေတဲ့လအရိပ်ကိုရအောင် လိုက် ဖမ်းနေတဲ့မျောက်နဲ့တူတယ်လို့
နှိုင်းယှဥ်မိန့်ကြားခဲ့ပါတယ်။ အဲဒီလိုရေမှာထင်နေ
တဲ့လရိပ်ကိုလိုက်ဖမ်းနေတဲ့မျောက်ဟာ ဘယ်သောအခါမှ လကိုအမိဖမ်းနိုင်မှာမဟုတ်
ပါဘူး။ အမှန်မသိတဲ့စိတ်ရှိသူတွေဟာပျော်ရွှင်မှုကို
အားထုတ်လိုက်ရှာနေတတ်ကြပါ တယ်။ တကယ်တော့ပျော်ရွှင်မှုဆိုတာ
ရောက်အောင်သွားရမဲ့ခရီးဆုံးမဟုတ်ပါဘူး။ ခရီး ပင်ဖြစ်ပါတယ်။
မိတ်ဆွေများမြတ်ဗုဒ္ဓပေးခဲ့တဲ့ဘဝသင်ခန်းစာ (၅) ရပ်ကို ဦးထိပ်မှာထားပြီး ရှင်သန်နေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ပါမောက္ခ(ငြိမ်း)၊ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment