ဒီနေ့ “ကြံ့ခိုင်အားကောင်းတဲ့စိတ်”ရှိအောင် လေ့ကျင့်ဖို့ အရေးကြီးကြောင်းကို Food for Thought 658 အဖြစ် မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ကြံ့ခိုင်အားကောင်းတဲ့စိတ်
လူသားတွေဆိုတာ ဘဝမှာ အခြေအနေအမျိုးမျိုးကြုံတွေ့နေကြရပါတယ်။ ကြုံလာတဲ့အခြေအနေကို ရင်ဆိုင် ကြရပါတယ်။
ကောင်းစွာပြင်ဆင်ထားတဲ့စိတ်အားရှိသူတွေက
ကြုံလာတဲ့အခြေအနေကို အခွင့်အလမ်းကောင်းလို့ ယူဆပြီး
သူတို့နှင့်ပတ်ဝန်းကျင်တိုးတက်ရေးအတွက်
ကြုံလာတဲ့အခြေအနေကိုအကောင်းဆုံးသုံးသွားနိုင်ကြပါတယ်။ ကြုံလာတဲ့ အခြေအနေကို
အကောင်းဆုံးဘယ်လိုသုံးရကြောင်း အခြားလူတွေအတွက်နမူနာကောင်းပင် ပြသခဲ့
ကြပါတယ်။
ဟန်ချက်ညီတဲ့စိတ်အားရှိသူတွေကတော့
တွေ့လာတဲ့အခြေအနေတွေကိုစိန်ခေါ်မှုလို့ ရှုမြင်ကြပါတယ်။ ဒါကြောင့်
အဲဒီလူများတွေက ဟန်ချက်ညီညီတွေ့လာတဲ့စိန်ခေါ်မှုကို
ရင်ဆိုင်ရင်းကျော်လွှားနိုင်အောင် အားထုတ်ကြပါတယ်။
အဲဒီလိုကျော်လွှားတဲ့အခါမှာ အောင်မြင်တဲ့အပိုင်းရှိသလို
မအောင်မြင်နိုင်ဘဲရုန်းကန်နေရတဲ့အပိုင်းလည်း ရှိလာ တတ်ပါတယ်။
ဟန်ချက်ညီစိတ်အားရှိသူတွေကတော့ မအောင်မြင်ရင် မိမိမှာ ဘာတွေလိုအပ်နေတယ်
ဆိုတာ ကိုသိပြီး လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ရလာအောင်
ဆက်လက်ကြိုးစားအားထုတ်ကြပါတယ်။ ဒါကြောင့်
ကျွမ်းကျင်မှုများပိုအားကောင်းလာတာနှင့်အမျှ ကြုံတွေ့လာတဲ့အခြေအနေများကို
ပိုကောင်းစွာရင်ဆိုင်ကျော် လွှား နိုင်လာပါတယ်။
စိတ်အားပျော့ညံ့သူတွေကတော့
ကြုံလာတဲ့အခြေအနေတိုင်းကို ပြဿနာလို့သာမြင်နေတတ်ကြပါတယ်။ အား
ပျော့တဲ့စိတ်ဆိုတဲ့မျက်မှန်နဲ့ကြည့်တဲ့အခါ ကြုံရတဲ့အခြေအနေတိုင်းက
ခက်ခဲမှု၊ ကြီးမားနေမှု၊ မိမိက အဆင် သင့်မဖြစ်မှု၊ ဘာကစတင်
လုပ်ကိုင်ရမှန်းမသိအောင် ဖြစ်တတ်ကြပါတယ်။ နဂိုကမှမိမိကိုယ်မိမိ
မစွမ်းနိုင်ဘူးလို့ ထင်မြင်တဲ့အားပျော့တဲ့စိတ်ထားရှိနေပြီး
အနည်းငယ်ခက်ခဲတဲ့အခြေအနေတစ်ခုခုနှင့် ကြုံလိုက်ရတဲ့အခါ အခက် အခဲ
တွေ့ပြန်ပြီဆိုပြီး စိတ်ပူပင်သောကရောက်တတ်ကြပါတယ်။ အခက်အခဲတွေ့လာမှုကြောင့်
စိတ်အား ပို ငယ်သွားပါတယ်။ ပိုညှိုးသွားပါတယ်။
ဒါကြောင့်
စိတ်အားကောင်းဖို့မှာအရေးကြီးပါတယ်။ စိတ်အားကောင်းအောင်
ကိုယ်တိုင်လေ့ကျင့်ယူရန် လိုအပ်ပါတယ်။ အောက်ပါတို့ကိုလေ့ကျင့်
ပေးခြင်းဖြင့် စိတ်အားကောင်းလာမှာဖြစ်ပါတယ်။
၁။
အခြေအနေများကိုရင်ဆိုင်ရတဲ့အခါ
တစ်ယောက်တည်းဖြစ်နေရင်လည်းစိတ်မှာအားငယ်တာကြောက်နေတာ မျိုးမဖြစ်ပါနဲ့။
စိတ်ကို တင်းထားပြီး အကောင်းဆုံးကြိုးစားမယ်ဆိုပြီးကြိုးစားပါ။
၂။
မရှိတော့တဲ့အတိတ်ကိုလည်းပြန်တမ်းတအောက်မေ့နေတာမျိုးမပြုလုပ်ပါနဲ့။
တစ်ချိန်ကရွှေထီးဆောင်းခဲ့ ရတာမျိုးကို ပြန်စဥ်းစားနေလို့ အခြေအနေက
ကောင်းလာမှာမဟုတ်ပါဘူး။ အခုကောင်းအောင် ကြိုးစားမှ သာကောင်းဖို့
အလားအလာရှိလာမှာပါ။
၃။ ကမ္ဘာလောကက
သင့် ကို ပိုင်ဆိုင်တယ်လို့ စိတ်မှာမခံစားပါနဲ့။
မိမိကိုယ်သာိမိပိုင်ပါတယ်။ အကောင်းဆုံး နိုင်တာကစတင်ကြိုးစားရင်
အမြန်ဆုံးကောင်းကျိုးခံစားရမှာဖြစ်ပါတယ်။
၄။
အခုလုပ်အခုချက်ခြင်းအကျိုးရလဒ်ထွက်လာဖို့ မျှော်လင့်မထားပါနှင့်။
ပြည့်ဝတဲ့အကျိုးရလဒ်ကို တော့ ချက်ခြင်းမရနိုင်ပါ။ ဒါပေမဲ့
တစ်စက်ချင်းကျတဲ့မိုးရေဟာ အချိန်တန်တော့ အိုးကြီးပြည့်လာသလို ပြည့်ဝတဲ့
အကျိုးကို အချိန်တန်ရင်ခံစားရမှာဖြစ်ပါတယ်။
ထမင်းတစ်လုပ်ကိုတစ်ကြိမ်တစ်ခါဝါးပြီး တာနဲ့ မိမိကိုယ်
ခန္ဓာအတွက်အသင့်အနေအထားဖြစ်မလာပါ။ ကြိမ်ဖန်များစွာဝါးတော့မှသာ
မိမိအတွက်အဆင်ပြေတဲ့အစား အစာဖြစ်လာတာပါ။
၅။
လူတိုင်းကိုကျေနပ်အောင် မျက်နှာချိုသွေးနေဖို့အတွက် စိတ်ပူပန်မနေပါနဲ့။
လူတိုင်းမှာလည်း သူတို့လုပ်စရာတွေရျိကြပါတယ်။မိမိမှာလည်း
လုပ်စရာရှိတဲ့အတွက် မိမိလုပ်စရာကိုအကောင်းဆုံးလုပ်ခြင်းဖြင့်
မိမိသူတစ်ပါးနှစ်ဦးသားအကျိုးရှိအောင် ဆောင်ရွက်ပါ။
၆။
မိမိလုပ်ဆောင်ချက်မှားသွားခဲ့တာနဲ့ပတ်သက်ပြီး
ဝမ်းနည်းနေပြီးအချိန်တွေအကုန်မခံပါနဲ့။ အမှားဆိုတာ
သင်ယူစရာအခွင့်အလမ်းဖြစ်ပါတယ်။ လောကမှာမမှားဘူးတဲ့လူဆိုတာမရှိပါဘူး။
မွေးကတည်းကအသေကောင် လေးမွေးလာတယ်ဆိုရင်တော့ အဲဒီလူကမမှားဘူးတဲ့သူဖြစ်ပါတယ်။
သေနေတော့ ဘာမှမလုပ်နိုင်လို့ အမှား မရှိတာပါ။
၇။
မိမိမထိန်းချုပ်နိုင်တာတွေအတွက် မိမိအင်အားတွေ၊အချိန်တွေအကုန်မခံပါနဲ့။
နေကအရမ်းပူနေတဲ့အတွက် အခုအချိန်မှာ မိုးရွာလိုက်ရင်ကောင်းမှာလို့ဆိုပြီး
တမ်းတနေလို့ မိုးကရွာလာမှာမဟုတ်ပါဘူး။ ယပ် တောင် တစ်ချောင်းယူပြီး
ခပ်လိုက်ရင် အပူသက်သာမှုကို ခံစားလာရမှာဖြစ်ပါတယ်။
၈။
အခြားလူတွေကမိမိရဲ့စိတ်လှုပ်ရှားခံစားမှုကိုအလွှမ်းမိုးမခံပါနဲ့။
သူများတွေလုပ်တိုင်းမိမိကတန်ဆာခံ ဖြစ်နေရရင် ကိုယ်ပိုင်
အသိစိတ်ဖြင့်ရပ်တည်တဲ့အနေအထားဆိုတာ ဘယ်တော့ရှိနိုင်တော့မှာလဲ။ လူတစ်
ယောက်ကမိမိကိုကဲ့ရဲ့စကားပြောတယ်ဆိုပါစို့၊ မပြောပါနဲ့ လို့ သူ့ကို ကိုယ်က
လိုက်တားနေလို့မရနိုင်ပါ။ သူပြော နေ တာကိုဂရုမစိုက်ပါနဲ့။ သို့မဟုတ်
သူပြောနေတာ မှန်နေရင်တော့ မိမိကိုယ်မိမိ ပြုပြင်နိုင်တာ ပြုပြင်လိုက်ပါ။
၉။
အခြားလူတွေအောင်မြင်မှုများအတွက်မနာလိုဝန်တိုမှုမဖြစ်ပါနဲ့။သူများအောင်မြင်နေတာကို
မနာလိုဝန်တို ခြင်းမှာ
မိမိကိုယ်မိမိစိတ်ပင်ပန်းဆင်းရဲအောင်တမင်ပြုလုပ်နေခြင်းသာဖြစ်ပါတယ်။
သူများအောင်မြင်တာကိုဝမ်း သာ ပြီး အသိအမှတ်ပြုနိုင်ရင်တော့
ချက်ခြင်းစိတ်မှာ ကောင်းတဲ့ခံစားမှုကိုဖြစ်စေမှာ ဖြစ်ပါတယ်။
၁၀။
ထိုက်သင့်တဲ့တာဝန်ကိုယူရမှာ ရှက်လို့၊ ကြောက်လို့
ထွက်ပြေးတာမျိုးမလုပ်ပါနဲ့။လူတွေဆိုတာ တာဝန်ရှိမှု၊
တာဝ်သိမှုနဲ့တာဝန်ယူမှုရှိရန် လိုအပ်ပါတယ်။
တာဝန်တွေအမျိုးမျိုးခွဲယူထားမှသာ အခြားလူတွေယူထားတဲ့ တာဝန်ယူမှုမှ
အခွင့်များကိုလည်းမိမိကခံစားနိုင်မှာဖြစ်ပါတယ်။
၁၁။
ပထမအကြိမ်ကြိုးစားလို့ မအောင်မြင်တဲ့အခါ
အလျော့ပေးလက်မြှောက်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့။ သောမတ်စ်အက်ဒီဆင်ဟာ
လျှပ်စစ်မီးသီးကို လုပ်တဲ့အခါ အကြိမ်ပေါင်း ထောင်ဂဏန်းချီအောင်လုပ်မှ အောင်
မြင် ခဲ့တာပါ။ တကယ်လို့သာ အက်ဒီဆင်က တစ်ခါမှားသွားတာကို အလျော့ပေးလက်
မြှောက်လိုက်မယ်ဆိုရင် အခုအချိန် အထိ လူသားတွေအမှောင်ထဲမှာနေနေရနိုင်ပါတယ်။
၁၂။
ချင့်ချိန်တွက်ဆနိုင်တဲ့စိန်ခေါ်မှာ ဘေးအန္တရာယ်ကိုရင်ဆိုင်ဖို့
မကြောက်လန့်ပါနဲ့။ ဥပမာ ခရီးသွားဖို့အ တွက်လေယာဥ်ခရီးကို ကြောက်နေတဲ့အတွက်
မရွေးဘဲခြေလျင်လျောက်နေမယ်ဆိုရင် ရေခြားမြေခြားဒေသကို
ဘယ်တော့ရောက်တော့မှာလဲ။
မိတ်ဆွေများကြံ့ခိုင်အားကောင်းတဲ့စိတ်ရှိသူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
ကြံ့ခိုင်အားကောင်းတဲ့စိတ် Food for Thought 658
ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင် ဖန်တီးပေးနိုင်တဲ့နည်းလမ်းများ Food for Thought 659

ဒီနေ့“ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင် ဖန်တီးပေးနိုင်တဲ့နည်းလမ်းများ” အကြောင်းကို Food for Thought 659 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင် ဖန်တီးပေးနိုင်တဲ့နည်းလမ်းများ
ကလေးတွေနှင့် ငယ်ရွယ်သူများမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင်လေ့ကျင့်ပေးရင် ရေရှည်မှာအရေးပါတဲ့ ကောင်းကျိုးများကိုဖြစ်စေပါတယ်။ မိမိကိုယ်မိမိယုံကြည်တဲ့ကလေးတွေဟာ ဖိစီးမှုများကို ရင်ဆိုင်ကျော် လွှား ရာမှာ ပိုစွမ်းဆောင်နိုင်ကြပါတယ်။ မှန်းဆနိုင်တဲ့ဘေးရှိတာတွေကို သတိဖြင့် ပိုလုပ်ဆောင်ရဲကြပါတယ်။ သူ တို့ စွမ်းဆောင်နိုင်မှုများအတွက် ပိုဂုဏ်ယူတတ်ကြပါတယ်။ မိမိချမှတ်ထားတဲ့ရည်မှန်းချက် ပန်းတိုင်ကို ရောက် အောင် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားအားထုတ်တတ် ကြပါတယ်။ ကလေးတွေမှာမိမိကိုယ်မိမိ ယုံ ကြည်လေးစားတန်ဖိုးထားမှုကောင်းလာအောင် လေ့ကျင့်ပေးရင် သူတို့အစွမ်းအစတွေပေါ်ထွက်လာစေနိုင်ရန် လို အပ်တဲ့ကျွမ်းကျင်မှုများကိုလေ့ကျင့်ပေးထား ရာရောက်ပါတယ်။
ကလေးတွေ မိမိကိုယ်မိမိယုံကြည်မှုအားကောင်းလာအောင်အောက်ပါနည်းလမ်းများကိုသုံးပြီးကူညီနိုင်ပါတယ်။
၁။ ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုတဲ့စိတ်နေစိတ်ထားရှိလာအောင်အားပေးပါ။
ကလေးတွေနှင့် လူငယ်တွေဆိုတာ ကြုံလာတဲ့အခက်အခဲများကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားရင် ကျော်လွန်နိုင်တဲ့စိန်ခေါ်မှုများလို့မြင်ရန် လိုအပ်ပါတယ်။ ကြိုးစားအားထုတ်ရင် ကျရှုံးမှုများကိုလည်း မိမိတို့ ပိုအဆင့်မြင့်လာစေဖို့အတွက် သင်ခန်းစာများအဖြစ်မြင်ရန် လိုအပ်ပါတယ်။ ကလေးတွေ အနေဖြင့်အချိန်ရ လာတာနဲ့အမျှ ဆက်လက်ကြိုးစားရင် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းယုံကြည်ရန် လိုအပ်ပါတယ်။ အဲဒီလို ယုံကြည်တာကို ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုတဲ့စိတ်နေစိတ်ထားရှိခြင်းလို့ သတ်မှတ်ပါတယ်။ ကလေးတွေအနေ ဖြင့် သူတို့ဖြစ်ချင်တဲ့စိတ်အမှန်တကယ်ရှိတယ်ဆိုရင် ရအောင်လုပ်ဆောင်နိုင်တယ်လို့ယုံကြည်ရန် လိုအပ်ပါ တယ်။ အဲဒီခိုင်မာတဲ့ယုံကြည်မှုဟာ အောင်မြင်ဖို့အခြေခံဖြစ်ပါတယ်။ ဒီစိတ်မျိုးဖြစ်လာဖို့အတွက် ရုပ်ရှင်၊ သို့မဟုတ် စာအုပ်ထဲမှာ ပါတဲ့ဇာတ်ဆောင်က ကြုံ တွေ့လာတဲ့အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့ကြောင်း ကလေးနှင့်အတူ ကြည့်ခြင်း၊ ဖတ်ရင်း ပြောပြပေးနိုင်ပါတယ်။
၂။ ကိုယ်တိုင်လုပ်ဆောင်နိုင်မှုရှိဖို့နှင့်ခန့်မှန်းနိုင်တဲ့ဘေးရှိတာကိုလုပ်ကိုင်ရဲအောင်လေ့ကျင့်အားပေးပါ။
စာသင်ခန်းတွေဆိုတာ သင်ယူသူအားလုံးအတွက်ဘေးကင်းတဲ့နေရာတွေဖြစ်ရန် လိုအပ်ပါတယ်။ သင်ယူသူများ အနေဖြင့် သက်သောင့် သက်သာနေတဲ့နယ်ကိုကျော်ပြီး လုပ်ဆောင်နိုင်ရန် အားပေးတဲ့ အနေအထားမျိုးရှိရန် လို အပ်ပါတယ်။ ကလေးတွေကို လုပ်စရာတွေကို သူတို့စွမ်းအားဖြင့် ပြီးအောင် လုပ်ဆောင်ပါစေ။ သူတို့ဘာသာ လုပ်ဆောင်တဲ့အခါ မျှော်မှန်းထားသလိုသေသေသပ်သပ်မဖြစ်ရင်တောင် သူတို့ကိုယ်တိုင် လုပ်ဆောင်မှုကို အား ပေးပါ။ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အခါ ကလေးတို့ စိတ်မှာ တို့လုပ်ဆောင်နိုင်တယ်ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည့် တဲ့စိတ်ဖြစ်လာစေပါတယ်။ ဥပမာ ကစားကွင်းမှာတပ်ဆင်ထားတဲ့လျောကို အထက်ထိရောက်အောင် ကိုယ်တိုင် တက်ပြီး ပြန်လျောချ တာမျိုး၊ တွယ်တက်တာတွေကိုသူတို့ကိုယ်တိုင်အားကိုးတွယ်တက်ပြီး အထက် ဘက်သို့ ရောက်စေတာမျိုးတွေကို လုပ်ဆောင်ခွင့်ပေးပါ။
၃။ ကလေးတွေအနေဖြင့် သူတို့မှာရှိတဲ့အားကောင်းချက်များကိုသိလာအောင်ကူညီဖော်ထုတ်ပေးပါ။
ကလေးများအနေဖြင့် သူတို့မှာရှိတဲ့အားကောင်းတဲ့အချက်တွေကို ဖော်ထုတ်ပေးရန်အချိန်ပေးပြီး ဖော်ထုတ်ခိုင်း ပါ။ ဒီလုပ်ငန်းကို လုပ်ဆောင်တဲ့အခါ တစ်ချို့ ကလေးများအတွက်ခက်ခဲနေတတ်ကြပါတယ်။ အဲဒီလိုဖြစ်နေရင် သူတိုသူငယ်ချင်းကောင်းက သူတို့အကြောင်း ဘာပြောသလဲဆိုတာ စဥ်းစားခိုင်းနိုင် ပါတယ်။ ကလေးတိုင်း သူတို့မှာရှိတဲ့အားကောင်းတဲ့အချက်များကိုစုစည်းစာရင်းလုပ်စေပြီး မြင်သာတဲ့နေရာမှာကပ်ထားပေးရင် ကလေး တွေအနေဖြင့် အဲဒီအားကောင်းတာတွေကို နေ့တိုင်းမြင်ပြီး မိမိကိုယ် မိမိယုံကြည့်မှုများတိုးပွားလာကြမှာ ဖြစ် ပါတယ်။
၄။ ကလေးတိုင်း စွမ်းဆောင်အောင်မြင်နိုင်တဲ့အခွင့်အလမ်းဖန်တီးပေးပါ။
ကလေးတိုင်းရဲ့အားသာချက်များကိုသိအောင်အချိန်ယူလေ့လာပြီးအဲဒီအားသာချက်ကိုအကောင်းဆုံးအသုံးချခွင့်ရအောင်ဖန်တီးပေးပါ။ နည်းပညာပိုင်းတွင်အားကောင်းတဲ့ကလေးရှိရင် ထိုကလေးကို ဗီဒီယို၊ ကွန်ပျူတာများ တပ်ဆင်တဲ့နေရာမှာအကူအညီတောင်းပါ။ အနုပညာမှာအားကောင်းတဲ့ကလေးကို အများမြင်သာအောင် ဘုတ် ပြားပေါ်မှာကပ်စရာအတွက် ပုံများရေးဆွဲခိုင်းပါ။ စာဖတ်တာကိုသဘောကျတဲ့ ကျောင်းသားဆိုပါက အတန်း စာကြည့်တိုက်မှာစာကြည့်တိုက်မှုးတာဝန်ပေးပြီး အတန်းအတွက် လိုအပ်တဲ့စာအုပ်များစုဆောင်းခိုင်းပါ။ ကလေး တို့ရဲ့အားသာချက်အလိုက် အခွင့်အလမ်းတွေအမျိုးမျိုး ဖန်တီးပေးနိုင်ပါတယ်။ အဲဒီလိုဖန်တီးပေးရင် ကလေး တိုင်းသူတို့အားသာတဲ့နေရာမှာ စွမ်းဆောင်လုပ် ကိုင်နိုင်စေပြီးစိတ်ထဲမှာမိမိကိုယ်မိမိကျေနပ်အားရမှုခံစားလာရ မှာ ဖြစ်ပါတယ်။
၅။ အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်များပေးပါ။
ကလေးတစ်ယောက်ကောင်းတာတစ်ခုခု လုပ်ဆောင်ထားတဲ့အခါ သူလုပ်ဆောင်ထားတာက ဘယ်လို ကောင်း ကြောင်း တိတိကျကျ ဖော်ပြတဲ့သဘောထားမှတ်ချက်ပေးပါ။ ကောင်းလိုက်တာ။ သိပ်တော် တာပဲ လို့ပြော တာမျိုး ထက်တိကျတဲ့အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်မျိုးပေးပါက ဘာက ကောင်းမှန်းကလေးက သိပြီးနောက်မှာ အလားတူအောင်မြင်အောင် လုပ်လာစေရန် လှု့ဆော်ပေးပါတယ်။ ဥပမာ “သမီးက အိမ်စာ တွေပြီးအောင် အချိန်ကို ကောင်းစွာသုံးတာကိုမေမေတွေ့ရပါတယ်။ အလုပ်လုပ် ချိန်မှာတိတိကျကျ စတင်လုပ် ဆောင်ပြီးကိုယ့်အားကိုယ်ကိုးလုပ်ဆောင်တာမေမေတွေ့တယ်။ အိမ်စာတွေ ကိုသတ်မှတ်ထားတဲ့အချိန်မှာ ကိုယ် တိုင် အကောင်းဆုံးပြီးအောင်လုပ်နိုင်တဲ့အတွက် သမီးစိတ် ထဲမှာ ခံစားရတာမကောင်းဘူးလား” လို့ သဘောထား မှတ်ချက်ပေးရင်းကလေး ခံစားချက် ကိုပါ မေး ကြည့်နိုင်ပါတယ်။အဲဒီလိုသဘောထားမှတ်ချက်ကိုအပြုသဘော ဆောင်စွာ တိတိကျကျပေးနိုင်ဖို့အတွက် မိဘတွေက ကလေးလုပ်ဆောင်တာကို အချိန်ပေး သတိထားကြည့်ရန် လိုအပ်ပါတယ်။ ဒါမှ ကောင်းတာကို တိတိကျကျဖော်ထုတ်ပြီးအသိအမှတ်ပြုတဲ့သဘော ထားမှတ်ချက် ပေး နိုင်မှာဖြစ်ပါတယ်။
၆။ မိမိကိုယ်မိမိ အပြုသဘောဆောင်တဲ့ပြောနည်းကိုသင်ပေးပါ။
မိမိအကြောင်းမိမိပြန်လည်စဥ်းစားတဲ့အခါ မိမိကိုယ်တိုင်မိမိအကြောင်းပြောဆိုနေတဲ့အတွင်းဘက်က အသံက သိပ်အရေးကြီးပါတယ်။ စဥ်းစားတွေးတောမှုမှာ အပြုသဘောဆောင်တဲ့အတိုင်း လူတွေက ဖြစ်လာတတ် ကြပါတယ်။ မျက်မှောက်ကာလ အများအားဖြင့် အပျက်သဘောဆောင်တဲ့ဒစ်ဂျစ်တယ် လောကမှာ အပြု သဘော ဆောင်တဲ့မိမိကိုယ်မိမိပြောဆိုမှုက ပိုအရေးကြီးလာပါတယ်။ ဥပမာအားဖြင့် “ငါကသူငယ်ချင်းကို ကူညီတတ်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ ငါက စကားပြောတဲ့အခါ ကောင်းကောင်းအလေးထား နားထောင်တတ်တယ်။ ငါကအသစ်အဆန်းတွေကို လေ့လာသင်ယူတတ်တယ်။ ငါက ကိုယ်တိုင် လေ့လာ သင်ယူတယ်” စသဖြင့် မိမိကိုယ်မိမိ အပြုသဘောဆောင်တဲ့ ပြောဆို မှုများကို ပြောတတ်အောင်လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။
၇။ ကြံ့ခိုင်မှုရှိအောင်လေ့ကျင့်ပေးပါ။
လူတိုင်းဘဝမှာဖိစီးမှုအတွေ့အကြုံများရှိကြပါတယ်။ ဘဝအတွေ့အကြုံများအကြောင်းဆွေးနွေးရင်းကိုယ်စိတ် ကြံ့ခိုင်မှုအကြောင်းကိုလည်းကလေးများအားပြောပြပါ။ မိမိတို့ဘဝမှာရည်မှန်းချက်များပေါက်မြောက်အောင် ဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားရန်ရုန်းကန်ရ ကြောင်းကလေးများ ကိုပြောပြပါ။ စာပေမှာ တွေ့ရတဲ့ ကြံ့ခိုင်မှုအားကောင်းသူတွေ အကြောင်း ပြောပြပါ။ တစ်ခုခုကိုအမှန်တကယ်ရချင်တယ်ဆိုရင် မလျော့တဲ့ဇွဲလုံ့လ ဖြင့် ကြိုးစားရန် လိုအပ်ကြောင်း ကလေးများအနေဖြင့် ကြိမ်ဖန်များစွာကြားနေရန် လိုအပ်ပါတယ်။
၈။ ရည်မှန်းချက်များ ပြည့်ဝအောင် ဦးတည်လုပ်ဆောင်တတ်အောင်သင်ပေးပါ။
စမတ်ကျတဲ့ဦးတည်ရည်မှန်းချက်များ (SMART GOALS) ချတတ်အောင်သင်ပေးပါ။ စမတ်ကျတဲ့ဦးတည်ရည်မှန်း ချက်များဆိုတာ အောက်ပါလက္ခဏာများနှင့် ညီရန်လိုအပ်ပါတယ်။
S - specific (တိတိကျကျဖော်ပြမှု)
M -measurable (တိုင်းတာနိုင်မှုရှိခြင်း)
A -attainable (ကြိုးစားရင်ရရှိနိုင်မှုရှိခြင်း)
R -realistic (သဘာဝကျခြင်း)
T -timebound (သတ်မှတ်ထားတဲ့အချိန်မှာ ရရှိခြင်း)
အောင်မြင်လိုတဲ့နယ်ပယ်မှာ စမတ်ကျတဲ့ဦးတည်ရည်မှန်းချက်များချမှတ်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ တစ်ချို့ ကျောင်းသားများက စာမေးပွဲရမှတ်အဆင့်မြင့်လိုပါတယ်။ တစ်ချို့က မိတ်ဆွေသူငယ်ချင်းသစ်တွေရချင်တဲ့ အ တွက် စာသင်ချိန်အပြီးညနေဘက် သင်တန်းတွေဆက်ချင်ပါတယ်။ ဘယ်လိုရည်မှန်းချက်ပင်ဖြစ်ပါစေ တိကျတဲ့ ဦးတည်ရည်မှန်းချက်ချထားပြီးထိုရည်မှန်းချက်ပေါက်မြောက်အောင်အားထုတ်မယ်ဆိုရင်ရရှိလာမှာဖြစ်ကြောင်း ကလေးများသိနားလည်ပြီးလက်တွေ့ကျင့် သုံးလာအောင်အားပေးတိုက်တွန်းသင့်ပါတယ်။
၉။ ကလေးများအားမိမိဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ထင်ဟပ်စဥ်းစားတတ်အောင်လေ့ကျင့်သင်ပေးပါ။
ကလေးတွေဆိုတာ သူတို့စွမ်းဆောင်အောင်မြင်မှုများကို ပြန်လည်သုံးသပ်နိုင်အောင်သင်ပေးပါ။ သူတို့ရတဲ့ ရ မှတ်အဆင့်တွေကို စုစည်းသိမ်းထားပြီးအခြေအနေကိုသုံးသပ်ခြင်း၊ ရေးထားတဲ့အရေးအသားတွေကို အချိန် ကြာလာတဲ့အခါ ပြန်လည်သုံးသပ်ကြည့်စေခြင်း၊ အပြုအမူပိုင်းတိုးတက်လာမှုကို ပြန်လည်ထင်ဟပ် သုံးသပ် ခြင်းများပြုလုပ်တတ်အောင်လေ့ကျင့်သင်ပေးရန် လိုပါတယ်။အချိန်ကြာလာတဲ့အခါ လုပ်ဆောင်ထားမှုများ တိုးတက်လာမှုကိုပြန်ထင်ဟပ်သုံးသပ်ရာမှာ ဘာကြောင့် တိုးတက်လာတာလဲ ဆိုတာကိုအရင်ဆုံးသုံးသပ် ကြည့်ခြင်းဖြင့် မိမိတိုးတက်အောင်မြင်မှုကိုမိမိကထိန်းချုပ်နိုင်ကြောင်းသိလာစေပါတယ်။အချိန်တစ်ခုကြာ လာ တဲ့အခါ တိုးတက်မှုအနေအထားကို ပြန်လည်သုံးသပ်နိုင်ပါတယ်။ သင်ယူးသူများအချင်းချင်းလည်းပူးပေါင်း သုံးသပ် နိုင်ပါတယ်။ ပြန်လည်သုံးသပ်ချင်တဲ့နယ်ပယ်ကိုပြန်လည်သုံးသပ်နိုင်ပါတယ်။
၁၀။ မတူကွဲပြားခြားနားမှုများနှင့် သီးသန့်လက္ခဏာဆောင်မှုတို့ကို အသိအမှတ်ပြုပေးပါ။
ကလေးတိုင်း ကိုယ်ပိုင်ဟန်လက္ခဏာရှိစေသင့်ပါတယ်။ ဒါကြောင့် လူတိုင်းကို သူ့ပင်ကိုယ်လက္ခဏာအတိုင်း လက်ခံပေးရန် လိုအပ်ပါတယ်။ မိမိနှင့်မတူကွဲပြားခြားနားသူများအကြေင်းကို ဆွေးနွေးပြီး မတူသူများမှာရှိ တာတွေကို နားလည်ပြီးအသိအမှတ်ပြုလက်ခံရန် လိုအပ်ပါတယ်။
၁၁။ ကလေးတိုင်းမိမိနှစ်သက်ဝါသနာပါတာကို အလေးထာလေ့လာသင်ယူနိုင်အောင်စီစဥ်ပေးပါ။
ကလေးတွေကိုအချိန်ယူပြီးလေ့လာပါ။ သူတို့အမှန်တကယ်စိတ်ဝင်စားတာကို လေ့လာသင်ယူနိုင်အောင် အား ပေး တိုက်တွန်းဖန်တီးပေးပါ။ တစ်ချို့ကပန်းချီရေးတာစိတ်ဝင်စားပါတယ်။ တစ်ချို့ကတေးဂီတကိုဝါသနာ ပါ ပါတယ်။ တစ်ချို့ကတော့ အကောင်လေးတွေအကြောင်းလေ့လာတာကိုဝါသနာပါပါတယ်။ တစ်ချို့ကစာရေးရ တာ ဝါသ နာ ပါပါတယ်။ ကလေးတို့စိတ်ဝင်စားတဲ့ခေါင်းစဥ်ကို သင်ကြားတဲ့လုပ်ငန်းမှာထည့်ထားပါ။ ထိုခေါင်း စဥ်အကြောင်းဆွေးနွေးပါ။ ထိုအကြောင်း စိတ်ဝင်စားတဲ့ကလေး လေ့လာသိထားသလောက် တင်ပြနိုင်အောင် ပရောဂျက်လုပ်ငန်းတစ်ခုအဖြစ်ပေးပြီး လုပ်ဆောင်တင်ပြခိုင်းပါ။
မိတ်ဆွေများ ကလေးများတွင်မိမိကိုယ်မိမိယုံကြည်မှု ရှိလာအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်း Food for Thought 660
မူလတန်း
P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ
အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁)
လေ့လာသင်ယူခြင်း၊ (၂) စဥ်းစားခြင်း၊ (၃) တွက် ချက်လုပ်ဆောင်ခြင်းနှင့် (၄)
လေးလေးနက်နက်ပြန်လည်စဥ်းစားခြင်း ဆိုတာကိုလုပ်ဆောင်ရမဲ့ လုပ် ငန်းအဖြစ်
သတ်မှတ်ပေးတာကိုတွေ့လိုက်ရတော့ မိမိလေ့လာထားတဲ့လေးလေး နက်နက်စဥ်းစားသင် ယူ
ခြင်း အကြောင်း မိတ်ဆွေများအတွက်မျှဝေရရင်ကောင်းမှာ
လို့စိတ်မှာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းအကြောင်းကို Food for Thought
660 အဖြစ်မျှဝေလိုက်ပါ တယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်း
ပညာသင်ယူရေးနှင့်မိမိကိုယ်တိုင်တိုးတက်ရေးအတွက်
လေ့ကျင့်နိုင်တဲ့နည်းပေါင်းများစွာရှိတဲ့အနက်
လေးလေးနက်နက်စဥ်းစားသင်ယူတဲ့နည်းလမ်းမှာ
ထိရောက်တဲ့နည်းလမ်းတစ်ခုအဖြစ်အသိအမှတ် ပြု ခံရပါတယ်။ ဒီနည်းလမ်းက
အတွေ့အကြုံမှသင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားစဥ်းစားနည်းများကို အ
ခြေခံထားပါတယ်။ လေးလေးနက်နက် စဥ်းစားသင်ယူနည်းက
မှတ်မိအောင်အလွတ်ကျက်မှတ်ခြင်း ထက်ကျော်လွန်ပြီး လေ့လာနေတဲ့အကြောင်းအရာကို
နက်ရှိုင်းစွာနားလည်စေရန်အားပေးပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းဆိုတာ ဘယ်လိုသင်ယူခြင်းလဲ။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းအကြောင်းကိုပညာရှင်ဂျွန်ဂျူဝီအပါအဝင်သုတေသီများစွာ
စူး စမ်း လေ့လာခဲ့ကြပါတယ်။ ဂျူဝီလေ့လာချက်အရ
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းဆိုတာ လေ့လာ နေတဲ့အကြောင်း အရာကို
ပြန်လည်စမ်းစစ်သုံးသပ်ခြင်းထက်ပိုပါတယ်။ အဲဒီလုပ်ငန်းက ကျောင်း သား
များအားသူတို့အတွေ့အကြုံများ၊ စဥ်းစားတွေးတောမှုများနှင့် လုပ်ဆောင်ထားချက်
များကို ပြန်လည်သုံး သပ်စေရန်ရည်ရည်ချက်ရှိရှိ
အားပေးတဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်က လေ့လာနေတာကို
ပိုနားလည်မှုရှိလာစေရန် ထိုးထွင်းသိမြင်စေမှုနှင့်
လေ့လာထားချက်များတစ်ခုနှင့် တစ်ခု ဆက်စပ်နေမှုတို့ကို
ဖော်ထုတ်လာနိုင်စေရန်ရည်ရွယ်ပါတယ်။ လေးလေးနက်နက်စဥ်းစား သင်ယူခြင်းရဲ့
အနှစ်သာရမှာ အချက်အလက်များကို စုတ်ယူတဲ့အနေအထားမှ တက်ကြွစွာ သိနား လည်
လာအောင် လုပ်ဆောင်တဲ့ လုပ်ငန်းဖြစ်ပြီး သင်ယူလေ့လာတဲ့သတင်းအချက်အလက်များကို
ပိုနား လည်မှတ်မိစေပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူးခြင်း မှာ အောက်ပါအဆင့် များပါဝင်ပါတယ်။
•
တက်ကြွစွာထိတွေ့သင်ယူမှုအတွေ့အကြုံရှိခြင်း - လေးလေးနက်နက်
စဥ်းစားသင်ယူမှု လုပ်ငန်း အတွက်ပထမအဆင့်မှာ သင်ယူ လေ့လာနေတဲ့အကြောင်းအရာကို
တက်ကြွစွာထိတွေ့လေ့ လာသင်ယူခြင်းရှိရန်လိုပါတယ်။ ဥပမာ
ဟောပြောပို့ချမှုတစ်ခု၊ ဖတ်နေတဲ့အကြောင်းအရာ၊ ဆွေး နွေးနေတဲ့အကြောင်းအရာ၊
သို့မဟုတ် အခြားသောသင်ယူမှုအတွေ့အကြုံကို တက်ကြွစွာ ထိ
တွေ့လေ့လာသင်ယူခြင်းဖြစ် ပါတယ်။
•
လေးလေးနက်နက် စဥ်းစားသုံးသပ်ခြင်း- သင်ယူစရာကို တက်ကြွစွာထိတွေ့လေ့လာသင်ယူ
ခြင်းလုပ်ပြီးနောက် ထိုသင်ယူမှုအတွေ့အကြုံကို ပြန်လည်စဥ်းစားပြီး
အကဲဖြတ်သုံးသပ်ရန် လိုအပ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ
လေ့လာသင်ယူထားတာကိုမေးခွန်းထုတ်ကြည့်ခြင်း၊ ဘာကြောင့်
အဲဒီအကြောင်းအရာကိုသင်ယူရကြောင်းမေးခွန်းထုတ်ကြည့်ခြင်းနှင့် အဲဒီသင်ယူမှု
အတွေ့အကြုံက လေ့လာနေတဲ့ဘာသာရပ်မှာ ဘယ်လို ပါဝင်ဆက်စပ်နေကြောင်းမေးခွန်း
ထုတ် ကြည့်ရန် လိုအပ်ပါတယ်။
•
ပိုင်းခြားစိတ်ဖြာလေ့လာခြင်း- ရလာတဲ့သတင်းအချက်အလက်များနှင့်
ပတ်သက်ပြီးမေးမြန်းမှု များ ပြုလုပ်ပြီးတဲ့အခါ ထိုသင်ယူရတဲ့အတွေ့အကြုံကို
ပိုင်းခြားစိတ်ဖြာလေ့လာကြည့်ရန် လို အပ်ပါတယ်။
သင်ယူမှုအတွေ့အကြုံမှာပါဝင်တဲ့အစိတ်အပိုင်းများ၊ အယူအဆများ၊ တစ်ခုနှင့်
တစ်ခု ဆက်စပ်နေမှုများကို ပိုင်းခြားစိတ်ဖြာလေ့လာရန် လိုအပ်ပါတယ်။
သင်လိုက်တဲ့ သတင်း အချက်
အလက်အသစ်ကမိမိသိထားပြီးသတင်းအချက်အလက်များနှင့်ဘယ်လိုဆက်စပ်မှုရှိ
နေကြောင်း စူးစမ်းလေ့လာရန် လိုအပ်ပါတယ်။
•
ပေါင်းစပ်ကြည့်ခြင်း- အသစ်သင်ယူလိုက်တာကို
မိမိတို့အရင်ကသိနားလည်ထားမှုများနှင့် ပေါင်းစပ်ကြည့်ခြင်းပြုလုပ်ရန်
လိုအပ်ပါတယ်။ အဲဒီလို ပေါင်းစပ်ကြည့်လိုက်ခြင်းဖြင့် အခု
သင်ယူလိုက်တဲ့သဘောတရားနှင့် အရင်သိထားတဲ့သဘောတရားများကို တံတားခင်းသလို
ဆက်သွယ်ပေးတဲ့ ဆက်စပလွှမ်းခြုံနားလည်တဲ့စိတ်ကိုဖန်တီးယူရန်ဖြစ်ပါတယ်။
•
အသုံးချခြင်း- အသစ်သင်ယူလိုက်တာကို လက်တွေ့ဘဝမှာ ဘယ်လိုပြန်လည်အသုံးချမလဲ
ဆိုတာကို စဥ်းစားရန် လိုပါတယ်။ ကြုံလာတဲ့အခက်အခဲပြဿနာများဖြေရှင်းမှုတွင်
ဘယ်လို အသုံးပြုနိုင်မလဲဆိုတာ စဥ်းစားရန် လိုအပ်ပါတယ်။ သင်ယူလိုက်တာက
လက်တွေ့ဘဝမှာ ဘယ်လို ဆီလျော်အသုံးဝင်တယ်ဆိုတာကို ပိုသိလာရန်ဖြစ်ပါတယ်။
•
သဘောထားမှတ်ချက်ရယူခြင်းနှင့် လိုအပ်သလို ပြုပြင်ညှိနှိုင်းယူခြင်း-
နောက်ဆုံးပိတ်အဆင့် မှာ အသစ်သင်ယူလိုက်တာက ဘယ်လောက်
ထိရောက်အသုံးဝင်မှုရှိကြောင်း လေးလေးနက် နက် စဥ်းစားရန်ဖြစ်ပါတယ်။ ဘာတွေက
ကောင်းစွာအလုပ်ဖြစ်နေသလဲ။ ဘာတွေကိုတော့ ပို တိုးတက်အသုံးတည့်အောင်လုပ်ဖို့
လိုသလဲ။ လေးလေးနက်နက်စဥ်းစားသင်ယူခြင်းရဲ့နောက်
ဆုံးအဆင့်ကတော့မိမိရဲ့လေ့လာသင်ယူမှုနည်းနာများကို စဥ်ဆက်မပြတ်
ပိုကောင်းမွန်ထိ ရောက်အောင် ပြုပြင်လုပ်ဆောင်နေရတဲ့အပိုင်းဖြစ်ပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းရဲ့အကျိုးကျေးဇူးများ
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းက
သင်ယူသူများအတွက်ကောင်းကျိုးများစွာဖြစ်စေပါတယ်။ သင်ယူသူများအနေဖြင့်
အသစ်သင်ယူလိုက်တဲ့သတင်းအချက်အလက်များကို ပိုလေးနက်စွာနားလည် စေပါတယ်။
ပိုထိရောက်တဲ့စဥ်းစားသင်ယူနည်းကို ရစေပါတယ်။ လေးလေးနက်နက်စဥ်းစားသင်ယူ
ခြင်းက အောက်ပါအကျိုးကျေးဇူးများဖြစ်ထွန်းစေပါတယ်။
၁။ နက်နက်ရှိုင်းရှိုင်းနားလည်စေခြင်း
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းကသင်ယူသူများအား
လေ့လာနေတဲ့အကြောင်းအရာကိုအပေါ် ယံ သဘောနားလည်တာထက်သာလွန်နားလည်စေပါတယ်။
သင်ယူလေ့လာနေတဲ့အကြောင်းအရာကို ပိုင်းခြားစိတ်ဖြာကြည့်ခြင်းဖြင့်
သင်ယူသူများအနေဖြင့် လေ့လာတဲ့အကြောင်းအရာကို ပိုလေးနက်စွာ
နားလည်လာစေပါတယ်။ လေးလေးနက်နက်စဥ်းစားသင်ယူခြင်းပြုလုပ်တဲ့အခါ
သင်ယူသူများအနေ ဖြင့် သင်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအေပါ်ယံကြောကိုသာ
တွေ့မြင်လေ့လာနေခြင်းမဟုတ် တော့ပါ။ သင်ယူနေတဲ့သဘောတရားကို လေးနက်စွာ
ပိုင်းခြားကြည့်ခြင်း၊ အစိတ်အပိုင်းများအချင်း ချင်း
အပြန်အလှန်ဆက်သွယ်မှုကိုသိမြင်နားလည်လာခြင်း၊
အကြောင်းအရာကိုအပေါ်ယံလျပ်ပြီး ကြည့် ရင်မမြင်နိုင်တဲ့အတွင်းပိုင်း
အနုစိတ်ရှုပ်ထွေးတဲ့အပိုင်းများအထိ သိနားလည်လာကြပါတယ်။
ဥပမာ
သင့်အနေဖြင့် သမိုင်းဘာသာရပ်စာအုပ်ထဲမှ စိန်ခေါ်မှုရှိတဲ့
အခန်းတစ်ခုကိုဖတ်ရှုလေ့လာနေ တယ်လို့ စဥ်းစားကြည့် လိုက်ပါ။
စာရွက်တွေကိုတဖြတ်ဖြတ်မြန်မြန်လှန်နေတာမျိုးဟုတ်ဘဲ လေး လေး
နက်နက်စဥ်းစားသင်ယူတဲ့နည်းဖြင့် သမိုင်းဖြစ်ရပ်များက
ဘယ်လောက်အရေးကြီးကြောင်း အချိန် အနည်းငယ်ယူလျက်ပြန်လည်စဥ်းစားကြည့်ပါ။
အဲဒီလိုစဥ်းစားလိုက်ရင် သမိုင်းအချက်အလက်က သင် သင်ယူခဲ့တာတွေနဲ့
ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ တွေ့မြင်လာရပြီးအံ့အားသင့်စေနိုင်ပါတယ်။ အဲဒီ
အချက်တွေက သင်နေထိုင်တဲ့ကမ္ဘာလောကကို ဘယ်လို ပုံဖော်စေနိုင်တယ်ဆိုတာကိုလည်း
သိမြင်နား လည်လာစေပါတယ်။ အချိန်ယူပြီးလေးလေးနက်နက်စဥ်းစားသင်ယူလိုက်တဲ့အခါ
သင်ယူလေ့လာနေ တဲ့ အကြောင်းအရာမှာ ဆက်စပ်နေတဲ့အချက်များ၊
ဆက်စပ်နေပုံများကို ပိုနားလည်လာစေတဲ့အတွက် လေ့လာသင်ယူနေမှုက
ပိုစိတ်ဝင်စားစရာကောင်းလာပြီး ပိုလေးလေးနက်နက်နားလည်လာစေပါတယ်။
၂။ ဝေဖန်ပိုင်းခြားစဥ်းစားမှုစွမ်းရည်တိုးတက်စေခြင်း
လေးလေးနက်နက်
စဥ်းစားသင်ယူတဲ့နည်းလမ်းက သင်ယူသူများတွင်သင်ယူနေတဲ့သတင်းအချက်
အလက်များကို အကဲဖြတ်မေးခွန်းများထုတ်စေခြင်း၊
ကျိုးကြောင်းဆက်စပ်စဥ်းစားနိုင်တဲ့သင်ယူသူ များရဲ့
စဥ်းစားနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီသတင်းအချက်အလက်
ပြည့်စုံစွာနားလည်ပြီးမှ အကဲ ဖြတ်ဆုံးဖြတ်ချက်များချနိုင်လာစေပါတယ်။
ဝေဖန်ပိုင်းခြားစဥ်းစားမှုဆိုတာ ရလာတဲ့သတင်းအချက် အလက်များကိုကို
ပိုင်းခြားစဥ်းစားခွဲခြားခြင်း၊ သတင်းအချက်အလက်များရဲ့
ကိုးစားနိုင်မှုနှင့် ဆီလျော်မှု တို့ကိုသုံးသပ်မှုများပါဝင်ပါတယ်။
ဒီနည်းလမ်းက လေ့လာသင်ယူနေတဲ့အကြောင်းအရာနှင့်ပတ်သက် ပြီး
စမ်းစစ်တဲ့မေးခွန်းများထုတ်စေပါတယ်။ ယူဆထားချက်များကို
ရှာဖွေဖော်ထုတ်စေပါတယ်။အမြင် ရှု့ ထောင့်အမျိုးမျိုးကို
ထည့်သွင်းစဥ်းစားလာစေပါတယ်။
အထက်ပါစဥ်းစားခဲ့တဲ့သမိုင်ဘာသာရပ်လေ့လာမှုကို
ယူကြည့်ရအောင်။ လေးလေးနက်နက်စဥ်းစား သင်ယူသူတွေက ရင်းမြစ်များမှာ ဘယ်လို
ဘက်လိုက်မှုတွေရှိနိုင်ကြောင်းစဥ်းစားလာပါတယ်။ ပါ
ဝင်နေသူတွေရဲ့လှုံ့ဆော်မှုတွန်းအားများကိုလည်း အကဲဖြတ်သုံးသပ်ပါတယ်။
သမိုင်းဖြစ်ရပ်ကြောင့် ရေရှည်အကျိုးသက်ရောက်နိုင်မှုများကိုလည်းချင်ချိန်
သုံးသပ်ကြပါတယ်။ ပိုင်းခြားဝေဖန်စဥ်းစား တဲ့ကျွမ်းကျင်မှုများက
ဘာသာရပ်မှာပါတဲ့အချက်များကိုကျော်လွန်ပြီး ရလာတဲ့သတင်းအချက် အ လက်များကို
အကဲဖြတ်သုံးသပ်နိုင်စွမ်းကို တိုးတက်စေပြီး
ရှု့ထောင့်စုံမှထည့်သွင်းစဥ်းစားတဲ့ဆုံး ဖြတ်
ချက်များကိုချမှတ်နိုင်စေပါတယ်။
၃။ ရေရှည်မှတ်မိနိုင်အားကောင်းစေခြင်း
သင်ယူလေ့လာတဲ့အကြောင်းအရာကို
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းကြောင့် ထိုအကြောင်း အရာကို
ရေရှည်မှတ်မိအားကောင်းစေပါတယ်။ သင်ယူထားမှုအသစ်နှင့် အဟောင်းများကို တက်
ကြွစွာဆက်သွယ်စဥ်းစားတဲ့အတွက် မှတ်ညဏ်မှာ ပိုစွဲနေပါတယ်။ အဲဒီလို
လုပ်တဲ့ဖြစ်စဥ်ကို ကျယ်ပြန့်တိုးချဲ့ပြီးအစမ်းလေ့ကျင့်ကြည့်ခြင်း
elaborative rehearsal လို့လည်းခေါ်ပါတယ်။ အဲဒီဖြစ်စဥ်မှာ
အသစ်သင်ယူရတာတွေကို အဟောင်းသင်ယူမှုများနှင့် ဆက်စပ်ကြည့်ပါတယ်။ အဓိပ္ပါယ်
ရှိတဲ့ဆက် စပ်မှု များရှိအောင် ဖန်တီးယူပါတယ်။ ဒါကြောင့် ထိုအကြောင်းအရာကို
အနာဂါတ်မှအလွယ် တကူပြန် မှတ်မိနိုင်ကြပါတယ်။
ဥပမာ
ဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယနေတဲ့အခါ
တစ်ချို့စကားလုံးများနှင့်စကားစုများ ကို မိမိတတ်ထားတဲ့မိခင်ဘာသာစကား
သို့မဟုတ်မိမိဘဝအတွေ့အကြုံများနှင့် ဘာသာစကားအသစ်မှ စကားလုံးများနှင့်
စကားစုများကို ပိုလွယ်ကူထိရောက်စွာမှတ်မိတဲ့သဘောပင်ဖြစ်ပါတယ်။
၄။ ကိုယ်ပိုင်အမှတ်သညာပြုလုပ်နိုင်ခြင်း
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းက
သင်ယူမှုစတိုင်အမျိုးမျိုးအတွက် ပေါင်းစပ်သုံးနိုင်စေ ပါ တယ်။
သင်ယူသူကျောင်းသားများအတွက် သူတို့အားသာတဲ့သင်ယူမှုစတိုင်၊
ဦးစားပေးမှုနှင့် နှုန်းတို့နှင့် အံဝင်မှုရှိစေပါတယ်။ ဘာကြောင့်လဲဆိုရင်
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းက သင်ယူသူကိုယ် တိုင် ဦးဆောင်
သင်ယူတဲ့ဖြစ်စဥ်ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သင်ယူသူအနေဖြင့်
မိမိရဲ့အားကောင်းတဲ့သင်ယူမှုစတိုင်နှင့် အကိုက်ညီဆုံးဖြစ်အောင်
ဖန်တီးယူနိုင်စေပါတယ်။
ဥပမာသင်ကအမြင်အားသန်တဲ့သင်ယူမှုစတိုင်ရှိသူဆိုပါက
လေးလေးနက်နက်စဥ်းစားသင်ယူနေတဲ့အ ချိန်မှာ
အသိသင်ညာပုံဖော်တဲ့နည်းကိုသုံးနိုင်စေပါတယ်။
သရုပ်ဖော်ဇယားများရေးဆွဲကြည့်နိုင်စေပါ တယ်။ အဲဒီလုပ်ဆောင်နိုင်မှုတွေက
သင်ယူနေတဲ့အချက်အလက်များအပြန်အလှန်ဆက်စပ်နေမှုကို
ပိုအားကောင်းစွာမြင်လာစေပါတယ်။ တကယ်လို့သင်ဟာအကြားအာရုံကို
အလေးထားသင်ယူတတ် သူဖြစ်ရင် သင်လေးလေးနက်နက်စဥ်းစားနေတာတွေကိုအသံဖိုင်ဖြင့်
မှတ်တမ်းတင်ထားနိုင်ပါတယ်။
၅။ လက်တွေ့ကျကျအသုံးပြုနိုင်ခြင်း
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းက
လေ့လာသင်ယူထားတာတွေကို လက်တွေ့ကျကျသုံးနိုင် ကြောင်းသင်ယူသူများ
သိအောင်အားပေးတဲ့အခါ သီအိုရီသဘောသင်ယူခြင်းနှင့် လက်တွေ့ဘဝသင်ယူ
ခြင်းတို့ကို ပေါင်းကူး တံတားသဖွယ်ထိုးပြီးဆက်သွယ်နိုင်စေပါတယ်။ အဲဒီလို
လုပ်ဆောင်စေနိုင်တဲ့အ တွက် အဲဒီသင်ယူနည်းက အတန်းတွင်းမှာသာမက
လက်တွေ့ဘဝစိန်ခေါ်မှုများကိုပင် ဖြေရှင်းရာမှာ အထောက်အကူပြုစေပါတယ်။
ဥပမာသင်ကစီးပွားရေးပညာရပ်ကိုလေ့လာနေပါက
သင်သင်ယူမှုမှာသုံးတဲ့လေးလေးနက်နက် စဥ်းစား သင်ယူတဲ့မူတွေကို
စီးပွားရေးပြဿနာများကိုပိုင်းခြားစဥ်းစားရာမှာအသုံးပြုနိုင်ပြီး လက်
ရှိစီးပွားရေး ဆိုင်ရာပြဿနာများကို ပိုင်းခြားသုံးသပ်နိုင်စေပါတယ်။
ငွေကြေးဆိုင်ရာတစ်ဦးချင်း ဆုံးဖြတ်ချက်များ ကို
ထောင့်စုံမှစဥ်းစားပြီးချမှတ်နိုင်မှာဖြစ်ပါတယ်။
၆။ မိမိကိုယ်မိမိ သိနားလည်းစေခြင်း
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းအလေ့အကျင့်ကြောင့်
သင်ယူသူတွေဟာသူတို့ကိုယ်သူတို့ ပိုသိ နားလည်လာကြပါတယ်။
သူတို့စဥ်းစားနေတဲ့ဖြစ်စဥ်တွေ၊ သူတို့ရဲ့ဦးစားပေးသင်ယူမှုတွေ၊ တိုး
တက်အောင်အားထုတ်နေတဲ့နယ်ပယ်တွေကို ပိုသိလာစေပါတယ်။
မိမိသင်ယူတဲ့အတွေ့အကြုံများကို ပြန်လည်သုံးသပ်စဥ်းစားရင်း
သတင်းအချက်အလက်များကို လေ့လာသင်ယူတဲ့အခါ ဘယ်နည်းဗျူဟာ က အကောင်းဆုံး
အထိရောက်ဆုံးအလုပ်လုပ်ဆောင်ပေးတာကိုသိလာစေပါတယ်။ စိန်ခေါ်မှုတွေတွေ့ လာ
တဲ့အခါ ဘယ်နည်းလမ်းတွေကိုသုံဖို့လိုကြောင်း သိနားလည်လာစေပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူမှုကို ဘယ်လိုအသုံးပြုနိုင်သလဲ။
လေးလေးနက်နက်စဥ်းစားသင်ယူမှုကိုသင်ရဲ့ပုံမှန်
သင်ယူတဲ့အနေအထားမှာသုံးနိုင်ပါတယ်။ အဲဒီအ တွက် ကြိုတင်ပြင်ဆင်မှုနှင်
အကျင့်ရသွားစေရန် စိတ်ရှည်သည်းခံမှုရှိရန်တော့ လိုအပ်ပါတယ်။
အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ရန် လည်း လိုအပ်ပါတယ်။
၁။ အဲဒီအလေ့အကျင့်သုံးနိုင်ရန် အချိန်လျာထားသတ်မှတ်ထားပါ။
သင့်ပုံမှန်
သင်ယူတဲ့အချိန်မှာ လေးလေးနက်နက် စဥ်းစားသင်ယူရန်အချိန်လျာထားသတ်မှတ်ပေးပါ။
ဥပမာ ဟောပြောချက်တစ်ခုနားထောင်အပြီး၊ အခန်းတစ်ခုဖတ်ရှုလေ့လာအပြီး၊
သို့မဟုတ် ပေးထားတဲ့ လုပ်ငန်းတာဝန်တစ်ခု လုပ်ဆောင်အပြီးမှာ
အချိန်ပေးစဥ်းစားနိုင်ပါတယ်။
ဒီနည်းလမ်းအတွက်
အချိန်လျာထားလိုက်ခြင်းဖြင့် ဒီနည်းကို
သင်ရဲ့သင်ယူတဲ့ပုံစံမှာဦးစားပေးလိုက် ရာ ရောက်ပါတယ်။
သင်ယူလေ့လာစရာအကြောင်း အရာသစ်နှင့် ထိတွေလေ့လာအပြီးမှာ ခဏအချိန် ပေးပြီး
ဘာတွေသင်ယူရလိုက်သလဲဆိုတာ စဥ်းစားပါ။ ဒီအလေ့အကျင့်ကိုသုံးရင် သတင်းအချက်
အလက်များ လိုတာထက် ပို ဝန်ပိနေတာမျိုးမဖြစ်အောင်တားမြစ်နိုင်ပါတယ်။
လေ့လာထားပြီးတာကို သင့်ဦးနှောက်အနေဖြင့် လိုအပ်သလို
ဆက်လက်ပြုလုပ်ပြီးဆက်သွယ်ချက်များပြုလုပ်နိုင်စေပါတယ်။
ဥပမာဟောပြောချက်တစ်ခုတက်ရောက်နားထောင်အပြီး
အချိန် (၁၀-၁၅) မိနစ်လောက်လျာထားပြီး ဟောပြောချက်မှ အဓိကအချက်တွေက
ဘာတွေလဲ၊ မှတ်သားထားရန် အချက်တွေကဘာတွေလဲ၊ စိတ်ထဲမှာမရှင်းလို့
မေးချင်တဲ့မေးခွန်း ဘာတွေရှိတယ်ဆိုတာ စဥ်းစားမှတ်သားပါ။
၂။ လေးလေးနက်နက်စဥ်းစားနိုင်ရန်နေရာစီစဥ်ထားပါ။
လေးလေးနက်နက်စဥ်းစားရန်အထောက်အကူပြုတဲ့ပတ်ဝန်းကျင်ရှိဖို့လိုအပ်ပါတယ်။
အနှောက်အ ယှက် မရှိ အေးဆေးစွာစဥ်းစားနိုင်ရန်
ငြိမ်သက်တဲ့နေရာတစ်ခုရှိအောင်စီစဥ်ပါ။ စဥ်းစားလို့ထွက်လာတဲ့
အချက်အလက်များကိုစနစ်တကျမှတ်ထားနိုင်ရန် မှတ်စုစာအုပ်နှင့် ဘောလ်ပင်၊
သို့မဟုတ် ကွန်ပျူ တာလို အထောက်အကူပြုပစ္စည်းရှိနေရန် လည်းလိုအပ်ပါတယ်။
မိမိရဲ့စဥ်းစားထားချက်များကို ပြန် လည်နားထောင်ချင်သူများအတွက်
အသံဖမ်းစက်ကများစွာအကူအညီရစေမှာဖြစ်ပါ တယ်။ မိမိစဥ်း
စားထားချက်များကိုအသံဖမ်းထားခြင်းကလည်း နောက်ပိုင်းမိမိတိုးတက်လာမှုအနေအထား
ကို ကောက်ကြောင်းပြန်စဥ်းစားရာမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။
၃။ ချင့်ချင့် ချိန်ချိန်စဥ်းစားထားတဲ့မေးခွန်းများမေးပါ။
ချင့်ချင့်ချိန်ချိန်မေးခွန်းများမေးခြင်းမှာ
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းမှာအချက်အချာ ကျပါ တယ်။
အမျိုးမျိုးစဥ်းစားစေတဲ့မေးခွန်းများကို မေးနိုင်စေရန်
မိမိကိုယ်မိမိစိန်ခေါ်မှုပြုလုပ်ပါ။ အပေါ်ယံ
နားလည်မှုလောက်နဲ့ကျေနပ်မနေပါနှင့်။
ဥပမာ
ပြဌာန်းစာအုပ်မှအခန်းတစ်ခုကိုလေ့လာဖတ်ပြီးတဲ့အခါ အဲဒီအခန်းမှာပါတဲ့အယူအဆတွေ
က အဲဒီဘာသာရပ်အတွက် ဘာကြောင့်အရေးကြီးရတာလဲဆိုတာ စဥ်းစားပါ။ အဲဒီအယူအဆတွေ က
သင်အရင်က လေ့လာသိထားတာတွေနှင့် ဘယ်လို ဆက်စပ်နေသလဲ။ ပြီးတော့ အသစ်လေ့
လာသင်ယူလိုက်တဲ့သတင်းအချက်အလက်တွေက လက်တွေ့ဘဝမှာ ဘယ်လိုသုံးနိုင်သလဲ ဆိုတာ
ကို လည်းစူးစမ်းလေ့လာထားပါ။ အဲဒီလို လေ့ကျင့်ထားရင်သင့်မှာနားလည်မှုနှင့်
ပြဿနာဖြေ ရှင်းနိုင်စွမ်း တွေတိုးတက်လာမှာဖြစ်ပါတယ်။
၄။ ပုံမှန်ပြန်လည်သုံးသပ်ပါ။
မိမိလေးနက်စွာစဥ်းစားထားမှုတွေကို
ပြန်လည်လေ့လာခြင်းကလည်း သင့်မှတ်စုကို ပြန်လည်လေ့လာ သုံးသပ် ခြင်းနှင့်
ဆက်စပ်နေပါတယ်။ မိမိစဥ်းစားထားတာတွေကို ပြန်လည်လေ့လာခြင်းဖြင့် သက်ဆိုင် ရာ
အကြောင်းအရာကို ပိုနားလည်စေပါတယ်။ အဲဒီလို ပြုလုပ်တဲ့အလေ့အကျင့်ရှိလာရင်
ကြာလာတဲ့ အခါ သင့်စဥ်းစားတဲ့နေရာမှာ ဖြစ်နေတဲ့ပုံစံကိုသတိထားမိလာပါတယ်။
ဘယ်နေရာမျိုးတွေမှာသင့် အ နေနဲ့ရုန်းကန်နေရတယ်။ ဘယ်နေရာမျိုတွေမှာ သင့်မှာ
ပိုပြီးစူးစမ်းသိလိုတဲ့စိတ်တွေဖြစ်လာတယ်ဆို တာတွေကို သိနားလည်လာပါတယ်။
အဲဒီလိုထိုးထွင်းသိမြင်လာမှုက
နောက်ပိုင်းသင်ယူမှုများအတွက် လမ်းညွှန်သဖွယ်ဖြစ်လာစေပါတယ်။ ပိုအလေးပေးရန်
လိုအပ်တဲ့အပိုင်းတွေမှာ ပိုအချိန်ပေးရန် ထောက်ပြနေပါတယ်။
၅။ အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ပါ။
မိမိရဲ့လေးလေးနက်နက်စဥ်းစားထားမှုတွေကို
အခြားလူများနှင့် ဆွေးနွေးခြင်းဖြင့် တန်ဖိုးရှိလှတဲ့ဆွေး နွေးမှုများ
ကိုဖြစ်လာစေပါတယ်။ သက်တူရွယ်တူအချင်ချင်း၊ မိတ်ဆွေများ၊ ဆရာများ၊
မိဘများနှင့် ဆွေးနွေးခြင်းဖြင့် မိမိတစ်ယောက်တည်းစဥ်းစားစဥ်က
မရခဲ့တဲ့ထိုးထွင်းသိမြင်မှုများကိုရရှိလာမှာဖြစ် ပါတယ်။
မိမိရဲ့လေးလေးနက်နက်စဥ်းစားထားချက်များကို အခြားလူများအား
ရှင်းပြရန်အားထုတ်မှု ကိုပြုလုပ်တဲ့အခါ သိမြင်စဥ်းစားထားတာတွေကို
အနှစ်ချုပ်စုစည်းရပါတယ်။ မိမိစဥ်းစားထားတဲ့အယူ အဆများကို
အခြားသူများသိအောင်မျှဝေနိုင်ဖို့ ကိုယ်တိုင် လေးနက်စွာနားလည်ထားဖို
လိုအပ်ပါတယ်။ အဲဒီလိုနားလည်အောင်အရင် ပြင်ဆင်လုပ်ဆောင်ရပါတယ်။
အထက်ပါအတိုင်း
အခြားလူတွေနှင့်အပြန်အလှန်ဆွေးနွေးခြင်းဖြင့်
မိမိသင်ယူခဲ့တဲ့အတွေ့အကြုံတွေက ပိုအားကောင်းလာပြီး အခြားလူများရဲ့
အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်များကြောင့် မိမိ စဥ်းစားထားမှုတွေက ပို
အားကောင်း တဲ့စဥ်းစားထားချက်များဖြစ်လာစေပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူတတ်သူဆိုတာ ဘဝတစ်သက်တာလုံးသင်ယူသူဖြစ်ပါတယ်။
လေးလေးနက်နက်စဥ်းစားသင်ယူခြင်းမှာ
သင်ယူမှုကို ချစ်ခင်မြတ်နိုးလာစေတဲ့စိတ်ကို ဖြစ်လာစေ ပါတယ်။
ထာဝရသင်ယူသူဆိုတဲ့စိတ်နေစိတ်ထားကိုဖြစ်လာစေပါတယ်။
ဒီလေ့လာသင်ယူနည်းက
သင့်ကိုမိမိသင်ယူမှုအတွေ့အကြုံများနှင့် တက်ကြွစွာလုပ်ကိုင်မှုဖြစ် လာ
စေရန်အားပေးပါတယ်။ မိမိအသိဗဟုသုတများကိုလည်း
ချင့်ချင့်ချိန်ချိန်ဝေဖန်တတ်လာစေပါတယ်။ အဲဒီလို
လုပ်ဆောင်ရင်းဖြစ်လာတဲ့ထိုးထွင်းသိမြင်မှုများကို လက်တွေ့ဘဝတွင်
အသုံးပြုလာစေပါ တယ်။ အခုပြောခဲ့တဲ့ စီစစ်သုံးသပ်မှု၊
လိုအပ်တဲ့မေးခွန်းများမေးမြန်းမှု၊ လေ့လာသင်ယူထားတဲ့ အသိ နှင့်
ထိုးထွင်းသိမြင်မှုကို လက်တွေ့ဘဝမှာအသုံးချခြင်းဖြင့် သင့်မှာ အတွင်းဘက်မှ
တွန်းအားပေး နေတဲ့ လှုံ့ဆော်မှုဖြစ်လာစေပြီး သင်သင်ယူထားတာတွေကို
သင်ကိုယ်တိုင် ကောင်းစွာပိုင်ဆိုင်မှုဖြစ်လာ စေပါတယ်။
အဲဒီမှတစ်ဆင့်
သင့်အနေဖြင့်စိန်ခေါ်မှုများကို မိမိဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အ
လမ်းအဖြစ်မြင်လာအောင် စိတ်အားမြင့်မားလာအောင် ကူညီပေးပါလိမ့်မယ်။
စဥ်ဆက်မပြတ်တိုးတက်အောင်လေ့လာသင်ယူချင် စိတ်လည်းဖြစ်လာစေမှာဖြစ်ပါတယ်။
ကိုယ်တိုင်စူးစမ်းရှာဖွေလေ့လာခြင်းနှင့် အခြားလူများနှင့် ပူး
ပေါင်းပြီးအပြန်အလှန်ဆွေးနွေးခြင်းတို့ဖြင့် သင့်အနေဖြင့်
သင်ယူတဲ့လုပ်ငန်းမှာ ကျေနပ်နှစ်သိမ့် မှုများရရှိလာမှာဖြစ်ပါတယ်။
အဆုံးစွန်အားဖြင့်
လေးလေးနက်နက်စဥ်းစားသင်ယူတဲ့အလေ့အကျင့်ကြောင့် သင့်မှာ တစ်သက်တာ
လေ့လာသင်ယူမှုရဲ့တန်ဖိုးကို နားလည်လာစေပြီး
ဗဟုသုတအသစ်များကိုလည်းအစဥ်ရှာဖွေခြင်း။ နယ်
ပယ်အသစ်များကိုစူးစမ်းရှာဖွေလေ့လာခြင်းဖြင့် သင်ဟာတစ်ဦးချင်းအားဖြင့်
သော်လည်းကောင်း ဥာဏ် ရည်ဥာဏ်သွေးအားဖြင့် သော်လည်းကောင်
စဥ်ဆက်မပြတ်တိုးတက်နေသူဖြစ်လာပါတော့ တယ်။
မိတ်ဆွေများ လေးလေးနက်နက်စဥ်းစားသင်ယူတဲ့အလေ့အကျင့်ကို ထိရောက်စွာလေ့ကျင့် သုံးနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
လိုအပ်နေတာ ဒီလို လူမျိုးတွေပါ Food for Thought 661
ဒီနေ့ မျက်မှောက်ကမ္ဘာမှာ လိုအပ်နေသူတွေအကြောင်းကို Food for Thought 661 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
လိုအပ်နေတာ ဒီလို လူမျိုးတွေပါ
“ကျွန်ုပ်တို့
လူသားတွေအနေနဲ့ မှီတင်းနေထိုင်နေတဲ့ကမ္ဘာကြီးဟာ
ကျွန်ပ်တို့အတွက်အိမ်ပင်ဖြစ်ပါတယ်။ လူသား
တွေကမှီတင်းနေထိုင်နေတဲ့ကမ္ဘာကြီးကိုကျေးဇူးဆပ်တဲ့အနေနဲ့ အဆုံးစွန်
အကောင်းဆုံးပြန်ပေးနိုင်တဲ့ လက် ဆောင်ကတော့ ကလေးတွေကို စိတ်ကောင်းရှိပြီး
နှလုံးလှတဲ့လူကြီးများဖြစ်အောင်လေ့ကျင့်ပေးရန်ဖြစ်ပါတယ်။
• အဲဒီလူတွေဟာ ကိုယ်ပိုင်စဥ်းနိုင်စွမ်းရှိသူများဖြစ်ရန် လိုအပ်ပါတယ်။
• အခြားလူတွေအပေါ်ထောက်ထားစာနာတတ်ပြီးအခြားလူတွေနေရာမှဝင်ကြည့်မြင်နိုင်စွမ်းသူများဖြစ် ရန် လိုအပ်ပါတယ်။
• ဆင်ချင်အားကောင်းပြီးအရေးပါတဲ့မေးခွန်းတွေ မေးတတ်သူများဖြစ်ရန်လိုအပ်ပါတယ်။
• ခြေခြေမြစ်မြစ် ဆန်းသစ်ဖန်တီးလိုသူ၊ လောကကမှာ မကောင်းတာတွေ ကို တော်လှန်လိုသူများဖြစ်ရန် လိုအပ်ပါတယ်။
• ကမ္ဘာမှာငြိမ်းချမ်းမှုရအောင်စိတ်အားထက်သန်စွာပူးပေါင်းလျက် ကြိုးစားလုပ်ဆောင်လိုသူများဖြစ်ရန် လိုအပ်ပါတယ်။
“မျက်မှောက်ကမ္ဘာမှာ
အားကြီးတဲ့အာဏာရှင်တွေကို မျက်စိစုံမှိတ်ပြီး အာဏာရှင်တွေအမိန့်ပေးသမျှ
ဟုတ်ကဲ့ ခင်ဗျာ့ဆိုပြီး ခေါင်းငြိမ့်ပြခါ အာဏာရှင်အကြိုက်လိုက်လုပ်နေသူ
