Monday, February 3, 2025

အီကီယာ (IKEA)ပရိဘောဂများ ရောင်းတဲ့ကုန်တိုက် Food for Thought 826 ဒေါက်ာတာသိန်းလွင်

 May be an image of text

ဒီနေ့မှာ စျေးသက်သာပြီးလှပတဲ့ပရိဘောဂတွေထုတ်လုပ်ရောင်းချတဲ့ကုန်တိုင်ကြီးများရဲ့ပိုင်ရှင် Ingvar Kamprad ကပေးနေတဲ့သင်ခန်းစာတွေက လူသားတွေအတွက်အသုံးတည့်လွန်းတဲ့အတွက် အရေးကြီးတဲ့ဘဝသင်ခန်းစာ များ ကို Food for Thought 826 အဖြစ် မျှဝေလိုက်ပါတယ်။

အီကီယာ (IKEA)ပရိဘောဂများ ရောင်းတဲ့ကုန်တိုက်
အီကီယာ ပရိဘောဂများ ရောင်းတဲ့ကုန်တိုက် များပိုင်ရှင် Ingvar Kamprad ကပေးတဲ့သတင်းစကား

၁။ အမှားမလုပ်သူကအိပ်ပျော်နေသူသာဖြစ်တယ်။

၂။ မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုအဘိဓာန်ထဲမှဖယ်ထုတ်ပြစ်လိုက်ပါ။

၃။ ငါလုပ်တာအောင်မြင်နေပြီဆိုပြီး ကျေနပ်ခံစားနေခြင်းဟာ ဘေးအများဆုံးအဆိပ်ပါ။

၄။ ငါလုပ်တာအောင်မြင်နေပြီဆိုပြီးခံစားမနေဘဲ ပိုကောင်းအောင် ဘာများဆက်လုပ်နိုင်မလဲဆိုတာစဥ်းစားပါ။

၅။ သာမညောင်ညအဆင့်သာရှိသူတွေကအပျက်သဘောပြောတတ်ကြပြီး မမှားရဘူးလို့ သူတို့ကပြောတတ် ကြပါတယ်။

၆။ ကပ်စေးနည်းတယ်လို့အပြောခံရတာကို ကျွန်တော်က‌တော့ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ကျွန် တော် က အဖြုန်းသမားတစ်ယောက်မဟုတ်လို့ပါ။

၇။ ပျော်ရွှင်မှုဆိုတာပန်းတိုင်ရောက်တာမဟုတ်ပါ။ ပျော်ရွှင်မှုဆိုတာ လမ်းခရီးမှာရှိနေတာပါ။

၈။ အီကီယာက အကောင်းဆုံးပရိဘောဂကုန်တိုက်ကြီးဖြစ်ပါတယ်လို့ လူတွေကပြောနေတာကိုကျွန်တော်က တော့ ဘဝင်မကျပါဘူး။ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံးအဆင့်ရောက်အောင် ကြိုးစားနေဆဲမို့ပါ။

၉။ (၁၀)မိနစ်ဆိုတာ တစ်နာရီရဲ့ (၆) ပုံ (၁) ပုံသာဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီ (၁၀)မိနစ်ဆိုတဲ့အချိန်ကိုဖြုန်းလိုက် တာကလဲ အချိန်ဖြုန်းလိုက်ခြင်းပင်ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၉) ခုမှာ လူတိုင်း လိုက်နာရန်ကောင်းလှတဲ့ဘဝသင်ခန်းစာများဖြစ်ပါတယ်။ မိတ်ဆွေများလည်း အတတ်နိုင်ဆုံးလိုက်နာပြီး တိုးတက်အောင်မြင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်ာတာသိန်းလွင်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...