များမလိုအပ်ပါ။ ကမ္ဘာကြီးလိုအပ်နေတဲ့လူကြီး တွေဆိုတာကတော့
အင်အားကြီးတဲ့အုပ်ချုပ်နေသူတွေကို သူတို့လုပ်ရပ်အတွက် တာဝန်အပြည့်အဝယူလာ
အောင် မေးခွန်းတွေမေးပြီးစိန်ခေါ်တဲ့ အခြေ အနေတွေ
ဖန်တီးပေးနိုင်တဲ့လူကြီးတွေဖြစ်ပါတယ်။” (L.R. Knost)
လိုအပ်တဲ့လူများ
မျက်မှောက်ကမ္ဘာမှာ
လိုအပ်နေသူတွေက အခြားလူတွေအပေါ်ထောက်ထားစာနာမှုရှိသူများ၊ အားလုံး ကောင်း
စားရေးကို ဦးစားပေးလုပ်ဆောင်သူများလိုအပ်နေပါတယ်။ အားလုံးအတွက်
ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာ အောင်ဖန်တီးနိုင်သူများ လိုအပ်ပါတယ်။
လိုအပ်တဲ့စိတ်နေစိတ်ထား (မေတ္တာတရား)
တစ်ချို့ကစဥ်းစားနိုင်ပါတယ်။
လောကမှာ လိုအပ်နေတာက ငွေ၊ အစားအစာနှင့် ငြိမ်းချမ်းရေးလို့ စဥ်းစားသူ
များရှိနိုင်ပါတယ်။ တကယ်တော့ကမ္ဘာလောကမှာလိုအပ်နေတာက မေတ္တာတရားဖြစ် ပါတယ်။
မေတ္တာတရားမှာ လူသားတိုင်းလိုအပ်ပါတယ်။ မေတ္တာတရားဆိုတာ သက်ရှိတိုင်းအ
တွက် လိုအပ်တဲ့ဘာသာစကားဖြစ်ပြီး လူသား အားလုံးကို
စုစည်းညီညွတ်စေလျက်ညီညီညွတ်ညွတ်မျှမျှတတ
အတူလက်တွဲနေနိုင်ဖို့အတွက်အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။
မျက်မှောက်ကမ္ဘာမှာ လူအများက အေးစက်တဲ့ စိတ်ထားရှိနေပြီး အလေးထား
ဆက်ဆံမှုတွေများစွာ ကင်းနေပါတယ်။ ကမ္ဘာနေရာအတော်များများမှာ
စစ်တွေဖြစ်နေပြီး လူတွေမှာ ဘေး အမျိုးမျိုးကြုံနေရကြ ရပါတယ်။
အဲဒီလိုအနေအထားမှာ မေတ္တာပြနိုင်တဲ့အဖော်ရှိမယ်ဆိုရင် ကြုံတွေ့လာတဲ့
အခက်အခဲတွေကိုရင်ဆိုင် ကျော်လွှား နိုင်မှာဖြစ်ပါတယ်။
မေတ္တာတရားကလူတွေကြုံနေရတဲ့အခက်အခဲဒုက္ခ အမျိုးမျိုးတွေကို ရင်ဆိုင် ကျော်
လွှာနိုင်စေရန် အားဖြစ်စေပါတယ်။
ထောက်ထားစာနာတတ်မှု
ထောက်ထားစာနာတတ်မှုဆိုတာကလည်းအခြားလူတွေခံစားနေရတာကို
နားလည်နိုင်ပြီး အခြားလူတွေနှင့် တူညီ
တဲ့ခံစားနားလည်ပေးနိုင်မှုဖြစ်ပါတယ်။ မျက်မှောက်ကမ္ဘာမှာ
အဲဒီထောက်ထားစာနာတတ်မှုကအလွန်အား နည်း နေပါတယ်။ ထောက်ထားစာနာတတ်မှုဆိုတာ
အားနည်းနေသူများ၊ နွမ်းပါးနေသူများအတွက်သာမဟုတ်ပါ။ ထောက်ထားစာနာမှုဆိုတာ
လူသားတိုင်းအတွင် မရှိမဖြစ် လိုအပ်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
လူတွေအပေါ်ထောက်ထားစာနာမှုပြတဲ့အခါ
လူတွေကို ကြင်နာစွာမေတ္တာထားပါတယ်။ အဲဒီလို မေတ္တာထား တာက
ဘာမှပြန်ပြီးမျှော်လင့်နေခြင်းမရှိပါဘူး။ လူသားအချင်းချင်း
ကြင်နာစွာဆက်ဆံခံဖို့ လိုအပ်တယ်ဆို တဲ့စိတ်ဖြင့်
ကြင်ကြင်နာနာမေတ္တာထားဆက်ဆံခြင်းဖြစ်ပါတယ်။ လူတွေအပေါ်မှာ
သူတို့ကြွယ်ဝချမ်းသာမှု၊ ဆင်းရဲမှု၊ မတူတဲ့အသားအရောင်၊
ကွဲပြားတဲ့ယဥ်ကျေးမှုတွေ၊ လိင်ကွဲပြားမှုတို့ ကြောင့် ခွဲခြားဆက်ဆံ
တာမျိုးတွေမပြုလုပ်သင့်ပါ။ လူတိုင်း လူသားဖြစ်တဲ့အတွက်
လေးစားတန်ဖိုးထားဆက်ဆံသင့်ပါတယ်။
ကောင်းတဲ့လုပ်ရပ်များ
ကောင်းတဲ့လုပ်ရပ်များကို
အလေးထားလုပ်ဆောင်တဲ့လူကြီးများလိုအပ်ပါတယ်။ ကောင်းတဲ့လုပ်ရပ်ဆိုတာ
အသက်အရွယ်မရွေး သိပ်အခက်အခဲမရှိဘဲ လုပ်ဆောင်နိုင်ပါတယ်။
ကောင်းတဲ့လုပ်ရပ်များတွင် အောက်ပါတို့ ပါဝင်ပါတယ်။
• လူတိုင်းအပေါ် ကြင်နာစွာပြောဆိုဆက်ဆံမှု၊
• ရပ်ရွာလူထုကောင်းကျိုးအတွက်စေတနာဝန်ထမ်းဆောင်ရွက်ပေးမှုများ၊
• မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများ၊ မတွေ့ရတာကြာပြီဖြစ်သူအတန်းသားများထံ ဆက်သွယ်မှု၊
• မိသာစု၊ ချစ်ခင်သူနှင့်အတူတူ ပျော်ရွှင်စွာနေထိုင်မှု၊
စေတနာကောင်းဖြင့်ရက်ရောမှု
စေတနာကောင်းထားတဲ့ရက်ရောမှုဟာ
မျက်မှောက်ကမ္ဘာမှာအလိုအပ်ဆုံးသော လိုအပ်မှုဖြစ်နေပါတယ်။ စေတ
နာကောင်းထားတဲ့ရက်ရောမှုဆိုတာ စိတ်ထားရင့်ကျက်မှု၊ အသိဉာဏ်ရှိမှုနှင့်
မိမိကိုယ်မိမိနှိမ်ချပြီး လူတွေကို လေးစားစွာဆက်ဆံတတ်မှုဖြစ်ပါတယ်။
လူတိုင်းဟာ စေတနာကောင်းထားတဲ့ရက်ရောမှုကို နည်းလမ်းအမျိုး မျိုးဖြင့်
လုပ်ဆောင်နိုင်ပါတယ်။ လိုအပ်နေသူများအတွက်မိမိမှာရှိတဲ့ငွေကြေး၊ အချိန်၊
လုပ်အား၊ ဝန်ဆောင် ကူညီပေးမှု၊ နှင့် အခြားရင်းမြစ်များကိုပေးနိုင်ပါတယ်။
ကြင်နာမှု
ကြင်နာမှုမှာ
အခြားလူတွေအပေါ်မှာ ထောက်ထားစာနာပြီး
လေးစားစွာပြုမူဆက်ဆံလုပ်ဆောင်ပေးမှုပင်ဖြစ် ပါတယ်။
မိမိအပေါ်မှာကြင်နာစွာပြုမူလုပ်ဆောင်ခြင်း၊
အခြားလူများအပေါ်မှာကြင်နာစွာပြောဆိုလုပ်ဆောင် ပေးခြင်း၊
တိရစ္ဆာန်လေးများအပေါ်ကြင်နာစွာပြုမူပေးခြင်းစသဖြင့် အမျိုးမျိုး
လုပ်ဆောင်ပေးနိုင်ပါတယ်။ ကြင်နာမှုပြတာက အခြားလူတွေအပေါ်
စာနာထောက်ထားပြီးသူတို့ခံစားနေရမှုများကိုနားလည်ကြောင်း ပြသ
ခြင်းပင်ဖြစ်ပါတယ်။ ကြင်နာမှုပြခြင်းဖြင့်
ကြင်နာမှုအပြခံရသူတွေအနေဖြင့်လည်း မိမိတို့ခံစားရသလို
အခြားလူတွေအပေါ်မှာကြင်နာစွာဆက်ဆံလာအောင်အကူအညီပေးရာလည်းရောက်ပါတယ်။
လူတိုင်းဟာချစ်ခင်လေးစားမှုခံထိုက်ပါတယ်။
ထို့ကြောင့် လူတွေကို ဆက်ဆံတဲ့အခါမှာကြင်နာစွာဆက်ဆံတဲ့ အပြင် သူတို့ကို
လူမျိုး၊ ဘာသာ၊ ယဥ်ကျေမှု၊ လိင်၊ အသားအရောင် ဘယ်လိုပင်ရှိစေကာမူ
လုံးဝခွဲခြား ဆက်ဆံခြင်းမရှိဘဲ တန်းတူဆက်ဆံရန် လိုအပ်ပါတယ်။
ဒီကမ္ဘာကြီးဆိုတာသက်ရှိတွေအတူတူမှိတင်းနေထိုင်တဲ့အိမ်ကြီးဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာလောကကြီးကို
ကောင်းစွာပြန်လည်စောင့်ရှောက်ရန်လည်းအရေးကြီးပါတယ်။
အခြားလူတွေအတွက်ကောင်းတာတွေကို လုပ် ဆောင်ပေးနိုင်တဲ့အခါ မိမိတို့စိတ်ထဲမှာ
ကျေနပ်နှစ်သက်မှုဖြစ်လာကြပါတယ်။ အခြားလူတွေကမိမိတို့
ကောင်းဖို့လုပ်ဆောင်ပေးခံရတဲ့အခါမှာလည်း
မိမိတို့မှာဝမ်းမြောက်ဝမ်းသာခံစားရပါတယ်။ ဒါကြောင့် ကမ္ဘာ
ပေါ်မှာအတူတူနေထိုင်ကြသူများဖြစ်တဲ့အားလျော်စွာလူသားအားလုံးစိတ်မှာပျော်ရွှင်ချမ်းသာစွာသက်ရှင်
နေထိုင် ခွင့် ရအောင်အားလုံးအတူတူ လက်တွဲဆောင်ရွက်သင့်ပါတယ်။
မိတ်ဆွေများ အေးချမ်းသာယာတ့ကမ္ဘာကြီးဖြစ်အောင် အားထုတ်ရာမှာ တက်ကြွစွာပါဝင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခု Food for Thought 662
ဒီနေ့ဗုဒ္ဓလမ်းညွှန်ပြသခဲ့တဲ့သင်ခန်းစာ (၁၀) ခုအကြောင်းကို Food for Thought 662 အဖြစ်မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခု
သတိဖြင့်
လုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းနှင့်စဥ်းစားခြင်းဖြင့် တဖြည်းဖြည်း
အားလုံးမှလွတ်မြောက်ခြင်းဆိုသောနိဗ္ဗာန်သို့ရောက်ရှိမည်သာဖြစ်ပါတယ်။
ဗုဒ္ဓက
ရုပ်ဝတ္ထုပစ္စည်းများကို ပိုင်ဆိုင်လိုမှုထက် ငြိမ်းအေးမှု၊
ဖြစ်လာတဲ့အနေအထားကို လက်ခံပေးမှုနှင့်
တွယ်တာမှုကင်းခြင်းတို့ကိုအလေးထားလမ်းညွှန်ပုံဖော်ခဲ့ပါတယ်။
အဲဒီလမ်းညွှန်မှုကိုအခြေခံပြီး လူသားတွေရဲ့ စိတ်ပိုင်း နှင့်
စိတ်လှုပ်ရှားခံစားမှုအပိုင်းတို့ကို ပိုနားလည်လာစေပါတယ်။
မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုများကို
လိုက်နာခြင်းဖြင့် လူသားတွေဟာ ပိုကောင်းမွန်တဲ့ဘဝကိုတည်ဆောင်နေနိုင်ကြမှာ
ဖြစ်ပါတယ်။ အောက်ဘက်မှာဗုဒ္ဓညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခုကိုမျှဝေ
လိုက်ပါတယ်။
၁။ အခြားလူများအတွက် ရက်ရောစွာပေးကမ်းပါ။
ပေးကမ်းစွန့်ကျဲခြင်းရဲ့
အစွမ်းကို ကျွန်ုပ်သိသလို သင်တို့သိမယ်ဆိုရင် သင်တို့ဟာ ထမင်းတစ်နပ်ကိုပင်
အခြား လူများအတွက်တစ်နည်းနည်းအားဖြင့် မမျှဝေဘဲ
ကိုယ်ချည်းစားသုံးကြမှာမဟုတ်ကြပါဘူး။ နည်းနည်း လေးပင် ရှိပါစေ ပေးကမ်းပါ
လို့ လမ်းပြခဲ့ပါတယ်။
သီးခြားစီလမ်းခွဲနေမှုကြောင့်
လောကမှာအကြီးမားဆုံးသော ဆင်းရဲခြင်းဒုက္ခများရောက်နေကြရပါတယ်။ တစ်ဦး
နှင့်တစ်ဦးထောက်ထားစာနာမှုပြကြမှုကတော့
ကမ္ဘာလောကရဲ့စစ်မှန်တဲ့စွမ်းအားဖြစ်ပါတယ်။
ဖယောင်းတိုင်တစ်တိုင်မှ
ထောင်ပေါင်းများစွာသောဖယောင်တိုင်များကို မိးညှိထွန်းပေးနိုင်ပြီး အဲဒီလို
အခြားဖယောင်းတိုင်ထောင်ပေါင်းများစွာကိုမီးထွန်းညှိပေးပေးရပေမဲ့
မီးထွန်းညှိပေးတဲ့ဖယောင်းတိုင်မှာ ထိုသို့ ထွန်းညှိပေးနေရတဲ့အတွက်
ပိုတိုးသွားတယ်။ ကုန်သွားတယ်ဆိုတာမျိုးမရှိပါ။
အလားတူပင်ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ အခြားလူများသို့မျှဝေပေးခြင်းဖြင့်
ဘယ်တော့မှ လျော့ကျသွားတယ် ဆိုတာမရှိပါဘူး။
၂။ မိမိကိုယ်ကို တွယ်တာနေမှုများမှကင်းအောင်နေထိုင်ကျင့်ကြံပါ။
သူ့အကြောင်းကြောင့်
ဖြစ်လာတဲ့အရာရာတိုင်းဟာမမြဲတဲ့သဘောရှိကြပါတယ်။ ဒီသဘောကို အသိဉာဏ်ဖြင့်
မြင်လိုက်တဲ့အခါ မြင်သူဟာ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပါတယ်။
လူသားတွေအများစုဟာ
မိမိတို့ကိုအရင်ကပျော်ရွှင်စေတဲ့အရာတွေကို တွယ်တာမက်မောတဲ့
လူမှုအဖွဲ့အစည်း မှာနေနေကြတာဖြစ်ပါတယ်။ နေထိုင်တဲ့ဘဝပုံစံ၊ အဝတ်အထည်များ၊
သုံးဆောင်တဲ့ကားများ၊ ပေါင်း သင်း ဆက်သွယ်ခဲ့တဲ့လူများအပေါ်
တွယ်တာမက်မောနေတတ်ကြပါတယ်။
စကြာဝဠာကြီးမှာပြောင်းလဲနေပါတယ်။
စကြာဝဠာအတွင်းမှာရှိတဲ့အရာရာတိုင်း၊ နေထိုင်သူတိုင်းလည်းပြောင်း
နေရမှာဖြစ်ပါတယ်။ ဒါကြောင့်
မိမိတို့မှာဖြစ်နေတဲ့တွယ်တာမက်မောနေမှုတွေကိုလည်း မိမိတို့ထံမှ ခွါထုတ်
ရမှာ ဖြစ်ပါတယ်။ တွယ်တာမက်မောနေမှုများကို ကင်းပြတ်အောင်လုပ်ရမှာဖြစ်ပါတယ်။
မက်မောတွယ်တာနေတာတွေအားလုံးကို
စွန့်လွှတ်ဖယ်ထုတ်ရမယ်ဆိုတာကို သတိပြုမိတဲ့အခါ ငြိမ်း
အေးမှုကိုကိုရှာတွေ့မှာဖြစ်ပါတယ်။ တစ်ခုခုကိုတွယ်တာနေတာ အိုကေပါတယ်။
ဒါပေမဲ့ ထိုတွယ်တာ နဲ့ခွဲခွါရတော့မဲ့အချိန်ရောက်လာတဲ့အခါမှာ
တွယ်တာနေမှုကြောင့် သင့်ကို ထိခိုက်နာကျင်မှုမဖြစ်ပါစေနဲ့။
၃။ အဖြေများကိုရှာတွေ့ရန် ဘဝခရီးလမ်းကိုလျောက်ပါ။
မိမိတို့ကို
အခြားဘယ်သူကမှ ကယ်မှာမဟုတ်ပါ။ မိမိကိုမိမိကိုယ်တိုင်ကသာကယ်ရမှာဖြစ်ပါတယ်။
အခြား ဘယ် သူကမှ မကယ်နိုင်သလို ကယ်မှာလည်းမဟုတ်ပါ။ လူသားတိုင်းမိမိ
လျောက်ရမဲ့လမ်းကို ကိုယ်တိုင် လျောက် လှမ်းရမှာဖြစ်ပါတယ်။
ဘဝခရီးကိုလျောက်လှမ်းတဲ့အခါမှာ
မိမိကို လမ်းပြစေရန် တစ်ယောက်ယောက်အပေါ် မှီခိုအားထားနေမဲ့အစား
ကိုယ်တိုင်ရဲဝံ့စွာ လျောက်လှမ်းမဲ့လမ်းကို ထင်လင်းနေအောင် ပြုလုပ်ပါ။
အမှန်တရားကိုရှာတဲ့လမ်းမှာ လုပ်မိ နိုင်တဲ့ အမှား (၂) ခုသာရှိပါတယ်။
အဲဒီအမှား (၂)ခုကတော့ (၁)လမ်းတစ်လျောက်မှာမလျောက်လှမ်းဘဲနေခြင်းနှင့်
(၂)စတင်မလှမ်းဘဲနေခြင်းတို့သာဖြစ်ကြပါတယ်။လူသားတွေဟာကိုယ်တိုင်လျောက်လှမ်းရမဲ့လမ်းကို
တွေ့အောင် ရှာဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီလမ်းကြောင်းကို
လျောက်လှမ်းဖို့ လိုပါတယ်။ ဘဝခရီးဆိုတာကိုယ်တိုင် စတင်
လျောက်လှမ်းခြင်းဖြင့် စပြီး ကိုယ်တိုင် ဆုံးအောင်လျောက်လှမ်းခြင်းဖြင့်
အဆုံးသပ်ပါတယ်။
၄။ ထောင်လွှားမှုကင်းပြီးနှိမ်ချမှုရှိတဲ့စိတ်ဖြင့် လမ်းကိုလျောက်လှမ်းပါ။
ပတ်ကြားအက်ကြောင်းနှင့်
ကျောက်ဆောင်များကြားမှာဖြတ်သန်းစီးဆင်းနေတဲ့မြစ်တွေကို လေ့လာကြည့်ပါ။
ကျဥ်းမြောင်းတဲ့လမ်းလေးတွေကို
ဖြတ်စီးဆင်းရတဲ့မြစ်ချောင်းတွေဟာအသံတွေဆူညံနေတတ်ပြီး ကျယ်ပြန့်တဲ့
ကွင်းပြင်ကျယ်ကြီးတွေကိုဖြတ်စီးဆင်းတဲ့မြစ်တွေက
တိတ်ဆိတ်ငြိမ်သက်စွာစီးဆင်းကြပါတယ်။ အလားတူပင် မပြည့်ဝတဲ့အရာရာတိုင်းက
အသံတွေထွက်လာတတ်ပါတယ်။ ပြည့်ဝတဲ့အရာရာတိုင်းကတော့ ငြိမ်သက်တည် ငြိမ်
အေးဆေးပါတယ်။
မိမိကိုယ်မိမိနှိမ်ချခြင်းဟာ
အများနှင့်ဆက်ဆံရာတွင်ယုံကြည်မှုဖြစ်စေပြီး သင်ယူမှုကိုဖြစ်အောင် အထောက်
အကူပြုပါတယ်။ အဲဒီအချက်တွေက ခေါင်းဆောင်မှုနှင့်
လူတစ်ဦးချင်းတိုးတက်ရေးအတွက် အဓိကကျတဲ့အချက် တွေဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲလိုတဲ့
စိတ်ထားရှိတဲ့နယ်ဆင်မင်ဒဲလားပြောသလိုပင်
လူတိုင်းဟာအရင်ဦးဆုံးမိမိကိုယ်မိမိ ရိုးသား ဖြောင့်မတ်မှုရှိရပါမယ်။
ကိုယ်ကိုယ်တိုင်မပြောင်းလဲဘူးဆိုရင် သင့်အနေဖြင့် လူမှုအဖွဲ့အစည်းအပေါ်
အကျိုးသက် ရောက်မှုရှိအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းမှုကို
တည်ဆောက်သူကြီးမြတ်သူတိုင်းဟာ သိက္ခာရှိသူ၊ ရိုး သား
ဖြောင့်မှန်သူနှင့်မိမိကိုယ်မိမိနှိမ်ချသူများဖြစ်ကြပါတယ်။
၅။ အတ္တစိတ်ကို ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ပါ။
မိမိကိုယ်မိမိ အောင်နိုင်ခြင်းမှာအခြားလူများအပေါ်အောင်နိုင်ခြင်းထက် ပိုကြီးကျယ်မြင့်မြတ်ပါတယ်။
အတ္တအလုပ်မှာ
မိမိကိုယ်မိမိ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုကာကွယ်ဖို့
လုပ်နေတဲ့အတွက် အစဥ်သဖြင့် ဘေးများနေပါတယ်။ တွေ့လာတဲ့အခြေအနေက
ဘေးကင်းနေပေမဲ့ အတ္တသဘောအရ တစ်ခုခု
လွှဲမှားသွားဖို့ကိုမျှော်လင့်ထားတတ်တဲ့အတွက်
စိတ်ဆိုးစရာများဖြစ်လာတတ်ပါတယ်။ အတ္တအလုပ်က မိမိ
ကိုယ်မိမိကာကွယ်ဖို့ဖြစ်တဲ့အတွက် ခြိမ်းခြောက်နေမှုကို
တမင်လိုက်ရှာနေတတ်ပါတယ်။ ဒါမှသာမိမိကိုယ်မိမိ ထိုဘေးရန်ခြိမ်းခြောက်မှုမှ
ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒီဘေးရန်ဆိုတာ အစစ်အမှန်ဖြစ်နိုင်သလို
စိတ်ကူးထဲ မှာတွေးထားနေတာလည်းဖြစ်နိုင်ပါတယ်။ အဲဒီလို
အပျက်သဘောအမြင်ရှိတဲ့အတွက် အတ္တရဲ့ပင်ကိုယ်သဘော မှာ
ကြောက်စရကောင်းနေခြင်းပင်ဖြစ်ပါတယ်။
အတ္တကမိမိကိုယ်ကိုယ်မိမိဖော်ထုတ်ထားတဲ့ပုံရိပ်ကို
အကာအကွယ်ပေးချင်ပါတယ်။ အဲဒါကအတ္တအလုပ်ဖြစ် နေလို့ပါ။ ဒါပေမဲ့
လက်တွေ့အစစ်အမှန်ကိုမြင်ရတဲ့အခါမှာ အတ္တကပိုလို့ပင်ကြီးမားလာပြီး ပြဿနာပို
ကြီးလာ စေတတ်ပါတယ်။ တစ်ခုခုက မိမိတို့ရဲ့အခြေအနေကို
ယူသွားဖို့ကြိုးစားနေတယ်လိုအတ္တကပြောနေတယ် လို့ စိတ်မှာ
အထင်ရောက်စေတတ်ပါတယ်။
အတ္တကြောင့်မိမိကိုယ်မိမိရှက်စရာကောင်းတဲ့အတွေးများဖြစ်လာ စေတတ်ပါတယ်။
စိတ်ထဲမှာ မသက်မသာကျဥ်းကြပ်မှုများဖြစ်လာတာကအတ္တကြောင့်
ဖြစ်လာတဲ့စိတ်လှုပ်ရှား ခံစားမှုများဖြစ်ပါတယ်။
အဲဒီစိတ်လှုပ်ရှားခံစားမှုကမိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို
ထိခိုက်လာစေပါတယ်။
၆။ မုန်းတီးမှု၊ မကျေမနပ်ဖြစ်မှုနှင့်ကြောက်တဲ့စိတ်မျာကို ထုတ်ပေးနေခြင်း
လူသားတွေက
စိတ်ကိုအိမ်တစ်ဆောင်လို့ရှုမြင်ကြပါတယ်။ မိမိတို့အိမ်ကိုမီးလောင်တဲ့အခါ
လောင်နေတဲ့မီးကို သတ်နိုင်အောင် အရင်ဆုံးအားထုတ်ရန် လိုအပ်ပါတယ်။
အိမ်ကိုမီးလောင်အောင် လုပ်တဲ့လူက ဘယ်သူလဲဆိုတာ ကို အရင်လိုက်ရှာနေရန်
မဟုတ်ပါဘူး။
အဲဒီစိတ်လှုပ်ရှားခံစားမှုများကိုအရင်ဆုံးမဖြစ်အောင်စောင့်ရှောက်ပါ၊
ဘာကြာင့်လဲဆိုတော့ ကြောက်တဲ့စိတ်။
ပူပင်သောကရောက်တဲ့စိတ်နှင့်ဒေါသစိတ်များမှာဖြစ်လာတဲ့အရာရာတိုင်းဟာလောင်နေတဲ့အပူမီးကို
ပိုဆိုးစေ တတ်တဲ့အတွက်ဖြစ်ပါတယ်။
အဲဒီလိုဆူပွက်နေတဲ့စိတ်လှုပ်ရှားခံစားမှုကို ထိန်းသိမ်းနိုင်အောင်
စိတ်အေးတည်ငြိမ် မှုကို
ဖြစ်စေတဲ့နေရာကိုရှာပြီးစိတ်တည်ငြိမ်အောင်ထိန်းသိမ်းပါ။
ဗုဒ္ဓကိုယ်တိုင်
သေဘေးနှင့်ကြောက်စရာဘေးများစွာကို ကြုံခဲ့ဘူးပါတယ်။
အဲဒီကြောက်လန့်စရာများကို ဘယ်လို ကျော်လွှားခဲ့ကြောင်း
အောက်ဘက်မှာဖော်ပြထားပါတယ်။
ကျွန်ုပ်ဟာမှောင်မိုက်တဲ့ကာလ
လမိုက်တဲ့အချိန်တွေမှာ ကျွန်ုဟာထူးဆန်းပြီးကြောက်လန့်စရာကောင်းတဲ့ နေရာ
များ သို့ရောက်ရပါတယ်။ လိုင်ဂူတွေနားနှင့် တောနက်တဲ့နေရာတွေမှာဆိုရင်
ကျွန်ုပ်အနေဖြင့် ကြောက် လန့်ခြင်းနှင့် ကြောက်လန့်စရာတွေအကြောင်း
နားလည်နိုင်စေခဲ့ပါတယ်။ အဲဒီလိုနေရာတွေသိုသွားတဲ့အခါမှာ
တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်က ကျွန်ုပ်အား ချဥ်းကပ်လာနိုင်ပါတယ်။
အဲဒီအချိန်မျိုးမှာ လေကသစ်ရွက် ခြောက်တွေကိုတိုးဝှေ့တိုက်လိုက်တဲ့အတွက်
ကျွန်ုပ်စိတ်ထဲမှာ ကြောက်လန့်စရာလာနေပြီလို့စိတ်မှာ စဥ်းစားလာ နိုင်ပါတယ်။
ဒါပေမဲ့အဲဒီလိုဖြစ်လာတဲ့ကြောက်တဲ့စိတ်ကို ဖယ် ထုတ်ပြစ်ရန်
ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် ကျွန်ုပ်ဟာအဲဒီလိုဖြစ်လာတဲ့အချိန်မှာ
ရှိနေတဲ့ကိုယ်နေကိုယ်ထားအတိုင်းတည်ငြိမ်စွာနေနေပါတယ်။ ထိုင်လျက် ဖြစ်စေ၊
လမ်းလျောက်လျက်ဖြစ်စေ၊ သို့မဟုတ်လဲလျောင်းလျက်ဖြစ်စေ
ရှိနေတဲ့အနေအထားအတိုင်း တည်ငြိမ် စွာနေခဲ့ပါတယ်။ အဲဒီကြောက်လန့်စရာကို
ရင်ဆိုင်တဲ့အထိ မူလရှိနေတဲ့ကိုယ်နေကိုယ်ဟန်အတိုင်းနေခဲ့ပါတယ်။
နောက်ဆုံးကြောက်နေတဲ့စိတ်က ကျွန်ုပ်အပေါ် ထိန်းချုပ်ထားတာမှ
လွတ်မြောက်သွားတဲ့အထိ အဲဒီအတိုင်း နေပြီးရင်ဆိုင်ခဲ့ပါတယ်။
အဲဒီစိတ်ကူးမျိုးဖြစ်လာပြီး ကြောက်လန့်မှုကိုရင်ဆိုင်ကျော်လွှားတဲ့အခါ
ကြောက်လန့် နေမှုမှ လွတ်မြောက်သွားပါတယ်။
၇။ လက်ရှိမျက်မှောက်အချိန်မှာစိတ်ကို တည်ငြိမ်စွာရှိအောင်ထိန်းထားပါ။
အတိတ်ဆိုတာမရှိတော့ပါဘူး။
အနာဂါတ်ဆိုတာကလည်း အခုအချိန်မှာမရောက်သေးပါဘူး။ သင်တို့အတွက်
သက်ရှင်နေနိုင်တဲ့အချိန်တစ်ခုသာရှိပါတယ်။ အဲဒီအချိန်ကတော့
လက်ရှိမျက်မှောက်အချိန်သာဖြစ်ပါတယ်။
တကယ်လို့သာကျွန်ုပ်တို့တတွေဟာ
လက်ရှိမျက်မှောက်အချိန်မှာသက်ရှင်နေထိုင်မှုမရှိဘူးဆိုရင် ဘဝမှာ လက်
လွတ်ဆုံးရှုံးသွားကြမှာဖြစ်ပါတယ်။ အ တိတ်သို့လည်းမပြန်ပါနဲ့။
မရောက်သေးတဲ့အနာဂါတ်ကိုလည်း စောင့်မနေပါနဲ့။
မိမိအသက်ရှုသွင်းလုပ်နေရတဲ့မျက်မှောက်လက်ရှိအချိန်ကိုအကောင်းဆုံးလက်ဆောင်အဖြစ်မှတ်ယူပြီးအစဥ်အသိနှင့်ယှဥ်တဲ့သတိရှိလျက်သက်ရှင်နေထိုင်ပါ။
အတိတ်နှင့်အနာဂါတ်ဆိုတာတွေက စိတ်ထဲမှာရှိနေတာတွေသာ ဖြစ်ပါတယ်။ လက်ရှိ
မျက်မှောက်အချိန်သည်သာ တကယ်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။
မျက်မှောက်အချိန်ကိုအပြည့်အဝလက်လှမ်းမှီအသုံးပြုနိုင်ဖို့အတွက်
ကျွန်ုပ်တို့အနေဖြင့် အစဥ်သဖြင့် တွေးတော နေတဲ့ယောက်ယက်ခပ်ပြီး
အနှစ်မဲ့တဲ့စဥ်းစားတွေးတောနေမှုများမှမိမိကိုယ်ကို ခွဲထွက်ရန် လိုအပ်ပါတယ်။
အဲဒီ အစဥ်တစ်စိုက်စဥ်းစားနေမှုတွေက အတိတ်နှင့်ဖြစ်စေ အနာဂါတ်နှင့် ဖြစ်စေ
မိမိတို့စိတ်ကိုသော့ဖြင့် တွဲခတ် ထားသလို ချုပ်နှောင်မိနေစေပါတယ်။
အဲဒီလိုခွဲထုတ်တဲ့အလေ့အကျင့် ကိုပြုလုပ်လိုက်တဲ့အခါ အမှန် တရား
မှာရှင်းလာပါတယ်။ လူသားတွေလိုချင်နေတာမှန်သမျှက
လက်ရှိအချိန်မှာသာရှိတယ်ဆိုတဲ့အမှန် တရား ကို သဘောပေါက်နားလည်လာပါတော့တယ်။
၈။ ကျွန်ုပ်တို့တတွေဟာမိမိတို့ကံကြမ္မာကိုရေးနေသူများဖြစ်ကြပါတယ်။
ဖြူစင်သန့်ရှင်းမှု၊
မဖြူစင်မသန်းရှင်းမှုတို့ဟာမိမိအပေါ်မှာသာတည်နေပါတယ်။
ဘယ်သူကမှအခြားတစ်ယောက် ယောက်ကို ဖြူစင်သန့်ရှင်းအောင်
လုပ်မပေးနိုင်ကြပါဘူး။
သင့်ကံကြမ္မာကိုသင့်
လက်ဖြင့် သင်ကိုယ်တိုင်ရေးပါ။ ရေးလို့မကြိုက်နှစ်သက်ရင်
ဖျက်ပြီးနောက်တစ်ကြိမ် ကိုယ်တိုင်ပြန်ရေးပါ။ အဲဒီလို လုပ်ဆောင်မှုဟာအလွန်
အားကောင်းလှတဲ့ဘဝလျို့ဝျက်ချက်တစ်ခုဖြစ်ပါတယ်။
ကျွန်ုပ်တိုဟာမိမိကံကြမ္မာကို ကိုယ်တိုင်ရေးခြင်း၊ မနှစ်သက်ရင်
ပြန်ရေးခြင်းတို့ကို လုပ် ဆောင်နိုင်တဲ့အတွက်
ကျွပ်တို့မှာစွမ်းအားအလွန်ကြီးမားကြပါတယ်။ ဒါကြောင့် သင့်အနေဖြင့်
သိဖို့လိုတာက သင့်ဘဝမှာသင်ကိုယ်တိုင် ဘာလုပ်ချင်ကြောင် သိဖို့ဖြစ်ပါတယ်။
ပထမအဆင့်ကတော့မိမိမှာယုံကြည့်မှုတည်ဆောက်ရန်ဖြစ်ပါတယ်။
ယုံကြည်ရင်အားလုံးလုပ်ဆောင်နိုင်တယ်ဆို တာကို သတိရမှတ်မိပါ။
ဒုတိယအဆင့်အနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်ပါ။ မိမိမှာ အားနည်း
ချက်ရှိတယ်လို့ စဥ်းစားနေတာမျိုးကိုရှောင်ရှားပါ။ အားနည်းချက်မရှိအောင်
ကြိုးစားနေထိုင်ပါ။
ဆိုလိုတဲ့သဘောကတော့
သင့်စိတ်ထဲမှာတစ်ခုခုကို လုပ်ရန်မှားတယ်လို့ စဥ်းစားထားပါတယ်။
ဒါပေမဲ့အဲဒါကို လုပ်ဆောင်လိုက်ပါတယ်။ အဲဒီလို
ဖြစ်နေတဲ့အနေအထားကိုစိတ်နှစ်ခွဒွိဟဖြစ်နေတဲ့အနေအထားလို့ သတ်မှတ် ပါတယ်။
အဲဒီလို စိတ်နှစ်ခွဖြစ်နေမှုက သင့်ကိုအားပျော့စေပါတယ်။ ဒါကြောင့်
မိမိအမှန်တကယ်ယုံ ကြည် တဲ့အတိုင်း နေထိုင်ရန် လိုအပ်ပါတယ်။
၉။ သင့် ကိုယ်ခန္ဓာကို အာဟာရဖြစ်စေတဲ့အစားအစာများဖြင့် အားကောင်းအောင်စားပါ။
လူတိုင်းဟာကိုယ်ပိုင်ကျန်းမာရေး၊ သို့မဟုတ် ရောဂါရရှိရေးအတွက် ကိုယ်တိုင်ဖန်တီးသူများသာဖြစ်ကြပါတယ်။
ဗုဒ္ဓက
သူ့သက်တန်းတစ်လျောက်မှာ
လူတွေကျင့်ကြံနေထိုင်လိုက်နာသင့်တဲ့အခြေခံမူတွေကိုအလေးထားလမ်း
ညွှန်ခဲ့ပါတယ်။ ပြီးတော့အဲဒီအခြေခံမူတွေနှင့် ကိုက်ညီအောင်
ဘယ်လိုနေထိုင်ကျင့် ကြံရမယ်ဆိုတာကို လည်း နောက် လိုက် တပည့်များကို
ပြသလမ်းညွှန်ခဲ့ပါတယ်။
ကိုယ်နှင့်စိတ်တို့ဟာတစ်ခုတည်း
ဖြစ်ရေးမူကတော့ ကျန်းမာတဲ့ကိုယ်ခန္ဓာရှိဖို့အတွက် စိတ်ကလည်းကျန်းမာကြံ့
ခိုင်ရန် လိုအပ်သလို စိတ်ကျန်းမာရေးအတွက်လည်း ကိုယ်ခန္ဓာက
ကျန်းမာကြံ့ခိုင်ရန် လိုအပ်ပါတယ်။
ဒါကြောင့်
ကျန်းမာရေးကောင်းတဲ့ဘဝနေနည်းတစ်ခုကို ထူထောင်နိုင်စေရန် ကျန်းမာရေးနှင့်
ညီညွတ်တဲ့အစား အစာများစားသုံးခြင်းနှင့် ကျန်းမာရေးနှင့်
ညီတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများပြုလုပ်ရန် လိုအပ်ပါတယ်။
မှန်ကန်သင့်မြတ်တဲ့အစားအစာကို မှန်ကန်သင့်မြတ်တဲ့ပမာနစားသောက်ရေးမှာ
မြတ်ဗုဒ္ဓလမ်းပြခဲ့တဲ့ကျန်းမာရေး နှင့်
ညီညွတ်တဲ့အစာစားသုံးနည်ပင်ဖြစ်ပါတယ်။
အခြားသောဘာသာရေးများမှာကဲ့သို့ပင်ဗုဒ္ဓဘာသာတွင်လည်း
အစားအစာနှင့် ပတ်သက်လို့ကန်ံ့သတ်ချက်အစဥ် အလာများရှိပါတယ်။
ဟင်းသီးဟင်းရွက်၊ အရက်သေစာကိုရှောင်ကျဥ်ခြင်းနှင့်
အစာမစားပဲဥပုဒ်စောင့်ခြင်း ဆိုတဲ့ အစာစာခြင်းနှင့်
ပတ်သက်တဲ့အပိုင်းများအပေါ်မှာအခြေခံထားပါတယ်။
ဥပမာအားဖြင့်
ခြင်္သေ့တစ်ကောင်ဟာအသားကိုသာစားပြီးဆင်ကတော့
ဟင်းသီးဟင်းရွက်အစိမ်းကိုသာစား ပါတယ်။ ခြင်္သေ့တစ်ကောင်ဟာ အချိန် (၃)
နာရီကြာအောင် အဆက်မပြတ်တိုက်ခိုက်နိုင်ပါတယ်။ အဲဒီလို
တိုက်ခိုက်ပြီးရင်မောပန်းသွားပါတယ်။ ဒါပေမဲ့ဆင်တစ်ကောင်ကတော့ နာရီ (၂၀)
ကြာအောင်ဆက်တိုက် တိုက် ခိုက် နိုင်ပါတယ်။ ဒါကြောင့်
အစိမ်းရောင်အသီးအရွက်တွေက အသားတွေထက် စွမ်းအားပိုဖြစ်စေပါတယ်။
ဗုဒ္ဓလမ်းညွှန်ချက်နှင့်အညီစားသောက်နေထိုင်သူတွေက
သတိနှင့် ယှဥ်ပြီးအစားအစာကိုစားသောက်ကြပါတယ်။ အစာစားတဲ့အခါ
စားတဲ့အစာပေါ်မှာသာကိုယ်ရောစိတ်နှလုံးပါထားစားပါတယ်။ ဒါကြောင့်
စားတဲ့အစားအစက ဆေးလိုအာနိသင်ဖြစ်လာစေပါတယ်။ ခေတ်မှီ အာဟာရသိပ္ပံအဆိုအရ
စားတဲ့အစားအစာမှာ အနှောက် အယှက်တွေရှိနေရင် သင့် အစာချေမှုအပေါ်
ပြောင်းပြန်အကျိုးသက်ရောက်မှုများဖြစ်စေနိုင်ကြောင်း ထောက်ပြ ထားပါတယ်။
၁၀။ စစ်မှန်မှုကို မတွန်းလှန်ပါနဲ့။
ကမ္ဘာလောကတစ်ခုလုံးဟာပျက်စီးခြင်းနှင့်သေဆုံးခြင်းတို့ဖြင့်ဖိစီးနှိပ်စက်မှုကို
ခံနေကြရပါတယ်။ အဲဒါက ရှောင်လွှဲလို့မရတဲ့အစစ်အမှန်တရားဖြစ်ပါတယ်။
ဒါပေမဲ့အသိဉာဏ်ရှိသူတွေက လောကသဘာဝကို သဘော ပေါက်နားလည်ထားပြီး
ထိုသဘာဝမျိုးဖြစ်လာတဲ့အခါ စိတ် ပူပင်သောကရောက်ခြင်း ပူဆွေးကျေကွဲခြင်း
မရောက်ကြပါ။
ဗုဒ္ဓလမ်းညွှန်မှုအရ
လူသားတွေတွေ့နေရတဲ့အဓိကပြဿနာမှာ မကောင်းမှု မဟုတ် ။ အဝိဇ္ဇာဆိုတဲ့မှားယွင်း
နေတဲ့ သိမှုပင်ဖြစ်ပါတယ်။ အဝိဇ္ဇာဆိုတာ အစစ်အမှန်ကို
လွဲမှားစွာနားလည်နေမှုပင်ဖြစ်ပါတယ်။
အရာရာတို့ဟာ
လူသားတွေမြင်နေကြသလို ဖြစ်တည်နေကြပါသလား။ အရာဝတ္ထုတွေဟာလူတွေမြင်နေ
ကြသလို သီးသန့် ရပ်တည်မှုနဲ့ရှိနေကြပါသလား။ “ငါ” “ငါ့ဟာ”ဆိုတာ
အမှန်တကယ်ရှိနေတာပါလား။ ဒီကမ္ဘာ ကြီးက တောင်တွေ၊ မြစ်တွေ၊
ပင်လယ်သမုဒ္ဒရာတွေမြို့ရွာတွေရှိနေပြီး အဲဒါတွေအားလုံးဟာအစိုင်အခဲ
ခိုင်မာအားထားနိုင်တာတွေဟုတ်ပါသလား။ အတိတ်၊ မျက်မှောက်ကာလ၊ အနာဂါတ်တို့မှာ
မတူတဲ့အရာသုံးခုလို့ ထင်နေရပါတယ်။
ဖော်ပြခဲ့တာတွေဟာအစစ်အမှန်တွေဖြစ်နေမယ်ဆိုရင်အဲဒီအစစ်အမှန်များမှလွတ်မြောက်ရန်
ဆိုတဲ့ဗုဒ္ဓလမ်းစဥ်ရဲ့ဦးတည်ချက်မှာမဖြစ်နိုင်တော့ပါ။
လူသားတွေမျှော်မှန်းထားတဲ့စစ်မှန်တယ်ဆိုတာနဲ့
မြတ်ဗုဒ္ဓကဖော်ညွှန်းပြဆိုတဲ့နေ့စဥ်နှင့်အမျှ တကဲ့လက်တွေ့
အနေအထားအစစ်အမှန်အတွေ့အကြုံများမှာဆန့်ကျင်နေတဲ့သဘောတွေဖြစ်နေပါတယ်။
အဲဒီလိုဖြစ်နေရတဲ့အကြောင်းမှာ
အရာရာကလူသားတွေစိတ်မှာထင်နေတာနဲ့ သူတို့ပင်ကိုယ်အရှိတရားတို့မှာ
မတူကြတဲ့အတွက်ဖြစ်ပါတယ်။
လူသားတွေစိတ်မှာမမြဲတာတွေကိုမြဲတယ်လို့အထင်မှတ်မှားနေကြပါတယ်။
မခိုင်မြဲတာတွေကို ခိုင်မြဲတယ်လို့ ထင်မှတ်နေပြီး ငါ့ဟာ ငါပိုင်တယ်စသဖြင့်
စွဲမက်နေကြတာဖြစ်ပါတယ်။
တကယ်တော့ငါဆိုတာလည်းမရှိသလိုငါဟာဆိုတာလည်းမရှိပါဘူး။
အားလုံးဟာမမြဲခြင်းသဘောသာရှိကြပါ တယ်။
အမှန်တကယ်မမြဲတာကိုမြဲတယ်လို့အထင်မှားပြီးစဒွလန်းနေသမျှ
ဒုက္ခပင်လယ်မှာနစ်နေမှာသာဖြစ် ပါတယ်။
မိတ်ဆွေများ ဗုဒ္ဓလမ်းညွှန်ပြသည်များကို အသိဥာဏ်ဖြင့် ရှုမြင်ကျင့်ကြံနိုင်ကြပါစေ။

သင်ပြောတဲ့စကားသတိထားပါ။ Food for Thought 663
ဒီနေ့
လူတိုင်းမိမိပြောတဲ့စကားကို သတိထားပြီးကြင်ကြင်နာနာ
ညင်ညင်သာသာနူးညံ့သိမ်မွေ့စွာပြောရန် အရေးကြီးကြောင်းကို Food for Thought
663 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
သင်ပြောတဲ့စကားသတိထားပါ။
ကြင်ကြင်နာနာပြောဆိုမှုကအလွန်အရေးကြီးကြောင်း
အလေးထားရန် “ကြင်နာတဲ့စကားတစ်လုံးကိုကြားရတာ ချမ်းအေးလှတဲ့ဆောင်းကာလ (၃)
လလုံးနွေးထွေးမှုကို ခံစားရစေပါတယ်”လို့ ဂျပန်စကားပုံတစ်ခုပင်ရှိပါတယ်။
ကြင်ကြင်နာနာပြောဆိုမှုက မျက်စိမမြင်ရသူကို ခံစားနားလည်မြင်စေပြီး
နားမကြားရသူကို ခံစားနားလည်ပြီး ကြား နိုင်စေပါတယ်လို့ စာရေးဆရာကြီး
မတ်ခ်တွင်ကလည်းကြင်နာစွာဆက်ဆံမှုအရေးကြီးကြောင်းတင်စား ပြောခဲ့ပါ တယ်။
ကြင်ကြင်နာနာ ညင်ညင်သာသာ နူးညံ့သိမ်မွေ့စွာပြောဆိုခြင်းမှာ
ပြောသူလည်းကောင်း၊ နာသူ လည်းကောင်းပြီး အပြန်အလှန် ဆက်ဆံရေးကို
ကောင်းမွန်လာစေပါတယ်။အထူးသဖြင့်ကလေးတွေနဲ့စကား ပြောတဲ့အခါ ကြင် ကြင်နာနာ
ညင် ညင်သာသာ နူးညံ့သိမ်မွေ့စွာပြောဆိုခြင်းမှာ ကလေးတို့အတွက်နမူနာ
ကောင်းပြပေးနေခြင်းပင် ဖြစ်ပါတယ်။ မှန်ကန်အကျိုးရှိတဲ့စကားကို အချိန်အခါ
သင့်ချိန်မှာ မေတ္တာနှင့်ယှဥ်ပြီး သိမ်မွေ့စွာပြောဆိုရန် လို အပ်ကြောင်း
မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုနှင့်လည်း ကိုက်ညီပါတယ်။
၁။
“တိတ်တိတ်နေစမ်း။ ပါးစပ်ပိတ်ထား၊ လျာမရှည်နဲ့။မစပ်စုနဲ့”
စတဲ့စကားမျိုးတွေဖြင့် ကလေးကို ပြောမဲ့အစား “သားသမီးရေ
ပိုတိုးတဲ့အသံဖြင့်စကားပြောပါကွယ်”လို့ပြောပေးပါ။
“လျာမရှည်နဲ့”
“ပါးစပ်ပိတ်ထား” “မစပ်စုနဲ့”ဆိုတာနဲ့ပတ်သက်လို့
လက်တွေ့ဖြစ်ရပ်လေးတစ်ခုရှိခဲ့ပါတယ်။ ဟိုတ လောက မြန်မာပြည်မှမိတ်ဆွေဇနီး
မောင်နှံစင်ကာပူကိုရောက်လာပါတယ်။ သူတို့သားကစင်ကာပူ မှာ အလုပ်
လုပ်နေတာဖြစ်ပါတယ်။ သူတို့သားကမြန်မာအမျိုးသမီးတစ်ဦးနဲ့အိမ်ထောင်ကျပြီး
သမီးလေး တစ် ယောက် ထွန်းကားလာပါတယ်။ သူတို့က စင်ကာပူမှာနေနေကြတော့
သမီးလေးကို ဘာစကားကိုအ လေး ထား သင်ပေး မလဲဆိုတာကိုစဥ်းစားပါတယ်။
စင်ကာပူမှာကျောင်းတက်မှာြဖစ်တဲ့အတွက်အင်္ဂလိပ်လို စကား ပြောတာကို
သာသင်ပေးရန် ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါကြောင့် ကလေးကအိမ်မှာနေရင်လည်း
အင်္ဂလိပ် လိုသာပြော ပါတယ်။ အခုဆိုရင်ကလေးက P-3 တောင် ရောက်
နေပြီဖြစ်ပါတယ်။ မြန်မာလိုတော့ မပြော တတ်ပါ။ အင်္ဂလိပ် လိုသာပြောပါတယ်။
ဒါကြောင့် သူ့အဖိုးအဖွားလည်းမြေးနဲ့စကား ပြောတဲ့အခါ အင်္ဂလိပ်လိုပင်
ပြောနေရပါတယ်။ အဲဒီကလေးမလေးပြောတတ်တဲ့မြန်မာစကားက (၃) လုံးသာရှိတယ်
လို့ပြောပါတယ်။ အဲဒီသုံးလုံးကတော့ “လျာမရှည်နဲ့” “ပါးစပ်ပိတ်ထား”
“မစပ်စုနဲ့”ဆိုတာတွေဖြစ်ပါတယ်တဲ့။ အဲဒီတော့ ကလေး ကအိမ်မှာ ဘာစကား
တွေအကြားများနေသလဲဆိုတာမှန်းကြည့်လို့ရပါတယ်။အလုပ်တွေများပြီးစိတ်ဖိစီးမှုတွေများတဲ့အတွက်ကလေး
တွေကို
စကားကြမ်းကြမ်းတွေပြောနေခြင်းမျိုးမှာမိဘများပြန်လည်ဆင်ခြင်သင့်ပါတယ်။ ကလေး
တွေဆိုတာ ခဏခဏကြား နေရတဲ့စကားတွေကို တတ်လာကြတာဖြစ်ပါတယ်။
၂။
“အိုးရှုပ်ပွနေတာပဲ” လို့မကျေမနပ်အပြစ်တင်ပြောမဲ့အစား “သားသမီးကြည့်ရတာ
အဲဒီလိုကစားနေရတာ သိပ် ပျော်တယ်ထင်တယ်။
အဲဒါတွေကိုမေမေဖေဖေတို့ပါအားလုံးဘယ်လိုဝိုင်းသိမ်းကြမလဲ”လို့ပြောပါ။
၃။ “သားသမီးအကူအညီလိုသလား” လို့မေးမဲ့အစား “သားသမီးအကူအညီလိုတယ်ဆိုရင် မေမေဖေဖေဒီမှာ ရှိပါတယ်။ အကူအညီလိုရင်လာပြောပါ” လို့ပြောပါ။
၄။
“ဒါကိုဘယ်လိုလုပ်ရတယ်ဆိုတာ မေမေဖေဖေမနေ့ကပြောပြပြီးပြီလေ”။
လို့ပြောမဲ့အစား “သားသမီးကို မေမေ ဖေဖေနောက်တစ်နည်းပြောပြနိုင်ပါသေးတယ်”
လို့ပြောပေးပါ။
၅။”သားနဲ့သမီးတို့ကို
တစ်ယောက်တစ်နေရာစီခွဲထားလိုက်ရမလား” လို့ပြောမဲ့အစား “သားနဲ့သမီးတို့ ခဏ
လောက် အနားယူလိုက်ကြပါ” လို့ပြောပေးပါ။
၆။
ကလေးက ခပ်ကြမ်းကြမ်း လုပ်ဆောင်လိုက်တာကို
“သောင်းကျန်းလိုက်တာ”လို့ပြောမဲ့အစား “သမီးရေ
ဖြေးဖြေးသာသာလုပ်ရင်ပိုကောင်းပါတယ်”လို့ပြောပေးပါ။
၇။ “သားသမီးမှာ မေးချင်တာဘာများရှိသလဲ” လို့မေးမဲ့အစား “သားသမီးဘာမေးခွန်းများမေးချင်ပါသလဲ” လို့ပြောပါ။
၈။ “အဲဒါကဒီလောက်မခက်ပါဘူး”လို့ပြောမဲ့အစား “သားသမီးက ခက်ခဲတာကို လုပ်နိုင်တယ်ဟေ့” လိုပြောပါ။
၉။ “သားသမီးအိုကေရဲ့လား” လိုပြောမဲ့အစား “သားသမီးနေကောင်းရဲ့လား”လိုမေးပါ။
၁၀။ “တို့အိမ်မှာအဲဒီလိုမပြောဘူး”လို့ပြောမဲ့အစား “သားသမီးရေပိုကြင်နာတဲ့စကားသုံးပါနော်”လို့ပြောပေးပါ။
မိတ်ဆွေများအနေဖြင့် ကလေးများကို ကြင်ကြင်နာနာ ညင်ညင်သာသာ နူးညံ့သိမ်မွေ့စွာပြောဆိုခြင်းခြင့် နမူနာကောင်းပြပေးကြနိုင်ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
စာများများဖတ်ဖို့အရေးကြီးကြောင်းကို Food for Thought 664
ဒီနေ့စာများများဖတ်ဖို့အရေးကြီးကြောင်းကို Food for Thought 664 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
စာများများဖတ်ပါ။
ပြတင်းပေါက်ကိုဖွင့်ထားပါ။
စာမတတ်သူက
ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့ ။ အလင်းမဝင် လေကောင်းမရ။ စာတတ်ပြီး
စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြတင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့
တူတယ်တဲ့ ။ အလင်းမဝင် လေကောင်း မရတာ အတူတူပါဘဲ။ စာလည်းတတ် စာလည်းဖတ်သူကတော့
ပြတင်းပေါက်ရှိပြီး ပြတင်း ပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့
လေကောင်းရသလို အသိအမြင် ညာဏ်ပညာ အလင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင်
နည်းနည်းကျယ်တယ်။စာများများဖတ်ရင်အသိအမြင်အများကြီးကျယ် တယ်။
အခွင့်သာတိုင်း စာဖတ်ပါ။
တိုးတက်တဲ့သူတွေက
အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ရထားစောင့်ရင်း ကားစောင့်ရင်း စာဖတ်တယ်။
သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်
။သွားလေရာလက်ဆွဲအိပ်ထဲမှာ စာအုပ်ပါတယ်။ သွားရင်း လာရင်း နေရင်း ထိုင်ရင်း
အခွင့်သာတာနဲ့စာဖတ်ပါ။ အသိပညာတွေတိုးစေ ပါတယ်။ တော်သူတွေက ပိုတော်အောင်၊
ထက်သူတွေက ပိုထက်အောင်ကြိုးစားနေကြပါတယ်။
စာဖတ်ခြင်းဖြင့်မြှင့်တင်ပါ။
ကမ္ဘာပေါ်မှာ
ဘယ်နိုင်ငံ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ် ရွာငယ်လေးရဲ့ အစွန် အဖျား
တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီးဖတ်ရင် နောက်ကျမကျန်ခဲ့ပါဘူး
။ကမ္ဘာနဲ့အညီ ခေါတ်မှီတိုးတက်နေပါလိမ့်မယ် ။ စာဖတ်ခြင်း ဖြင့် မိမိကိုယ်ကို
မြှင့်တင်ပါ။ စာဖတ်ဝါသနာကြီးပြီးစာအများကြီးဖတ်တဲ့ ( အေဘရာဟင်လင်ကွန်း )
ဟာ သစ်တောထဲရှိ သစ်လုံးအိမ်မှာ နေတဲ့သစ်ခုတ်သမားဘဝကနေ အမေရိကန်နိုင်ငံရဲ.
သမ္မတကြီးအဖြစ်နဲ့ အိမ်ဖြူတော်ကိုရောက်ခဲ့တယ် ။
မြန်မာနိုင်ငံမှာလည်း
ဝန်ဇင်းရွာသား ( စာတိုငညို )လို့ခေါ်ရလောက်အောင်စာဖတ်ဝါသနာကြီးတဲ့ လယ်သ
မား မောင်ညိုဟာ စာအများကြီးဖတ်ခြင်းကြောင့် ထွန်းတုံးပေါ်ကနေ
နန်းတော်ပေါ်ရောက်ပြီး ပညာရှိ အ မတ်ကြီး ဝန်ဇင်းမင်းရာဇာအမည်နဲ့
မင်းသုံးဆက်တိုင် ချီးမြှောက်ခံရတယ်။
စာဖတ်ခြင်းနှင့်အသိအလိမ္မာ ညဏ်ပညာ
စာများများဖတ်သူတိုင်းဟာ
အသိပညာ ဗဟုသုတ ကြွယ်ဝလာပါတယ် ။ စဥ်းစားဆင်ခြင်တုံတရား အား ကောင်းလာတယ် ။
အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်း ကြီးမားလာတယ် ။ အမှားကိုရှောင်
အမှန်ကိုဆောင် နိုင်ပြီး လူလိမ္မာဖြစ်လာတယ် ။ လောကမှာ ဘယ်သူကမှအခြားတစ်
ယောက်ယောက်ကို ထာဝရ မစောင့် ရှောက်နိုင်ဘူး ။ ကိုယ်တိုင် အသိအလိမ္မာနဲ့
ကိုယ့်ဘာသာစောင့်ရှောက် မှ ဘဝလုံခြုံမှာပါ။ စာဖတ်ခြင်းဟာ အသိအလိမ္မာ ညဏ်ပညာ
ကြီးမြင့်တာနဲ့အမျှ ဘဝအောင်မြင်တိုးတက် ရေး အတွက် ကြိုးပန်းမှု့ကိုလည်း
ကြီးစွာအထောက်အကူပြုပါတယ်။ ကြီးပွားအောင်မြင်ပြီးရင်လဲ မပြိုမလဲ အောင်
ထိန်းသိမ်းနိုင်စွမ်းရှိစေပါ တယ် ။မတော်တဆ မမျှော်လင့်တဲ့အကြောင်း
တခုခုကြောင့် ပြိုလဲကျရင်တောင် ပြန်ထနိုင်တဲ့ စွမ်းရည်ရှိပါ တယ်။
စာကောင်းများရွေးပြီး စာများများ ဖတ်ပါ။
စာဖတ်တာကိုအကျင့်ပါနေအောင်လုပ်ပါ
။ အခွင့်သာတိုင်း စာဖတ်ပါ ။ စာအများကြီးဖတ်ပြီး ညာဏ်ပညာ ကြီးမြင့်ပါစေ။
လူတော်လူကောင်းဖြစ်ပြီးဘဝအောင်မြင်ပါစေ။ စာဖတ်ဖို့တိုက်တွန်းတာက စာကောင်းစာ
ပေကိုရွေးဖတ်ဖို့ကလည်း အရေးကြီးပါတယ်။ အခုခောက်မှာ
အင်တာနက်မှာဖတ်စရာစာတွေအလွန်များ ပါတယ်။
မိမိဝါသနာပါတာကိုရွေးပြီးစာဖတ်နိုင်တဲ့အခွင့်ရှိလာပါတယ်။ ဒါကြောင့်
ပွင့်လာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး
လူတော်လူကောင်းတွေဖြစ်အောင် စာကော်းစာမွန်တွေကိုရွေးချယ်ဖတ်ဖို့ လိုအပ်
ပါတယ်။
မိတ်ဆွေများစာများများဖတ်ပြီးပိုကောင်းပိုတော်သူများဖြစ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
မိတ်ဆွေကောင်းကိုရအောင်ရှာပါ။ Food for Thought 665

ခေတ်ပျက်ကာလမှာဓမ္မကိုအားကိုးပါဆိုတဲ့ပါမောက္ခချုပ်ဆရာတော်ကြီးဟောတဲ့တရားကို နာမိပြီးအောက်ဘက် မှာဖော်ပြထားတဲ့အတွေးတွေကိုမျှဝေရန် စိတ်ကူးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပေင်းသင်းအပ်သူများနှင့်မပေါင်း သင်းအပ်သူများအကြောင်းကို Food for Thought 665 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
မိတ်ဆွေကောင်းကိုရအောင်ရှာပါ။
ခေတ်ပျက်ကာလမှာဓမ္မကိုအားကိုးပါဆိုတဲ့တရားမှာ တရားထူးတရားမြတ်ကို ရဖို့အတွက် အခြေခံကျတဲ့ (၅) ချက် လိုအပ်ကြောင်းမြတ်ဗုဒ္ဓက လမ်းညွှန်ခဲ့ကြောင်းဆရာတော်က ဟောကြားခဲ့ပါတယ်။ တရာဘာဝနာကိုပွား များအားထုတ်တဲ့အခါမှာ လမ်းညွှန်ပြတဲ့အတိုင်း ကိုယ်တိုင် လိုက်နာကျင့်ကြံအားထုတ်ရန် အထူးလိုအပ်ကြောင်း ဆရာတော်ဘုရားကြီးကအလေးအနက် ထားဟောကြားခဲ့ပါတယ်။ တရားဘာဝနာကို ကျင့် ကြံအားထုတ် တဲ့ အခါမှာ မိမိကိုယ်တိုင်ရင့်ကျက်အောင် အောက်ပါ အချက် (၅) ချက်ကို အလေးထားလုပ်ဆောင်ရန် ဟော ကြား ခဲ့ပါတယ်။
၁။ မိတ်ဆွေကောင်းရှိရန် မိတ်ဆွေကောင်းကိုရှာပါ။
၂။ မိမိသီလကို အားကိုးလောက်အောင်စင်ကြယ်အောင်သီလရှိပါ။
၃။ တရားစကားများကို ကြားနာမှတ်သားလိုက်နာပါ။ (ဥပမာလောဘနည်းဖို့၊ ရောင့်ရဲတင်းတိမ်ဖို့စသဖြင့်)
၄။ လမ်းပြတဲ့အတိုင်းကြိုးစားအားထုတ်မှုရှိရပါမယ်။
၅။ ဆင်ခြင်သုံးသပ်နိုင်တဲ့ပညာလည်းရှိရန် လိုအပ်ပါတယ်။ (အရာရာကမမြဲတဲ့သဘောကိုဆင်ခြင်ခြင်း)
အထက်ပါ မိမိကိုယ်တိုင်ရင့်ကျက်အောင် လိုအပ်ချက် (၅)ရပ်ကို ဖြည့်ဆည်းပြီးတဲ့အခါ တရားအားထုတ်တော့ အသုဘကမ္မဠာန်းကို လေ့ကျင့်ခြင်း (ကိုယ်ခန္ဓာဆိုတာ ဘာမှ နှစ်သက်စရာမရှိတာကိုသိမြင်လာစေပါတယ်။) သက်ရှိတွေအးလုံး ချမ်းသားကြစေရန်မေတ္တာပွားများမှုကိုလည်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပြီးတော့မိမိစိတ် မှာဖြစ်နေတဲ့အတွေးတွေကိုဖယ်ခွါပြီး မိမိကိုယ်ခန္ဓာမှာအမှန်ဖြစ်ပျက်နေတာကိုဖြစ်ပျက်နေတဲ့အတိုင်း အပိုအလို မရှိသိနေအောင်သတိဖြင့် စောင့်ကြည့်တဲ့ထွက်သက်ဝင်သက်ကိုရှုမှတ်မှုပြုလုပ်ရန် လိုအပ်ပါတယ်။ ထိုမှတစ် ဆင့် အနိစ္စသဘောကို သိမြင်လာနိုင်ရန်ဝိပဿနာကို ပွားများအားထုတ်ရန် လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။ အဲဒီလိုဝိပဿနာကိုပွားများအား ထုတ်တဲ့အခါ မမြဲတဲ့သဘောကို သိမြင်လာပြီးမာန်မာနတွေလျော့ပျောက်ကင်း လာခါအနတ္တ သဘောကိုနားလည်လာမှာဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။
ဆရာတော်ကြီးရဲ့ ဟောခဲ့တဲ့တရားမှာ လမ်းမှန်ကို ပြသပေးမဲ့မိတ်ဆွေကောင်းရှာဖို့နှင့် လမ်းပြတဲ့အတိုင်း ကိုယ် တိုင် ကြိုးစားအားထုတ်မှုတို့ဟာအလွန်အရေးကြီးကြောင်း သဘောပေါက်နားလည်ခဲ့ပါတယ်။ မိတ်ဆွေကောင်း ကိုရွေးချယ်ပေါင်းနိုင်ရန်အောက်ပါမိတ်ဆွေကောင်း လက္ခဏာများကို လည်းစိတ်ထဲမှာ စွဲမှတ်ထားရန်လိုပါတယ်။ ဒါမှမိတ်ဆွေကောင်းကိုရွေးချယ်ပေါင်းသင်းနိုင်မှာဖြစ်ပြီးမိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်းလက္ခဏာများ ပြည့်စုံ လာ အောင် ကြိုးစားအားထုတ်နိုင်ကြမှာဖြစ်ပါတယ်။
မိတ်ဆွေကောင်းလက္ခဏာများ
၁။ ဝေးနေတဲ့အချိန်တွေမှာမိမိကိုမကြာခဏသတိရနေသူ၊
၂။ မိမိနှင့် တွေ့ရတိုင်းအလွန်ဝမ်းမြောက်ဝမ်းသာမှုဖြစ်သူ၊
၃။ အမှန်တကယ်ပွင့်လင်းရိုးသားပြီးဟန်ဆောင်ခြင်းကင်းသူ၊
၄။ မိမိစကားပြောတဲ့အခါ လွန်စွာနှစ်သက်ပြီးကောင်းစွာနားထောင်တတ်သူ၊
၅။ မိမိမိတ်ဆွေများနှင့် သာပေါင်းသင်းပြီးနေထိုင်တတ်သူ၊
၆။ မိမိရန်သူများနှင့်ပေါင်းသင်းခြင်းမရှိသူ၊
၇။ မိမိအကြောင်းအတင်းအဖျင်းပြောသူကို မဟုတ်မမှန်ကြောင်းကာကွယ်ပြောပေးသူ၊
၈။ မိမိရဲ့ကျေးဇူးတရားကို ချီးမွမ်းပြောဆိုသူ၊
၉။ လျို့ဝှက်ထားခြင်းမရှိဘဲ အားလုံးပွင့်လင်းစွာပြောဆိုသူ၊
၁၀။ မိမိကပြောထားတဲ့လျို့ဝျက်ချက်များကိုကောင်းစွာထိန်းသိမ်းသူ၊
၁၁။ မိမိလျို့ဝျက်ချက်ကိုထိန်းသိမ်းပေးသူကိုချီးမွမ်းပြောဆိုသူ၊
၁၂။ မိမိအသိဥာဏ်ပညာကိုချီးမွမ်းပြောဆိုသူ၊
၁၃။ မိမိစီးပွားဥစ္စာ တိုးပွားနေရင်ဝမ်းမြောက်သူ၊
၁၄။ မိမိစီးပွားဥစ္စာ ပျက်နေရင်နေရင်စိတ်မကောင်းဖြစ်သူ၊
၁၅။ ကောင်းတာတွေ့ရင် မိမိကိုသတိရသူ၊
မိတ်ဆွေကောင်းလက္ခဏာတွေကိုသိထားရန် လိုအပ်သလို မိတ်ဆွေအဖြစ်မပေါင်းသင်းထိုက်တဲ့လက္ခဏာ တွေကိုလည်းသိထား ရန်လိုအပ်ပါ တယ်။
မိတ်ဆွေအဖြစ်မပေါင်းသင်းထိုက်သူများရဲ့လက္ခဏာများ
၁။ တွေ့ရင်မပြုံးပြသူ၊
၂။ မိမိစကားပြောရင်မနှစ်သက်သူ၊ နားမထောင်နိုင်သူ၊
၃။ မိမိကကြည့်တဲ့အခါ မိမိကို ပြန်မကြည့်သူ၊
၄။ မိမိကိုစကားပြောတဲ့အခါ ဆန့်ကျင်ပြီးသာပြောတတ်သူ၊
၅။ မိမိရန်သူများနှင် သာပေါင်းသင်းသူ၊
၆။ မိမိမိတ်ဆွေများနှင့်အပေါင်းအသင်းမလုပ်သူ၊
၇။ မိမိရဲ့ဂုဏ်ကျေးဇူးကိုပြောသံကြားရရင် တားမြစ်ဟန့်တားတတ်သူ၊
၈။ မိမိအကြောင်းမကောင်းပြောသူများကိုချီးမွမ်းတတ်သူ၊
၉။ မိမိကိုပြောသင့်တဲ့စကားကို မပြောဘဲအမြဲလျို့ဝှက်ထားသူ၊
၁၀။ ယုံကြည်လို့ပြောထားတာကို လိုက်လျောက်ပြောတတ်သူ၊
၁၁။ မိမိအလုပ်အကိုင်ကို ဘယ်တော့မှမချီးမွမ်းသူ၊
၁၂။ မိမိအသိဥာဏ်ပညာကို ဘယ်တော့မှမချီးမွမ်းသူ၊
၁၃။ မိမိပျက်စီးဆုတ်ယုတ်တဲ့အခါ အားရကျေနပ်သူ၊
၁၄။ မိမိကြီးပွားချမ်းသာတဲ့အခါ ဝမ်းမြောက်မှုမရှိသူ၊
၁၅။ ဘယ်လောက်ကောင်းတာရရ မိမိကို သတိမရသူ၊
အဆိပ်ပြင်းတဲ့လူသားများကိုရှောင်ရှားနိုင်စေရန် သူတို့ရဲ့လက္ခဏားကိုလည်းသိထားပြီးဝေးဝေးကရှောင်ရန် လိုအပ်ပါတယ်။
အဆိပ်ပြင်းတဲ့လူသားလက္ခဏာများ
• သူတော်ကောင်းယောင်ဆောင်နေတဲ့ကြောင်သူတော် လူရုပ်မာ။
• ဘယ်လိုဝေဖန်မှုမျိုးကိုမှလက်မခံသူ။
• မိမိမှားတာကို ဘယ်တော့မှဝန်မခံသူ။
• စိတ်ရူးပေါက်တိုင်း လုပ်ချင်တာ ထလုပ်တတ်သူ။
• အလွန်အမင်းလိမ်ညာကောက်ကျစ်လှည့်စားတတ်သူ။
• ငါသာအစဥ်နိုင်ရမယ်ဆိုတဲ့စိတ်ထားရှိသူ။
• အတ္တအလွန်ကြီးပြီးမိမိအတွက်သာရချင်လိုချင်သူ။
• လိမ်ညာပြောရန်ဝန်မလေးသူ။
• ဗာရာဏသီချဲ့တာကိုသဘောကျသူ။
• ဘယ်သောအခါမှမယုံရသူ။
• မျက်ကမ်းကိုးကွယ်မှုကိုမျှော်လင့်ပြီး အမှန်တကယ် မယုံကြည်ထိုက်သူ။
• မိမိအကျိုးရှိဖို့ အရာရာကို လိမ်ညာလှည့်စားတတ်သူ။
• သူမေးရင်ဟင့်အင်းဆိုတဲ့အဖြေကို ဘယ်တော့မှ လက်မခံသူ။ ခေါင်းငြိမ့်မှသဘောကျသူ။
• သင့်မြတ်တဲ့မူဘောင်သတ်မှတ်ချက်ကင်းသူ။
• သူလိုချင်တဲ့အဖြေမရရင် အပြစ်ပေးအရေးယူတတ်သူ။
• သူမကျေနပ်ရင်အသံတိတ်အပြစ်ပေးထောင်းတွင်းထည့်ထားတတ်သူ။
• မတရားအနိုင်ကျင့်တတ်သူ။
• သူ့အတွက်ဆိုရင် အကောင်းဆုံးမှထိုက်တန်တယ်လို့ ထင်နေသူ။
• မနာလိုဝန်တိုစိတ်အားကြီးသူ။
• လစ်လျူရှုတတ်သူ။
• လူတွေကိုလှည့်စားအနိုင်ကျင့်ဖို့ငွေကြေးကိုသုံးတတ်သူ။
အလားတူပင်ကြိုးကိုင်ခြယ်လှယ်တတ်သူများကိုရှောင်ရှားနိုင်စေရန် သူတို့ရဲ့လက္ခဏာများကို လည်းသိထားရန် လိုအပ်ပါတယ်။
ကြိုးကိုင်ချယ်လှယ်တတ်သူတွေမှာတွေ့ရတတ်တဲ့လက္ခဏာများ
• သူများတွေအပေါ်ကြိုးကိုင်ချယ်လှယ်တတ်သူတွေမှာအောက်ပါလက္ခဏာများတွေ့ရတတ်ပါတယ်။
• နှစ်လိုဖွယ်ကောင်းတဲ့အသွင်အပြင်ရှိသလိုဟန်ဆောင်တတ်ကြပါတယ်။
• လိမ်ညာပြောဖို့နဲ့ငြင်းဆန်ဖို့အတွက်အလွန်ကျွမ်းကျင်ကြပါတယ်။
• အတ္တအလွန်ကြီးမားကြပါတယ်။
• သူတို့သွားချင်တဲ့လမ်းသွားနိုင်အောင် ဘာမှမပြောဘဲ လုပ်ဆောင်တတ်ပါတယ်။
• အခြားလူတွေဘယ်လိုခံစားနေရတယ်ဆိုတာကိုလစ်လျူရှုထားတတ်ကြပါတယ်။
• သင့်ကိုအခြားလူတွေနှင့်ကင်းကွာပြီးအထီးကျန်အောင်လုပ်တတ်ပါတယ်။
• သူတို့ကသင်ရဲ့ဆင်ချင်တုံတရားအကြောင်းနှင့် သင့်ကိုယ်သင်ပြန်မေးခွန်းထုတ်အောင်လုပ်တတ် ပါတယ်။
• သူတို့ကအပြစ်တင်တာကို ဘယ်တော့မှလက်မခံတတ်ပါ။ သူများတွေအပေါ်အပြစ်တင်တတ်ပါ တယ်။
• စိတ်လှုပ်ရှားခံစားသူများနှင့် ထိခိုက်ရှနာလွယ်သူများကိုအမိဖမ်းတတ်ကြပါတယ်။
• မိမိအမြင်ရှုထောင့်အပေါ်သံသယဖြစ်လာအောင်လှည့်စားတတ်ပါတယ်။အပြစ်ရှိတယ်လို့စိတ်မှာမ လုံ မလဲရှိနေအောင်ကြိုးကိုင်ချယ်လှယ်တတ်ပါတယ်။
• အပြစ်မှလွတ်အောင် စွန့်အသလို၊ မိုက်မဲစွာတိတ်တိတ်နေတတ်ကြပါတယ်။
• တိတ်ဆိတ်စွာအကြမ်းဖက်ရန်လိုတတ်ပါတယ်။
• အခြားလူတွေအပေါ်ထိန်းချုပ်တတ်ပါတယ်။
• သင့်ကိုသေးသိမ်ရယ်မောစရာြဖစ်အောင်လုပ်ပြီးအမျိုးမျိုးဝေဖန်အကဲဖြတ်တတ်ပါတယ်။
ပြီးတော့ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား လုပ်တတ်သူတွေကို လည်းသတိဖြင့်ရှောင်ရှားရန် လိုအပ်ပါ တယ်။
• အပေါင်းဆိုတာကတော့ သူတို့အတွက်အကျိုးရှိရင်၊ အကျိုးကို လိုတဲ့အခါမှသာ ပေါင်းလာတတ်သူ များဖြစ်ပါတယ်။ ဒီလူမျိုးကိုတော့ “သာပေါင်း” လို့ခေါ်ပါတယ်။
• အနှုတ် ဆိုတာကတော့ မိမိထံမှတစ်ခုခုနှုတ်ယူသွားတတ်သူများဖြစ်ပါတယ်။
• အမြှောက်ဆိုတာကတော့ မိမိတို့ကိုမြှောက်ပင့်ပြောဆိုပြီး လိုချင်တာရအောင်လုပ်တတ်သူများ ဖြစ် ပါတယ်။
• အစား ဆိုတာကတော့သာပေါင်း “ညာစား”သမားများကိုရည်ညွှန်းပါတယ်။
မိတ်ဆွေများ မိတ်ဆွေကောင်းတွေရှာပေါင်းနိုင်ကြပါစေ။ ကိုယ်တိုင်လည်းမိတ်ဆွေကောင်း တွေဖြစ်အောင်ကြိုး စားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...